မန္တာန်
Vol. 4 Ch. 31
ကျယ်လောင်သည့် ပေါက်ကွဲသံနှင့်အတူ ကြီး မားသည့် ထိခိုက်မှုအဖြစ် ကျောက်တုံးများပြန့် ကျဲသွားကာ သစ်ပင်များလည်း ကျိုးကြေကုန် သည်။ ချန်အန်က ဝမ်ကျိယန်ကို ဆွဲ၍ ထွက်ခွာ လာခဲ့သော်လည်း ပြင်းထန်သည့် အရှိန်ကြောင့် နှစ်ဦးသား မြေပြင်ပေါ် အကြိမ်အနည်းငယ်ထိ လိမ့်ဆင်းသွားရသေးသည်။
“ချီးပဲ နာလိုက်တာ”
ချန်အန်က ဦးခေါင်းကို လက်နှစ်ဖက်ဖြင့်တင်း ကျပ်စွာအုပ် ကိုင်ထားပြီး နာကျင်မှုကြောင့် လူး လွန့်နေရသည်။ ဦးခေါင်းဖြင့် ကျောက်တုံးများ စွာကို တိုက်မိခြင်းဖြစ်ပြီး ခေါင်းရိုက်ခွဲခံလိုက်ရ သလိုခံစား နေရသည်။
“နင် ထတော့လေ”
ထိတ်လန့်တကြား အော်သံတခုထွက်ပေါ်လာ သည်။ အသံ၏လားရာက သူ၏အောက်မှဖြစ် ကာ ဝမ်ကျိယန်ကို တက်ဖိမိထားခြင်း ဖြစ်သည် နှစ်ဦးသားထပ်လျက်သား ပုံစံဖြင့် သူမ၏နှလုံး ခုန်သံ အသက်ရှုသံများကိုပင် အတိုင်းသားကြာ နေရသည်။ နာကျင်မှုကြောင့် တစုံတဦးကို ဖိ ထားမိမှန်းတောင် မသိခဲ့ချေ။ ချန်အန်က သူမ ကိုယ်ပေါ်မှ ဖယ်ပေးလိုက်သည်။ အိမ်ကတော့ ပြိုကျသွားခဲ့လေပြီ။ ဆေးမှုန့်ဗုံးရဲ့ အစွမ်းက ကြောက်ဖို့ ကောင်းလွန်းသည်။
“ဒီလိုအဖျက်စွမ်းအားနဲ့ဆို လှိုဏ်ခေါင်းထဲက သံနက်သူလျှိုလေးဦးတော့ သေလောက်ပါပြီ”
ဝမ်ကျိယန်က သူမ၏ခန္ဓာကိုယ်ပေါ်မှ ဖုန်မှုန့် များကို ခါ၍ ချန်အန်ဆီ လျှောက်သွားလိုက်သ ည်။ စောနက အထိတွေ့ကို ပြန်စဥ်းစားမိပြီးရင် ခုန်သွားသည်။ သူမက အသက်၃၈ အထိ သူစိမ် ယောက်ကျားထိတွေ့မှု မရှိခဲ့ချေ။ မြေပြင်ပေါ် ဖိကပ်ခံထားရသည့် ခံစားချက်က ကူကယ်ရာမဲ့ စွာ ဖြစ်စေသည်။
“ယောက်ျား”
“အစ်မဝမ်”
မလှမ်းမကမ်းမှ ဇနီးများ၏ အသံကို ကြားလို က်ရသည်။ သူမတို့နှစ်ဦးက သူ့ထံ အပြေးလာ နေသည်။
“ယုအာ မင်းကဘယ်လိုလုပ် ဒဏ်ရာရတာလဲ”
သူမ၏ ပုခုံးဒဏ်ရာမှ သွေးများထွက်နေသည် ကိုတွေ့လျင် ချန်အန်တယောက် စိုးရိမ်သွားသ ည်။
“ဘာလို့လဲမသိဘူး ခုနက ပေါက်ကွဲမှုကြောင့် အစ်မဝမ်အိမ်က တုန်ခါသွားပြီး ထုပ်တန်းတခု ယင်းအာအပေါ် ကျလာတာကို အစ်မဂူက သူမ ခန္ဓာကိုယ်နဲ့ ကာကွယ်ပေးလိုက်လို့ ဖြစ်ရတာပါ”
ဆောင်ဟွာယင်းမှာ အပြစ်ရှိသလို ခံစားနေရသ ည်။ အဖြစ်စုံကို သိလျင် ချန်အန်က အနာကျက် ဆေးမှုန့်များ ဂူရှန်းယုပုခုံးပေါ် ဖြူးပေးလိုက်သ ည်။ ကံကောင်းစွာဖြင့် အနည်းငယ်သာ ပွန်းပဲ့ သွားခြင်း ဖြစ်သည်။
