← Chapters

အလွယ်တကူ

Vol. 4 Ch. 36

အလွယ်တကူ

Vol. 4 Ch. 36

အိမ်ပြန်ရောက်လျင် သမီးဖြစ်သူကိုပွေ့ချီလိုက် သည်။ ဆောင်ဟွာယင်းနှင့် ဂူရှန်းယုက အတူရှိ နေကြပြီး ဝမ်ကျိယန်ကိုမူ မတွေ့ရချေ။ သူမက ကျင့်ကြံနေခြင်း ဖြစ်နိုင်သည်။

“ယောက်ကျား”

ယောက်ကျားဖြစ်သူ ပြန်လာတာကိုတွေ့တော့ ဆောင်ဟွာယင်းက ဝမ်းမြောက်စွာဖြင့် ကြိုဆို သည်။ ဂူရှန်းယုကတော့ သူမ၏ပုံစံတိုင်းအေးစ က်စွာရှိနေသေးသည်။

“ယောက်ျား သမီးလေးက နင့်ကိုလွမ်းနေတာ မြ န်မြန် ပွေ့ချီလိုက်ပါဦး”

ဆောင်ဟွာယင်းက သမီးဖြစ်သူကိုပွေ့ချီရန် ပေ လိုက်သည်။ ချန်အန်က သူ့သမီးရဲ့မျက်နှာလေး ကို လက်ညှိုးဖြင့် တို့ထိနေလေသည်။ ကံဆိုးစွာ ဖြင့် သူ့သမီးက ငယ်လွန်းနေသောကြောင့် မည် သို့ပြုံးရယ်ရမည်ကို မသိသေးချေ။ ဇနီးဖြစ်သူ နဲ့ ခြံဝန်းထဲ လမ်းအနည်းငယ် လျှောက်လိုက်သ ည်။ ပြီးနောက် ဝမ်ကျိယန်၏ တံခါးရှေ့သို့ သွား လိုက်သည်။

ဒေါက်…ဒေါက်…ဒေါက်

“ကျင့်ကြံသူဝမ် အပြင်ဘက်ခြေနေက ပိုပြီးဆိုး လာနေတယ် ငါက အပြင်ထွက်ပြီး လိုအပ်တာ အချို့ဝယ်ချင်လို့ မင်းငါနဲ့ လိုက်ခဲ့ပေးနိုင်လို့ရမ လား”

“.......”

အခန်းထဲတွင် တိတ်ဆိတ်နေသည်။ ခနအကြာ၌ ဝမ်ကျိယန်၏ အသံထွက်ပေါ်လာသည်။

“ဆယ့်ငါးမိနစ်လောက် စောင့်ပေး ကျင့်ကြံပြီးရ င် ငါနင်နဲ့လိုက်ခဲ့မယ်”

“ကောင်းပြီ ငါစောင့်နေမယ်”

ချန်အန်က ပြန်ပြောလိုက်သော်လည်း အံ့သြနေ ရသေးသည်။ ဒီမိန်းမက အလွယ်တကူသဘော တူသည်တဲ့လား။ ကြိမ်းမောင်းပြောဆိုမည်ဟု သူထင်ထားခြင်းဖြစ်သည်။ အမှန်တကယ်၌ ဝမ် ကျိယန်က အရေးကြီးတာကို သိနားလည်သူဖြ စ်သည်။ ပုံမှန်အခြေနေတွင် နှစ်ဦးသား ရွဲ့စောင် နေသော်လည်း အရေးကြီးကိစ္စများဆိုရင်တော့ စိတ်တူကိုယ်တူ ရှိကြသည်။

ချီစုဆောင်းခြင်း အဆင့်၅ သာရှိသည့် ချန်အန် အတွက် အလွန်အန္တရာယ်များသည်။ ပစ်မှတ် ထားခံရရန် လွယ်ကူသည်။ ချန်အန်သာ အပြင် ထွက်လိုပါက သူမကို ခေါ်ဆောင်ရန် လိုအပ်မ ည်မှာ သေချာသည်။ မကြာမီ ဆယ့်ငါးမိနစ်ခန့် ကြာသွားသည်။ ဝမ်ကျိယန်က အနည်းငယ်နွမ်း ပါးသည့် တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး သူမ ၏ လုံးကြီးပေါက်လှ ကိုယ်ထည်ကို ဖုံးကွယ်ခဲ့ သည်။

သူမက စွဲဆောင်မှုရှိလွန်းသည် မဟုတ်လား။ထို သို့မလုပ်ပါက ဖြတ်သွားဖြတ်လာများ၏ ညစ် ညမ်းသည့် အကြည့်များကို ခံရနိုင်သည်။ ထိုအ ရာက သူမကို ရွံရှာစေသည်။

“သွားကြရအောင်”

“ကောင်းပြီ”

