ရန်သူမှတိုက်ခိုက်လာခြင်း
Vol. 4 Ch. 38
ဂူရှန်းယုနဲ့ တညလုံးအတူဆက်ဆံခဲ့သည်။ ဆ က်ဆံရေး +2×18
ရွှေလက်ချောင်းကို သုံး၍ ပျော်ရွှင်စေခဲ့သည် ရွှေလက်ချောင်း ကျွမ်းကျင်မှု +2×25
နောက်တနေ့မနက်ရောက်မှ ချန်အန်တယောက် နိုးထလာသည်။ စနစ်ရဲ့ မျက်နှာပြင်ရှိ အချက် အလက်များကို စစ်ဆေးလိုက်သည်။
အမည်…….ချန်အန်
ကျင့်ကြံမှု……ချီစုဆောင်းခြင်း အဆင့်၅
ဆေးပညာ…ပထမအဆင့် အလယ်အလတ် 463/500
စိတ်စွမ်းအား…ပထမအဆင့် အလယ်အလတ် 424/500
ရွှေလက်ချောင်း ကျွမ်းကျင်မှု….ပထမအဆင့် 22/100
လက်တွဲဖော်များ….ဆောင်ဟွာယင်း။ဂူရှန်းယု
မျိုးဆက်….ချန်ယုကျန်း
မကြာမီ၌ ဆေးပညာနဲ့စိတ်စွမ်းအင်တို့မှာ ပထမ အဆင့်ရဲ့ အဆင့်မြင့်သို့ ရောက်ရှိနိုင်တော့မည် ဖြစ်သည်။ ချန်အန်၏ မျက်နှာက ကျေနပ်စွာ ပြုံးနေလေသည်။ အမြန်ဆုံး ကျော်ဖြတ်ရန် အ စွမ်းကုန် ကြိုးစားနေလိုက်သည်။ ရက်အနည်း ငယ်ကြာလျင် ဆေးပညာနဲ့စိတ်စွမ်းအင်တို့မှာ အဆင့်ဖြတ်ကျော် သွားနိုင်ခဲ့သည်။
ဆေးပညာ….ပထမအဆင့် အဆင့်မြင့် 502/500
ချန်အန်က ဆေးပညာတိုးမြင့် လာမှုကို စမ်းသ ပ်ရန် မစောင့်စားနိုင်တော့ချေ။ ဆေးဖော်စပ်ခန် ထဲသို့ သွားလိုက်သည်။ အောင်မြင်မှုက နှစ်ဆ တိုးလာသည်။ ဆေးများ၏ ထိရောက်မှုက ငါး ဆကျော် မြင့်တက်လာသည်။ သူ့ရဲဝင်ငွေလည်း တိုးလာတော့မည် ဖြစ်သည်။ နေ့တိုင် ကြိုးစား သရွေ့ တလလျင် ကျောက်တုံး၈၀ ခန့် ရနိုင်မ ည်ဟု ယုံကြည်ထားသည်။ လက်ရှိစုဆောင်းငွေ အချို့နဲ့အတူ အိမ်ငှားခကို တဦးတည်း ပေးချေ နိုင်ရန် အခက်ခဲမရှိပေ။
နေ့ခင်းဘက်၌ စိတ်စွမ်းအင် အဆင့်မြင့်သို့ ချိုး ဖြတ်နိုင်ခဲ့ပြန်သည်။
စိတ်စွမ်းအင်…ပထမအဆင့် အဆင့်မြင့် 500/2500
ဖြတ်ကျော်လိုက်ချိန်တွင် ချန်အန်သည် နွေးထွေ မှုကို ခံစားလိုက်ရသည်။ ဇနီးသည်၏ နူးညံ့သ ည့် လက်ကလေးဖြင့် ပွတ်သပ်နေသကဲ့သို့ ဖြစ် သည်။ သက်တောင့်သက်သာ ရှိမှုက သူ့ကိုအ လွန် စိတ်ကျေနပ်စေသည်။ သို့သော် ခံစားချက် က ကြာရှည် မရှိပေ။ ထိုအခိုက်အတန့်တွင် ချန် အန်၏ အာရုံခံစားမှုက ပို၍ ရှင်းလင်းပြတ်သား လာသည်။ အမြင်အာရုံကလည်း မီတာ၅၀၀ အ ထိတိုးမြင့်သွားပြီး ထိုအကွာအဝေးတွင်းရှိ ခြင် များကိုပင် မြင်နိုင်နေသည်။
