← Chapters

တူညီသည့် လှည့်ကွက်

Vol. 3 Ch. 30

တူညီသည့် လှည့်ကွက်

Vol. 3 Ch. 30

နေရောင်က ပြင်ပတွင် တောက်ပနေသည်။ ထို အချိန် တံခါးဖွင့်သံ ထွက်ပေါ်လာသည်။

“ယောက်ျား အစ်မဝမ်က သူမနဲ့ညစာအတူစား ဖို့ ငါတို့ကို ဖိတ်ခေါ်ထားတယ်”

“ကောင်းပြီ သွားပါ”

“ယင်းအာ မင်းနဲ့ညားခါတုန်းက ငါမင်းကိုဟင်း ချက်ပေးခဲ့တာ မေ့သွားပြီလား”

ချန်အန်က သူမကို ပြုံး၍ ပြောလိုက်သည်။ ထို စကားကို ကြားလျင် ဆောင်ဟွာယင်းက ချက် ချင်း တုန့်ပြန်လာသည်။

“အဲ့ဒါမှန်ပါတယ် ငါ့ရဲ့လက်ရှိ အချက်အပြုတ် စွမ်းရည်အားလုံးကို ယောက်ျားကပဲ သင်ပေးခဲ့ တာပါ ဒီတည ယောက်ျားရဲ့ညစာအတွက် ဘာ လို့စိတ်ပူရမှာလဲ နော့”

သူမက ပြောရင်း ကုတင်ပေါ်၌ ရှိနေသည့် ဂူရှန် ယုကိုမေးလိုက်သည်။

“အစ်မဂူကော သွားချင်လား”

“ယောက်ျားနဲ့ အိမ်မှာပဲ နေချင်တယ်”

ဂူရှန်းယုတွင် မကောင်းသည့် အတွေးရှိထားသ ည်။ ဝမ်ကျိယန်ဆီသွားကာ လူအများစကားသံ ကိုနားထောင်ရသည်ထက်စာလျင် ယောက်ကျာ ဖြစ်သူနဲ့ ကိုယ်လက်နှီးနောရန်သာ သူမလိုလား ပါသည်။ တခါတရံ ပင်ပန်းပေမယ့် အနည်းဆုံး တော့ စိတ်ကျေနပ်ရသည်။

“ယုအာ မင်းလည်းသွားသင့်တယ်”

ဂူရှန်းယုက အိမ်တွင်သာ တနေကုန်နေရန် ချန် အန် မမျှော်လင့်ထားပေ။ ဂူရှန်းယုက သူ့ရဲ့စ ကားကို နာခံစွာဖြင့် လက်ခံလိုက်သည်။

“ကောင်းပြီ သွားလိုက်ပါ့မယ်”

ထိုသို့ ပြောပြီးနောက် သူမက အဝတ်အစားလဲ ကာ အိပ်ခန်းထဲမှ ထွက်သွားတော့သည်။ လမ်း ၌ ဆောင်ဟွာယင်းက စပ်စုတော့သည်။

“အစ်မဂူ နင်က ကုတင်ပေါ်မှာပဲ နေချင်တာ လား”

“အဲ့ဒါက ပိုကောင်းမယ် ထင်လို့ပါ”

ဂူရှန်းယုက ခြင်တကောင်လို တိုးညှင်းသည့် လေသံဖြင့် ပြန်ပြောသည်။ သူမ၏ မျက်နှာသ ည်လည်း နီရဲနေသည်။ တဖက်တွင် ပြတင်းပေါ က်မှ နေ၍ ဇနီးဖြစ်သူတို့ကို ကြည့်ပြီးနောက် ချ န်အန်က လှိုဏ်ခေါင်းကို စစ်ဆေးရန် ဆေးဖော် စပ်ခန်းသို့ သွားလိုက်သည်။ ထိုသို့ စစ်ဆေးခြင် ဖြင့် ပြဿနာများစွာကို တွေ့သွားခဲ့သည်။ ဥပ မာ လှိုဏ်ခေါင်းမှာ ရေယိုစိမ့်နေပြီး အချို့နေရာ က ကျဥ်းမြောင်းလွန်းနေသည်။ ပြဿနာကို ရှာ တွေ့ပြီးနောက် ပြန်လည်ပြုပြင်ရန် ကြိုးစား တော့သည်။