ဇနီးဂူရှန်းယု၏ ဒဏ်ရာကို ဆေးထည့်ပေးခဲ့ပါ သည် ဆက်ဆံရေး +1
ကျင့်ကြံသူအများအပြားက ဆူညံသည့်ပေါက် ကွဲသံကြောင့် ထွက်ပေါ်လာ ကြသည်။ အပျက် အစီးများကို တွေ့လျင် မှင်သက်သွားကြတော့ သည်။
ဘုရားရေ…တအိမ်လုံး ပြိုကျသွားတာလား။ ဒီ လိုမျိုး ဖြစ်ဖို့ ဘယ်လိုနတ်ဘုရားစွမ်းအားကိုမျာ သုံးလိုက်ပါလိမ့်။ ဘာဖြစ်သွားတာလဲ။
ခနအကြာတွင် ဝါးရွက်ဂိုဏ်းမှ လူများရောက်ရှိ လာသည်။ အပျက်အစီးများကို မြင်လျင်သူတို့ လည်း တုန်လှုပ်သွားကြသည်။ ထိုအရာကိုတွေ့ လျင် ချန်အန်က ဖြစ်စဥ် အစအဆုံးကို သေချာ ရှင်းပြလိုက်သည်။ အဆုံးတွင် ပေါက်ကွဲပြီးနော က် ရုပ်အလောင်းများ မြေအောက်ထဲ တစစီဖြစ် နေနိုင်၍ ပြန်လည် တူးထုတ်လို့ ရနိုင်ကောင်းသ ည်ဟု ပြောပြလိုက်သည်။ ချန်အန်၏ ရှင်းပြချ က်ကိုကြားလျင် ဝါးရွက်ဂိုဏ်း၏ ကျင့်ကြံသူ များက ရုပ်အလောင်းများ တူးဖော်ရန် သွားကြ တော့သည်။
မိနစ်အနည်းငယ် အတွင်း မီးလောင်ထားသည့် မပြည့်စုံတဲ့ အလောင်း၄လောင်းကို တွေ့လိုက်ရ သည်။ ထိုသူများမှာ သံနက်ဂိုဏ်းမှ ဖြစ်ကြောင် အတည်ပြုလိုက်ကြသည်။
“ချီစုဆောင်းခြင်း အဆင့်မြင့်မှာရှိတဲ့ လူ၄ဦးကို ပေါက်ကွဲစေတဲ့ သတ္တုတွေသုံးပြီး သတ်ပစ်ခဲ့ တယ်လို့ မင်းပြောတယ်နော်”
ဝါးရွက်ဂိုဏ်း၏ အကြီးအကဲ တဦးက သံသယ ဖြင့်မေးလာသည်။ ချန်အန်က ခေါင်းညိတ်ပြလို က်သည်။
“ဟုတ်ပါတယ် ကျင့်ကြံသူဝမ်က သက်သေရှိပါ တယ်”
ထိုအရာကို ကြားတော့ အကြီးအကဲက ဝမ်ကျိ ယန်ကို ကြည့်လိုက်သည်။ သူမကလည်း ဤတ ကြိမ်တွင်တော့ ချန်အန်နှင့် ပူးပေါင်းခဲ့သည်။
“ကျင့်ကြံသူချန်ရဲ့ စကားတွေကအမှန်ပါပဲ”
သို့သော် သံသယကတော့ ရှိနေဆဲ ဖြစ်သည်။ မည်သည့် အရာက အဆင့်မြင့်ကျင့်ကြံသူ ၄ဦး ကိုသတ်ပစ်နိုင်ပြီး အိမ်တလုံးကိုပင် ပြိုကျစေ နိုင်သနည်း။ ဒုတိယအဆင့် အဆောင်မှာပင် ထိုကဲ့သို့ စွမ်းရည်မရှိချေ။ အကြီးအကဲက ထပ် ၍ မမေးတော့ချေ။ ကျင့်ကြံသူတိုင်းတွင် လျှို့ ဝှက်ချက်များ ကိုယ်စီ ရှိတတ်ကြသည်။ ကျင့် ကြံရေး လောကတွင် လျှို့ဝှက်ချက်ကို မေးခြင် က တားမြစ်ချက်တခု ဖြစ်နေသည်။ အလုံးစုံ ပြီးဆုံးပြီးနောက် ယခုနေရာတွင် လူများစွာရှိ နေသည့် အချက်ကို အသုံးချကာ ချန်အန်တို့ကို နေရာတွင်ပင် ဆုချီးမြင့်သည်။
