← Chapters

အရှုံးမရှိခဲ့ကြ။

Vol. 4 Ch. 40

အရှုံးမရှိခဲ့ကြ။

Vol. 4 Ch. 40

နောက်ထပ် တလခွဲ ထပ်မံကုန်ဆုံးသွားသည်။

ဂိုဏ်း၂ခုကြား တိုက်ပွဲက ထပ်မံ ဖြစ်ပွားနေဆဲ ဖြစ်သည်။ သို့သော် တိုက်ပွဲအရွာ်အစားက ပို၍ ကြီးမားလာခြင်း မရှိပေ။ အလယ်ဗဟိုရှိ အခြေ နေများကလည်း တည်ငြိမ်နေသည်။ အိမ်ငှားခ ပြဿနာအတွက် ဝါးရွက်ဂိုဏ်းက နည်းလမ်း ပေးခဲ့သည်။ ထိုအရာက သံနက်ဂိုဏ်းကို ရင်ဆို င်ရန် တိုက်ပွဲတွင် ပါဝင်ခြင်းဖြစ်သည်။ တိုက်ပွဲ ၏ စွမ်းဆောင်ရည်အတိုင်း အိမ်ငှားခများကို သက်သာခွင့် ရကြမည် ဖြစ်သည်။ ပိုမိုကောင်း မွန်စွာ စွမ်းဆောင်နိင်ပါက အပိုဆုကြေးများပင် ရရှိပေဥိးမည်။ ဥပမာ ဆေးဝါးများ ကျင့်ကြံန ည်းစနစ်များ လက်နက်များ စသည်တို့ဖြစ်သည်

အစွမ်းထက်သည့် ချီစုဆောင်ခြင်းများအဆင့် များက သံနက်ဂိုဏ်းကို တိုက်ခိုက်ရာတွင် ဝါးရွ က်ဂိုဏ်းနဲ့ ပူးပေါင်းကြသည်။ အသက်မွေးဝမ်း ကြောင်း ပညာရှင်များကတော့ ထောက်ပံ့ရေး အတွက် ပါဝင်ကြသည်။ ဆေးဆရာချန်ရဲ့ နေ့ ရက်များက တည်ငြိမ်အေးဆေးပုံရသည်။ အိမ် ငှားခ ပေးစရာမလိုပေ။ ဆေးလုံးများသာ ပေး ရန်လိုအပ်သည်။

ထိုဆေးလုံးများ၏ လစဥ်စျေးပမာဏက ကျော က်တုံး ၁၅၀ ခန့်ရှိသည်။ သို့သော် ချန်အန်က တိ တ်ဆိတ်စွာပင် လက်ခံလိုက်သည်။ ဝါးရွက်ဂိုဏ် ကို ဆေးများတိုက်ရိုက် ပေးလိုက်ရ၍ စျေးတွင် ဆိုင်ဖွင့်စရာမလိုတော့ချေ။ မိသားစုများကို အ ချိန်ပေးနိုင်လာတော့သည်။ ထိုအချိန် စျေးသ က်သာသည့် ခရိုင်မှ လူများကတော့ တိုက်ပွဲ၏ ဘေးထွက်ဆိုးကျိုးကို ခံစားနေရသည်။ တိုက်ပွဲ ၏ အလယ်တွင် ရှိနေခြင်းကြောင့် ကျုးကျော် လာသည့် သံနက်ဂိုဏ်းမှ လူများကိုတိုက်ခိုက်ရ န် လက်နက်စွဲကိုင်ရုံမှတပါး အခြားရွေးစရာမရှိ တော့ပေ။ ကံမကောင်းစွာဖြင့် ကျင့်ကြံဆင့်များ မှာ နိမ့်ကျလွန်းပြီး အများစုမှာ အမြောက်စာမျာ ဖြစ်သွားကြရသည်။