ထိုအဖြစ်အပျက်များမှာ နှစ်နာရီခန့် ကြာမြင့် သွားလေသည်။ လှိုဏ်ခေါင်းက အဆုံးတွင်ပြီး ပြည့်စုံသွားခဲ့လေပြီ။ ချန်အန်က စိတ်ကျေနပ် စွာဖြင့် တခုခုစားသောက်ရန် မီးဖိုချောင်ရှိရာသို့ ထွက်လာခဲ့သည်။ ထမင်းစားပြီးချိန်တွင် အပြင် ၌ မှောင်စ ပြုနေလေပြီ။ လရောင်မရှိ၍ လက် များကိုပင် မမြင်နိုင်တော့ပေ။ အစာကြေရန်အ တွက် ခြံဝန်းထဲသို့ လမ်းလျှောက်ထွက်လိုက်သ ည်။ ရုတ်တရက် စိတ်စွမ်းအင် စက်ကွင်းထဲသို့ ကျင့်ကြံသူအချို့ ချဥ်းကပ်လာသည်ကို ခံစား လိုက်ရသည်။

စုစုပေါင်း ၄ဦးရှိကာ ထိုသူများက ချီစုဆောင်း ခြင်း အဆင့်မြင့်များ ဖြစ်ကြသည်။ ပုန်းခိုရန် နေရာတခု အမြန်ရှာလိုက်သည်။ တချိန်တည်း မှာပင် စိတ်ထဲ၌ ငါ တစုံတဦးကိုများ စော်ကား ထားလေသလား ဟု တွေးနေမိသည်။ တဆက် တည်း မကြာသေးမီက ဝမ်ကျိယန်တယောက် အဝင်အထွက်လုပ်သည်ကို မကျေနပ်သူအချို့ သတိထားမိလိုက်ပြီး သူတို့ကိုများ စော်ကားလို က်မိလေသလား။ ထိုအချက်ကို ဖယ်ထား၍ မရ ချေ။

ချန်အန်က တွေးနေစဥ်မှာပင် ထိုသူများက ဝမ် ကျိယန်၏ အိမ်နံရံပေါ်သို့ တက်သွားကြသည်။

ဟမ် ငါ့ဆီလာတာ မဟုတ်ဘူးလား။

ချန်အန်က မှင်သက်သွားပြီး ထိုသူများကို ချက် ချင်းပင် အလေးအနက်ထားလိုက်သည်။ တပြို င်နက် သူ့နှလုံးသားသည်လည်း စိုးထိတ်သွားရ တော့သည်။ ထိုသူများ၏ နောက်ကျော၌ သံန က်ဂိုဏ်း၏ အမှတ်တံဆိပ် ဖြစ်သည့် ဓားတလ က်ပုံကို ရေးထွင်းထားသည်။ သံနက်ဂိုဏ်းရဲ့သူ လျှိုတွေလား။ ဝမ်ကျိယန်အိမ်ကို ခိုးဝင်ပြီး သူ တို့က ဘာလုပ်ဖို့လဲ။ သူဇနီးများက ထိုအိမ်ထဲ တွင် ရှိနေဆဲ ဖြစ်သည်။ ချန်အန်တယောက် စိ တ်ပူသွားမိသည်။

ထိုစဥ် ဝမ်ကျိယန်၏ အသံထွက်ပေါ်လာသည်။

“ဘယ်သူလဲ”

“ဒါကို မြန်မြန်အဆုံးသတ်လိုက်ရအောင် ငါတို့ အခြားကျင့်ကြံသူတွေ သတိမထားမိခင် သူမ ကို ဖမ်းဆီးသွားရမယ်”

“နင်တို့တွေက ထိုက်တန်တယ်ထင်နေလား”

“ဘုတ်”

