← Chapters

အဖြစ်အပျက်များနောက်ကွယ်မှလူများပေါ်လာ

Vol. 82 Ch. 1136

အဖြစ်အပျက်များနောက်ကွယ်မှလူများပေါ်လာ

Vol. 82 Ch. 1136

ဝေကြီးသည် စာရွက်အပိုင်းကိုသိမ်းလိုက်သည်။ “ဝေကြီး ဝေလေး မင်းတို့အရင်က ရှီမာယူယူနဲ့ ပြောဆိုဖူူးတယ်မလား ဒီအခြေအနေကို ဘယ်လို ထင်လဲ” တံခါးလဲလှယ်ခြင်းတစ်ရာမှ လူမေးလိုက်သည်။

“ဖြစ်နိုင်ချေရှိတယ်လို့ထင်တယ်” ဝေလေး ပြောလိုက်သည် “ငါလည်း အစကတည်းက သံသယဝင်နေတာ အကြွင်းအကျန်က ဘယ်လိုလုပ် ရုတ်တရက်ပေါ်လာမှာလဲ အခုကြည့်လိုက်တော့ ဖြစ်နိုင်ချေရှိတယ်”

“ဒါပေမဲ့ ရှီမာယူယူက အဲအကြောင်းကိုဘယ်လိုသိတာလဲ” လူတစ်ယောက်က မေးလေသည် “ဒီသတင်းကယုံရရဲ့လား”

“ငါတို့ တချို့တစ်ဝက်ကိုတော့ ယုံရမယ်ထင်တယ် ဒါပေမဲ့ ဒီအခွင့်အရေးကိုတော့ လက်မလျော့သင့်ဘူး”

“ဒါဆိုရင် ဝင်သင့်တယ် ဒါပေမဲ့ လူတိုင်းကတော့ သတိကပ်ထားကြမှာ ပဲ” ဝေကြီးပြောလိုက်သည် “ငါတို့ဂိုဏ်းတပည့်တွေကို သတိပေးလိုက် တစ်ခုခုဖြစ်လာရင် ချက်ချင်းပဲ တည်ဆောက်မှုအသက်သွင်းပြီးတော့ ထွက် သွားကြမယ်”

“ကောင်းပါပြီ”

စာရွက်ကိုကြည့်ပြီးသည့်လူများသည် ဝင်သွားသေးသည်ကို ရှီမာယူယူ ကြည့်ပြီး မအံ့သြတော့ပေ။

“ဘယ်သူမှ မင်းအကြံကိုနားမထောင်ကြဘူးပဲ” ပန်းလေးပြောလိုက် သည်။

“အကုန်လုံးကထင်ထားပြီးသားပဲလေ” ရှီမာယူယူ ပြောလိုက်သည် “စာရွက်တစ်ရွက်က သူတို့ကို သတိပေးရုံလောက်ပဲတတ်နိုင်မှာ တားဖို့ မဖြစ်နိုင်ဘူး”

“အဲဒါကိုသိပြီးသားကို ဘာလို့သတိပေးနေသေးတာလဲ” ပန်းလေး နားမလည်တော့ပေ။

“ထည့်စဉ်းစားရမဲ့ ဆက်နွယ်မှုတွေဆိုတာရှိသေးတယ်လေ သူတို့ကို ပြောမလား မပြောဘူးလားကို ငါတို့ဆုံးဖြတ်လို့ရတယ် ဒါပေမဲ့ သူတို့ နားထောင် မထောင်ကိုတော့ ဆုံးဖြတ်လို့မရဘူး” ရှီမာယူယူ ပြောလေသည် “သူတို့နားထောင်လို့ ဖြစ်မယ့်ဟာကိုရှောင်နိုင်မယ်ဆိုရင်တော့ ငါပျော်တာပေါ့ ဒါပေမဲ့ သူတို့နားမထောင်ဘဲ တစ်ခုခုဖြစ်ရင်လည်း ငါ့ကိုယ်ငါ အပြစ်တင်စရာ မလိုတော့ဘူးလေ”