အသက်ရှင်ကြသူများကလည်း အများအားဖြင့် သံနက်ဂိုဏ်း၏ သုံ့ပန်းများ ဖြစ်ကုန်သည်။ အ မျိုးသားများမှာ ကူလီသမားများဖြစ်ကြပြီး အ မျိုးသမီးများကတော့ အမည်မသိနေရာများသို့ ခေါ်ဆောင်သွားခြင်း ခံရသည်။ နေ့ရက်များက စိတ်ပျက်စရာ ဖြစ်နေသည်။ စျေးသက်သာသ ည့်ခရိုင်က မျှော်လင့်ချက် မရှိသောကြောင့် အ ချို့သူများက အလယ်ဗဟိုအနီးသို့ ရောက်လာ ကြပြီး ၎င်းတို့ကို ခေါ်ဆောင်ပေးရန် တောင်းဆို နေကြတော့သည်။ သို့သော် လူတစ်ရာတွင် အ ရည်ချင်းမီသည့် အမျိုးသမီး တဦးစ နှစ်ဦးစ သာပါတတ်ပြီး ကျန်သူများကို ဝါးရွက်ဂိုဏ်းက အလုပ်ကြမ်းများ အဆက်မပြတ် ခိုင်းစေကြသ ည်။ ထိုအတွက် သေဆုံးသွားရသည့် လူများပင် ရှိလာကြသည်။

တိုက်ပွဲကာလတွင် အလယ်ဗဟိုရှိ နေထိုင်သူမျာ ကိုသာ ဝါးရွက်ဂိုဏ်းမှ ကျင့်ကြံသူများက လူအ ဖြစ် သက်မှတ်ထားပုံရသည်။ စျေးသက်သာသ ည့် ခရိုင်များက သူတွေကတော့ အမြောက်စာ များ ဖြစ်သည်။ ကျင့်ကြံရေးလောကတွင် သန် မာသူများက အားနည်းသူများကို အနိုင်ကျင့်သ ည့် ကမ္ဘာတခုဖြစ်သည်။ အမှန်ပင် ရက်စက်ပါ သည်။

ထိုနေ့မနက်မှာတော့ ချန်အန်က ဆေးလုံးများပို့ ဆောင်ရန် ထွက်လာခဲ့သည်။ ခြံဝန်းထဲကထွက် သည်နှင့် ဟန်ဆန်ဖန်းနဲ့ တိုးတော့သည်။ ဟန်ဆ န်ဖန်းက ချန်အန်ကိုမြင်လျင် ပြုံး၍

“ဆေးဆရာချန် စျေးသက်သာတဲ့ ခရိုင်က အမျို သမီးအများအပြား ဝင်ပေါက်မှာရောက်နေကြ တယ် သူတို့က ခိုလှုံခွင့်ရလိုကြပြီး သူတို့ကိုတွေ့ ကြည့်ဖို့ ငါနဲ့လိုက်ချင်လား ကံကောင်းရင်တော့ မင်းရဲ့အိပ်ရာကို နွေးထွေးစေမယ့် တယောက် လောက် ရမှာပါ”

“ငါ့မှာ များနေပါပြီ စောင့်ရှောက်ရမယ့် ဇနီးနဲ့ ကိုယ်လုပ်တော် ရှိနေတယ် ထပ်ယူဖို့ ငါ့မှာစွမ်း အား မရှိတော့ဘူး”

“ဒါကတော့ အမှန်ပါပဲ မင်းမှာ အလှလေး၃ဦး တောင်ရှိနေပြီပဲ”

“ကျင့်ကြံသူဟန် ငါ့မှာ လုပ်စရာရှိသေးလို့ သွား လိုက်ပါဦးမယ် “

ပြောဆိုပြီးနောက် ချန်အန်က ဆေးလုံးများပို့ ဆောင်ရန် ဝါးရွက်ဂိုဏ်းသို့ ထွက်လာခဲ့သည်။ သူက ပထမရက်အနည်းငယ်က သွားရောက်ကြ ည့်ရှုခဲ့ပြီး ဖြစ်သည်။ အမှန်ပင်ချောမောသည့် အမျိုးသမီးအချို့ ရှိနေပြီး သူ့ကိုပင် သွေးဆော င်နိုင်ကြသည်။ စုံစမ်းပြီးနောက် သူလိုချင်သည့် ပုံစံမျိုး မတွေ့ခဲ့ရပေ။ နောက်တဦး ခေါ်​ဆောင် သွားသည်က တူတချောင်း ပိုလာရုံသာရှိမည်။ သူ့တွင် ဝမ်ကျိယန်ကို အလုပ်ပေးနေရ၍ အခြာ ဘက်ကို ဆန္ဒမရှိနေပုံ ရပါသည်။