ဝမ်ကျိယန်က ခေါင်မိုးပေါ်မှ ခုန်ဆင်းကာ ထိုသူ ၄ဦးကို တိုက်ခိုက်တော့သည်။ တိုက်ပွဲက အပြန် အလှန် ဖြစ်ပွားနေပြီး တခဏနဲ့တော့ အဆုံးမသ တ်နိုင်ချေ။ ချန်အန်က အိမ်ထဲသို့ အမြန်ပြေးဝ င်သွားပြီး လှိုဏ်ခေါင်း၏ အဖုံးကို ဖွင့်လိုက်သ ည်။ ပတ်ဝန်းကျင် အနီးအနားရှိ အမှုန်များကို လှိုဏ်ခေါင်းထဲသို့ တခုပြီးတခုပစ်ထည့်လိုက် သည်။ သိပ်မကြာခင်မှာပဲ ဆေးမှုန့်ဗုံး ဖန်တီးပြီ စီးသွားကာ ထိုအရာက ရထားလုံးဖြစ်စဥ်ကထ က်ပို၍ ကြီးမားသည်။ မီးပွားများ ရှိနေသရွေ့ တအိမ်လုံး ပေါက်ကွဲသွားနိုင်သည်။ အရာအား လုံး အသင့်ဖြစ်သွားသည်။ ချန်အန်က ခြံအပြင် သို့ထွက်ကာ အသက်စွန့်၍ ဝမ်ကျိယန်ကို လှမ်း ခေါ်လိုက်သည်။

“ကျင့်ကြံသူဝမ် မြန်မြန်ငါ့ဆီ လာခဲ့”

“......”

ဝမ်ကျိယန်က သူ့စကားကို လျစ်လျူရှုပြီး ဆ က်၍ တိုက်ခိုက်နေသည်။ ထိုစဥ် ထိုလူ၄ဦးထဲ မှ တဦးဟာ ချန်အန်ကို သတိပြုမိသွားသည်။

“ဂျူနီယာ ညီလေးဝူ အဲ့လူကို သွားသတ်လိုက် တော့”

“ဟုတ်ကဲ့”

ဂျူနီယာညီလေးဝူက ချန်အန်ကို ဓားဖြင့်တိုက် ခိုက်လာသည်။ ဒါကို မြင်တော့ ချန်အန်က လှ ည့်၍ အိမ်ထဲသို့ ပြေးဝင်လိုက်သည်။ ဝမ်ကျိယ န်အနေဖြင့် လှိုဏ်ခေါင်းကို ဖောက်ခွဲရန် သူနှင့် ပူးပေါင်းဖို့ မသိသည်ကို သတိပြုမိ၍ အကူညီ ဖြစ်စေရန် ကျင့်ကြံသူ တဦးကို မျှားခေါ်ပေးရ မည် ဖြစ်သည်။ တစ်ယောက်နှင့် လေးယောက် မှ တစ်ယောက်နှင့် သုံးယောက်အနေထားတွင် ဝမ်ကျိယန်က သတ်နိုင်မည်လား။

“အမှိုက် နင့်ကိုသွားခွင့်ပြုလို့လား”

ဝမ်ကျိယန်က သူမရှေ့ရှိ လူ၃ဦးကို ကြိမ်တုတ် ဖြင့် ဖယ်ထုတ်ပြီးနောက် ညီလေးဝူနောက် ခြေ လှမ်းကျဲ ကြီးများဖြင့် လိုက်ပါတော့သည်။ ဒါ ကိုမြင်တော့ ကျန်သူများကလည်း သူမအနော က်မှ လိုက်ပါလာသည်။ အချိန်က လူကိုမစော င့်ပေ။ အနီးအနားရှိလူများ သတိမပြုမိစေရန် ဝမ်ကျိယန်ကို အရင်ရှင်းရမည်။

ဖတ်!

