← Chapters

တိုက်ပွဲ

Vol. 4 Ch. 39

တိုက်ပွဲ

Vol. 4 Ch. 39

သံနက်ဂိုဏ်းမှ စတင်တိုက်ခိုက်လာသည်တဲ့ လား။ ဝါးရွက်ဂိုဏ်းမှ ကျင့်ကြံသူတဦး၏ အော် သံကြောင့် မိုးမခလမ်းတခုလုံး တုန်လှုပ်သွားရ တော့သည်။ ငွေအမြောက်အမြား ပေးချေ၍ ငှာ ရမ်းခြင်းမှာ လုံခြုံရေးကို အကာကွယ်ရလို၍ မ ဟုတ်လော။ အဘယ့်ကြောင့် တိုက်ပွဲ၌ သူတို့က ကြားညှပ်ရန် လိုပါသနည်း။

“ယင်းအာ ယုအာ အိမ်ကိုပြန်ပြီး ပစ္စည်းတွေထု ပ်ပိုးပြင်ဆင် ထားလိုက်ပါ ကျင့်ကြံသူဝမ်နဲ့ငါက အခြေနေ သွားကြည့်ဦးမယ်”

ချန်အန်က လျင်မြန်စွာပင် အစီစဥ်များချမှတ် လိုက်တော့သည်။ ဆောင်ဟွာယင်းတို့ကလည်း နာခံမှု ရှိကြသည်။

“ယောက်ကျား အစ်မဝမ် သတိထားကြပါ”

သူမတို့က စိုးရိမ်တကြီးပြောပြီးနောက် ပစ္စည်း များထုတ်ပိုးရန် အိမ်သို့ အမြန်ပြန်ကြတော့သ ည်။ ဝမ်ကျိယန်မှာမူ ယခင်ကဲ့သို့ ညည်းညူနေ ခြင်းမရှိတော့ချေ။ ချန်အန်၏ အနောက်မှ တိ တ်တဆိတ် လိုက်ပါလာပြီး မိုးမခလမ်းရှိ ကျင့် ကြံသူတိုင်းမှာ အိမ်ရှေ့ကိုယ်စီတွင် ရှိနေကြသ ည်။ သူတို့က အခြေနေကို စောင့်ကြည့်နေပြီး တိုက်ပွဲမှ လွတ်မြောက်ရန် လမ်းစ ရှိမရှိကို သိ လိုနေကြသည်။ ပေါက်ကွဲသံပြီးနောက် အချိန် တော်ကြာသည်ထိ တိတ်ဆိတ်သွားခဲ့သည်။ ဝါး ရွက်ဂိုဏ်းမှ ကျင့်ကြံသူများသည် တိုက်ပွဲနေရာ ဖြစ်သည့် သံနက်ဂိုဏ်းနဲ့ထိစပ်နေရာကို မသွား ရောက်ကြပဲ စျေးသက်သာသည့် ခရိုင်တွင်သာ ပြေးလွှားနေသည်ကို ချန်အန် သတိပြုမိလိုက် သည်။

မကြာခင် စျေးတခု၌ သင်ခန်းစာပေးခဲ့သည် လူ ယုတ်မာ တကောင်ကို သတိရလိုက်သည်။ ထို ကောင်၏ ဖခင်သည် အကြီးအကဲတဦးဟု အမှ တ်ရလိုက်ပြီး ထိုသူက စျေးသက်သာတဲ့ခရိုင်ကို အခက်ခဲ ဖြစ်စေရန် မကြာခန ပြုလုပ်လေ့ရှိသ ည်။ ယခုလည်း ထိုတိုင်းပင် ဖြစ်ပုံရသည်။ ထို သို့တွေးမိပြီးနောက် ထိုလူယုတ်မာသည် မရိုးရှ င်းဟု ခံစားလိုက်ရသည်။ ပြဿနာက သူ့ကိုရှာ လို၍လား။

“အစိမ်းရောင် မိုးမခလမ်းမှာနေသူတိုင်း အလ ယ်ဗဟိုကနေ မိုင်၂၀ ဝေးတဲ့ စျေးတခုမှာ တိုက် ခိုက်နေကြတာပါ အလယ်ဗဟိုက လုံခြုံလို့မစိုး ရိမ်ကြပါနဲ့ အိမ်ထဲမှာပဲ နေပြီး လျှောက်မသွား ပါနဲ့ မဟုတ်ရင် အမေးမြနိးမရှိ သတ်ရပါလိမ့် မယ်”

ဝါးရွက်ဂိုဏ်း၏ အကြီးအကဲမန်နေဂျာမှ ပြော လာသည်။ ထိုသူရောက်လာသည့်အခါ လူတိုင်း က သိလိုစွာဖြင့် မေးမြန်းတော့သည်။

“ဘဏ္ဍစိုးလီ သံနက်ဂိုဏ်းက ဘာလို့တိုက်ခိုက် လာတာလဲ”

“ဟုတ်တယ် ရုတ်တရက်ကြီးပဲ”

“ဘဏ္ဍစိုးလီ မင်းက အပြင်ထွက်ခွင့်မပေးရင် အိမ်ငှားခကို ဘယ်လိုရှာရမှာလဲ”

“........”