သူသာ ရုတ်တရက် ကိုယ်လုပ်တော်ထပ်မံခေါ် ယူပါက ဝမ်ကျိယန်က ပေါက်ကွဲပေလိမ့်မည်။ သူမက ထွက်ခွာသွားပြီး အရင်လို မျှဝေချင်စိ တ်ရှိမည် မဟုတ်တော့ပေ။ ဝမ်ကျိယန်ကို အရင် ခေါ်ဆောင်ရမည်။

ဝါးရွက်ဂိုဏ်းသို့ ရောက်သွားခဲ့သည်။ ချန်အန် ကဆေးလုံးများကို ပေးလိုက်သည်။ စစ်ဆေးပြီ နောက် လှည့်ထွက်တော့မည် အချိန်တွင် တားစီ ခံလိုက်ရသည်။

“ဆေးဆရာချန် မနက်ဖန်ကစ ဆေးလုံးထောက် ပံ့မှု ၂၀ ရာခိုင်နှုန်း တိုးလာလိမ့်မယ်”

“ကောင်းပါပြီ”

ချန်အန်က မျက်နှာတွင် မည်သည့်ခံစားချက်မှ မပေါ်စေဘဲ ပေါ့ပေါ့ပါးပါးသာ ပြန်ပြောလိုက် သည်။ သူက ရှုပ်ထွေးနေသည့် ပို့ဆောင်ရေးဌာ နကို တချက်ကြည့်ကာ ထွက်လာခဲ့သည်။ အပြ န်လမ်း၌ ဆေးဝါးများတိုးမြင့်လာခြင်းက အဘ ယ်နည်း။ တိုက်ပွဲပိုဆိုးလာမည့် သဘောလား။ဒါ က ကောင်းသည့် လက္ခဏာ မဟုတ်ပေ။

အချိန်များစွာ ထပ်မံကုန်ဆုံးသွားပြန်သည်။ ချန် ယုကျန်းမှာ တစတစ ပို၍ ထွားလာသည်။ သူမ က သုံးလသာရှိသေးသော်လည်း အိပ်ရာပေါ်၌ တွားသွားနိုင်လာသည်။ ဝိဉာဥ်အရင်းအမြစ်ရှိ သည့် ကလေးက ထူးခြားပါသည်။ သာမန်က လေးများဆိုလျင် တွားသွားရန် ခြောက်လမျှလို အပ်နေလိမ့်မည်။

“ယောက်ျား ယုကျန်းလေးက အတတ်မြန်လိုက် တာ နောက်၃လအတွင်း လမ်းလျှောက်တတ်မ လားမသိဘူးနော်”

ဆောင်ဟွာယင်းက သမီးဖြစ်သူကို အပြုံးဖြင့် ကြည့်ရင်း ပြောလာသည်။ ချန်အန်က

“ သေချာတယ် အသေးလေးယုကျန်းက သူ့အ မေဆီက ဉာဏ်ရည်နဲ့ သူ့အဖေဆီက ဝိဉာဥ်အရ င်းအမြစ်ကို ဆက်ခံထားရတာပဲ သူမက နှစ်လ အတွင်းမှာတောင် ပြေးနိုင်လောက်တယ်”

“ယု ကျန်းလေး မြန်မြန်ကြီးထွားလာပြီး သူမရဲ့ အမေလို့ ခေါ်တာကို ကြားချင်လှပြီ”