“ချီစုဆောင်းခြင်း အဆင့်မြင့် ကျင့်ကြံသူ၄ဦး ကို သတ်လိုက်နိုင်လို့ ၈လတာ အိမ်ငှားခသက် သာခွင့်ရ ရှိမယ် ဒါပေမယ့် အိမ်နှစ်အိမ် ပျက်စီး သွားလို့ ၂လသာ နှုတ်ပြီး ၆လစာ သက်သာခွင့် ကိုပေးမယ် မင်းတို့က ဆုလာဒ်ကို ဆန္ဒရှိသလို အသုံးပြုနိုင်တယ် ပြီးရင်တော့ စာရင်းသွင်းဖို့ ငါတို့ရဲ့ ခန်းမဆီလာခဲ့ပါ”
ပြောဆိုပြီးနောက် ဝါးရွက်ဂိုဏ်းက အလောင်း များကို ချန်၍ ထွက်ခွာသွားတော့သည်။ ထိုစဥ် ကျယ်လောင်သည့် ဆွေးနွေးသံများ ထွက်ပေါ် လာသည်။
“၆လတာ သက်သာခွင့်လား ဒါက ကျောက်တုံး ၆၀၀ နဲ့ညီမျှတာပဲ ဘယ်လောက်တောင် မနာလို စရာ ကောင်းလိုက်လဲ”
“ငါတို့ သူလျှိုတွေကို ဖော်ထုတ်ဖို့ ကြိုးသားရ မ ယ်”
“မင်းက အလယ်ဆင့်ပဲရှိတဲ့ ပန်းပဲဆရာနော် ဟို ကအဆင့်မြင့် ကျင့်ကြံသူ ၄ဦးကွ”
“.........”
မကြာမီပင် လူစုခွဲကာ ထွက်သွားတော့သည်။ ထိုကာလများတွင် ကျင့်ကြံသူ အများပြားက ချန်အန်ကို လာရောက်မေးမြန်းကြသည်။ ချန် အန်က သူတို့ကို လိမ်ညာခြင်းမရှိဟု ခံစားနေခဲ့ ကြသည်။ ဝါးရွက်ဂိုဏ်း အကြီးအကဲကို ပြော သည့်အတိုင်း ပြောလိုက်သည်။ အကုန်လုံးထွ က်သွားချိန်တွင် ဝမ်ကျိယန်က အံ့သြမှင်သက် စွာဖြင့် ပြောလာသည်။
“နင်က ဒီပေါက်ကွဲမှုကြီးကို ဘယ်လိုလုပ်လိုက် တာလဲ”
တဦးစီ၏ လျှို့ဂှက်ချက်မှာ တားမြစ်ထားမှန်း သူမ သိပေသည်။ သို့သော် သူမက အမှန်ကိုပင် သိချင်နေပုံရကာ တားမြစ်ချက်အား ဂရုမစိုက် တော့ပေ။ ဝမ်ကျိယန်၏ အမူအရာကို တွေ့လျင် ချန်အန်က တွက်ဆလိုက်သည်။ အမျိုးသမီးတ ဦးက ယောက်ျားတဦးကို စတင်စပ်စုပါက ထို အရာသည် ထောင်ခြောက်ထဲ စတင်လာသည် ဟု သက်မှတ်နိုင်သည်။
“အရင်က မန္တန်တခု သင်ဖူးတယ် သူက လေဖိ အား နေရာမှာဆို ပေါက်ကွဲစေနိုင်တယ်”
ချန်အန်က ဇာတ်လမ်းတခုဆင်၍ ပြောလိုက်သ ည်။ သူမသည် ထိုအရာကို အတု အစစ်ပင်မခွဲ နိုင်တော့ပေ။
“အဲ့ဒီမန္တန်က ဘာကြီးလဲ”
“အထက်တန်းကျောင်းရဲ့ ဓာတုဗေဒ”
“ဘာကြီး”
“ကျင့်ကြံသူဝမ် ငါက မန္တန်ကို ပြောပြနိုင်ပါတ ယ် ဒါပေမယ့် မင်းကလည်း ငါမေးတာကို ပြန် ဖြေရမယ်”
“ရပါတယ်”
သူမက ချက်ချင်းပင် သဘောတူသည်။ ထိုအခို က်တန့်တွင် သူမ၏ သိချင်စိတ်က ပိုအားသာ နေသည်။ သူမက အသင့်ဖြစ်နေသည်ကို တွေ့ လျင် ချန်အန်က သူမနား အနားကပ်ကာ ပြော လိုက်သည်။
“ဟိုက်။ဟီ။လီ။ဘီ။ဘို။ကာ။နိုက်။အောက်။ဖ။နီ။ဆို။မက်။လူ။ဇင်။ဖော့။ဆာ။ကလို။အာ။ပို။ကယ်။
[ဘာရယ်မဟုတ်ဘူး အထက်တန်းတုန်းက ကျ က်ခဲ့ဖူးတာကို သတိရသွားလို့ ရေးလိုက်တာ😂]
…………………………………………………