အသက်ချမ်းသာပေးမည်မဟုတ်
Vol. 4 Ch. 35
ဂူရှန်းယုနဲ့ တရက်တာ ဆက်ဆံခဲ့သည်။ စိတ်စွ မ်းအင် +2×45
အမည်…ဂူရှန်းယု
ဂုဏ်သတ္တိ…ရိုးသားပြီး သစ္စာရှိသူ
ဆက်ဆံရေး…ကြယ်နှစ်ပွင့် 132/500
စိတ်စွမ်းအား….388
ရွှေလက်ချောင်းကျွမ်းကျင်မှု… …154
“ယုအာ ငါမင်းအပေါ်မကောင်းခဲ့ဘူး လျစ်လျူ ရှုထားမိခဲ့တယ်”
“ယောက်…ယောက်ကျား ငါကနင့်ကိုအပြစ်မတ င်ပါဘူး”
ဂူရှန်းယုက ကုတင်ပေါ်၌ အားနည်းစွာလဲလျော င်းနေသည်။ သူမက စကားပင်မပြောနိုင်တော့ ချေ။ သို့သော် ထိုခံစားချက်ကို သူမကနှစ်သ က်ပေသည်။ ယောက်ကျားဖြစ်သူ၏ ချစ်မေတ္တ ကိုခံစားရပြီး သူမသည်လည်း ကျေနပ်နေခဲ့မိ သည်။ သူမအား နှစ်သိမ့်ပြီးနောက် ကုတင်ပေါ် မှထကာ ဆေးဖော်စပ်ခန်းထဲသို့ သွားလိုက်သ ည်။ ဆေးဖော်စပ်ရန် အလျင်မလိုချေ။စနစ်၏ မျက်နှာပြင်ကို ကြည့်လိုက်သည်။
အမည်……ချန်အန်
ကျင့်ကြံမှု….ချီစုဆောင်းခြင်း အဆင့်၅
ဆေးပညာ…ပထမအဆင့် အလယ်အလတ် 459/500
စိတ်စွမ်းအား…ပထမအဆင့် အလယ်အလတ် 388/500
ရွှေလက်ချောင်းကျွမ်းကျင်မှု…239/500
လက်တွဲဖော်များ…ဆောင်ဟွာယင်း။ဂူရှန်းယု
မျိုးဆက်….ချန်ယုကျန်း
ဆေးပညာနယ်ကာ်ကို အဆင့်တက်ရန် ၄မှတ် သာလိုတော့သည်။ ချန်အန်က စိတ်လှုပ်ရှားနေ ပြီး ဖော်စပ်ရမည့်ဆေးများကိုပင် ခနရပ်တန့် ထားလိုက်သည်။ သူက ချက်ချင်းပင် ဆေးဖက် ဝင်အပင်ချို့ကို ယူသည်။ ပြီးနောက် အိမ်အ နောက်သို့ ပြေးကာကြက် တကောင်ကိုယူလိုက် ပြီး ဆောင်ဟွာယင်း အားရှိစေရန် စီစဥ်ခဲ့သည် သူမသာ ပြန်လည်ကျန်းမာလာပါက ချန်အန်သ ည် ပထမအဆင့်၏ အဆင့်မြင့်ဆေးပညာရှင် တဦး ဖြစ်လာမည်ဖြစ်သည်။ မျက်စိတမှိတ်အ တွင်းမှာပင် ရက်အနည်းငယ် ကုန်သွားခဲ့သည်။
ထိုနေ့တွင် ချန်အန်က ဖော်စပ်ထားသည့် ဆေး များကို စျေး၌ ရောင်းချရမည် ဖြစ်သည်။ လမ်း တွင် အလယ်ဗဟိုသည် လုံခြုံမှု မရှိတော့ကြော င်း သတိပြုမိလိုက်သည်။ ဝါးရွက်ဂိုဏ်း၏ အစီ အမံများက အပေါ်ယံထက်ပိုရှုပ်ထွေးကာ မှား ယွင်းသတ်ဖြတ်မှုများ ရှိနေသည်။ အထူးသဖြင့် သံနက်ဂိုဏ်း၏ အစပ်၌ နေကြသူများဖြစ်သည် ဂိုဏ်း၂ခုကြား ပဋိပက္ခမှာ ပို၍ ကြီးမားလာပြီး တနေ့ထက် တနေ့ပိုဆိုးလာသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်ကပင် အဆင့်မြင့် ချီစုဆောင်းခြင်းများ နှစ်ဖက်တိုက်ပွဲ ဖြစ်လိုက် သေးသည်။ တိုက်ပွဲနေရာတခုလုံး ပျက်စီးသွား ခဲ့ပြီး နှစ်ဖက်သေကြေမှုများလည်း ရှိနေခဲ့သ ည်။ တိုက်ပွဲကြီးမှာ အမှန်တကယ်မစတင်သေး သော်လည်း ထိစပ်ဒေသများကို လူများအဆက် မပြတ်ပို့လွှတ်နေသည်။ အခြေနေက အချိန်မ ရွေးပေါက်ကွဲထွက်သွား နိုင်သည်။ မူလက ဝါး ရွက်အိမ်ရာကို တာဝန်ယူထားသည့် လုံခြုံရေး များ တိုက်ပွဲကွင်းပြင်ကို ပို့လွှတ်ခံရခြင်းကြော င့် အလယ်ဗဟိုတွင် ဥပဒေမဲ့လာသည်။
သူက စျေးသို့ အလျင်အမြန်ပင် ရောက်သွားခဲ့ သည်။ သူက ဆိုင်ခင်းရန် နေရာလွတ်တခုတွေ့ လိုက်သည်။ သူက စိတ်လှုပ်ရှားမှု ရပ်တန့်စေသ ည့်ဆေးကိုသာ ရောင်းမည်ဖြစ်သည်။ အဆိပ် မှုန့် အသုံးပြုပုံကို သိထား၍ ရောင်းချမည်ဆိုပါ က ရောင်းရနိုင်သော်လည်း မရောင်းရဲပေ။ ထို အရာကို တချိန်ချိန်၌ သူ့ထံ ပြန်သုံးလာနိုင်သ ည်။ အရေးကြီးသည်က တားမြစ်ဆေးများမ ရောင်းချရန် ဖြစ်သည်။
“ကျင့်ကြံသူ မင်းကဒီဆေးကို ဘယ်လောက်နဲ့ ရောင်းတာလဲ”
“ပုလင်းတလုံးအတွက် အဆင့်နိမ့်ဝိဉာဥ်ကျော က်တုံး တဝက်ပါပဲ ပုလင်းအလိုက်ပဲ ရောင်းပါ တယ်”
“ဒီဟာက အဲ့လောက်စျေးကြီးသလား”
ထိုသူက ပြန်၍ လှည့်ထွက်သွားသည်။ ချန်အန် က ဂရုမစိုက်ပေ။ မရောင်းရမှာကို စိတ်ပူစရာမ လိုချေ။ အချိန်တော့ ပိုယူရပေမည်။ စျေးသည် အများစုက ချန်အန်ကို လာရောက်၍ စကား ပြောဆိုကြသည်။ လက်နက်ရောင်းချသူက ချန် အန်အနားသို့ ကပ်လာသည်။
“ကျင့်ကြံသူ မင်းကို မရင်းနီးဘူး အလယ်ဗဟို ကိုရောက်တာ မကြာသေးဘူးမှတ်လား”
“တကယ်တော့ ငါကသုံးလလောက်ရှိပါပြီ အခု ကပထမဆုံး စျေးဆိုင်ဖွင့်တာပါ ဒီနေ့ကနောက် ကျနေလို့ နေရာမရတဲ့အတွက် ဒီနေရာကိုရော က်လာခဲ့တာ”
“ကျင့်ကြံသူ မင်းက အဆင့်မြင့်မဟုတ်ပေမဲ့ အလယ်ဗဟိုမှာ နေနိုင်တယ် နောက်ပြိးဆေးပ ညာကလည်း မြင့်မယ့်ပုံမရှိပါဘူး”