ဆောင်စွာယင်း၏ မျက်နှာက မျှော်လင့်ချက် ဖြင့် ပြည့်နေသည်။ ချန်အန်က အနည်းငယ်ပြုံး ၍ မည်သည့်စကားမှ မပြောလိုက်ပေ။ ယုကျန်း လေးကို ကောက်ယူလိုက်သည်။ မျက်နှာဝိုင်းဝို င်းလေးအား ခပ်ဖွဖွနမ်းလိုက်သည်။

“ မကြာတော့ပါဘူး ယုကျန်းလေး ကြီးပြင်းလာ တော့မှာပါ အပြင်ထွက်ပြီး လေကောင်းလေသ န့် ရှူလိုက်ပါဦးမယ်”

“အဲ့ဒါဆို ငါက ညစာအတွက် မီးဖိုချောင်ကို သွားလိုက်ဦးမယ်”

ဆောင်ဟွာယင်းက ကလေးကိုနမ်းလိုက်သည်။ ပြီးနောက် ကျေနပ်စွာဖြင့် မီးဖိုချောင်ထဲသို့ ထွ က်သွားတော့သည်။ ချန်ယုကျန်းက ငယ်ရွယ် နေသေး၍လားမသိ အမေဖြစ်သူကို သိပ်မကပ် ပေ။ ဖခင်ဖြစ်သူ၏ ပုခုံးပေါ်တွင် လဲလျောင်း ကာ သွားမရှိသည့် ပါးစပ်သေးသေးလေးဖြင့် ကိုက်နေသည်။ ချန်အန်က ကိုက်ခွင့်ပေးလိုက် သည်။ သူ့သမီးက မကြာခင် သွားပေါက်တော့ မည်ဟု သူထင်နေသည်။

ခြံအပြင်သို့ ရောက်ရှိသွားသည်။ သူ့သမီးက ရု န်းကန်ကာ အောက်ဆင်းချင်နေပြီး မြေပေါ်၌ တွားသွားချင်နေပုံရသည်။ မြေပြင်က ညစ်ပတ် နေ၍ ချန်အန်က ခွင့်မပြုပေ။ ယုကျန်းလေးက အတန်ကြာ ရုန်းကန်ရင်းမှ ငြိမ်သက်သွားသည် သူမက ငိုယိုခြင်းမရှိချေ။ ကျင့်ကြံပြီးနောက် လမ်းလျှောက်ထွက်လာသည့် ဝမ်ကျိယန်က ချ န်အန်တို့ကို တွေ့လိုက်သည်။ ချန်ယုကျန်း၏အ ရှေ့၌ ရပ်ကာ

“လာပါဦး ရှောင်ယုလေး အမေက ပွေ့ချီပါရ စေ”

“ဘာလဲဟ”

ချန်အန်က သူမကို လျစ်လျူရှုလိုက်သည်။ ဝမ် ကျိယန်က ထိုအရာကို ဂရုမစိုက်ပဲ လက်လှမ်း လိုက်သည်။

“ငါသူကို သေချာတောင် မထိန်းရသေးဘူး”

“ငါလည်း သူ့အမေပဲ ငါလည်းထိန်းချင်တာပေါ့”

“ကလေးထိန်းရတာ ကြိုက်ရင် ကိုယ်တိုင်မွေးပါ လား”

“နင်က ပေးမထိန်းဘူးလား ရတယ်လေ ငါမွေး ရင် နင်ထိဖို့တောင် မစဥ်းစားနဲ့”

“ငါပြောမယ် ကျင့်ကြံသူဝမ် နင်က ချစ်သူရည်း စားတောင် မရှိသေးပဲ ကလေးမွေးဖို့စဥ်းစားနေ ပြီ စိတ်ကူးကတကယ်ကောင်းတာပဲ”

“နင်နဲ့စကားပြောရတာ စိတ်ပင်ပန်းတယ်”

