← Chapters

သူလျှိုတို့၏ အစီအစဥ်များ။

Vol. 3 Ch. 29

သူလျှိုတို့၏ အစီအစဥ်များ။

Vol. 3 Ch. 29

အတန်ကြာ ပြောဆိုပြီး​နောက် ဝါးရွက်ဂိုဏ်း၏ ကျင့်ကြံသူများမှာ ပြန်လည်ထွက်ခွာသွားတော့ သည်။ သို့ပေမယ့် ဆွေးနွေးမှုများကတော့ အ များအပြား ရှိနေဆဲဖြစ်သည်။ သူလျှိုတဦးကို ဖမ်းဆီးခြင်းက တလတာ အိမ်ငှားခကို သက် သာစေမည်ဖြစ်သည်။ အဆင့်မြင့် ကျင့်ကြံသူ ဖြစ်ပါက နှစ်လတာ သက်သာနိုင်သည်။ ထိုဆု လာဒ်မှာ စွဲဆောင်မှု မြင့်မားသည်။ ဤတကြိမ် တွင်တော့ ဝါးရွက်ဂိုဏ်းက အများအပြား အကု န်ကျခံမည့် သဘောရှိသည်။ သံနက်ဂိုဏ်းမှ သူ လျှိုများကို ဖမ်းဆီးရန် တွေးတောလာကြသည်

ထူးချွန်သည့် ကျင့်ကြံသူများက ပတ်ဝန်းကျင် ကိုစတင် အကဲခတ်စ ပြုလာပြီး သေးမွှားသည့် ကိစ္စတခုကအစ အစဆွဲထုတ်နိုင်အောင် ကြိုးပ မ်းပြီး တချို့က မသက်ဆိုင်သည့် လူအချို့ကို ပါ တမင်ပစ်မှတ်ထား၍ တုန့်ပြန်ရန် တွေးတော နေကြလေသည်။ သူလျှို ဟုတ်သည် မဟုတ်သ ည်ထက် ဖမ်းဆီးကာ ဝါးရွက်ဂိုဏ်းကို အပ်နှံမ ည်ဖြစ်သည်။ ချန်အန်မှာ ထိုအရာကို တွေးမိပြီး စိတ်မသက်မသာ ခံစားနေရသည်။ ဂိုဏ်းနှစ်ခု ကြား တိုက်ပွဲကို စတင်ရိပ်မိစ ပြုလာသည်မဟု တ်လား။

ချီစုဆောင်းခြင်း အဆင့်၇ တွင်ရှိသည့် အမျိုး သားကျင့်ကြံသူ တဦးက ဝမ်ကျိယန်ရှိရာသို့ လျှောက်သွားပြီး ပြောလိုက်သည်။

“ကျင့်ကြံသူဝမ် ဝါးရွက်အိမ်ရာက အချိနိတခု ကြာတဲ့အထိ ကမောက်ကမ ဖြစ်နေဦးမှာ သေ ချာပါတယ် မင်းလို အချောအလှလေးတယော က်တည်းဆို မလုံခြုံပါဘူး ငါ့အိမ်ကို လိုက်ခဲ့ပါ ငါက ကာကွယ်ပေးပါ့မယ်”

“ဟမ့် နင်ကများ ထိုက်တန်လို့လား”

ဝမ်ကျိယန်က မဲ့ရွဲ့ကာ ပြောလိုက်သည်။

“နင်က အဆင့်၇ သာရှိတဲ့လူပဲ ငါက နင့်ကိုလက် ညှိုးတချောင်းတည်းနဲ့တောင် နှိပ်စက်လို့ရတယ် ဘာအတွက် ငါ့ကို ကာကွယ်နိုင်မယ်လို့ ပြောနိုင် တာလဲ”

ဝမ်ကျိယန်က ရုပ်ရည်ချောမောသူကို အထင် ကြီးဖြင့် ရုပ်ရည်ဖြင့် စွဲဆောင်ပါက ရနိုင်မည်ဟု ထိုလူက အထင်ရှိပုံရသည်။ ဝမ်ကျိယန်က လူ သိထင်ရှား ပြတ်ပြတ်သားသား ငြင်းဆိုမည်ဟု မထင်ထားချေ။ ရှက်ရွံစွာဖြင့် ချက်ချင်းထွက် ခွာသွားတော့သည်။