နှစ်ဦးသား စကားအနည်းငယ်ပြောပြီး စျေးသို့ ထွက်ခွာသွားလိုက်သည်။ ဆောင်ဟွာယင်းက လိုက်ပါလိုသော်လည်း ချန်အန်က ငြင်းပယ်လို က်သည်။ မီးဖွားပြီးသည်မှာ တလပင်မပြည့် သေးသောကြောင့် အပြင်ထွက်ရန် မသင့်သေး ချေ။ ကူကယ်ရာမဲ့စွာဖြင့် ဆောင်ဟွာယင်းတို့ မှာ အိမ်၌ ကျန်နေခဲ့ရသည်။ စျေးသိို့ရောက်ပြီး နောက် ချန်အန်တို့က လျှောက်မသွားခဲ့ပေ။ လို အပ်သည်များကို ဝယ်ယူရန် တိုက်ရိုက်သွားခဲ့ ကြသည်။ ရိက္ခာအတွက် ဆန်နဲ့ ကြက်အချို့ဝ ယ်ယူလိုက်သည်။ မျိုးစေ့အချို့နဲ့ ကာကွယ်ရေး အဆောင်အချို့လည်း ထပ်မံဝယ်ယူသည်။

အရံအဖြစ် ဆေးကုန်ကြမ်းများနဲ့ နေ့စဥ်သုံးပစ္စ ည်းအချို့ပါ ထပ်ဆောင်းဝယ်ယူလိုက်သေးသ ည်။ အကြီးစားဝယ်ယူမှုက ချန်အန်၏ ကျောက် တုံးများစွာ ကုန်ကျစေခဲ့ပြီး စုစုပေါင်း ၃၀၀ နီး ပါးဖြစ်သည်။ ဝမ်ကျိယန်ကတော့ အစမှအဆုံး ထိ ဆယ်တုံးသာ သုံးစွဲခန့်သည်။ သူမက ဆန် အချို့ကိုသာဝယ်ယူပြီး သူမရဲ့တာဝန်က ချန်အ န်ကို ကာကွယ်ရန်သာ ဖြစ်သည်။ အဆုံးတွင် ချ န်အန်က ချီစုဆောင်းခြင်း အဆင့်၅သာ ရှိသည့် ကျင့်ကြံသူ ဖြစ်ပြီး ငွေအမြောက်အများသုံးစွဲ လိုက်ခြင်းက အိမ်အပြန်တွင် လုယက်ခံရနိုင်သ ည်။ ယခုအခါ သူမ ရှိသဖြင့် လွယ်ကူသွားရသ ည်။

နှစ်ဦးသား ဝယ်ယူပြီးနောက် ချက်ချင်းပင်ထွ က်ခွာလိုက်သည်။ ကုန်စုံဆိုင်တခုကိုရောက်လျ င် ချန်အန်က ရပ်တန့်လိုက်သည်။

“ကျင့်ကြံသူဝမ် ငါ့ကိုခဏစောင့်ပေးပါဦး ယု အာနဲ့ယင်းအာ တို့အတွက် လက်ဆောင်ဝယ်လို က်ဦးမယ်”

“ဒီကောင်….အရေးမပါတာတွေ အတွက်ငွေသုံး ချင်နေတာပဲ”

သူမက အကွက်တွေ့သည့်နှယ် ချန်အန်ကိုစတင် ပြောဆိုတော့သည်။ ချန်အန်က ထိုစကားကိုလျ စ်လျူရှုလိုက်ပြီး ဆိုင်အတွင်းသို့ ဝင်လိုက်သည် ဆိုင်ရှင်၏ မိတ်ဆက်ပြောဆိုမှုဖြင့် ကျောက်စိမ် လက်ကောက်တစုံ ဝယ်ယူလိုက်သည်။ စျေးက လည်း မများပေ။ ကျောက်တုံးတဝက်သာ ပေး ချေရသည်။ ဆိုင်ရှင်က သေချာထုပ်ပိုး၍ ပေး လေသည်။ ထွက်ခွါခါနီး၌ ကောင်တာတခုရှိ ပု လဲကို ဝမ်ကျိယန်တယောက် စိုက်ကြည့်နေသ ည်ကို တွေ့လိုက်ရသည်။ စျေးနှုန်းမှာ မကြီးရင့် ပေ။ ချီစုဆောင်းခြင်း အဆင့်၈ ရှိသူမအတွက် ထိုအရာလောက်က ဝယ်ယူနိုင်ပါသည်။ သို့ပေ မဲ့ အချိန်တော်ကြာသည်ထိ မဝယ်ယူခဲ့ပေ။

ဒီအမျိုးသမီးက အပြောနဲ့အလုပ် မညီတာများ လားဟု တွေးနေမိသည်။ မူလက သူမကပင်စ တင်၍ အပြစ်တင်ခဲ့သေးသည် မဟုတ်လား။ယ ခုတော့ သူမကိုယ်တိုင် ဝယ်ချင်နေသည်။ ဝမ် ကျိယန်က အရှက်ရစရာဟု ခံစားနေရသည်။