ပန်းလေး ခေါင်းညိတ်လေသည်။ သူမ ဆိုလိုသည်ကို နားလည်သွား လေပြီ။

“သူတို့လည်းဝင်ကြမှာပဲ” အိမ်မက်လေးသည် နတ်ဆိုးဝံပုလွေမျိုးနွယ် ကိုအာရုံစိုက်ထားသည်။ သူတို့ တောင်အောက်ကိုဆင်းလာသည်ကို မြင် သောအခါ လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ပြီးပြောလေသည်။

“မစိုးရိမ်နဲ့ သူတို့မလွတ်နိုင်ဘူး” ရှီမာယူယူသည် အိမ်မက်လေး၏ ခေါင်းကိုပုတ်လိုက်သည်။

“မင်း ဘာလုပ်လိုက်တာလဲ” ဟန့်မြောင်ရွှမ် မေးလိုက်သည်။

“အများကြီးတော့မဟုတ်ပါဘူး ခုနကစ ရုတ်ရုတ် ရုတ်ရုတ် ဖြစ်တုန်းကို နီရဲပျားလေးတွေကို သူတို့အပေါ်ကို တစ်ခုခုဖြူးခိုင်းလိုက်တာ” ရှီမာယူယူ ပြောလေသည်။

“အဲအဆိပ်က အသုံးဝင်လား သူတို့တွေ့သွားမလား” စူးရှောင်ရှောင် သည် အနည်းငယ်မသေမချာဖြစ်နေသည်။ သူတို့သာ ထိုအကြောင်းကို သိသွားပါက မကောင်းသည့်အရာဖြစ်လာနိုင်သည်။

“နတ်ဆိုးမျိုးနွယ်က အဲလိုပစ္စည်းမျိုးကို အာရုံခံနိုင်တယ် သူတို့ကိုသာ တကယ်ပဲအဆိပ်ဖြူးလိုက်တယ်ဆိုရင် သူတို့နှာခေါင်းကနေမလွတ်နိုင်ဘူး” ကျန်းကျူးရှန့် ထပ်ပြောလေသည်။

“သူတို့ကို အဆိပ်ခတ်တယ်လို့ဘယ်သူပြောလဲ” ရှီမာယူယူ ပြောလိုက် သည်။

“အဆိပ်မဟုတ်ရင် ဘာလဲ”

“ပန်းဝတ်မှုန်နည်းနည်းလောက်ပဲ ပန်းလေးရဲ့ ဝတ်မှုန်လေ” ရှီမာယူယူ ပြောလိုက်သည် “ထာဝရရှင်သန်သူနယ်မြေမှာ ကိုယ်ပေါ်မှာပန်းဝတ်မှုန်ရှိ တာ မဆန်းဘူးလေ ဟုတ်တယ်မလား ပြီးတော့ ပန်းလေးရဲ့ ဝတ်မှုန်က သူတို့ခန္ဓာကိုယ်မှာ အကြာကြီးနေနိုင်တယ် ညီမတို့ နီရဲပျားတွေရှိနေသရွေ့ တော့ သူတို့ကိုခြေရာခံလို့ရမယ် အဲလိုဆိုရင် စက္ကူလိပ်မလိုတော့ဘူးလေ စက္ကူလိပ်က တစ်ခါတလေ မမှန်ဘူးလေ”

“မမှန်ဘူးလား”

“အစောပိုင်းက သူတို့ရောင်ဝါမရှိထားဘူးလေ အစက်တွေပျောက်သွား တာနဲ့ သူတို့နေရာကို အာရုံခံလို့ရမှာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည် “ဒါက ပြီးတော့ လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ပစ္စည်းတစ်ခုပဲ”