“ညီမ ယုအာ ယင်းအာ လာမယ့်ရက်တွေက အ ဆင်မပြေမယ့်ကာလပဲ ဘာလို့ငါနဲ့လာမနေလဲ ငါက နင်တို့ယောက်ျားထက် ပိုသန်မာပြီး နင်တို့ ကို ကာကွယ်ပေးနိုင်ပါတယ်”

ဆောင်ဟွာယင်းတို့မှာ ညတိုင်းသူမကို အသံဖြင့် နှိပ်စက်တတ်ကြပြီး အခုအခွင့်အရေး ရသည်နှ င့် ဆွဲထုတ်ရန် ကြိုးစားခြင်းဖြစ်သည်။ ကံဆိုး စွာပင် ဆောင်ဟွာယင်းတို့၏ သစ္စာရှိမှုက သူမ အထင်ထက်ပို ကျော်လွန်နေခဲ့လေသည်။ မိန်း ကလေးများက ချက်ချင်းပင် ငြင်းပယ်ခဲ့ကြသ ည်။

“စေတနာအတွက် ကျေးဇူးတင်ပါတယ် ညီမတို့ က ကိုယ့်ကိုကိုယ် ကာကွယ်နိုင်လို့ အစ်မဝမ်ကို ဒုက္ခမပေးတော့ပါဘူး”

“ယုအာလည်း ဒီလိုပဲ တွေးမိတယ်”

ချန်အန်က ဘေးမှနားထောင်ရင်း ကျေနပ်နေသ ည်။ သူ့ရဲ့အဖိုးတန် အိမ်ဇနီးများက မည်သူထံမှ ပါသွားမည် မဟုတ်ဟု တွေးမိသည်။ မိန်းက လေးနှစ်ဦး၏ အတွေးကိုသိလျင် ဝမ်ကျိယန်က ပြန်လည်ထွက်ခွာ သွားတော့သည်။ ချန်အန်က စျေးသို့ သွားမည်ဖြစ်ကြောင်း ပြောပြီး သူမတို့ ကို အိမ်၌ နေစေသည်။ ဝါးရွက်အိမ်ရာကမကြာ မီတွင် ပိုဆိုးလာနိုင်သည်။ အိမ်ထောင်ဦးစီးတဦ အနေဖြင့် သင့်လျော်ရာကို စီမံရတော့မည်။

အလယ်ဗဟိုဧရိယာ၏ စျေးတွင်…..။

ချန်အန်က ရတနာခန်းမသို့ သွားပြီး ဆိုင်ရှင်ရှိ ရာသို့ တည့်တည့်လျှောက်သွား လိုက်သည်။

“ဆိုင်ရှင် ကိုယ့်ကိုကိုယ် ကာကွယ်နိုင်တဲ့အရာတ ခုခုများ ရောင်းစရာရှိလား”

“ကိုယ့်ကိုကိုယ် ကာကွယ်ဖို့လား”

ဆိုင်ရှင်က ခနကြာတွေးနေသည်။ပြီးမှ

“အဲဒါက မှော်ပစ္စည်း ဖြစ်သင့်တယ်”

မှော်ရတနာက အစီအရင်ဆရာများ ပြုလုပ်နိုင် သည့် အတတ်ပညာတမျိုး ဖြစ်သည်။ ကမ္ဗည်း ပြား သို့မဟုတ် စက္ကူချပ်ပေါ်တွင် အစီအရင် များ ရေးထိုးခြင်း ဖြစ်သည်။ အသုံးပြုသူက အ ဆောင်ထဲသို့ စိတ်စွမ်းအင် ထည့်သွင်းရုံဖြင့် အ ဆောင်ကို အသက်သွင်းနိုင်သည်။

“ဒီဆိုင်မှာ ဘာအဆောင်ရတနာတွေ ရနိုင်လဲ”