ယခုခံစားမှုက ချီစုဆောင်းခြင်း အဆင့်၉ ရှိသူ ၏ စိတ်စွမ်းအင်နဲ့ပင် ယှဥ်နိုင်သည်ဟု ခံစားနေ ရသည်။ ချန်အန်က စိတ်လှုပ်ရှားမှုကို မထိန်း ချုပ်နိုင်တော့ချေ။ ဇနီးများကို ပြောပြလိုက်သ ည်။ ဇနီးများက ဝမ်းသာစွာဖြင့် အောင်ပွဲခံရန် အခန်းထဲသို့ ဆွဲခေါ်သွားတော့သည်။ နောက်ရ က်အနည်းငယ်ထိ ဝမ်ကျိယန်သည် ကောင်းစွာ အနားမယူခဲ့ရပေ။ မျက်စိတမှိတ် အတွင်းမှာပဲ နောက်ထပ် ရက်အချို့ ကုန်ဆုံးသွားသည်။
ဂိုဏ်း၂ခုကြား တိုက်ပွဲမှာ ပိုဆိုးလာသည်။ ဒီအ ချိန်တွင်း သံနက်ဂိုဏ်းမှ သူလျှို ၄၈ ဦးထိဖမ်းမိ ပြီး ၃ဦးကို၉ သတ်ပစ်ခဲ့သည်။ ကျန်လူများအား သံနက်ဂိုဏ်းနဲ့ အလဲအထပ်လုပ်ရန် ချန်ထားရစ် လေသည်။ မနက်ခင်းတခု၌ ချန်အန်က ဆေး သေတ္တာကို ဆွဲ၍ စျေးရောင်းချရန် သွားခဲ့သည် ခြံဝန်းထဲက ထွက်သည်နှင့် အိမ်နီးချင်းများ၏ စကားသံများကို အမှတ်မထင် ကြားလိုက်ရသ ည်။
“သူ လျှိုရှင်းလင်းရေးက အဆုံးမှာတော့ ပြီးစီး သွားခဲ့ပြီ လူတွေလည်း နေ့တိုင်း ရင်တထိတ်ထိ တ်နဲ့ နေခဲ့ကြရတယ်”
“အဟုတ်ပဲဗျာ နောက်ဆုံးတော့ ကျုပ်တို့ဘဝလဲ ငြိမ်စပြုသွားပါပြီ”
“မင်းတို့လို ပညာရှင်တွေက ချမ်းသာတော့ အ ဆင်ပြေကြပြီး ငါတို့လို ကျင့်ကြံသူတွေကတော့ အိမ်လခအတွက် အလုပ်လုပ်ရတော့မယ် အဲ့ဒါ မှ အိမ်လခကို ပူစရာမလိုတော့မှာ”
“ကျင့်ကြံသူဟန် မင်းက နောက်ပြောင်နေတာ လား ကျင့်ကြံရေးအဆင့်နိမ့်တဲ့ လူတွေက ထော က်ပံ့ရေးအလုပ်ကြောင့် သာမန်ထက်နည်းနည်း ပိုတည်ငြိမ်နေတာပါ အခြေနေတွေ ဆိုးရွားလာ ရင် ကာကွယ်နိုင်စွမ်းမရှိတဲ့ ငါတို့ပဲ အရင်ဆုံး သေကြရမှာလေ”
“အင်း…လူတိုင်း သိပ်မဝေးတော့တဲ့ အနာဂတ် အတွက် ပြင်ဆင်ကြရလိမ့်မယ် ရှင်းလင်းရေး ပြီးသွားပေမယ့် ဂိုဏ်း၂ခုကြားတိုက်ပွဲက ကျန် ရှိနေတုန်းပဲ ကြီးမားတဲ့ တိုက်ပွဲတွေ သိပ်မကြာ ခင် ဖြစ်လာဖို့ရှိနေတယ်”
“အဲ့ဒါကိုတော့ ငါစိတ်မပူဘူး လွန်ခဲ့တဲ့လအနည် ငယ်တည်းက ပြင်ဆင်ခဲ့ပြီးပြီ”
“........”