“ဒါတော့ ငါလည်းမတတ်နိုင်ဘူး ရှိတာလေးနဲ့ အသက်မွေးဝမ်းကြောင်းလုပ်နေရတာပါပဲ”
“ပြောရရင် အလယ်ဗဟိုက မတည်ငြိမ်တော့ဘူး မင်းက ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ လက်နက်ဝ ယ်ချင်သလား ငါကစျေးသက်သာစွာနဲ့ ရောင်း ချပေးပါမယ်”
“ကိစ္စမရှိပါဘူး ငါ့မှာလက်နက်တွေ ရှိပါတယ်”
ချန်အန်က တဖက်သူ၏ လက်နက်များကိုတ ချက်ကြည့်၍ ပါးနပ်စွာ ငြင်းဆိုလိုက်သည်။ ထို အချိန်တွင် အဆောင်များရောင်းချသည့် ဆိုင် ရှင်က ပြောလာသည်။
“ကျင့်ကြံသူ ငါ့မှာ အသက်၂၈နှစ်အရွယ်တူမ လေးတဦး ရှိပါတယ် သူမက ချီစုဆောင်းခြင်း ဒုတိယအဆင့်မှာ ရှိတယ် စျေးသက်သာတဲ့ခရိုင် မှာနေနေရပြီး အလယ်ဗဟိုက ကျင့်ကြံသူနဲ့ ပေါင်းစည်း ချင်နေခဲ့တာပါ မင်းကသူမကိုစိတ် ဝင်စားလား”
“မဟုတ်ဘူး ငါ့မှာ ဇနီးနဲ့ကိုယ်လုပ်တော်ရှိတယ် ငါ့ခွန်အားက အကန့်အသတ်ရှိပါတယ်”
ချန်အန်က ပြုံး၍ ငြင်းပယ်လိုက်သည်။အမှန်၌ သူ့တွင် စိတ်အားထက်သန်မှု ရှိသည်။ သူသာ လိုချင်ရင် နောက်ထပ် ထပ်ရှာနိုင်သည်။သို့ပေ မဲ့သူ့လို မိဘမဲ့များကိုသာ လိုချင်သည်။ ထိုအ ရာက ကယ်တင်ခြင်း တမျိုးဖြစ်သည်။ စကား ပြောဆိုရင်းဖြင့် ညနေစောင်းသွားခဲ့သည်။ ချန် အန်၏ ဆေးများလည်း ကုန်သွားခဲ့ပြီ။ နေ့တဝ က်ကျော် ရောင်းချပြီးနောက် အဆင့်နိမ့်ဝိဉာဥ် ကျောက်တုံး ၁၁ တုံးရလိုက်သည်။ အများကြီး မဟုတ်ပေမယ့် မရတာထက်တော့ ကောင်းပါသ ည်။ ခြင်တကောင်ရဲ့ အသားသည် အသားပင် မဟုတ်လော။
ဆေးများရောင်းကုန် သွားချိန်တွင် ချန်အန်က ဆက်မနေရဲပေ။ သူ့ကို မကောင်းသည့်ကျင့်ကြံ သူများ ပစ်မှတ်ထားနေသည်ဟု ခံစားနေရသ ည်။ သူ့ရဲ့ ကျင့်ကြံမှုကြောင့် အခြားသူများ၏ အသားတုံးတခု ဖြစ်သွားနိုင်သည်။ အဆုံး၌ ခွ န်အားသည် အဓိက ဖြစ်သည်။ ဝံပုလွေများ ပြည့်နေသည့် စျေးမှ ထွက်သွားရန်လိုအပ်သည် လမ်းလျှောက်ရင်း အရှိန်ကို မြင့်တင်လိုက်ကာ သူ၏ မျက်ခုံးများလည်း တွန့်ကွေးသွားသည်။