ကြိမ်တုတ်ဖြင့် ရိုက်ခတ်သံထွက်ပေါ်လာသည်။ ချန်အန်အနောက် လိုက်နေသည့် ညီလေးဝူမှာ ကြိမ်တုတ်ကို ခံစားလိုက်ရသည်။ သူ့ရဲ့အရေ ပြားတို့မှာ ကွဲထွက်သွားပြီး နာကျင်လွန်း၍ သွာ ကြားမှ လေကိုစုပ်ယူမိလိုက်သည်။

“ဝမ်ကျိယန် ငါ့နောက်မြန်မြန် လိုက်ခဲ့”

ဒီတခါတော့ ချန်အန်က ကျယ်လောင်စွာအော် ဟစ်လိုက်သည်။ သူမသာ အခြေနေကို မတွက် ဆနိုင်လျင် သူတတ်နိုင်တာ မရှိတော့ချေ။ သူ့ဇ နီးများကို ကယ်တင်ရန် သူမကိုရင်းရတော့မည် ဖြစ်သည်။ ချန်အန်က လေသံမာမာဖြင့် ပြော လာသည်ကို တွေ့လျင် ဝမ်ကျိယန်လည်း မှင်သ က်သွားသည်။ ငယ်စဥ်က ဖခင်ဖြစ်သူ၏ ကြိမ်း မောင်းမှုများကို သတိရမိသွားကာ ချက်ချင်းပ င် အသိစိတ်များ လွတ်ထွက်သွားတော့သည်။ မ သိစိတ်ကပင် ချန်အန်၏ စကားကို နားထောင် မိသွားကာ ချန်အန်နဲ့အတူ ဆေးဖော်စပ်ခန်း၏ တံခါးအနောက်၌ အတူတူပုန်းနေမိသည်။ သူတို့ ကိုသတိမပြုမိစေရန် အသက်ကိုအောင့်ထားလို က်ကြသည်။

ခဏအကြာ၌ ခြေသံများထွက်ပေါ်လာကာ ထို အရာက သံနက်ဂိုဏ်းမှ ကျင့်ကြံသူ ၄ဦးတို့ဖြစ် သည်။ စီနီယာအစ်ကိုဟွမ်က လှိုဏ်ခေါင်းကို တချက်ကြည့်ပြီးနောက် လက်ဝှေ့ယမ်းကာ ပြေ လိုက်သည်။

“သူ တို့နောက် အမြန်လိုက်ရအောင်”

စကားပြောပြီးသည်နှင့် လှိုဏ်ခေါင်းထဲသို့ တဦ ပြီးတဦး ခုန်ဆင်းသွားတော့သည်။ ချန်အန်က တုတ်တုတ်မျှ မလှုပ်ပဲ အခွင့်အရေးကို စောင့် ဆိုင်းနေသည်။ ထိုသူအားလုံး လှိုဏ်ခေါင်းထဲ သို့ ရောက်ရှိသွားသည်ဟု ခံစားမိချိန်၌ ကြိုးကို ဆွဲယူကာ လှိုဏ်ခေါင်း၏ အထဲသို့ပစ်ချလိုက် သည်။ ပြီး​နောက် ကြိုး၏ အခြားတဖက်ကို မီး ပွတ်ကျောက်ဖြင့် ပွတ်၍ ရလာသည့်မီးစဖြင့် ရှို့ လိုက်သည်။ ဝမ်ကျိယန်ကိုပါ တပါတည်းဆွဲ ခေါ်လိုက်သည်။ အိမ်အပြင်သို့ အမြန်ပြေးထွက် ရန်လိုအပ်နေသည်။ မဟုတ်ပါက သူတို့ပါပေါ က်ကွဲမှု၌ ရော၍ ပါသွားနိုင်သည် မဟုတ်လား။

နောက်စက္ကန့်အနည်းငယ် တွင် လှိုဏ်ခေါင်းက ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

အုန်း အုန်း အုန်း အုန်း

အဆက်မပြတ် ပေါက်ကွဲနေပြီး မြေပြင်ကိုပါ တုန်ခါနေလေသည်။ မီးတောက်များကလည်း ဝန်းကျင်တခုလုံး လင်းထိန်သွားတော့သည်။

…………………………………………….

All Chapters