ကောင်းကင်နီ
Vol. 82 Ch. 1137
“မင်းတို့ အနံ့တစ်ခုခုမရဘူးလား” “နည်းနည်းမူးသလိုပဲ…”
“ဘုန်း”
အနက်ဝတ်လူများသည် နှစ်မိနစ် သုံးမိနစ်အတွင်းတွင်လဲကျသွား သည်။ ထို့နောက် ရှီမာယူယူနှင့်တခြားသူများသည် ရှိနေသည့်နေရာမှ ထွက် လာလေသည်။
“သွားပြီး ကြည့်ကြမယ်”
သူတို့သည် အနက်ဝတ်လူဘေးတွင်ရပ်ကာ သူတို့၏ မျက်နှာဖုံးကို ဆွဲချလိုက်သည်။
“စီနီယာအစ်ကို သူတို့ကို မှတ်မိလား” ရှီမာယူယူသည် ကျန်းကျူရှန့် အားကြည့်လိုက်သည်။
ကျန်းကျူရှန့်သည် ခေါင်းခါလိုက်သည်။
ရှီမာယူယူသည် လက်ထဲမှ မျက်နှာဖုံးကို ပစ်လိုက်သည်။ ထို ရှုပ်ထွေး အောင်လုပ်နေသည့်လူများကို သူမ မသိတော့သည့်ပုံပင်။ သူမသည် ထိုလူ များအားမသိ.. သို့မဟုတ် မှော်နဂါးဂိုဏ်း*ကို ရှုပ်ထွေးအောင် လုပ်သောသူ များကို မသိပေ။ ထိုလူများသည် အစုလိုက်အပြုံလိုက် လူသတ်မှုကို ကျူးလွန် နေသူများနှင့် ပတ်သတ်မှုရှိမရှိကိုလည်း သူမ မသိပေ။ (မှော်နဂါးဂိုဏ်း*- နဂါးကိုးကွယ်ရေးဂိုဏ်းကို မှော်နဂါးဂိုဏ်းလို့သုံးနှုန်းသွားပါမယ်)
“ဒါဘာလဲ မင်းတို့လာပြီးကြည့်လိုက်ဦး” ဟန့်မြောင်ရွှမ်သည် အားလုံး ကို လက်ဝှေ့ယမ်းခေါ်လိုက်သည်။
ရှီမာယူယူသည် လျှောက်သွားရာ မြေဆီတွင် နစ်မြုပ်နေသော ဆုံလည် တစ်ခုကိုတွေ့လေသည်။
ထိုဆုံလည်သည် ရွေ့လျားရန် စွမ်းရည်နည်းနည်းမှပင်မရှိပေ။ အနက် ဝတ်လူများကို မရှင်းလင်းလိုက်ပါက သူတို့ထိုအရာကိုသတိထားမိမည် မဟုတ်ပေ။
“ဂျူနီယာညီမလေး ဒါဘာလဲဆိုတာသိလား” ဟန့်မြောင်ရွှမ်သည် ရှီမာယူယူ လေးလေးနက်နက်လေ့လာနေသည်ကိုမြင်သောအခါ မေးလေ သည်။
“ဒါကိုပထမဆုံးမြင်ဖူးတာပဲ ဒါပေမဲ့ စာအုပ်ထဲမှာ တွေ့မိတာတော့ သေချာနေတယ်” ရှီမာယူယူ ပြောလိုက်သည် “ကြည့်လိုက်ဦးမယ်”
သူမသည် သူမအသိစိတ်ကို ဝိညာဉ်စေတီထဲပို့လိုက်ပြီး သူမ စာကြည့် တိုက်ထဲသို့ သွားကြည့်လိက်သည်။
ရှီမာယူယူ၏ ဝိညာဉ်ခန္ဓာကိုယ်ကိုမြင်သောအခါ ဝိညာဥလေး ပေါ်လာ သည်။
ဝိညာဉ်လေး သူမကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်နေသည်ကို မြင်သောအခါ ရှီမာယူယူသည် စာအုပ်မှ အကြည့်ခွာကာမေးလိုက်သည် “ဝိညာဉ်လေး ဘာဖြစ်လို့လဲ”
“ဝိညာဉ်စေတီတရဲ့ ၄ထပ်မြောက်ကပွင့်သွားပြီ”
