ကူညီခြင်း
Vol. 4 Ch. 37
ချန်အန်တို့ အိမ်ရောက်ချိန်၌ ကောင်းကင်က မှောင်စပြုနေခဲ့ပြီ။ ဂူရှန်းယုက မီးဖိုချောင်ထဲ၌ ချက်ပြုတ်နေလေသည်။ သူမ၏ လုပ်ဆောင်မှု များက ရှုပ်ထွေးနေသော်လည်း ပထမဆုံးအကြိ မ်ကထက်စာရင်တော့ အဆင်ပြေပြေရှိနေသေး သည်။ အရသာ မကောင်းသည်မှလွဲ၍ အများစု ကိုချက်ပြုတ်လာနိုင် ချေပြီ။ သူမ ကောင်းမွန် စွာ ချက်နိုင်သည့် တခုတည်းသောဟင်းက သ ခွားသီးသုပ်သာ ဖြစ်သည်။ ချန်အန်၏ လမ်းပြ မှုကြောင့် ဂူရှန်းယု၏ သခွားသီးသုပ်သည် နတ် ဘုရားအဆင့် လက်ရာဖြစ်သွားရပြီး မစားရမ နေနိုင်အောင် ဖြစ်စေသည်။
ချန်အန်က အစားအစာများကို မြည်းစမ်းရင်း ပြောလိုက်သည်။
“ယုအာရဲ့ စွမ်းရည်တွေ တိုးတက်လာတာပဲ”
ဂူရှန်းယုက ချန်အန်ရဲ့ စကားကိုကြားလျင် ပြုံး ရွှင်သွားပြီး အေးစက်စက်မျက်နှာလေးပေါ်၌ ချိုမြသည့် အပြုံးတခု ပေါ်လာသည်။
“ချီးကျူးမှုကို ကျေးဇူးတင်ပါတယ် ဒါကတိုးတ က်တယ်လို့ မဆိုနိုင်သေးပါဘူး ကြိုးစားရဦးမှာ ပါ”
ဂူရှန်းယု၏ စွမ်းရည်အပေါ် ချီးကျူးခဲ့သည်။ သူမက ပျော်ရွှင်ကျေနပ်သွားခဲ့ပြီး ဆက်ဆံရေး +2 ထပ်တိုးပါသည်။
“ဒါနဲ့ ယင်းအာ ဘယ်မှာလဲ”
ဆောင်ဟွာယင်းကို မတွေ့လျင် ချန်အန်က မေး လိုက်သည်။
“ညီမယင်းအာက အခန်းထဲမှာ ယုကျန်းလေးကို ပြုစုနေပါတယ်”
“ဒါဆို ခနသွားကြည့်လိုက်ဦးမယ်”
ပြောဆိုပြီးနောက် ဂူရှန်းယုကို အသာနမ်းလိုက် ပြီးနောက် အိပ်ခန်းဆီသို့ သွားလိုက်သည်။
ဂူရှန်းယုကို နမ်းခဲ့သည်။ ဆက်ဆံရေး +2
သူက အခန်းတံခါးရှေ့၌ ရပ်တန့်လိုက်ပြီး တံခါ ခေါက်လိုက်သည်။
“ယင်းအာ အိပ်ပျော်နေပြီလား”
“မအိပ်သေးဘူးယောက်ကျား နို့တိုက်နေတာပါ”
ချန်အန်က အခန်းတံခါးကို ဖွင့်၍ ဝင်သွားလိုက် သည်။ ဇနီးဖြစ်သူက ကလေးကိုနို့တိုက်နေသ ည်ကို ကြည့်၍ ထိုမြင်ကွင်းမှာ ကြည်နူးစရာ ကောင်းသည်ဟု ခံစားလိုက်ရသည်။
“ယောက်ျား နင့်အတွက် ခက်ခဲစေပြီ”
ဆောင်ဟွာယင်းက ညိုမွဲနေသည့်မျက်နှာလေး ဖြင့် ပြုံးရင်း ပြောလိုက်သည်။ မိခင်များသည် ထိုသို့ပင် ဖြစ်သည်။ ချန်အန်က ထိုအရာကိုမြင် တော့ နာကျင်သွားရသည်။ သူမသည် ကလေး အတွက် အလွန်ပင်ပန်းနေပြီ မဟုတ်လား။သူမ ဘေးသို့သွားကာ ရင်ခွင်ထဲ ထည့်လိုက်သည်။
“ငါ့အတွက် မခက်ပါဘူး သမီးလေးကို ပြုစုရ တာက ပိုခက်ခဲပါတယ် ယင်းအာ ငါကမင်းကို ခက်ခဲစေတာပါ”
ဆောင်ဟွာယင်းက ချန်အန်၏ ရင်ခွင်ထဲ၌ အ သာအယာ လဲလျောင်းရင်း ကလေးအားနို့တိုက် နေလေသည်။ သူမစိတ်ထဲမှာတော့ ကြည်နူးချို မြနေသည်။ သူမသည် သာမန်လူတဦးသာ ဖြစ် သည်။ ကျင့်ကြံသူတဦးရဲ့ ကလေးကိုမွေးနိုင်ခြ င်းကပင် သူမအတွက် ကောင်းချီးတခု ဖြစ်နေ ချေပြီ။ သူမရဲ့ အားထုတ်မှုအားလုံးက ထိုက်တ န်ပါသည်။
