← Chapters

နေ့စဥ်ဘဝ

Vol. 4 Ch. 34

နေ့စဥ်ဘဝ

Vol. 4 Ch. 34

“ကောင်းပြီ ထွက်သွားပေးကြပါ ညီမယင်းအာ ကလေးမွေးထားရလို့ ပင်ပန်းနေတယ် ဒီနေရာ မှာ လူစုလူဝေ မလုပ်ကြပါနဲ့”

အချိန်တခုကြာလျင် ဝမ်ကျိယန်က မောင်းထု တ်တော့သည်။ သူမမှာ ဆောင်ဟွာယင်း၏ မိခ င်နဲ့ တူနေပြီး ဆောင်ဟွာယင်းကိုလည်း စိုးရိမ် နေပုံရသည်။ အဆုံးတွင် ချန်အန်တို့မှာ ထွက်ခွာ ပေးလိုက်ရပြီး ဆောင်ဟွာယင်း၏ အခန်းထဲ၌ ဝမ်ကျိယန်သာ ကျန်ရစ်ခဲ့သည်။ သူနာပြုတဦး ၏လုပ်ငန်းဆောင်တာများ ပြုလုပ်ပေးပြီးနော က် ပြန်လည်ထွက်ခွာလာသည်။ ပြီးလျင် ဂူရှန်း ယုကိုလည်း ပြန်လာ်သင်ကြားပေးတော့သည်။

သူမကျင့်ကြံနေချိန်တွင် ဂူရှန်းယုက ဆောင်ဟွာ ယင်းကို ပြုစုရမည် ဖြစ်သည်။ ထိုအရာကိုမြင် တော့ ချန်အန်ကလည်း တောင်းဆိုလိုက်သည်။

“ကျင့်ကြံသူဝမ် ငါ့ကိုလည်း သင်ပေးပါ”

“ဟားဟားးဟား”

သူမက ချန်အန်ကို မျက်လုံးပြူးပြကာ ရီမော ၍ ထွက်ခွာသွားသည်။ အနှီအမျိုးသမီးက မာန ကြီးလွန်းသည် မဟုတ်လား။ ချန်အန်က သူမ ကို သင်ခန်းစာတခုပေးရမည်ဟု ဆုံးဖြတ်လိုက် သည်။

ဒေါက် ဒေါက် ဒေါက်

“ကျင့်ကြံသူဝမ် တံခါးဖွင့်ပါဦး ပြောစရာရှိလို့”

ချန်အန်က သူမရဲ့အခန်းတံခါးကို ခေါက်ရင်း ပြောလိုက်သည်။ ဝမ်ကျိယန်က တံခါးဖွင့်ပြီး နောက် ပြောလာသည်။

“ဘာလဲ”

“ငါက ရုတ်တရက် မင်းရဲ့အခန်းတံခါးကိုခေါက် ချင်လာလို့ပါ”

အတွေးတခုဖြင့် ချန်အန်က သူမအပေါ်အိပ် ပျော်စေသည့် မန္တန်အား တိတိတဆိတ် အသုံး ပြုလိုက်သည်။ မန္တန်က ချီစုဆောင်းခြင်းအဆင့် ၈ ရှိသူပေါ် သက်ရောက်မှုရှိမရှိ သိလိုခဲ့သည်။ ထိုအရာကို ဝမ်ကျိယန်က သတိမထားမိပေ။ ချ န်အန်ကို မျက်လုံးပြူးပြလိုက်သည်။

“နင်ဘာဖြစ်နေတာလဲ”

ထိုသို့ပြောပြီးနောက် တံခါးပိတ်ရန်ကြံချိန်တွင် ရုတ်တရက် အိပ်ချင်စိတ်က ကြီးစိုးလာသည်။ ထိုအရာကို သူမ မထိန်းချုပ်နိုင်တော့ပေ။ သမ်း ဝေရင်း သူမသည် တံခါးပင် ပြန်မပိတ်နိုင်တော့ ပဲ ကုတင်ပေါ် လဲလျောင်းလိုက်တော့သည်။ ပြီး နောက် ထိုတိုင်းပင် အိပ်ပျော်သွားတော့သည်။ ချန်အန် တယောက် မှင်သက်သွားရသည်။ မန္တန် က ဒီတိုင်းကြီး အိပ်ပျော်သွားစေတာလား။ ဤ အရာသည် ချီစုဆောင်းခြင်း အဆင့်၈ကိုပင်အ မှန်တကယ် သက်ရောက်နိုင်နေသည်။ ရွှေလက် ချောင်းထက် ပိုစွမ်းသည်ဟု ဆိုနိုင်သည်။