“အဲတော့ ပန်းလေးရဲ့ ဝတ်မှုန်က လုံခြုံရေးထပ်တိုးအလွှာတစ်ခုအနေနဲ့ သတ်မှတ်လို့ရတယ်ပေါ့” ဟန့်မြောင်ရွှမ် ပြောလိုက်သည်။

“ဒါဆိုရင် ဘယ်တော့ဝင်ကြမလဲ”

“ဝင်သွားပြီးရင် ထပ်ပြောကြတာပေါ့”

လူသားမျိုးနွယ်နှင့် တစ္ဆေမျိုးနွယ်များသည် အလျင်စလိုဝင်၍ ရတနာ များကိုအရင်ဆုံး ရယူနိုင်ရန် သွားကြပြီဖြစ်သည်။ လူတိုင်းသည် အရင်ဆုံး ရောက်ရန် တိုက်ပွဲဝင်နေကြသည်။ လူများစွာသည် အဝင်ဝတွင်ပင် စတင် တိုက်ခိုက်နေကြပြီဖြစ်သည်။

“ဆရာ အများစုကဝင်ကုန်ကြပြီ ငါတို့က မလှုပ်ရှားသေးဘူးလား” ဒိကျဲ့ ဘေးမှ အစောင့်သည် ရပ်ရင်းမေးလေသည်။

ဒိကျဲ့သည် မျက်နှာချင်းဆိုင်တောင်ပေါ်တွင်ရပ်နေသော ရှီမာယူယူ အားကြည့်လိုက်သည်။ သူ့မျက်လုံးများသည် ပိုတည်ငြိမ်သွားကာ ပြောလိုက် သည် “ခဏလေးစောင့်ဦး”

သူသည် ရှီမာယူယူနှင့် အတူဆင်းသွားရန် စောင့်နေသည်ကို အနောက်မှလူများ သိကြသည်။ သူတို့ အတူမသွားနိုင်လျှင်တောင် သူမနှင့် မနီးမဝေးတွင်ရှိနိုင်မည်ဖြစ်သည်။

သူတို့သည် မသိကျွမ်းသေးသော်လည်း သူသည် သူမ လုံခြုံရေး အတွက် စိုးရိမ်နေပြီဖြစ်သည်။

ရှီမာယူယူသည် တူညီသော ခံစားချက်မမျှဝေနိုင်သည်မှာတော့ နှမြော စရာကောင်းသည်။

အတန်ကြာပြီးနောက်တွင် တစ္ဆေမျိုးနွယ်မှလူများလည်း ဝင်သွားကြ လေသည်။ တခြားမျိုးနွယ်များမှာလည်း အရေအတွက်လျော့နည်းလာသည်။ သို့သော် သူမသည် ခြေကြွရန် ရည်ရွယ်ချက်မရှိပေ။ ထိုသည်မှာ ဒိကျဲ့ကို သွေးအန်မတတ် ဒေါသထွက်စေသည်။

မင်းက သွားမှာလားမသွားဘူးလား။ မသွားရင် ဝင်ပေါက်မှာ ငါ့ကိုလာ အနှောင့်ယှက်နဲ့။

“ဆရာ အကုန်လုံးသွားနေကြပြီ ငါတို့…”

“ဝင်မယ်” ဒိကျဲ့သည် ရှီမာယူယူ၏ အပြုအမူကိုမြင်ပြီး သူမ မဝင်တော့ ဟုခန့်မှန်းကာ ဝင်ရန် သူ့အဖွဲ့ဝင်များကိုညွှန်ကြားလိုက်သ်ည။

ထိုအခိုက်တွင် သူတို့သည် ဝင်ရန်နောက်ဆုံးလိုဖြစ်နေသည်။

“အဲဒီတစ္ဆေမျိုးနွယ်က ထူးဆန်းတယ် တခြားတစ္ဆေမျိုးနွယ်တွေက ဝင်သွားနေပြီ အထဲမှာ တစ်ခုခုဖြစ်မယ်ဆိုတာ သူတို့သိနေလို့များလား”

