← Chapters

ကလေးမွေးဖွားခြင်း

Vol. 4 Ch. 32

ကလေးမွေးဖွားခြင်း

Vol. 4 Ch. 32

ဝမ်ကျိယန်မှာ ထိုစကားလုံးများကို တခုမှနားမ လည်သောကြောင့် ဆွံ့အနေသည်။(aလေဟိုက ဘယ်ကြားဖူးပါ့မတုန်း)

သို့သော် မန္တန်က အမှန်တကယ်ပင် လေးနက်ဟ န်ရှိသည်ဟု သူမထင်သည်။ ချန်အန်က ကျင့် ကြံမှုနိမ့်ကျသော်လည်း အချို့နေရာများ၌ ထူး ချွန်သည်ဟု ခံစားလိုက်ရသည်။ ဥပမာ လိင်ဆ က်ဆံခြင်း။ ထိုအရာကိုတွေးမိပြီးနောက် ဝမ်ကျိ ယန်တယောက် မျက်နှာလေးရဲသွားရသည်။ ထို အချိန်မှစ၍ ချန်အန်နှင့်ပက်သက်သည့် အမြင် များ ပြောင်းလဲသွားသည်။ ထိုအရာက ယခင် ကသူမ မခံစားဖူးသည့် ခံစားချက်တမျိုး ဖြစ် သည်။ သူမက ယောက်ျားတဦးအပေါ် အမြင် ကောင်း ရှိမိလိမ့်မည်ဟု မထင်ထားခဲ့ချေ။ မယုံ နိုင်စရာ ဖြစ်သည်။

“ကျင့်ကြံသူဝမ် ငါက မန္တန်ကို ပြောပြပြီးပြီ အခု ငါမေးတာကို မင်းဖြေရမယ့် အလှည့်ပဲ”

ချန်အန်က ဝမ်ကျိယန်ကို ပြောလိုက်သည်။ ဝမ် ကျိယန်က လက်နှစ်ဖက်ကို ခပ်တင်းတင်းပိုက် ၍

“မေးပါ ငါကစကားအတိုင်း ဖြေမယ် ဘာတခုမှ မလိမ်ညာပါဘူး”

ချန်အန်၏ ပုံစံမှာ လေးနက်သွားသည်။ပြီးနော က်

“ကျင့်ကြံသူဝမ် မင်းကဘာလို့ ယောက်ကျား တွေကို မုန်းနေတာလဲ”

ချန်အန်၏မေးခွန်းကို ကြားလျင် ဝမ်ကျိယန်မှာ မျက်မှောင်ကြုတ်သွားရသည်။

“အဲ့မေးခွန်းကို ငါမဖြေချင်ဘူး မေးခွန်းပြောင်း လိုက်ပါ”

“ကျင့်ကြံသူဝမ် မင်းက ကတိအတိုင်း ရှိမယ်လို့ ငါထင်ထားခဲ့တာ မဟုတ်ဘူးပဲ”

ချန်အန်က တမင်ပြောဆိုလိုက်သည်။ ဝမ်ကျိယ န်သည် ချန်အန်၏ စိတ်ဆွပြောဆိုမှုကို သိသော် လည်း အမှန်တိုင်းသာ ဖြေလိုက်တော့သည်။

“ငါ့အဖေက အလောင်းအစားသမားဖြစ်ပြီး အ မေနဲ့ငါ့ကို အရမ်းနိုင်ကျင့်တယ် ငါကဆယ်နှစ် သမီးအရွယ်မှာပဲ အရွယ်ရောက်သလို လှပလာ ပြီး ငါ့အမေကလည်း ချောမောလှပနေသေးတာ ကို သတိပြုမိကြတော့ ငါတို့ကို ပြည့်တန်ဆာခ န်းမ ဆီရောင်းပစ်ကြတယ် ကဲ အခုနင်သိရပြီမ ဟုတ်လား ယောက်ျားတွေက တယောက်မှလူ ကောင်းမရှိကြဘူး”

ထိုစကားများကို ဝမ်ကျိယန်က ဒေါသတကြီး ပြောဆိုပြီးနောက် ထွက်ခွာသွားသည်။

“ယောက်ျား ငါအစ်မဝမ်ကို နှစ်သိမ့်ပေးလိုက်ပါ့ မယ်”

ဆောင်ဟွာယင်းက ပြောလာသည်။ ထိုစဥ်ချန် အန်က ဂူရှန်းယုကို ကြည့်၍

“ယုအာ မင်းလည်းလိုက်သွားပြီး သူမကို ဂရုစို က်ပေးလိုက်ပါ”

“ဟုတ်ကဲ့ နားလည်ပါပြီ ယောက်ျား”