အိမ်နီးချင်းများက ငြိမ်သက်သွားသည့် အိမ်ရာ ၏ အခြေနေကို ခံစားရင်း စကားပြောဆိုနေကြ သည်။ ထိုအချိန် တယောက်မှ ချန်အန်ကိုမြင် လိုက်ပြီး လှောင်ပြောင် ပြောဆိုလာသည်။
“ဆေးဆရာချန် နောက်ဆုံးမှာ မင်းကအပြင်ထွ က်လာခဲ့ပြီပေါ့ ငါမင်းကိုမတွေ့ရတာ တလ ကျော်တောင် ရှိခဲ့ပြီပဲ”
အခြားသူများကလည်း ပြောဆိုသည်။
“သူက အိမ်မှာပုန်းနေမှာပေါ့ ဇနီးနဲ့ကိုယ်လုပ် တော်တွေက ချောချောလှလှ လေးတွေလေ။ ငါ သာသူ့နေရာမှာဆိုလည်း ဘယ်အပြင်ထွက်နေ တော့မလဲ အိမ်မှာပဲ နေ့တိုင်း လယ်ထွန်နေတော့ မှာပေါ့ကွ”
“ဇနီးနဲ့ ကိုယ်လုပ်တော်ပဲလား ဘယ်ဟုတ်ပါ့မလဲ သူ့အိမ်ထဲမှာ ကျင့်ကြံသူဝမ်လည်း ရှိသေးတယ် လေ”
“ဟ မင်းသာမပြောရင် ငါမေ့သွားမှာသေချာတ ယ် ဝါးရွက်အိမ်ရာရဲ့ ပန်းတွေအကုန်လုံး ဆေး ဆရာချန်က ခူးဆွတ်နေတာပဲ ဘယ်လောက် တောင် မနာလိုစရာကောင်းလဲ”
“.......”
အစက ချန်အန်ကို လှောင်ပြောင်ရင်းမှ စကား များစွာသည် ဝမ်ကျိယန်သို့ ပြောင်းရွှေ့သွားကြ သည်။ စကားများများပြောလေ မယုံနိုင်စရာ ကောင်းသည်ဟု ခံစားရလေဖြစ်သည်။ ဝမ်ကျိ ယန်က တကယ်ကို ကျော်ကြားပြီး အခြေခံတ ည်ဆေက်ခြင်း အဆင့် ကျင့်ကြံသူကိုပင် ငြင်း ဆိုခဲ့သည်။ ချီစုဆောင်းခြင်း အဆင့်၅သာ ရှိ သည့် ဆေးဆရာထံ ဘာအတွက် ပါသွားခဲ့ရသ နည်း။ ဆေးဆရာဆိုပါက အရင်တုန်းက ဒုတိ ယတန်း ဆေးဆရာများ ဝမ်ကျိယန်ကို လိုက်ခဲ့ ဖူးသေးသည်။ သူမက ထွက်၍ပင် မတွေ့ခဲ့ချေ။
ချန်အန်က တကယ်ပဲ ရုပ်ချောလို့လား။ လူတိုင်း ကမယုံနိုင်ဖြစ်နေကြပြီး ချန်အန်တို့၏ ဆက်ဆံ ရေးကို အတင်းဖျဥ်းများ ပြေယဆိုလာကြတော့ သည်။
ဒုန်း…
ကျယ်လောင်သည့် ပြတင်းပေါက် ဖွင့်သံနဲ့အတူ ဝမ်ကျိယန်၏ အသံလည်း ထွက်ပေါ်လာသည်။
“သူ့ရဲ့အဖော်ဆိုတာ ဘယ်သူပြောတာလဲ ငါက ဘယ်တုန်းကများ သူ့အဖော်ဖြစ်သွားတာလဲ ခု လို ဆက်ပြောနေမယ်ဆိုရင် ငါ့အကြောင်းနင်တို့ သိသွားစေရမယ်”