“ငါတို့ကိုစောင့်နေသလိုမျိုးပဲ” ကျန်းကျူရှန့် ပြောလိုက်သည် “မင်း သူတို့ကိုသိလား”

“တစ္ဆေမျိုးနွယ်လို့ပြောရင်…” အားလုံးသည် ရှီမာယူယူကို ကြည့်လိုက် ကြသည်။ သူမသည် တစ္ဆေမျိုးနွယ်နှင့် ဆက်နွယ်မှုရှိသည်ကို သူတို့ သိထား သည်။ ပြီးလျှင် သူမတွင် တစ္ဆေမျိုးနွယ်ရောင်ဝါ တစ်ဝက်ရှိနေသည်။

ရှီမာယူယူသည် သူတို့ကိုကြည့်ပြီး မေးလိုက်သည် “ဘာလို့ ညီမကို အဲလိုတွေကြည့်နေတာလဲ သူတို့က ညီမကိုစောင့်နေတာလို့ ပြောမလို့ မဟုတ်ဘူးမလား”

“ဂျူနီယာ ညီမလေး မင်းသူတို့ကိုသိလား” ဟန့်မြောင်ရွှမ် မေးလိုက် သည်။

“သိတယ်” ရှီမာယူယူ ဝန်ခံလေသည်။

“တကယ်သိတာား ဘာလို့ တစ်ခါမှမပြောဖူးတာလဲ”

“ဟင် မပြောမိဘူးလား” ရှီမာယူယူသည် ရှုပ်ထွေးစွာပြောလိုက်သည် “အဲဒါက အနီရောင်တောင်ထိပ်က တစ္ဆေမျိုးနွယ်လေ ပြီးခဲ့တဲ့တစ်ခေါက် အနီရောင်တောင်ထိပ်မှာ ညီမ သေမလိုဖြစ်သွားတာက သူတို့ကြောင့်လေ”

“….”

သူမ၏ စီနီယာသုံးယောက်လုံး တိတ်သွားကြလေသည်။ ထို့နောက်တွင် ဟန့်မြောင်ရွှမ် အော်လေသည် “သေစမ်း စောစောကသာပြောရင် သူတို့ကို စောစောစီးစီးရိုက်မှာပေါ့”

“စိတ်ထိန်း စီနီယာအစ်မ” သူမ ဒေါသထွက်နေသည်ကို မြင်သောအခါ ရှီမာယူယူသည် ဆွဲထားရသည် “အေးဆေးပေါ့ ညီမသူ့ကို လွယ်လွယ်နဲ့ လွှတ်မပေးဘူး”

“သူတို့ဘာလို့ဒီဘက်ကိုဆက်တိုက်ကြည့်နေပါလိမ့်လို့ ရန်သူတွေဖြစ် နေတာကိုး” စူးရှောင်ရှောင်လည်း ဒေါသထွက်လေသည်။

ရှီမာယူယူ၏ ခန္ဓာကိုယ်မတည်ငြိမ်မှုကြောင့် ဆရာနှင့် ဆရာဟော်တို့ သည် ကျောင်းမှထွက်ခွာသွားခဲ့ကြသည်။ ထိုသည်မှာ သူမ လျှို့ဝှက်ချက်ကို ဖော်မည်ဖြစ်ဖြင့် သူမအတွက် အဖြေရှာရန်သွားခြင်းဖြစ်သည်။

ထိုအချိန်က တစ္ဆေမျိုးနွယ်ရောင်ဝါ အသက်ဝင်သွားပြီး သူမ ခန္ဓာကိုယ် ကို အလောင်းဖြစ်ခါနီးအခြေအနေသို့ တွန်းပို့ခဲ့သည်။