တဖက်တွင် ချီစုဆောင်းခြင်းအဆင့်မြင့်များကို အလွယ်တကူ ရင်ဆိုင်နိုင်တော့မည်ဖြစ်သည်။ ရန်သူကို အိပ်ပျော်စေကာ အလွယ်ပင် သတ်ဖြ တ်၍ ရနိုင်သည်။ ထိုအချိန်တွင် ဝမ်ကျိယန်တ ယောက် အိပ်နေပုံမှာ ချစ်စရာကောင်းနေသည် သူမ၏ ပုံစံကို ကြည့်ရင်း ကြည်နူးသလိုခံစား လိုက်ရသည်။

ညစ်ပတ်တဲ့အဝတ်တွေနဲ့ မအိပ်သင့်ပါဘူး ငါသူ မကို အဝတ်လဲပေးလိုက်သင့်လား

ခနအကြာတွင် အမျိုးသမီးတဦး ခန္ဓာကိုယ်ကို ထိတွေ့ရန် မသင့်ဟု အတွေးဝင်မိကာ ရပ်တန့် လိုက်ပြန်သည်။

ဖိနပ်တော့ ချွတ်ပေးလို့ ရလောက်ပါတယ်လေ။ ထားလိုက်တော့ ဖိနပ်ချွတ်လဲပေးနေချိန် သူမနိုး လာရင် ပြဿနာတတ်နိုင်သည်။ ချန်အန်က အ ခန်းထဲမှ ပြန်ထွက်လာသည်။ ချန်အန်က အမြန် ပြေးထွက်လာခြင်း ဖြစ်သည်။

“ယောက်ျား”

ချန်အန်တယောက် ဝမ်ကျိယန်၏ အခန်းထဲမှ ပြေးထွက်လာတာကို ဂူရှန်းယုက တွေ့လိုက်လေ သည်။ သူမ မှင်သက်သွားသည်။ ထိုနှစ်ယော က်သည် တွေ့တာနဲ့ ရန်ဖြစ်နေကြသည်မဟုတ် လား။ ဒီလိုအခြေနေ၌ ဝမ်ကျိယန်က သူမ၏အ ခန်းထဲ ဝင်ခွင့်ပြုသည်လား။ ချန်အန်က သူ၏ အပြုအမူအတွက် မရှင်းပြခဲ့ပေ။ ထိုအစား သူမ အနားကပ်၍

“ယုအာ အခန်းထဲသွားကြရအောင်”

“ဟုတ်ကဲ့”

ဂူရှန်းယုက နာခံစွာဖြင့် လိုက်ပါလာသည်။ အခ န်းထဲရောက်ချိန်တွင် သူမထင်သလို လိင်ဆက် ဆံခြင်းမလုပ်ပေ။ အကြိမ်များစွာ အိပ်ချင်သ လားဟုသာ မေးနေသည်။

“ယောက်ျား ငါက နည်းနည်းအိပ်ချင်နေပေမယ့် အိပ်ရလောက်တဲ့အထိတော့ မဖြစ်ပါဘူး”

ဂူရှန်းယုက အကြိမ်ကြိမ် ငြင်းဆိုနေခဲ့သည်။သူ မသည် မအိပ်ခင် ချန်အန်နှင့် ဆက်ဆံလိုသော် လည်း ယောက်ျားဖြစ်သူက ထိုမေးခွန်းတခုကို သာ အဆတ်မပြတ်မေးနေ၍ စိတ်ဓာတ်ကျလာ တော့သည်။ ချန်အန်သည်လည်း အံ့သြနေရသ ည်။ ချီစုဆောင်းခြင်း အဆင့်၈ ပေါ်သက်ရော က်သည့် မန္တန်က ချီစုဆောင်းခြင်း ပထမအဆင့် ရှိ ကိုယ်လုပ်တော်ပေါ် မသက်ရောက်ပေ။ ထိုအ ရာက အဓိပ္ပါယ်မရှိဟု ခံစားရသည်။ နေပါဦး သူမက စိတ်စွမ်းအင် အားကောင်းလို့လား ထို အရာလည်း မဟုတ်သေး။

သူမ မည်မျှအားကောင်းနေပါစေ ပထမအဆင့် မှ အလယ်အလတ်အဆင့်တယောက်၏ စွမ်းအ င်မျှသာ ရှိပေမည်။ အဆင့်မြင့်ချီစုဆောင်းခြင်း ၏ စွမ်းရည် မရှိနိုင်ပေ။ ဖြစ်နိုင်ချေက တခုသာ ရှိတော့သည်။ ထိုအရာက ဝမ်ကျိယန်၏ စိတ် စွမ်းအင်မှာ အလွန်အားနည်း၍ ဖြစ်ပေမည်။