“မီးဘောလုံးအဆောင် ပေါ့ပါးတဲ့လက်နက်နဲ့ အ ခြား အဆောင်တချို့ရှိတယ် မင်းတွေးလို့ရသမျှ ငါတို့ရောင်းပါတယ် မရှိရင်လည်း တခြားနေရာ က ယူပေးမှာပါ”

“ဆိုင်ရှင် ဒါ ဒါ ပြီးတော့ ဒီဟာ အကုန်ပေးပါ”

ချန်အန်က အ​ဆောင်ရတနာ အချို့ကို ဝယ်ယူ လိုက်သည်။ အကာကွယ်အဆောင်ရတနာက အများဆုံး ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုရတနာများ ရှိမှသာ အိမ်ရှိဇနီးများကို ကာကွ ယ်နိုင်မည် ဖြစ်သည်။ အဆောင်အချို့အပြင် အချက်ပေးစနစ်ပါသည့် အစီအရင်ကိုလည်း ဝယ်ယူထားသည်။ ထိုအရာက အိမ်သို့လူစိမ်း ဝင်ရောက်လာပါက အစီအရင်က မီးရောင်များ စူးရှစွာ တောက်ပလာမည် ဖြစ်သည်။ ချန်အန် က အလယ်အလတ် ဝိဉာဥ်ကျောက်တုံး တတုံး နီးပါး ကုန်အောင် သုံးစွဲပြီးနောက် ထိုနေရာတွင် ကြာကြာမနေပေ။

မိုးမခလမ်းရှိ အိမ်သို့ ပြန်လာခဲ့သည်။ အကာအ ကွယ် ရတနာများ ဇနီးများထံ လွှဲပေးပြီး​နောက် ဆေးသန့်စင်ခန်းသို့ သွားလိုက်သည်။ ပြီး​နောက် ခြံဝန်းအနှံ့ ထောင်ချောက်များဆင်ရန် အဆိပ် များ စတင် သန့်စင်တော့သည်။ အဆိပ်များက ချီစုဆောင်းခြင်း အလယ်လတ်နှင့် အဆင့်မြင့် များအပေါ် ထိရော​က်မှု ရှိမရှိ သူမသိပေ။ သို့ သော် မရှိတာထက်စာရင်တော့ ကောင်းပါသည်

အဆိပ်ထောင်ချောက်များကို လေးနာရီကြာ တ ပ်ဆင်ပြီးနောက် ဆေးသန့်စင်ခန်းသို့ ပြန်ဝင်ခဲ့ သည်။ သို့သော် ဆေးသန့်စင်ရန် မဟုတ်ပေ။ထို နေရာတွင် လှိုဏ်ခေါင်းတခုကို တူးနေခဲ့သည်။ ဘေးအန္တရာယ် ကျရောက်လာပါက ဇနီးများအိ မ်ထဲတွင် ပိတ်မိနေနိုင်သည်။ မြေအောက်မှလ မ်းကြောင်း ရှိပါက အဆင်ပြေသွားမည် ဖြစ်သ ည်။

အထက်ပါ အရာအားလုံး လုပ်ဆောင်ပြီးချိန်၌ အပြင်ဘက် ကောင်းကင်က မဲမှောင်သွားတော့ သည်။ မျက်စိတမှိတ်အတွင်းမှာပင် ရက်ပေါင်း များစွာ ကုန်လွန်သွားခဲ့သည်။ အခြေအနေများ ကလည်း ပို၍ ရှုပ်ထွေးလာသည်။ သံနက်ဂိုဏ်း ၏ သူလျှိုတဦးကို ရှာတွေ့ခဲ့ပြီး ထိုသူက မသေ ခင်အဆုံးထိ ရုန်းကန်သွားခဲ့သည်။ တိုက်ပွဲနေ ရာတလျှောက် အိမ်များ ပြိုကျပြီး အလောင်း များ ပြန့်ကျဲနေခဲ့သည်။ ကျင့်ကြံဆင့် မြင့်မား သူများက ဝင်ငွေများစွာ ရရှိပြီး နိမ့်ပါးသူများ ကတော့ မသက်ဆိုင်စွာပင် အသက်ပေးလိုက်ရ တော့သည်။