စျေးထဲမှ ကျင့်ကြံသူတစု အမှန်ပင် သူ့နောက် လိုက်ပါလာလေသည်။ စုစုပေါင်း ၅ဦး ရှိပြီး တ ဦးမှာ ချီစုဆောင်းခြင်း အဆင့်၆ ဖြစ်ပြီး ကျန် ၄ဦးမှာ အဆင့်၅ များဖြစ်ကြသည်။ သူများက သူ့ကိုမစော်ကားသရွေ့ ငြိမ်နေမည်ဖြစ်သည်။ စော်ကားလာပါကလည်း အရိုးပင်ပြာချပစ်ရ ပေမည်။ ချန်အန်က ခပ်တည်တည်ပင် ဆက်၍ လျှောက်သွားလိုက်သည်။ တောအုပ်၏ တနေ ရာသို့ ဖြစ်သည်။ ထိုအရာကို မြင်လျင် လိုက်ပါ လာသူများက ဝမ်းသာသွားကြသည်။
သူတို့က ချက်ချင်းပင် လိုက်ပါကြသည်။သို့ သော် တောအုပ်ထဲရောက်ချိန်၌ ချန်အန်ကိုမ တွေ့ရတော့ချေ။
“ဘယ်ရောက်သွားတာလဲဟ”
အဆင့်၆ တွင်ရှိသည့် သူကစိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။ ထိုအချိန်တွင် ချန်အန်က သစ် ပင်အနောက်မှ ပြုံး၍ ထွက်လာသည်။
“ကျင့်ကြံသူတို့ မင်းတိုငါ့ဆီက ဆေးဝယ်ချင် လို့လား”
“ငါတို့မှာ ဆေးဝယ်ဖို့ပိုက်ဆံမရှိဘူး ငါတို့ရဲ့ အရေးပေါ်အခြေနေကို ဖြေရှင်းဖို့ မင်းဆီက ကျောက်တုံးအချို့ ချေးချင်ပါတယ်”
အဆင့်၆ ရှိသူက ပြုံး၍ ပြောလိုက်သည်။ထိုအ ပြုံးမှာ အမဲလိုက်နေသည့် ကျားတကောင်ရဲ့အ ပြုံးမျိုး ဖြစ်သည်။ တချိန်တည်း ဓားတချောင်း ကိုလည်း အကျီလက်ဖြင့် ကွယ်၍ ကိုင်ထားသ ည်။ လုယက်ပြီးနောက် နှုတ်ပိတ်ရန် ဖြစ်သည်။ အလယ်ဗဟို၌ လုယက်ခြင်းအတွက် အပြစ်ဒ ဏ်များ ရှိသည် မဟုတ်လား။
ချန်အန်က ကျောက်တုံး ဆယ့်တစ်တုံးကိုပစ်ချ ကာပြောလိုက်သည်။
“ကျင့်ကြံသူတို့ ကိုယ်တိုင်လာယူပါ ငါ့မှာကျော က်တုံးတွေ အများကြီးပဲ”
“မင်းက တကယ်ရက်ရောတာပဲ”
အဆင့်၆ ရှိသူက ပြုံး၍ ရှေ့တိုးလာသည်။နှစ်ဦ သား အကွာအဝေးမှာ နှစ်မီတာပင် မရှိချေ။
ဟမ်…
အကြောင်းတခုကြောင့် ထိုသူမှာ ထိတ်လန့်သွာ သည်။ ရုတ်တရက် အိပ်ချင်လာသလို ခံစားလို က်ရပြီး မကြာမီ၌
ဖောက် ခနဲအသံတခုကြားလိုက်ရကာ မျက်လုံး များ မှိတ်ကျသွားတော့သည်။ ထိုအရာက အနီး ကပ်ကို သေနတ်နှင့် ပစ်လိုက်သလို ဖြစ်သည်။ သွေးများ မြေပြင်ပေါ် ပြန့်ကျဲသွားသည်။
“ချီစုဆောင်းခြင်း အဆင့်၆က ဒီလောက်ပဲလား”
ချန်အန်က ထိုသူကိုနင်း၍ ကျန်သူများထံကြည့် လိုက်သည်။ လေးယောက်သား ကြောက်ရွံစွာ ဖြင့် တုန်ယင်သွားကြပြီး ဒူးများထောက်၍ စတ င်တောင်းပန်တော့သည်။