ထိုအချက်က အတည်ပြုရန် ရတနာခန်းမမှာ ဝယ်ယူထားသည့် ပုံရိပ်ယောင်အဆောင်အား ထုတ်ယူ၍ အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။ ထိုအဆောင်၏ အဆင့်မှာ မမြင့်ပေ။ ပထမဆင့် ၏ အလယ်အလတ်သာ ရှိသည်။ အများစုမှာ ချီစုဆောင်းခြင်းအလယ်အလတ်ကိုသာ သက် ရောက်နိုင်သည်။ သို့သော်လည်း ထိုအဆောင် က ဝမ်ကျိယန်အပေါ် အမှန်ပင် ထိရောက်ခဲ့သ ည်။

သူမသည် တုန်လှုပ်နေသည့် အမူအရာဖြင့် အ ခန်းထောင့်၌ ဦးခေါင်းကို ဆုပ်ကိုင်ကာ တောင်း ပန်နေသည်။

“အဖေ သမီးတောင်းပန်ပါတယ် သမီးကိုမရိုက် ပါနဲ့ သမီးထပ်မလုပ်တော့ပါဘူး သမီး သမီးတ ကယ် ထပ်မလုပ်တော့ပါဘူး မရိုက်ပါနဲ့ ဟီး..”

ဝမ်ကျိယန်က ပြောနေရင်းပင် ငိုချလိုက်သည်။ ချန်အန်သည် ဝမ်ကျိယန်၏ ငယ်ဘဝကိုသိ သော်လည်း ထိုမျှ ဆိုးမည်ဟု မထင်ချေ။ သူမ ၏ ကလေးဘဝမှာ အမှန်ပင် ဆိုးရွားနေသည်။ ထိုမြင်ကွင်းကို ဆက်မကြည့်နိုင်တော့ပေ။ သိပ် မကြာခင်မှာပဲ ဝမ်ကျိယန်က လှည့်စားခံလိုက်ရ ကြောင်းသိကာ ချန်အန်ကို ဒေါသတကြီးမေး တော့သည်။ ချန်အန်သည် နားမကြားသကဲ့သို့ ပင် သူမ၏မေးခွန်းများကို ပြန်မဖြေခဲ့ပေ။ ချန် အန်က အဆုံးထိ ဝန်ခံရန်ငြင်းဆိုခဲ့ပြီး နောက်၌ သူမက လက်လျော့လိုက်သည်။ သို့သော်လဲ ချန်အန်ကိုတော့ စိတ်ထဲ၌ တေးမှတ်ထားလိုက် သည်။

နောက်ရက်များ၌ ချန်အန်မှာ ပို၍ ကြိုးစားလာ ပြီး ဆေးလုံးများကို ပိုမိုသန့်စင်လာသည်။အဓိ ကအားဖြင့် ဆောင်ဟွာယင်းနှင့် ချန်ယုကျန်း လေးတို့အတွက် ဖြစ်ပြီး ချန်ယုကျန်း၏ အပေါ့ အလေးကအစ ချန်အန်က ကိုယ်တိုင်ဆောင်ရွ က်ပေးသည်။ သူ့သမီးနှင့် ပက်သက်သည့်အရာ တိုင်းကို လုပ်ဆောင်ရန် တကယ်ပင်စိတ်အား ထက်သန်နေခဲ့သည်။ သမီးဖြစ်သူ၏ ကြီးထွား မှုကို သိလိုနေခဲ့သည်။ မျက်စိတမှိတ် အတွင်း မှာပင် ဆယ်ရက်ကျော်သွားခဲ့ကာ ချန်ယုကျန်း ၏ အသားအရေသည်လည်း မွေးကာစနှင့်မတူ တော့ပေ။

အသားရေမှာ စိုပြေလာပြီး လက်ချောင်းများကို ဆုပ်ချည် ဖြန့်ချည်ပြုလုပ်တတ်လာသည်။ ထောင့်စွန်း၌ ငိုနေခဲ့ရသည်ကို နေ့ရက်ကို ဝမ် ကျိယန်က မှတ်မိနေခဲ့သည်။ အိပ်ပျော်နေသည့် ချန်ယုကျန်းကို ကျီစယ်နေသည့် ချန်အန်အား ကြိမ်းမောင်းတော့သည်။

“နင်က ကလေးအိပ်ပျော်နေတာကို ကျီစယ်နေ သေးတယ် ကလေးကိုနိုးအောင်လုပ်နေတာလား သူမကို နိုးလိုက်ရမှ ပျော်မှာလား”