ချန်အန်က သူ့ကိုယ်သူ သိသည်။ ဝါးရွက်ဂိုဏ်း အကြီးအကဲ ပြောလာတည်းက ဇနီးများကိုအိမ် ထဲတွင်သာ နေစေသည်။ ထိုကာလအတွင်း မ ကြာမကြာလာလည် တတ်တဲ့ ဝမ်ကျိယန်က မ လာတော့ပေ။ သူမက အလုပ်များနေပုံရသည်။ နောက်ထပ် ရက်အနည်းငယ် ကြာသွားခဲ့သည် ချန်အန်က ဇနီးများကို ဆေးပညာဆိုင်ရာ အ ခြေခံများ စတင်သင်ကြားပေးသည်။ သူမတို့ ကို အနာဂတ်လက်ထောက်များ အဖြစ်ပြုစုပျိုး ထောင်ရန် ဖြစ်သည်။ ထိုစဥ်မှာပင် သူ၏ခန္ဓာ ကိုယ်က ပူနွေးလာပြီး အဆင့်ဖြတ်ကျော်မည့် လက္ခဏာများ ပြလာသည်။ ချန်အန်က ဇနီးမျာ ကိုထွက်သွားခိုင်းပြီး အခန်းထဲ၌ တကိုယ်တည်း ဆက်၍ ကျင့်ကြံနေခဲ့သည်။

နှစ်ရက်အကြာတွင် ချီစုဆောင်းခြင်း အဆင့်၅ သို့ အောင်မြင်စွာ ရောက်ရှိသွားတော့သည်။

အမည်…..ချန်အန်

ကျင့်ကြံမှု….ချီစုဆောင်းခြင်း အဆင့် ၅

ဆေးပညာ…ပထမအဆင့် အလယ်အလတ် 458/500

စိတ်စွမ်းအင်….ပထမအဆင့် အလယ်အလတ် 258/500

ရွှေလက်ချောင်း ကျွမ်းကျင်မှု….196/500

လက်တွဲဖော်များ..ဆောင်ဟွာယင်း။ဂူရှန်းယု

မျိုးဆက်…ကိုယ်ဝန်ဆောင်ကာလ

ချန်အန်က စနစ်၏မျက်နှာပြင်ကို ကြည့်၍ကျေ နပ်နေသည်။ လွန်ခဲ့သည့်နှစ်များနဲ့ ယှဥ်လျင် အ ခြေနေက မိုးနဲ့မြေလို ကွာခြားသည်။ မနှစ်ကပို ၍ သန်မာလာသည်။ ဤနှုန်းဖြင့်သာဆိုလျင် အနှစ်၂၀ အတွင်း အခြေခံတည်ဆောက်ခြင်း အဆင့်ကို ရောက်နိုင်သည်။ အခြေအနေသာ ကောင်းမွန်ပါက ဆယ်နှစ် သို့မဟုတ် ငါးနှစ်ခန့် သာ ကြာမြင့်မည်။ ထိုအရာအားလုံးကို ဝမ်ကျိ ယန်ကို ရခြင်းမရခြင်းအပေါ် မူတည်သည်။ ချ န်အန် ဝမ်ကျိယန်နှင့် ဆက်ဆံခြင်းက ကျင့်ကြံ မှုကို အထောက်အကူပြုမည်ဟု ထင်မှတ်ထား သည်။

ဆောင်ဟွာယင်း ကိုယ်ဝန်ရချိန်တွင် စနစ်က စိ တ်လှုပ်ရှားမှု ရပ်တန့်ဆေးကို ပေးခဲ့သည်။က လေးသာ မွေးပါက မည်သည့်အရာများ ထပ်မံ ရရှိမည်နည်း။ ချန်အန်က ထိုအရာကို မျှော်လင့် နေခဲ့သည်။ တချိန်တည်းတွင် အလယ်ဗဟိုရှိ အိမ်တချို့၌ ဖြစ်သည်။ ချီစုဆောင်းခြင်း အဆ င့်မြင့်ကျင့်ကြံသူ လူတစုက စိုးရိမ်စွာဖြင့် ရှိနေ ကြသည်။