ဝမ်ကျိယန်က ဒေါသတကြီးဖြင့် အိမ်ထဲသို့ပြန် လည်ဝင်ရောက်သွားသည်။ ချန်အန်ကထိုအမူ အရာကိုကြည့်၍ သူအနိုင်ရတော့မည်ကို သိလို က်ရသည်။ မကြာမီမှာပဲ ထိုအမျိုးသမီးကို ထိန် ချုပ်နိုင်တော့မည် ဖြစ်သည်။ ချန်အန်က သမီး ဖြစ်သူကို ချီလျက် လမ်းလျှောက်နေသည်။ အ ချိန်ကျလျင် အခန်းထဲသို့ ပြန်ပို့ကာ သူမလေး ကို အိပ်စက်စေသည်။

သမီးဖြစ်သူအပေါ် အိပ်ပျော်မန္တန်အသုံးပြုခဲ့ပါ သည်။ မန္တန်ကျွမ်းကျင်မှု +1

အိပ်ပျော်စေသည့်မန္တန်..ပထမအဆင့် 55/100

ချန်အန်က သမီးဖြစ်သူကို စောင်ခြုံပေးပြီးနော က် ဂူရှန်းယု၏ အခန်းထဲသို့ ဝင်သွားလိုက်တော့ သည်။

စိတ်စွမ်းအင် +2

ရွှေလက်ချောင်း ကျွမ်းကျင်မှု +2

ထို့နောက် ချန်အန်က ရေချိုးရန် ပြင်ဆင်ခဲ့သ ည်။ အဝတ်သန့်သန့် တစုံယူကာ ရေချိုးခန်းတံ ခါးကို တွန်းဖွင့်လိုက်သည်။ သို့ပေမယ့် တစုံတ ခုဖြစ်သွားသည်။ ဝမ်ကျိယန်က ရေစည်ဘေး၌ ရပ်၍ တာအိုဝတ်ရုံအား ချွတ်နေလေသည်။ သူ မ၏ပုခုံး ပေါ်မှ လျော့ကျသွားကာ သူမ၏ ဟ င်းရည်သောက် ပန်းကန်လုံးအရွယ် ရင်သားအ စုံကို တွေ့လိုက်ရသည်။ ချန်အန်က မှင်သက်နေ သည်။ ဝမ်ကျိယန်ကလည်း ချန်အန်ကိုတွေ့ပြီး နောက် ကြောင်အနေသည်။

အတန်ကြာမှ ပြုတ်ကျနေသည့် ဝတ်ရုံကိုပြန်ဆွဲ တင်ပြီး ချန်အန်ကို ကြိမ်းမောင်းတော့မည် ဟန် ပြင်လျင် ချန်အန်က သူမ၏ ပါးစပ်ကို အလျင် အမြန် ပိတ်လိုက်သည်။ တချိန်တည်းမှာပဲ သူ့ ရဲ့အဝတ် အစားများကို ဖုံးပေးလိုက်ပြီး သူ့ရဲ့ ဗိုက်ကြွက်သားများက ပေါ်လာသည်။

“လာပါ ငါ့ရဲ့ ရှစ်လုံးကို ပြန်ကြည့်လိုက် ဒါဆို မင်းအတွက် အရှုံးမရှိတော့ပါဘူး”

“ဝူးရ်းးး”

ဝမ်ကျိယန်က သည်းမခံနိုင်တော့ပေ။ ရှက်လွန်း သောကြောင့် ခေါင်းမှ မီးခိုးများပင် ထွက်လုမ တက်ခံစားလိုက်ရသည်။ စိတ်ကိုထိန်းချုပ်ကာ ပိတ်ထားသည့် လက်ကို ကိုက်လိုက်သည်။ သူ မ၏ သွားများပင် ကြေလုမတက် ခံစားလိုက်ရ သည်။ ချန်အန်က လက်ကို အမြန်ဆွဲထုတ်ကာ ဝမ်ကျိယန် ဒေါသမထွက်ခင်မှာပဲ ထွက်သွား တော့သည်။ သူ့တွင် ဝမ်ကျိယန်နဲ့ ပက်သက်၍ အလျင်လိုစရာ မလိုချေ။

………………………………………………..

All Chapters