ဆောင်ဟွာယင်း၏ ပင်ပန်းမှုများကို နှစ်သိမ့် ပေး၍ နွေးထွေးစေခဲ့သည်။ လင်မယားကြား ဆက်ဆံရေး +6
မကြာခင်မှာပဲ ချန်ယုကျန်းလေးက ဗိုက်ပြည့် သွားပုံရသည်။ ချန်အန်က ကလေးကို ညင်သာ စွာပွေ့ချီကာ ကုတင်ပေါ်ချပေးလိုက်သည်။
“ယင်းအာ မင်းအခုအနားယူလိုက်ပါ ငါက က လေးကိုခေါ်ပြီး ခြံဝန်းထဲ လမ်းလျှောက်ဦးမယ် ထမင်းစားချိန်ကျ ခေါ်လိုက်မယ်”
“ ကျေးဇူးတင်ပါတယ် ယောက်ျား”
“ဒါက မလိုအပ်ပါဘူး”
ချန်အန်က သူ့ဇနီးလေး အိပ်ပျော်စေရန် မန္တန် အား အသုံးပြုလိုက်သည်။ ဆောင်ဟွာယင်းမှာ နှစ်ခြိုက်စွာပင် အိပ်ပျော်သွားခဲ့သည်။ ချန်အန် ကသမီးဖြစ်သူကို အသာပွေ့ချီရင်း ခြံဝန်းထဲ လမ်းလျှောက်နေခဲ့သည်။ တခါတရံ အမှတ်မ ထင် နမ်းမိလေသည်။ တဖြေးဖြေး မီးဖိုချောင် ထဲသို့ ရောက်သွားခဲ့သည်။ ဂူရှန်းယုက ထိုအချိ န်တွင် စားစရာများ ယူဆောင်၍ ထွက်လာသ ည်။ ချန်အန်ကို ကလေးတဖက်နှင့် တွေ့လျင် စားစရာ အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း အသိ ပေးလိုက်သည်။
ချန်ယုကျန်းလေးကို အခန်းထဲ ပြန်ခေါ်သွားပြီး မိနစ်အနည်းငယ် အိပ်ပျော်နေသည့် ဆောင်ဟွာ ယင်းကို နိုးလိုက်သည်။ ချန်ယုကျန်းလေးကို အိပ်စေပြီး ထမင်းအတူစားရင် ဆောင်စွာယင်း ကို ပြောသည်။ သို့သော် သူမက ထမင်းစားရန် အလျင်မလိုခဲ့ချေ။ သူမက ယောက်ကျားဖြစ်သူ နဲ့ အချိန်အတော်ကြာ မဆက်ဆံရပဲ ကျင့်ကြံသူ ဖြစ်လာနိုင်သည့် အကြောင်းများအား မေးမြန်း ချင်နေခဲ့သည်။ ချန်အန်က ချက်ချင်းပဲ ငြင်းပ ယ်လိုက်သည်။
သူမသည် ကလေးမွေးပြီးကာစ ဖြစ်ပြီး ခန္ဓာကို ယ်မှာ ကျန်းမာလာရုံ ရှိသေးသည်။ ကျင့်ကြံသူ လမ်းကြောင်းအတွက် အလျင်လိုစရာ မရှိချေ။ သူမက ဇွဲမလျှော့ပေ။ ကျင့်ကြံသူဖြစ်လိုသည် ဟု ပြောနေသည်။ အမှန်က ချန်အန်နှင့် ဆက် ဆံချင်နေခြင်း ဖြစ်သည်။ ချန်အန်တွင် ရွေးချ ယ်စရာ မရှိတော့ပေ။
ဆေးပညာအတွေ့အကြုံ +3
အချိန်တခုကြာလျင် အခန်းထဲမှ ထွက်လာခဲ့သ ည်။ ချန်အန်က ထမင်းစားဝိုင်းတွင် စျေးမှဝယ် ယူလာသည့် လက်ကောက်နှစ်ကွင်းအား ထုတ် ယူ၍ ပေးလိုက်သည်။
“ယင်းအာ ယုအာဒါက မင်းတို့အတွက် လက် ဆောင်”
“ ကျေးဇူးတင်ပါတယ် ယောက်ကျား”