လူတိုင်းက ဆက်တိုက်မေးမြန်းနေတော့သည်။ ဘဏ္ဍစိုးလီက ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး

“စိတ်မပူပါနဲ့ မကြာခင် အိမ်ငှားခရဖို့ အခွင့်အ ရေးပေးမှာပါ”

လူတိုင်းက တယောက်ကိုတယောက် ပြန်ကြည့် လိုက်ကြသည်။ ထိုစဥ် ဘဏ္ဍစိုးလီမှာ ထွက်ခွာ သွားတော့သည်။

“နင် ဘယ်လိုထင်လဲ”

ဝမ်ကျိယန်က ချန်အန်ကိုမေးလိုက်သည်။ ချန် အန်သည် စျေးသက်သာတဲ့ ခရိုင်ရှိရာကို လှမ်း ကြည့်ပြီးနောက်

“တဆင့်ချင်း သွားရအောင် ဒီမှာပဲဆက်နေကြ တာပေါ့ အပြင်မှာ အခြေနေက အရမ်းကိုရှုပ် ထွေးနေတယ်”

“ကောင်းပြီ နင့်အကြံအတိုင်းပဲ သွားမယ်”

ဝမ်ကျိယန်က ခေါင်းညိတ်လိုက်သည်။ သူမက ချန်အန်၏ ဇနီးတယောက်နဲ့ပင် တူနေသည်။ ချ န်အန်က အပြောင်းအလဲကို သတိပြုမိကာ အန ည်းငယ် ဝမ်းသာသွားသည်။ တခဏတာ ပြောင် လဲလာမှုကိုတော့ ချန်အန်က မလိုချင်ပေ။ ထိုစ ဥ် ဟန်ဆန်ဖန်းက ချန်အန်တို့ရှိရာ လျှောက်လာ သည်။

“ကျင့်ကြံသူဝမ် ဝါးရွက်အိမ်ရာက မလုံခြုံတော့ ဘူး မြစ်ဖြူမြို့မှာ သူငယ်ချင်းရှိတယ် ငါတို့အ တူ မြို့ကို ထွက်ပြေးလို့ရပါတယ် ပြီးတော့ အဲ့ဒီ သူငယ်ချင်းဆီမှာ ခိုလှုံလို့ရတယ်”

ဒါက….ဘာသဘောလဲ။ လူကြားထဲ သွေးဆော င်နေတာလားဟ။ ချန်အန်က မျက်မှောက်ကြု တ်လိုက်သည်။ သူဝင်ရောက်မပြောမီပင် အခြာ အမျိုးသမီးတဦးက

“ကျင့်ကြံသူဟန် နင်က မလွန်ဘူးလား အခုကျင့် ကြံသူဝမ်က ဆေးဆရာချန်နဲ့ အတူရှိနေတယ် ဆေးဆရာချန်ရဲ့ အဖော်ကို လူကြားထဲ သွေး ဆောင်ဖို့ ကြိုးစားရင် ဆေးဆရာချန်က အညှိုး ထားလိမ့်မယ်”

“အမှန်ပဲ မိတ်ဆွေရဲ့ ဇနီးကိုတော့ ပစ်မှတ်မထား သင့်ပါဘူး မဟုတ်ရင် အနှေးအမြန်ဆိုသလို ကျ င့်ကြံသူဟန်က ရိုက်နှက်ခံရလိမ့်မယ်”

အိမ်ထဲမှ အပေါ့သွားထားတဲ့ ဗူးကိုသယ်ဆောင် လာသည့် အမျိုးသမီးက ပြောလိုက်သည်။ထို သို့ပြောရင်း ဗူးကို ဖောက်ထုတ်လိုက်ရာ ဆီးနံ့ များ မွှန်ထူသွားတော့သည်။

“မင်းတို့ခွေးမတွေ လျှောက်မပြောနဲ့ ငါကသွေး ဆောင်နေတာ မဟုတ်ဘူး”