“ဆိုင်ရှင် ပုလဲ လက်ကောက်ကို ထုပ်ပေးပါ”

ချန်အန်က ပြောလိုက်သည်။ ဆိုင်ရှင်၏ မျက် လုံးများ အရောင်တောက်သွားခဲ့သည်။ ပုလဲကို လျင်မြန်စွာ ထုပ်ပိုးပေးပြီးနောက် ချန်အန်ကိုလဲ နွေးထွေးစွာ ပြောလာသည်။

“သူဌေး မင်းက ရက်ရောတာပဲ နောက်လည်း လာရောက်အားပေးပါဦး”

“နောက်အခါတွေမှပေါ့”

ချန်အန်က ပြုံး၍ ပြောလိုက်သည်။ တဖက်၌ ဝမ်ကျိယန်က ပုလဲလက်ကောက်အား သူမကို ပေးမည်ဟု ထင်သွားခဲ့သည်။ သူမက အနည်း ငယ် စိတ်ရှုပ်ထွေးနေခဲ့သည်။ သို့သော်ချန်အန် က လက်ကောက်ကို သိမ်းပြီးနောက် ဒီတိုင်းထွ က်ခွာသွားတော့သည်။ ဟမ်…သူငါ့ကို ပေးဖို့အ တွက် မဟုတ်ဘူးလား။ ဒါဆို သူဘာလုပ်ဖို့လဲ။ ဝမ်ကျိယန်က ဒေါသထွက်နေသော်လည်း ထိန်း ချုပ်လိုက်ကာ ချန်အန်နောက်သို့ အမြန်လိုက်ပါ သွားခဲ့သည်။

“ဟေ့ နင့်မိန်းမတွေအတွက် လက်ကောက်နှစ်စုံ ဝယ်ပြီးပြီမဟုတ်လား ဒါတောင် နောက်တခုထ ပ်ဝယ်လိုက်သေးတယ် နင်က ဘယ်သူ့ကိုပေးဖို့ လဲ နင်က တနေကုန်ရိုးသားယောင်ဆောင်ပြီး နောက်ကွယ်မှာ ဖောက်ပြန်နေတာပဲ”

သူမက ဆောင်ဟွာယင်းနဲ့ ဂူရှန်းယုတို့ထက် ပို ချစ်ရသူကို ပေးမည်ဟု မှတ်ယူသွားသည်။

“မင်းထင်သလိုပဲ”

သို့သော် သူမထပ်မပြောခင်မှာပင် ချန်အန်က ပုလဲ လက်ကောက်ကိုထုတ်၍ ပေးလိုက်သည်။

“နှုတ်သီးကောင်း လျှာပါးနဲ့မိန်းမ ရော့ဒီမှာမင်း အတွက်ပဲ”

“........”

ချန်အန်ပေးသည့် ပုလဲလက်ကောက်ကိုကြည့်၍ ဝမ်ကျိယန်တယောက် ဆွံ့အနေသည်။ သူမက လျင်မြန်စွာဖြင့် တုန့်ပြန်လာသည်။

“နင်ငါ့ကို ဘာရည်ရွယ်ချက်နဲ့ ပေးတာလဲ ဘာ သဘောနဲ့ ပေးတာလဲ”

ချန်အန်က သူမနဲ့ ငြင်းခုံရန် စိတ်မပါပေ။ ပုလဲ လက်ကောက်ကိုသာ ထည့်ပေးလိုက်သည်။

“ယူပါ သားဖွားဆရာမရေ ဒါက ကလေးမီးဖွား ခနဲ့ ဒီနေ့စောင့်ရှောက်မှု အတွက်လို့သဘောထား လိုက်ပေါ့”

“ဟဲ့ နင်က ရွှေဆယ်ချောင်းပဲ တန်တဲ့လက်ကော က်နဲ့ ငါ့ကို လာဘ်ထိုးနေတာလား နင့်လုပ်ရက် က ကြည့်ကောင်းတယ်ပေါ့”

ဝမ်ကျိယန်က နှုတ်လှံထိုးနေသော်လည်း ပုလဲ လက်ကောက်ကိုမူ တင်းကြပ်စွာဆုပ်ကိုင်ထား သည်။ သူမ၏ အမူအရာကို ကြည့်၍ ချန်အန် က ပြုံးလိုက်သည်။ သူမက မာနကြီးလွန်းနေသ ည်။ သို့သော် စိတ်ထဲမှာတော့ ကျိတ်၍ ရယ်နေ မိသည်။ အပျိုကြီးများက ချော့ရ လွယ်ကူသ ည်။ လက်ဆောင်သေးသေးလေးသာ လိုအပ်ပါ သည်။

……………………………………………..

All Chapters