“မကြာခင်ကပဲ ဝါးကွက်ဂိုဏ်းက ပိုပြီးတင်းကျ ပ်လာတယ် အပြင်ထွက်မရတော့ဘူး သိပ်မကြာ ခင် မိသွားမယ်လို့ ထင်နေတယ်”

လူစုမှ တဦးကညည်းတွား၍

“ဝါးရွက်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ရက်စက်လွန်းပါ တယ် ငါတို့လိုသူလျှိုတွေကို ဖမ်းဖို့ ဆုလာဒ်အ ကြီးကြီးတွေပေးဖို့ လုံးဝ ဝန်မလေးခဲ့ဘူး”

“အင်း…ငါတို့ကမကြာခင် သေရတော့မယ်ဘာ လို့ ပြန်မတိုက်ရမှာလဲ သေရင်တောင် ဝါးရွက် ဂိုဏ်းကို အပါခေါ်သွားရမယ်”

“ညီလေးဝူ မှန်တယ်”

“စီနီယာ အစ်ကိုဟွမ် မင်းကောဘယ်လိုထင်လဲ”

“နောက်ထပ်ဘာလုပ်စရာ ရှိသေးလို့လဲ ငါတို့ အသက်တွေကို သုံးပြီး ပြန်ခုခံကြတာပေါ့”

“စီနီယာ အစ်ကိုဟွမ် မင်းမှာဘာအစီစဥ်ရှိလဲ”

“အစီစဥ်ရှိစရာ မလိုပါဘူး အထောက်အကူပြု နိုင်တဲ့ လူတွေကို သတ်ရမယ် အထူးသဖြင့်ဆေး ပညာရှင်တွေ အစီအရင်ဆရာ ပန်းပဲဆရာ စသ ဖြင့်ပေါ့ အဲ့ဒီလူတွေက ဝါးရွက်ဂိုဏ်းအတွက် အသုံးဝင်နိုင်တယ် ဒါပေမယ့် သူတို့ရဲ့ခွန်အား ကနိမ့်ကျတော့ တဝက်ကြိုးစားရုံနဲ့ ရလာဒ်က နှစ်ဆ ရနိုင်တယ်”

“စီနီယာ အစ်ကိုဟွမ်က တော်တာပဲ”

“စီနီယာ အစ်ကိုဝမ် မိုးမခလမ်းမှာ ဝမ်လို့အမည် ရတဲ့ ကျင့်ကြံသူ အမျိုးသမီးရှိတယ်လို့ ကြားဖူး တယ် သူမက အရမ်းကို လှပတယ်လို့ သိရတ ယ် ငါတို့က သေခြင်းတရားကနေ မလွတ်မြော က်နိုင်မှတော့ မသေခင်သူမနဲ့ ပျော်ပါးသွားရမှာ ပေါ့”

“ညီငယ်လီ မင်းပြောတာ မှန်တယ်”

“ဒါဆို အဲ့တိုင်းလုပ်ကြရအောင် အရင်ဆုံးမိုးမခ လမ်းကိုသွားပြီး ကျင့်ကြံသူဝမ်ကို မုဒိန်းကျင့်ရ အောင် ပြီးမှ အထောက်အကူပြုနိုင်တဲ့ ပညာရှ င်တွေကို သတ်ကြတာပေါ့”

ထိုသို့ ဆုံးဖြတ်ပြီး​နောက် သူတို့က အစီစဥ်များ ကို စတင်ပြင်ဆင်တော့သည်။ ယနေ့ညတွင် သူ မ ခန္ဓာကိုယ်ကို နှစ်ပေါင်းများစွာ ထိန်းသိမ်းထာ သည့် ဝမ်ကျိယန်ကို မြည်းစမ်းရတော့မည်။

…………………………………………….

All Chapters