ဝမ်ကျိယန်၏ အသံကြောင့် အိမ်နီးချင်းများမှ တိတ်ဆိတ်သွားကြတော့သည်။ အနှီပန်းပွင့် လေးမှာ သတ္တိကောင်းရုံသာမက စွမ်းအားသည် လည်း အလယ်ဗဟိုတွင် အကောင်းဆုံးထဲ၌ ပါ ဝင်နေသည်။ အများစုက သူမနဲ့ ရန်သူမဖြစ်လို ကြချေ။ ချန်အန်က ဝမ်ကျိယန်ကို ကြည့်လိုက် သည်။ သူတို့နှစ်ဦး အကြည့်ချင်း ဆုံသည်နှင့် ဝမ်ကျိယန်က ချက်ချင်းရှောင်လွဲသွားကာ ချန် အန်ကို မကြည့်ရဲတော့ပေ။ ထိုအရာက နှစ်သ က်ခြင်းအစ ရှက်ရွံမှု ဖြစ်သည်။
သူမက သူ့အပေါ် ခံစားချက် ရှိလာသည်လား။ ချန်အန်က ပြုံး၍ ဝမ်ကျိယန်ကို ဆွဲဆောင်သည့် သူ့နည်းလမ်းများက မှန်ကန်သည်ဟု တွေးနေခဲ့ သည်။ အတူရှိနေသမျှ ကာလပတ်လုံး ခံစားချ က်များ တိုးလာပါဦးမည်။ အရမ်းဆိုးဆိုးဝါးဝါး ကိစမဖြစ်လာဖို့တော့ လိုသည်။
တလခွဲခန့် ကြာသွားခဲ့သည်။ ထိုနေ့ညက မိသာ စုများ စားသောက်ပြီးနောက် ခြံဝန်းထဲလမ်းအ တူလျှောက်နေကြသည်။ ချန်အန်က သမီးဖြစ် သူကို ချီထားသည်။ သူမလေး၏ အသက်သ ည် တလကျော် ရှိပြီဖြစ်၍ မျက်နှာအမူအရာ လေးမှာ အမျိုးမျိုး လုပ်ပြတတ်လာသည်။
“ယောက်ျား ယုကျန်းလေးက အရမ်းတော်တာပဲ သူက တလကျော်ဆိုပေမယ့် ကောင်းကောင်း ရယ်တတ်နေပြီ”
ဆောင်ဟွာယင်းက အံ့သြတကြီး ဆိုလာသည်။ ယနေ့က သမီးလေးရဲ့ ရယ်သံကို ပထမဆုံးကြာ ရခြင်းဖြစ်သည်။ သိထားသည်ကို အခြေခံပါက ကလေးများသည် စတင်ရယ်မောရန် နှစ်လမှ သုံးလထိ အချိန်ယူရလေ့ ရှိသည်။ဝိဉာဥ်အရင်း အမြစ်ရှိသူက မတော်ပဲနေပါ့မလား။ သမီးဖြစ် သူ၏ အကြောင်းကို တွေးမိလျင် ချန်အန်က ပြုံ လိုက်သည်။
“သူမရဲ့ အမေကဉာဏ်ကောင်းပြီး ထူးချွန်တဲ့သူ ဆိုတော့ သူမက မအေရဲ့အရည်အချင်းကို ဆ က်ခံတာပဲနေမှာ”
“ယောက်ကျားရဲ့ ပါးစပ်က အရမ်းချိုတာပဲ စမ်း ကြည့်ရအောင်”
ဆောင်ဟွာယင်းက ပြုံး၍ ချန်အန်ကို နမ်း၍ ရှေ့ ၌ ရပ်ကာ ခြေဖျားထောက်လိုက်သည်။