ပြောဆိုပြီးနောက် ဂူရှန်းယုက ကိုယ်ဝန်၉လထဲ ရောက်နေသည့် ဆောင်ဟွာယင်းနောက် လိုက် ပါသွားလေသည်။ သူမသည် ဆောင်ဟွာယင်း အား ပြုစုရန်လိုပါသည်။ ဝမ်ကျိယန်၏ နောက် ကြောင်းများကို သိလိုက်ရပြီးနောက် သူမ၏ ယောက်ျားများအပေါ် မုန်းတီးမှုကို နားလည်ခဲ့ ရသည်။ သူမအဖေက ပြည့်တန်ဆာခန်းမဆီ ရောင်းစားခဲ့ခြင်းလား။ ဒါဆို သူမက သန့်စင်မှု ကို မည်သို့ ထိန်းသိမ်းခဲ့သနည်း။ဆောင်ဟွာယ င်း၏ စကားအရ ဝမ်ကျိယန်၏ မိခင်မှာ ဝမ်းဆွဲ သည်တဦးဖြစ်ပြီး မရင်းနှီးသည့်ဒေသတခု၌ အပြန်အလှန် မှီခို၍ ရှင်သန်ကြခြင်းဖြစ်ရမည်။ ထိုအရာကို သိပြီးနောက် ဝမ်ကျိယန်၏ အတိ တ်ကို ချန်အန်က ဂရုမစိုက်ပေ။ သူ့ရှေ့ရှိ အပျ က်အစီးများကို ကြည့်ကာ တီးတိုးပြောလိုက်သ ည်။

“ကြည့်ရတာ အိမ်အသစ်ငှားရတော့မယ် ထင်ပါ တယ်”

သူက ဝမ်ကျိယန်အိမ်ထဲရှိ ဇနီးများကို အိမ်အ သစ်ငှားရမ်းမည့်အကြောင်း အသိပေးလိုက်ကာ အချက်အလက်ချို့ ယူဆောင်၍ အိမ်ရာခန်းမ ဆီသွားပြီး ၆လတာ သက်သာခွင့်ကို အသုံးပြု လိုက်သည်။ သို့သော် ထိုအရာများအတွက် ဝမ် ကျိယန်ကို ဆွေးနွေးခြင်း မရှိခဲ့ပေ။ ပထမအချ က်မှာ သူက ဝမ်ကျိယန်နှင့် အိမ်တခုတည်း နေ လိုပြီး ထိုအရာက ငွေပိုစုလာနိုင်မည်။ ဒုတိယ အချက်က အချိန်တခုကြာလျင် သူမထံ၌ ခံစား ချက်များ ရှိလာနိုင်သည် မဟုတ်လား။ သူက အရင် အိမ်အဟောင်းနားမှာပဲ ပြန်လည် ငှားရမ် လိုက်သည်။ ပြီးနောက် စျေးသို့သွားကာ ပရိ​ေ ဘောဂများ ဝယ်ယူလိုက်သည်။ ထို့နောက် ဇနီး များကို အိမ်သို့ခေါ်ကာ ပြင်ဆင်ကြတော့သည်။

အိမ်ကို ပြင်ဆင်ပြီးနောက် ညစာအတွက် စီစဥ် ကြသည်။ ချန်အန်က သူ့အတွက် ညစာကိုသူ ကိုယ်တိုင်ပင် စီစဥ်ခဲ့သည်။ ဟင်းပွဲများမှာ အရ သာရှိ မည့်ပုံရှိကာ ဂူရှန်းယုပင် ဟန်မဆောင်နိုင် သရေကျမိနေသည်။

“ယောက်ျား ဟင်းပွဲတွေက များလွန်းတယ် ငါတို့ ချည်းပဲဆို ကုန်မယ်မထင်ဘူး အစ်မဝမ်ကိုလည် အတူစားဖို့ ဘာလို့မခေါ်လဲ”

“ကောင်းပြီ”

ချန်အန်က ဆောင်ဟွာယင်း၏ အကြံပြုချက်ကို မသိမသာဟန်ဖြင့် လက်ခံလိုက်သည်။ ၁၅မိနစ် ခန့်ကြာပြီးနောက် ဆောင်ဟွာယင်း၏ ဖိတ်ခေါ် မှုအောက်တွင် ဝမ်ကျိယန်လည်း တွန့်ဆုတ်စွာ ဖြင့် လိုက်ပါလာသည်။ သူမက ချန်အန်၏မျက် နှာချင်ဆိုင်၌ ထိုင်လိုက်သည်။ တမင်ရည်ရွယ် ၍လားမသိချေ ချန်အန်က သူမကို လျစ်လျူရှု ထားသည်။