“ကျင့် ကျင့်ကြံသူ အား အားလုံးက နားလည်မှု လွဲနေတာပါ”
“ဟုတ်ပါတယ် ငါတို့က တကယ်ပိုက်ဆံချေးချင် နေတာဖြစ်ပြီး နှစ်ရက်အတွင်း ပြန်ဆပ်မှာပါ”
“ကျင့်ကြံသူ ငါကအမျိုးသမီူကျင့်ကြံသူ အပျို စင်ပါ ငါ့ကိုအိမ်မှာ ထမင်းဟင်း ချက်ခိုင်းလို့ရ ပါတယ်”
“ဖောက်”
ချန်အန်က ဆယ်မီတာအကွာမှ အမျိုးသမီး၏ ဦးခေါင်းကို ရွှေလက်ချောင်းဖြင့် ပစ်ဖောက်လို က်သည်။
“ကျင့်ကြံသူ ငါ့ကိုမသတ်ပါနဲ့ ငါကရတနာမြေပုံ တခု သိထားပါတယ်”
“ဖောက်”
ချန်အန်က မည်သည့်စကားကိုမှ နားမထောင်ခဲ့ ပေ။ ကျန်၂ဦးမှာ စိတ်ဓာတ်ကျသွားတော့သည် ထိုအချိန် ၎င်းတို့မှာ အဆိပ်မိနေပြီး မတ်တပ်ရ ပ်ရန်ပင် ခက်ခဲနေသည်။ သေခြင်းတရာကို စော င့်နေရသလို ဖြစ်သည်။
“ကျင့်ကြံသူ ငါ့ကိုမသတ်ပါနဲ့ ငါကအသက်၂၀ ကျော်နေပေမယ့် မိန်းမကိုတောင်မထိတွေ့ဖူးပါ ဘူး ငါဒီလိုမသေပါရစေနဲ့”
တယောက်မှ ကြောက်လွန်း၍ ဘောင်းဘီထဲ သေးပေါက်ချကာ ငိုလေသည်။ ချန်အန်ကထို သူနှစ်ဦးကိုလည်း သတ်ပစ်လိုက်သည်။ ရန်စ သည် ထား၍ မကောင်းပေ။ ထိုအရာက သူ့ရဲ့ စည်းမျဥ်းဖြစ်ပြီး အလောင်းများကို ရှာဖွေလေ သည်။ ရိတ်သိမ်းမှုက မဆိုးချေ။ အဆင့်နိမ့်ဝိ ဉာဥ်ကျောက်တုံး ၃၄ တုံးရလိုက်သည်။ ကျော က်တုံးများကို သိမ်းဆည်းပြီးနောက် အလောင်း များကို ကျင်းတူးကာ မြုပ်နှံလိုက်သည်။
သစ်တပင်ကိုယူ၍ စိုက်လိုက်သည်။ ပြည့်စုံစွာ ပြုလုပ်ပြီးနောက် တောထဲမှ ထွက်ကာအိမ်သို့ ပြန်လာလိုက်သည်။ အလယ်ဗဟိုက ပို၍ဖရိုဖရဲ ဖြစ်လာသည်။ ညမမှောင်ခင် အိမ်ပြန်ရောက်ရ န်လိုပေသည်။ အနာဂတ်၌ အရေးကြီးကိစ္စမရှိ ပါက အပြင်မထွက်သင့်ပေ။ တဖက်တွင်သူက သန်မာလာသည်။ အိပ်ပျော်စေတဲ့မန္တန်။ရွှေလ က်ချောင်း။ အဆိပ်မှုန့် စသည်တို့၏ အကူအညီ ဖြင့် အဆင့်၆ ရှိကျွမ်းကျင်သူကို အလွယ်ပင် သတ်ဖြတ်နိုင်ခဲ့သည်။ အနာဂတ်က ပို၍ကောင်း မွန်လာပေတော့မည်။ ထိုသို့ စဥ်းစားမိသည်နှင့် ချန်အန်က စိတ်လှုပ်ရှားလာရသည်။
……………………………………………..