“ယောက်ျား နင်က ပိုချောလာတယ်”
ဆောင်ဟွာယင်း၏ အပြုံးမှာ ချိုမြိန်လွန်း၍ ချ န်အန်မှာ တခဏ စိတ်လွတ်မလို ဖြစ်သွားရသေ သည်။ ဂူရှန်းယုမှာ မနာလိုဖြစ်နေပြီး သူမသည် လည်း ဆောင်ဟွာယင်းကဲ့သို့ ပြုလုပ်ချင်နေသ ည်။ ကံမကောင်းစွာဖြင့် သူမ၏ စိတ်က အေး စက်စက်ဖြစ်နေရသည်။ ပြင်၍ မရနိုင်တော့ချေ အခန်းထဲ၌ ရှိနေသည့် ဝမ်ကျိယန်သည်လည်း သူမကဲ့သို့ပင် မနာလိုဖြစ်နေလေသည်။ ခြံအပြ င်မှ အသံများကိူ ကြား၍ ကျင့်ကြံရန်စိတ်မပါ တော့ချေ။
သူမက ချန်အန်အနေဖြင့် အလွှာပါးလေးကို ဖြ တ်ကျော်လာရန် မျှော်လင့်နေခဲ့သည်။ သို့သော် ချန်အန်က ရှေ့ဆက်တိုးမလာခဲ့ပေ။ သူမဘက် မှလည်း အစမပြုချင်သည့်အတွက် စိုးရိမ်နေ လေသည်။ ချန်အန်က သူမ၏ အတွေးများကို သိထားပြီး အစပြုရန်အတွက်တော့ စိတ်မပါပေ မာနကြီးသူကို အစပြုလိုက်ခြင်းက သခင်တဦး ရွေးချယ်ခြင်းနဲ့ မခြားချေ။
အုန်း..
ရုတ်တရက် အဝေးမှ ကျယ်လောင်သည့် အသံ တခုထွက်ပေါ်လာပြီး မြေပြင်မှာ တုန်ခါသွားရ သည်။ ဆောင်ဟွာယင်းမှာ ဟန်ချက်ပျက်သွား ရပြီး မြေပြင်ပေါ်နောက်ပြန် လဲကျသွားသည်။ ကံကောင်းစွာဖြင့် ချန်အန်က လျင်မြန်စွာဖမ်း ဆွဲလိုက်ပြီး ပွေ့ဖက်ထားလိုက်သည်။
“အူငဲ….အူငဲ…..အူငဲ”
သူ့ရင်ခွင်ထဲမှ သမီးလေးက ထိတ်လန့်စွာဖြင့် ငိုလေသည်။ ဝမ်ကျိယန်မှ အလျင်မြန်ထွက်လာ ပြီး မည်သည့်အရာများ ဖြစ်ပျက်နေသလဲဟု မေးလာသည်။ ချန်အန်က ခေါင်းခါပြလိုက်သ ည်။ အိမ်နီးချင်းများကလည်း စပ်စုရန်အပြင်သို့ ထွက်လာကြသည်။ မိုးမခလမ်းတခုလုံး ဆူညံ သွားတော့သည်။ ကြီးမားသည့် အသံနှင့် ရုန်း ရင်းဆန်ခတ်မှု အကြောင်းကို လူတိုင်းကဆွေး နွေးနေကြသည်။ ဝါးရွက်ဂိုဏ်း၏ ကျင့်ကြံသူ များရဲ့ အသံ ထွက်ပေါ်လာသည်။
“ရန်သူတွေ တိုက်ခိုက်နေပါတယ် သံနက်ဂိုဏ်း က ရန်သူတွေ ရောက်လာနေပြီ”
………………………………………………