မူလက အိပ်ပျော်နေသည့် ချန်ယုကျန်းသည် သူ မ၏ အသံကြောင့် နိုးသွားလေသည်။ တခဏ အတွင်း ကျယ်လောင်စွာအော်ငိုတော့သည်။

“အူငဲ အူငဲ အူငဲ”

ဝမ်ကျိယန်က သူမအမှားကို သတိပြုမိသော ကြောင့် ကလေးကိုကောက်ယူကာ ချော့သိပ်ရန် ကြိုးစားသော်လည်း အငိုမတိတ်ချေ။ ဆောင် ဟွာယင်းက ပြောလာသည်။

“အစ်မဝမ် ငါချော့သိပ်လိုက်ပါမယ် နင်ကကျင့် ကြံဖို့ အချိန်နီသပြီမဟုတ်လား”

“ရပါတယ် မကြာခင်မှာပဲ သူမကို အိပ်ပျော်သွား အောင် ငါချော့နိုင်မှာပါ”

သူမက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည် ဆောင်ဟွာယင်း၏ မိခင်တယောက်တာဝန်များ ကို သူမသင်ပေးထားခြင်းဖြစ်သည်။ ယခု သူမ အမှားကြောင့် ကလေးငိုခြင်းဖြစ်ရာ သူမသာ ချော့ရပေမည်။ ကံဆိုးစွာဖြင့် ချန်ယုကျန်းက အငိုမတိတ်ပေ။ အချိန်ကြာသည်ထိ ဆက်၍ငို နေသည်။ ဝမ်ကျိယန်က အလွန်ပင်စိုးရိမ်သွားမိ သည်။ တဖက်တွင် ချန်အန်က သည်းမခံနိုင် တော့ပေ။ ကလေးဆီလျှောက်သွားကာ

“လှုပ်နေတာကို ရပ်လို့ရမလား ငါ့သမီးအန်ထွ က်တော့မယ် ငါပဲချော့ပါရစေ”

“ငါသူ့ကို အိပ်ခိုင်းတော့မှာ ငါ့ကိုအခက်တွေ့ အောင်မလုပ်နဲ့”

“ငါ့ကို အခုပေး”

ချန်အန်က ထိုအရာဂရုမစိုက်ချေ။ ကလေးကို တိုက်ရိုက်ပင် ဆွဲယူ၍ အိပ်ပျော်စေသည့် မန္တန် ကို သုံးလိုက်သည်။ နောက်တခဏအကြာတွင် ချန်ယုကျန်းက ပြုံးရွှင်စွာဖြင့် အိပ်ပျော်သွား သည်။ ဆောင်ဟွာယင်းမှာ ထိုအရာကိုကြည့်၍ မှင်သက်နေလေသည်။ ယောက်ျားက ကလေး ချော့သိပ်တတ်သူလား။ အခြားတဖက်တွင် တော့ ဝမ်ကျိယန်က သံသယရှိနေသည်။ သူမ သည် သူမ၏ မိခင်အနားတွင် နေခဲ့ဖူး၍ ကလေ မျိုးစုံ ကြုံဖူးကာ အတွေ့အကြုံများပါသည်။

ဖခင်ဖြစ်ကာစ ယောက်ျားတဦးထက် ညံ့မည်တဲ့ လား။ ချန်အန်က ဝမ်ကျိယန်၏ မျက်နှာသွင်ပြ င်ကို တချက်ကြည့်ကာ စနစ်၏ မျက်နှာပြင်ကို အကြည့်ပြောင်းလိုက်သည်။

စနစ်ရှင်၏ သမီးဖြစ်သူအပေါ် မန္တန်ကိုသုံး၍ အိ ပ်စက်စေသည်။ မန္တန်ကျွမ်းကျင်မှု +1

အိပ်ပျော်စေသည့်မန္တန်…ပထမအဆင့် 6/100

သမီးဖြစ်သူကို အိပ်ပျော်အောင်ပြုလုပ်ပေးခြင် ဖြင့် မန္တန်၏ အရည်ချင်းကို တိုးမြင့်နိုင်ပေသည် တိုးတက်ရန် ခက်ခဲပီး မန္တန်က ကံတရားအပေါ် မူတည်နေသည်။ ထိုသို့တွေးရင်း ချန်အန်ကလှ ည့်ထွက်သွားသည်။ နောက်ရက်များတွင် ယင်း အာနှင့် ချန်ယုကျန်းလေးကိုသာ အာရုံစိုက်မိခဲ့ ပြီး ဂူရှန်းယုကို ပစ်ထားသလို ဖြစ်သွားတော့သ ည်။ သူမကို လျော်ကြေးပေးရန် အချိန်ယူရမည် ထင်သည် မဟုတ်သေး တရက်သာလိုပေမည်။

……………………………………………..

All Chapters