သူမတို့က ဝမ်းသာကြည်နူးစွာဖြင့် လက်ခံလိုက် ကြသည်။ ဆောင်ဟွာယင်းက ချန်အန်ကို ရုတိ တရက်နမ်းလိုက်သည်။ ဂူရှန်းယုမှာလည်း ထို သို့ပြုလုပ်ချင်ပေမယ့် ရှက်ရွံ နေခဲ့ပြီး ညရော က်လျင်တော့ ကောင်းမွန်စွာ ဆက်ဆံရမည်ဟု ဆုံးဖြတ်လိုက်သည်။ တဖက်တွင် ထိုမြင်ကွင်း ကိုကြည့်၍ ဝမ်ကျိယန်တယောက် မနာလိုဖြစ် နေလေသည်။ ချန်အန်က လက်ဆောင်တခုပေး ခဲ့သော်လည်း ထိုအရာ ကျေးဇူးတင်လက်ဆော င်ဖြစ်ကာ ကွာခြားသည်။
“အိုး အစ်မဝမ်ရဲ့လက်ကောက် လေးက အရမ်း လှတာပဲ စျေးသွားတုန်းက ဝယ်ခဲ့တာလား”
ဆောင်ဟွာယင်းက ဝမ်ကျိယန်၏ လက်ကော က်ကို သတိထားမိလျင် စပ်စုတော့သည်။ ဝမ် ကျိယန်သည် လက်ကောက်ကို စားပွဲအောက်၌ အမြန်ဖုံးကွယ် လိုက်ပြီး အပြစ်ရှိသလို ပြုံးပြ လိုက်သည်။
“ဟုတ်တယ် စျေးမှာဝယ်ခဲ့တာ”
“အစ်မဝယ် ယောက်ျားက ဒီလက်ကောက်လေး ပေးခဲ့တာ မဟုတ်လား”
ဆောင်ဟွာယင်းက ရုတ်တရက် စနောက်လိုက် သည်။ ဝမ်ကျိယန်က ထိုမေးခွန်းကို မည်သို့ပြန် ဖြေရမှန်း မသိတော့ချေ။ ဘေး၌ ရှိနေသည့် ချန် အန်က အခြေနေကို ဝင်ရောက် ထိန်းကြောင်း လိုက်ရသည်။
“ကျင့်ကြံသူဝမ်က သမီးလေးကို ပြုစုဖို့ အကူ ညီပေးခဲ့တယ်လေ သူမရဲ့အကူညီကို ကျေးဇူး တင်တဲ့အနေနဲ့ လက်ဆောင်ပေးလိုက်တာပါ”
ထိုစကားကို ကြားလျှင် ဆောင်ဟွာယင်းက မျက်ခုံးများ တွန့်ကွေးကာ ပြောလာသည်။
“ယောက်ျားက လိမ်နေတာပဲ အစ်မဝမ်ကျေနပ် အောင် ပေးခဲ့တာမဟုတ်လား”
သူရဲ့ ဇနီးဖြစ်သူက ကူညီနေခြင်းဖြစ်သည်။ သူတို့၄ဦးသည် တကယ့်မိသားစုတခုနဲ့ပင် တူ ညီလာသည်။
“အမ်… ငါဗိုက်ပြည့်သွားပြီ အခန်းထဲပြန်ပြီး အ နားယူတော့မယ်”
ဝမ်ကျိယန်က ရှက်ရွံစွာ ထပြေးသွားသည်။ သူ မ၏ အမူအရာကို တွေ့လျင် ဆောင်ဟွာယင်းက ပြောသည်။
“ယောက်ျား အစ်မဝမ် ဘယ်လောက်ရှက်သွား လဲ ကြ့ည်ပါဦး သူမက အပျိုစင်ပဲ ဖြစ်ရမယ် ယောက်ျားက သူမကို သေချာဖမ်းဆုပ်နိုင်မှရ မယ်နော်”
ချန်အန်ကပြုံး၍ ဆောင်ဟွာယင်းကို တိတ်တိ တ်ကလေး လက်မထောင်ပြလိုက်သည်။ ညစာ စားပြီးချိန်တွင် ချန်အန်က ဝမ်ကျိယန်၏တံခါး ကို ခေါက်ချင်သော်လည်း ထိန်းချုပ်လိုက်သည် ယခုစတင်လိုက်လျင် သူမက နောက်ပြန်ဆုတ် သွားနိုင်သည်။ သူမနှလုံးသားကို ဖြေးညင်းစွာ လှုပ်ခတ်ခြင်းက ပိုကောင်းသည်။ အခန်းထဲသို့ အတင်းဝင်ပါက မောင်းထုတ်ခံရနိုင်သည်။
ခြံနောက်သို့ သွား၍ ကြက်စားကျွေးသည်။ ချ န်အန်က ကြက်စာအတွက် ဘယ်ရီသီးများကို အသုံးပြုသည်။ ကြက်များကို အစာကျွေးပြီး နောက် ဟင်းသီးဟင်းရွက် စိုက်ခင်းဆီသွားပြန် သည်။ စျေးမှ ဝယ်လာသည့် မျိုးစေ့များကို စို က်လိုက်သည်။ ထို့နောက် သဘာဝမြေသြဇာပါ ဝင်သည့် ရေကို လောင်းပေးသည်။ ထိုအရာမျာ ပြီးဆုံးပြီးနောက် သူ့ရဲ့စိတ်စွမ်းအင် တိုးတက် စေရန် ဂူရှန်းယု၏ အခန်းသို့ သွားတော့သည်။
………………………………………………