ရှီမာယူယူသည် လက်ထဲမှ စာအုပ်ကျလုနီးပါးဖြစ်သွားသည်။ သူမသည် ဝိညာဉ်လေးအားကြည့်ပြီး မေးလိုက်သည် “ငါ အဆင့်တက်တုန်း က ပွင့်သွားတာလား”
ဝိညာဉ်လေး ခေါင်းညိတ်လေသည်။
“ဒါဆိုရင် ငါ့ကိုဘာလို့စောစောစီးစီး မပြောတာလဲ” ရှီမာယူယူသည် သူ့ကို စိုက်ကြည့်လိုက်ရာ မျက်နှာမကောင်းသည်ကို သတိထားမိသဖြင့် မေး လိုက်သည် “ဘာဖြစ်လို့လဲ”
“မင်းတစ်ယောက်တည်းရှိတဲ့အချိန်ကို ၄ထပ်ကို လာပြီးကြည့်လိုက်” ဝိညာဉ်လေး ပြောလိုက်သည်။
“ကောင်းပြီလေ” ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။
သူ၏ အပြုအမူကိုသူမမြင်သောအခါ ထိုနေရာတွင် ကြောက်လန့်စရာ တစ်ခုခုရှိလိမ့်မည်ဟု ခန့်မှန်းမိသည်။
ဝိညာဉ်လေး သူမကို ရှည်ရှည်ဝေးဝေးမပြောသည်မှာ ထိုအကြောင်းကို တခြားသူများကို မသိစေချင်သောကြောင့်ဟုသိသည်။ သို့သော် သူမသည် တခြားသူများနှင့် အမြဲတမ်းရှိနေသည်။
သူမ တစ်ယောက်တည်းလာနိုင်မယ့်အချိန်ကို ရှာရတော့မှာပဲ။
ယခုအချိန်တွင် သူမရှေ့မှ ကိစ္စကို အရင်ဖြေရှင်းသည်က ကောင်းမည်။
သူမသည် စာအုပ်ကိုဆက်ရှာလေသည်။ စာအုပ်များကို အကြိမ် နည်းငယ်လှန်လှောပြီးနောက် တစ်အုပ်ပြီးတစ်အုပ်ပြန်ထားလိုက်သည်။ ဝိညာဉ်လေးသည် သူမဘေးသို့လာပြီး မေးလေသည် “ဘာတွေရှာနေတာလဲ”
“အဲစာအုပ်က ရှေးကျပြီးဟောင်းနေပေမယ့် ထင်သာမြင်သာရှိတဲ့ စာအုပ်ကို မှတ်မိလား နည်းနည်း ပုံမှန်မဟုတ်တဲ့ ရှေးဟောင်းပစ္စည်းတွေ အကြောင်းရေးထားတာလေ” ရှီမာယူယူ မေးလိုက်သည်။
“တစ်… ဒီနေရာက စာအုပ်တွေက ရှေးကျပြီးဟောင်းနေတာပဲလေ နှစ်… အကုန်လုံးက ထင်သာမြင်သာရှိနေတာပဲ ပြီးတော့ သုံး… စာအုပ်အများ စုက ထူးဆန်းပြီးရှေးကျတဲ့ ပစ္စည်းတွေအကြောင်းရေးထားတာပဲ ဘယ်စာအုပ်ကိုလိုချင်တာလဲ” ဝိညာဉ်လေး မေးလိုက်သည်။
ရှီမာယူယူ၏ အမူအရာမှာ အနက်ရောင်အကြောင်းများဖြင့် ပြည့်သွား သည်။ ဒီကောင်တော့…
ရှီမာယူယူသည် ကောင်းကင်တွင် ဆုံလည်၏ ပုံသဏ္ဍာန်ကို ဆွဲလိုက် သည် “ဒီအကြောင်းရေးထားတဲ့စာအုပ်”
ဝိညာဉ်လေးသည် ခေတ္တမျှစဉ်းစားကာ စာအုပ်အားလုံးသည် စာအုပ်စင် မှပျံထွက်လာသည်။ ထို့နောက်တွင် စာရွက်လှန်သံများကြားရပြီး လျင်မြန်စွာ ပင် ရှီမာယူယူအရှေ့တွင် စာအုပ်တစ်အုပ်ပေါ်လာသည်။
“ဒီတစ်ခုလား”
ရှီမာယူယူသည် စာအုပ်ယူကာ နှစ်ရွက်မျှလှန်ပြီးနောက် ပြောလိုက် သည် “ဒီတစ်ခုပဲ ကျေးဇူးပဲ ဝိညာဉ်လေး”
