← Chapters

မှန်ကန်စွာ ကျင့်ကြံခြင်း

Vol. 5 Ch. 41

မှန်ကန်စွာ ကျင့်ကြံခြင်း

Vol. 5 Ch. 41

မျက်စိတမှိတ်အတွင်းမှာပဲ တလကျော်ထပ်မံကု န်ဆုံး သွားပြန်သည်။ အလယ်ဗဟိုရဲ့ နေ့ရက် များကတော့ ငြိမ်းချမ်းနေဆဲ ဖြစ်သည်။ တိုက်ပွဲ များက တစတစ ငြိမ်းသတ်ကုန်သည်။ ဂိုဏ်း၂ ခုကြား တိုက်ပွဲ အပြီးသတ်သွားခြင်းမဟုတ်ပေ မယ့် တိုက်ပွဲနယ်မြေကို နှစ်ဖက်ထိစပ်ဒေသသို့ ရွှေ့ပြောင်းနေဟန်ရှိသည်။ အသေးအမွှားတိုက် ပွဲများအစား ထိပ်တိုက်ရင်ဆိုင်တာတွေ ပိုများ လာသည်။

တိုက်ပွဲအဆင့်က ချီစုဆောင်းခြင်း အလယ်ဆင့် နဲ့ အဆင့်မြင့်များ ပါဝင်သည့် အနေထားကိုရော က်သွားသည်။ တိုက်ပွဲက ပို၍လည်း ရက်စက် ပြင်းထန်လာခဲ့သည်။ သို့သော် ထိုအရာက ချန် အန်ကို ထိခိုက်မှု မရှိစေခဲ့ပေ။ ဆေးပညာရှင်တ ဦးဖြစ်၍ အိမ်ပှာပဲနေကာ ဆေးလုံးများသန့်စင် ရန်သာ လိုအပ်သည်။ ယနေ့တွင် ဆေးလုံးများ တသုတ်စာ သန့်စင်ပြီးသွားခဲ့သည်။

ချန်အန်က အနည်းငယ်ပင်ပန်းနေသလို ခံစား နေခဲ့ရသည်။ နံရံကိုမှီ၍ ထိုင်နေခဲ့သည်။ ပြီးလျ င် စနစ်ရဲ့ မျက်နှာပြင်ကို စစ်ဆေးလိုက်သည်။

အမည်…..ချန်အန်

ကျင့်ကြံမှု…..ချီစုဆောင်းခြင်း အဆင့်၅

ကြွယ်ဝမှု….အဆင့်နိမ့်ကျောက်တုံး 502

ဆေးပညာ….ပထမအဆင့် အဆင့်မြင့် 666/2500

စိတ်စွမ်းအင်…ပထမအဆင့် အဆင့်မြင့် 589/2500

ရွှေလက်ချောင်း ကျွမ်းကျင်မှု….423/500

အိပ်ပျော်စေသည့်မန္တန်….108/500

လက်တွဲဖော်များ…ဆောင်ဟွာယင်း။ဂူရှန်းယု

မျိုးဆက်…..ချန်ယုကျန်း

ချန်အန်က သူ့ရဲ့အချက်အလက်များကို အလေ အနက် ကြည့်ရှုနေခဲ့သည်။ အရည်အချင်းများ က သိသိသာသာ တိုးတက်လာခဲ့သည်။ အိပ် ပျော်စေသည့် မန္တန်က ကျွမ်းကျင်နယ်ပယ်ကို ရောက်ရှိနေသည်။ သို့သော်လည်း ကျင့်ကြံမှုက တော့ တိုးမလာသေးချေ။ စနစ်က နည်းလမ်းအ များပြားကို ကောင်းမွန်စေသော်လည်း ကျင့်ကြံ မှုအတွက်တော့ ခက်ခဲနေသေးသည်။ ချန်အန် ကထိုအရာကို စိုးရိမ်နေခဲ့သည်။