အဲဒါတွေအကုန်လုံးက အဲဒီတစ္ဆေမျိုးနွယ်ကြောင့်ဖြစ်နေတာကိုး။

သူတို့သည် သူမကိုကြည့်လိုက်ကြသည်။ ဘာလို့စောစောစီးစီး မပြော တာလဲ။

“ကောင်းပြီ အဲလောက်ဒေါသထွက်ဖို့မလိုပါဘူး” ရှီမာယူယူ ပြုံးလိုက် သည် “သူတို့ကိုလွှတ်မပေးဘူးလို့ ညီမပြောပြီးပြီလေ လက်စားချေရမဲ့ အချိန် ရောက်လာရင် သူတို့ိကို သေချာလေးဂရုစိုက်ပေးလိုက်ကြလေ”

သူတို့သိသွားသည်နှင့် ထိုသို့ဖြစ်သွားလိမ့်မည်ဟု သူမ မထင်ထားသဖြင့် ထိုအခိုက်တွင် သူမ ရင်များနွေးထွေးသွားရသည်။

“ဒါဆိုရင် ငါတို့အရင်သွားသင့်တယ်” ဟန့်မြောင်ရွှမ် ပြောလိုက်သည်။

“လောဖို့မလိုဘူးရယ် ညီမတို့က ရတနာရှာဖို့သွားမှာမဟုတ်လို့ စောင့်လို့ရတယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဘာကိုစောင့်နေမှာလဲ အကုန်လုံးက ရှာနေကြပြီ ငါတို့က တစ္ဆေမျိုးနွယ်ဝင်တွေကို အမှတ်အသားတောင်မလုပ်ထားဘူး ဝင်သွားပြီး သူတို့ကိုမတွေ့ရင် ဘယ်လိုလုပ်မလဲ”

“…” ရှီမာယူယူသည် စိုးရိမ်နေမှုကြောင့် မစဉ်းစားတတ်တော့သော တစ်ယောက်ကိုကြည့်ပြီး ပြောလိုက်သည် “သူတို့ကိုရှာမတွေ့ရင် သူတို့ထွက် လာတာကို ဒီကနေစောင့်ရုံပဲလေ ဟူး စီနီယာအစ်မ စိတ်အေးအေးထား တစ်ယောက်ယောက်လာရင် နီရဲပျားတွေက သတင်းပို့ရင် အမြန်ပုန်းရုံပဲ”

သူမသည် အားလုံးကို ဝိညာဉ်စေတီထဲသို့ခေါ်သွားပြီး အပြင်ဘက်မှ အခြေအနေကို ဝိညာဉ်လေးအား စစ်ဆေးခိုင်းလိုက်သည်။

အနက်ဝတ်လူတစ်စုသည် မျက်နှာဖုံးများဝတ်ကာ ပျံလာသည်။ သူသည် ဘာမှမရှိတော့သော တောင်ကြားကိုကြည့်ပြီး အမျိုးသမီးတစ် ယောက်ပြောလေသည် “သူတို့ဝင်သွားပြီ ခြေရာတွေကိုကြည့်လိုက် ဝင်သွား တာတော်တော်များတယ်”

“အပြင်ပြင်ဆင်ပြီးပြီလား” ကွဲအက်သောအသံတစ်သံ မေးလိုက်သည်။

“အင်း အထဲမှာ အကုန်ပြင်ပြီးပြီ” အမျိုးသမီးက ပြောလိုက်သည်။

“ဒါဆိုရင် ငါတို့်ဝင်ပြီးကြည့်ကြတာပေါ့ သူတို့လမ်းကို ဖျက်ပြီး ပြန်ဆုတ် ဖို့မမေ့နဲ့ ငါတို့ နောက်နှစ်တစ်ဝက်နေရင်ဖွင့်မယ်”

“နားလည်ပါတယ်”

ပြောပြီးနောက်တွင် ထိုအနက်ဝတ်လူများသည် ဝင်ပေါက်တွင် အစောင့်အနည်းငယ် ထားကာ ဝင်သွားလေသည်။

***

All Chapters