သူမ အပြင်ဘက်သို့အသိစိတ်ပြန်သွင်းလိုက်သည်။ သို့သော် စာအုပ် တစ်အုပ်သည် သူမ လက်ထဲတွင်ပေါ်လာသည်။
“ဒီစာအုပ်လား” ဟန့်မြောင်ရွှမ် မေးလိုက်သည်။
“ဟုတ်တယ်” ရှီမာယူယူခေါင်းညိတ်လိုက်သည်။ သူမ စာအုပ်ဖွင့်လိုက် ရာ ထိုဆုံလည်အကြောင်းကို ရေးထားသည့် စာမျက်နှာကိုတွေ့လိုက်သည်။
“ကောင်းကင်နီကဘာလဲ” စူးရှောင်ရှောင် မေးလိုက်သည်။
“လေဟာပြင်ကို ဖန်တီးနိုင်တဲ့အမျိုးအစားတစ်ခုပဲ ဒါက တကယ့် လေဟာပြင်အစစ်ကို ဆန့်ကျင်တဲ့ လေဟာပြင်ဖြစ်မယ်” ဟန့်မြောင်ရွှမ် ရှင်းပြ လေသည်။
“ဒီလေဟာပြင်က နေရာမှာသုံးလဲ”
“စိတ်ကူးယဉ်တည်ဆောက်မှုလိုမျိုးဟာပဲ… ဖန်တီးချင်ရင် ဖန်တီးလို့ရ တယ် ဒါက စိတ်ကူးယဉ်တည်ဆောက်မှုထက် နည်းနည်းလေးပိုပြီးအဆင့်မြင့် တယ် ဒီအထဲမှာဖန်တီးထားတာတွေက အစစ်တွေပဲ” ရှီမာယူယူ ပြောလိုက် သည်။
“ရွှတ်”
အားလုံးသည် ပင့်သက်ရှိုက်လိုက်ကြသည်။ ဒီလိုအဆင့်မြင့် ပစ္စည်းက ဒီမှာရှိနေတာပဲ။
“အထဲမှာ တစ်ယောက်ယောက်ကိုသတ်ချင်ရင် ဒါကရိုးရှင်းတဲ့ အလုပ် တစ်ခုပဲမလား”
ဒါသာ အမှန်ဆိုရင် အထဲဝင်သွားတဲ့လူအားလုံးက သေမှာမဟုတ်ဘူး လား။
“အဲလောက်တော့ မလွယ်ဘူး” ရှီမာယူယူ ပြောလိုက်သည်။ “အထဲက ဖန်တီးထားတဲ့ ဟာတွေက ဝိညာဉ်အရည်အချင်းတွေနဲ့လုပ်ထားတာ ဝိညာဉ် စွမ်းအင် ပိုသန်မာလေလေ ဖန်တီးတဲ့ပစ္စည်းက အားကောင်းလေလေပဲ စိတ် စွမ်းအင်လည်း ကြီးလေလေပဲ”
“ဒါမကောင်းဘူးပဲ တကယ်ပဲတော်ရုံပစ္စည်းမဟုတ်ဘူးပဲ ဒီပစ္စည်းက ကြောက်ဖို့ကောင်းလိုက်တာ”
“ဒါပေမဲ့ ဒီပစ္စည်းက ပိတ်တောင်သွားပြီ အပြင်ကမဖွင့်ရင် ဒါမှမဟုတ် ပိုင်ရှင်ကမဖွင့်ရင် အထဲကတော့ ပြန်ထွက်လာဖို့အိမ်မက်မမက်နဲ့တော့” ရှီမာယူယူ ပြောလိုက်သည်။
“ခုနက သူတို့က ဆုတ်ခွာဖို့ လမ်းကြောင်းကိုဖြတ်ဖို့ပြောတာ ဒါကို ပြောတာဖြစ်မယ်” အိမ်မက်လေး ခန့်မှန်းလေသည် “ဒီပစ္စည်းကို ပိုင်တာ အဲလူပဲဖြစ်မယ်”
“ဖြစ်နိုင်တယ်” ရှီမာယူယူ ပြောလိုက်သည်။
“အဲတော့ အထဲကလူတွေက ပိုက်ကွန်ထဲမိနေတဲ့လူတွေလို့ ဆိုလိုတာ ပေါ့”
“ကြည့်ရတာ တကယ်ပဲအတုပဲ” ကျန်းကျူးရှန့် သက်ပြင်းချလေသည်။
“ဒါဆိုရင် ငါတို့ဝင်သွားမှာလား”
“ကောင်းကင်နီက ပိတ်တောင်သွားပြီ ဒါကိုမဖွင့်ရင် ဝင်လို့မရဘူး”
“ဒါကိုဖွင့်နိုင်လား”
“မဖွင့်နိုင်ဘူး”
“….”