ဝါးရွက်အိမ်ရာက ပို၍ ဆိုးလာသည်။ စိတ်စွမ်း အင် အားကောင်း၍ ဆေးပညာမည်မျှမြင့်ပါစေ တကယ့်တိုက်ပွဲတွင်တော့ ထိုအရည်အချင်းများ က အသုံးမဝင်ပေ။ ဝမ်ကျိယန်ကို ခေါ်ဆောင်ရ န် အရှိန်မြင့်ရမယ့်ပုံ ရှိသည်။ သမီးဖြစ်သူ ကြီး ပြင်းလာခြင်းက သူ့ရဲ့လမ်းကြောင်းကို များစွာ အထောက်အကူ ပြုနိုင်လိမ့်မည်။ ဆောင်ဟွာယ င်းလည်း ထို့အတူပဲ။ ချန်ယုကျန်းလေး ကြီးပြင် လာရန် မျှော်လင့်နေသည်။

ထိုအကြောင်းများ တွေးနေစဥ်မှာပဲ အပြင်ဘက် မှ တံခါးခေါက်သံ ကြားလိုက်ရပြီး ဆောင်ဟွာ ယင်း၏ စိတ်လှုပ်ရှားနေသည့် စကားသံထွက် ပေါ်လာသည်။

“ယောက်ျား ထွက်ကြည့်ဦး ယုကျန်းလေးလေ လမ်းစလျှောက်နေပြီ”

ဘာလဲ လမ်းစလျှောက်တာလား။ သူမက ငါးလ အရွယ်ပဲ ရှိသေးတာလေ။ ထပ်မံ မစဥ်းစားနေ တော့ပဲ ဆေးဖော်စပ်ခန်းမှ ထွက်လာခဲ့သည်။ ထို့နောက် ဝမ်ကျိယန်နဲ့ ဂူရှန်းယုတို့၏ စောင့်ကြ ပ်မှုအောက်၌ ယုကျန်းလေးက တုန်တုန်ယင်ယ င်ဖြင့် လျှောက်သွားနေသည်ကို တွေ့လိုက်ရသ ည်။

သူမလေး၏ မျက်နှာက တောက်ပစွာ ပြုံးရယ် နေသည်။ သူမ ဆန္ဒရှိရာ နေရာသို့ သွားနိုင်ပြီဖြ စ်၍ ပျော်နေပုံရသည်။

“ဒါက ဘာကြီးလဲ”

မိဘများ ထွက်လာသည်ကို မြင်လျင် ချန်ယုကျ န်းက ချက်ချင်းဆိုသလို ခြေထောက်တိုတိုလေး များ ထောက်လျက် ပြေးလာသည်။

[သမီးဖြစ်သူမှာ လမ်းလျှောက်တက်သွားပါပြီ ချီစုဆောင်းခြင်း ဆေးတလုံး ဆုချလိုက်သည်။]

အကြောင်းကြားသံ ကြားပြီးမကြာမီ သူ့ရဲ့လက် ထဲ၌ ဆေးလုံးတလုံး ပေါ်လာသည်။ ကြည့်လို က်လျင် ခရမ်းရောင်ဖျော့ဖျော့ ဆေးတလုံးဖြစ် နေသည်။ ချန်ယုကျန်းလေးက ဖခင်ဖြစ်သူ၏ ခြေထောက်အနား ရောက်လာပြီး သူမရဲ့ခန္ဓာကို ယ်ကို ထိန်းမတ်ရန် ချန်အန်ရဲ့ ဘောင်းဘီစကို ဆွဲကိုင်ထားပြီး ပြည့်ဖောင်းနေသည့် မျက်နှာဝို င်းလေးဖြင့် သူမအားချီမရန် ချန်အန်ကို မော့ ကြည့်နေသည်။ ချန်အန်က သမီးဖြစ်သူချီမ၍ ပျော်ရွှင်စွာ လှည့်ပတ်လိုက်သည်။

“ကလေးကို အဲ့လိုမလုပ်နဲ့ ကလေးကျန်းမာရေး အတွက် မကောင်းဘူး”