ဟန်ဆန်ဖန်းက ထိုအမျိုးသမီးနှစ်ဦးကို ကြိမ်း မောင်းတော့သည်။ ထို့နောက် ချန်အန်ဘက်လှ ည့်ကာ

“ဆေးဆရာချန် နားလည်မှုမလွဲပါနဲ့ ဆေးဆရာ ချန်နဲ့ ကျင့်ကြံသူဝမ် တို့ငါ့သူငယ်ချင်းနဲ့ပူးပေါင် ရအောင် လိုက်မလား မေးချင်တာပါ ဆေးဆရာ ချန် အိမ်မှာ လုပ်စရာရှိသေးလို့ ပြန်ပါဦးမယ်”

ရှက်ရွံအပြစ်ရှိစွာဖြင့် ဟန်ဆန်ဖန်းမှာ မပြေးရုံ တမယ် ထွက်ခွာသွားတော့သည်။ ချန်အန်က ထိုအရာကို ဂရုမစိုက်ပေ။ သူတွေးနေသည်က အများ၏ ယူဆချက်များကို ကျင့်ကြံသူဝမ်က မတုန့်ပြန်ခဲ့ချေ။ သူမက လက်ခံလိုက်ပုံရပါသ ည်။

မျက်စိတမှိတ်အတွင်းမှာပဲ ရက်ပေါင်းများစွာ ကထပ်မံကုန်လွန် သွားပြန်သည်။ စျေးသက် သာသည့် နေရာတွင် ဂိုဏ်း၂ခုကြား တိုက်ပွဲက ထပ်မံ ဖြစ်ပွားနေသေးသည်။ တဖြေးဖြေးပို၍ ကြီးမားလာပြီး တိုက်ပွဲက အခြားစျေးသက်သာ သည့် နေရာများထိ ပြန့်နှံ့သွားသည်။ တိုက်ပွဲ၏ ရှေ့တန်းမှာပင် ပဋိပက္ခမှာ အကြီးအကျယ်ဖြစ် နေရသည်။ အနာဂတ်တွင် ပို၍ ဆိုးလာဖို့သာရှိ သည်။ သတင်းကောင်းတခုကတော့ အလယ်ဗ ဟိုက တည်ငြိမ်နေသည်။ စျေးနှုန်းများ အနည်း ငယ်မြင့်တက် လာသည်မှလွဲ၍ ထိခိုက်မှုမရှိပေ အဆုံးတွင် အလယ်ဗဟိုသည် ဝါးရွက်ဂိုဏ်း၏ ဌာနချုပ်လည်း ဖြစ်နေပြန်သည်။ ဝါးရွက်ဂိုဏ်း မပြိုလဲသရွေ့ အလယ်ဗဟိုက ဘာမှ ဖြစ်မည်မ ဟုတ်ပေ။

သို့သော် အလယ်ဗဟိုရှိလူများကတော့ ဝါးရွက် ဂိုဏ်းကို မယုံကြည်ကြပေ။ သံနက်ဂိုဏ်းက ခွန် အားအရာတွင် သာလွန်နေသည်။ နောက်ထပ် ရက်အနည်းငယ် ထပ်ကုန်သွားသည်။ တိုက်ပွဲ များ ဆက်တိုက်ဖြစ်နေပြီး အကြီးစား တိုက်ပွဲ များကတော့ ထွက်ပေါ်မလာသေးပေ။ အခြေအ နေက နှစ်ဖက်တူညီသည့် အဆင့်၌ ရှိနေသည်။ အလယ်ဗဟိုကတော့ ဆက်လက်အေးချမ်းနေ ပြီး တည်ငြိမ်လျက်ရှိသည်။ အချိန်ကြာလာသ ည်နဲ့အမျှ ဂိုဏ်း၂ခုကြား တိုက်ပွဲမှာ ပိုဆိုးမလာ နိုင်ဟု တွေးနေကြသည်။ အများစုက စေ့စပ်ညှိ နှိုင်းရင်းဖြင့် ပြီးဆုံးသွားကြသည်။

ချန်အန်လည်း ထိုအရာကို တွေးမိသည်။ ဂိုဏ်း ၂ခုကြား တိုက်ပွဲက ပိုဆိုးမလာနိုင်တော့ပေ။ နှစ်ဖက်စလုံး၏ ခေါင်းဆောင်များက အချိန်အ တော်ကြာ ကျင့်ကြံခဲ့တဲ့ အခြေခံတည်ဆောက် ရေးအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ တို က်ပွဲ၏ နောက်ဆက်တွဲ ဆိုးကျိုးကို မသိပဲမနေ ကြပေ။

……………………………………………..

All Chapters