“ဒါဆိုရင် ဘာလုပ်ကြမလဲ”
အစောပိုင်းက ထိုအနက်ဝတ်လူများသည် အရေအတွက်များသည်။ ထို့အပြင် ထိုပစ္စည်းက သူတို့ကိုကူညီနေသည့်အချက်သည် အထဲမှလူများကို သတ်ရန် မဖြစ်နိုင်သည်တော့မဟုတ်ပေ။
“ဖွင့်လို့နည်းလမ်းရှာရမယ်” ရှီမာယူယူ ပြောလိုက်သည်။
“မဖွင့်နိုင်ဘူးလို့ ပြောလိုက်တာမဟုတ်ဘူးလား”
“အခုတော့ မဖွင့်နိုင်ဘူး ဒါပေမဲ့ ဒီမှာနည်းလမ်းရေးထားတယ်” ရှီမာယူယူသည် လက်ထဲမှ ရှေးဟောင်းစာအုပ်ကို ကိုင်ပြီး အောက်မှ မျဉ်းသားထားသော စာကြောင်းကိုညွှန်ပြလိုက်သည်။
အားလုံးသည် ထိုစာလုံးအသေးများကို ကြည့်ပြီး ပြောလိုက်သည် “ဒါဆိုရင် မြန်မြန်လေ့လာသင့်တယ်”
သူတို့သည် လက်ရှိတွင် သည်ကောင်မလေးသည် ဆိုးညစ်သော အကျင့်ရှိသည်ဟု ခံစားနေရသည်။ သူမသည် သူတို့ကို အကြောင်းအရင်း မရှိ စနောက်ရသည်ကို နှစ်သက်လေသည်။
ရှီမာယူူယသည် စာအုပ်ကိုကိုင်ကာ ဘေးတွင်ထိုင်ပြီး လေ့လာလေ သည်။ အထက်တွင်ရေးထားသည့် နည်းလမ်းကိုအခြေခံပြီး သူမသည် တည်ဆောက်မှုကျောက်တုံးများ၏ ဖရိုဖရဲအခြေအနေကို ပြန်စီစဉ်ရမည်။ စာအုပ်နှင့် အနည်းငယ်သွေဖယ်သည်များရှိသော်လည်း အဆင့်တိုင်းကို အလွန်တွက်ချက်ကာ လုပ်ဆောင်ရသည်။ ထို့ကြောင့်ပင် နှစ်ရက် သုံးရက် ကြာမှပင် သူမ ဖွင့်နိုင်လေသည်။
တည်ဆောက်မှုမှ စွမ်းအင်သည် ယခင်ကကဲ့သို့ပင်။ ထိုအရာသည် အနားမှရပ်နေသောလူတစ်စုကို ဆွဲဆောင်နိုင်ခဲ့သည်။
“ပြီးပြီလား”
“အင်း အခုသွားလို့ရပြီ” ရှီမာယူယူ ပြောလိုက်သည်။
“ဒါဆိုရင် သွားကြမယ်လေ”
“ခဏလေး” ရှီမာယူယူ သူတို့ကိုတားလိုက်သည်။
“ဘာစောင့်နေတာလဲ”
“ညီမတို့ဝင်သွားလို့ ပိတ်မိနေရင်ဘယ်လိုလုပ်မလဲ” ရှီမာယူယူ မေးလိုက်သည် “အဲဒါကြောင့် အပြင်မှာ တစ်ခုခုလုပ်ထားမှဖြစ်မယ်”
သူမသည် ထိုနေရာအားလျှို့ဝှက်ထားရန် တည်ဆောက်မှုအနည်းငယ် ဆောက်ကာ ငှက်လေးနှင့် ဟိန်းသံထောင်ချီကို ခေါ်ထုတ်လိုက်သည်။
“ဒီနေရာကို သာမန်လူတွေမတွေ့အောင် ငါ တည်ဆောက်မှုလုပ်ထား ပြီးပြီ မင်းတို့ဒီမှာရပ်စောင့်နေပေး ဘာတွေဖြစ်လာလာ ဒီပစ္စည်းကို အပိတ်ခံ လို့မရဘူး သိပြီလား”
ငှက်လေးနှင့် ဟိန်းသံထောင်ချီတို့သည် ထိုတောင်းဆိုမှု၏ အရေးကြီးမှု ကို နားလည်သဖြင့် ခေါင်းညိတ်လိုက်သည် “ယူယူ စိတ်ချက်ပါ လိုအပ်ရင် ဒီနားက ငှက်မျိုးနွယ်တွေအကုန်ခေါ်လိုက်မယ်”
“အင်း ဒီနေရာကို မင်းတို့နှစ်ယောက်ကိုအပ်ထားလိုက်ပြီး”
ပြောပြီးနောက်တွင် သူမသည် အားလုံးကိုဦးဆောင်ပြီး လေဟာပြင်သို့ သွားလိုက်သည်။
***