“ယောက်ျား အစ်မဝမ်ကို ငါတိုနဲ့အတူနေခိုင်းပါ လား ဒါဆို လစဥ် ကျောက်တုံးတွေသက်သာပါ လိမ့်မယ်”

ဆောင်ဟွာယင်းက အကြံပြုချက်ကို သူမကိုယ် တိုင်ပြုလုပ်ခြင်း မဟုတ်ပဲ သူမ၏ ယောက်ျား ဝမ်ကျိယန်ကို ရယူနိုင်ရန် ကူညီပေးနေခြင်းဖြစ် သည်။ ချန်အန်က ခေါင်းခါရမ်းလိုက်သည်။

“အစီစဥ်ကောင်းပါတယ် ဒါပေမယ့် ငါကတော့ သူမနဲ့ တမိုးအောက်တည်း အတူမနေလိုဘူး”

ထိုအရာ လှည့်စားမှု တခုဖြစ်သည်။ သူမက ချ န်အန်ကို စိုက်ကြည့်ကာ

“ငါလည်း ၆လတာ ဝေစုထဲမှာပါတယ် ဒီအိမ်က နင့်အပိုင်မဟုတ်ဘူး ငါဒီမှာနေမယ် နင်ဘာလုပ် ချင်လဲ”

“ညဘက်အိပ်ချိန် ဆူညံနေတာကို ဂရုမစိုက်ရင် ငါ့အတွက် အရေးမကြီဘူး”

ချန်အန်က ပြောနေရင်း တူကိုချကာ ဂူရှန်းယုကို ဆွဲခေါ်လိုက်သည်။

“သွားကြစို့ ယုအာ”

ဂူရှန်းယုက နာခံစွာဖြင့် ခေါင်းညိတ်လိုက်သည်။ ဝမ်ကျိယန်က ထိုအရာကိုမြင်လျင်

“ညဘက်တညလုံး ကြိုက်သလိုလုပ် မအိပ်ရရင် တောင် ငါဒီမှာနေမယ်”

မိသားစုနှစ်ခုက အတူတကွနေရင်း ရက်များစွာ ကုန်သွားခဲ့သည်။ လူတိုင်းနီးပါးက နေ့စဥ်ဘဝ ကို ရိုးစင်းစွာ ဖြတ်သန်းပြီး ဝမ်ကျိယန်ကလည် အခန်းထဲ၌ ကျင့်ကြံရင်း ဖြတ်သန်းလေသည်။ သူမက အသားအစာကို ကိုယ်တိုင်စီစဥ်ပြီး ချန် အန်နဲ့အတူ မစားခဲ့ပေ။ ချန်အန်က ထိုအရာအ တွက် မစိုးရိမ်ချေ။ အလျင်စရာလိုစရာ မလိုဟု ပင် ယူဆထားသည်။ သူမကို စိုးရိမ်ပေးလေ မာ နကြီးလေး ဖြစ်ကာ သူမရှေ့၌ ဇနီးများကိုအတ တ်နိုင်ဆုံး ချစ်မေတ္တာ ပြသရမည်ဖြစ်ပြီး သူမ ကို မနာလို ​ညူစူစေအောင် လုပ်ရမည်။ အချိန် ကျလည်း သူမက သူ့ထံ အလိုလိုအပ်နှံလာပေ လိမ့်မည်။ သူမကို ရဖို့အတွက်ကတော့ ခက်နေ ပါဦးမည်။

နေ့ရက်များ ကုန်ဆုံးသွားသည်။ ယခုတွင်ဆော င်ဟွာယင်း၏ ကိုယ်ဝန်မှာ ကိုးလခွဲရှိသွားခဲ့လေ ပြီ။ ဂူရှန်းယု၏ စိုးရိမ်နေသည့် အသံမှာဆေး ဖော်စပ်ခန်းထဲသို့ ရောက်လာသည်။

“ယောက်ျား ယင်းအာရဲ့ ရေမြွာပေါက်သွားခဲ့ပြီ သူမက မွေးရတော့မယ် အစ်မဝမ်က ကလေး မွေးဖွားဖို့အတွက် ရောက်လာပြီ မြန်မြန်ထွက် လာခဲ့ပေးပါ”

ထိုသတင်းကို ကြားလျင် ချန်အန်တယောက် တ ဝက်တပျက်ရောက်နေသည့် ဆေးကိုပင် ဆက် ၍ မသန့်စင်ချင်တော့ပေ။ သူက ချက်ချင်းပင် ဆောင်ဟွာယင်း၏ အခန်းထဲသို့ ပြေးသွားတော့ သည်။

…………………………………………….

All Chapters