ဝမ်ကျိယန်က တကယ့်မိခင်တယောက်နှယ် ဒေါ သတကြီး အော်ဟစ်ပြောဆိုလာသည်။ ချန်အန် က သူမကို လျစ်လျူရှုလိုက်သည်။ တခစ်ခစ်ရ ယ်မောနေတဲ့ သမီးဖြစ်သူအား ဆောင်ဟွာယင်း ထံအပ်နှံကာ ဆေးဖော်စပ်ခန်းသို့ လျင်မြန်စွာ သွားတော့သည်။ စနစ်မှ ချီစုဆောင်းခြင်းဆေး တလုံး ဆုပေးခဲ့သည်။

၎င်းကိုစားသုံးရန် မစောင့်နိုင်တော့ပေ။ ထိုဆေး လုံးက သူ့ရဲ့ ကျင့်ကြံမှုကို မည်မျှထိတိုးတက် လာစေမည်နည်း။ တဖက်တွင် ချန်အန်၏ သူမ အပေါ် စိမ်းသက်နေမှုအား ကြည့်ကာ ဝမ်ကျိယ န်မှာ စိတ်မကောင်းဖြစ်နေခဲ့သည်။ ချန်အန်က သူမ၏ ခံစားချက်များကို ကစားနေမှန်းသိပေမဲ့ စိတ်ထဲတွင် အနည်းငယ် ထိခိုက်နေရသည်။

ဆေးဖော်စပ်ခန်းထဲတွင် ဖြစ်သည်။

ချန်အန်က နေရာတခုရှာ၍ မည်သည့်အတွေး များမှ ထပ်မံမတွေးတော့ပဲ ဆေးလုံးကိုမြိုချလို က်သည်။ ဆေးလုံးက အရည်ပျော်ကျသွားပြီး ခန္ဓာကိုယ်အနှံ့ ဖြတ်သန်းစီးဆင်းသွားခဲ့သည်။ ဖြတ်သန်းရာ လမ်းတလျှောက် သွေးကြောများ ချွေးပေါက်များ ကျယ်လာပြီး တကိုယ်လုံးမှာ တွင်းနက်ကြီး တခုပုံစံပြောင်းလဲ သွားသည်။အ လွန်အားကောင်းသည့် စုပ်အားတခုက စွမ်းအင် များကို သူ့ရဲ့ ခန္ဓာကိုယ်ထဲသို့ ချွေးပေါက်များမှ တဆင့် စုပ်ယူနေခဲ့သည်။

ချန်အန်မှာ ခန္ဓာကိုယ်ကို ဓားဖြင့်ခုတ်ပိုင်းနေသ ကဲ့သို့ နာကျင်စွာခံစား နေခဲ့ရသည်။ အချိန်မှာ နှစ်နာရီ နီးပါးကြာမြင့်သွားသည်။ အဆုံး၌ သ တိပေးမှတ်ချက်တခု ထွက်ပေါ်လာသည်။

ကျင့်ကြံမှု…..ချီစုဆောင်းခြင်း အဆင့်၆

ဟူးး…

ချန်အန်က သက်ပြင်းမောကို ချလိုက်မိသည်။ အဆုံး၌ သူက ကျင့်ကြံမှု ဖြတ်ကျော်သွားနိုင်ခဲ့ လေပြီ။ ကျင့်ကြံမှုက သဘာဝကို လွန်ဆန်နေ ခြင်း ဖြစ်သည်။ သမီးဖြစ်သူမွေးဖွားစဥ်က အိ ပ်ပျော်စေသည့် မန္တန်သာရသော်လည်း လမ်း လျှောက်တတ်ချိန်တွင် ချီစုဆောင်းခြင်းဆေး တစ်လုံး ရရှိခဲ့သည်။ နောင်တွင် စကားပြောခြင် ကဲ့သို့ သမီးဖြစ်သူရဲ့ တတ်မြောက်မှု အမျိုးမျိုး အတွက် ဆုလာဒ်များ ရရှိလာနိုင်သေးသည်မ ဟုတ်လား။ ချန်အန်က ထိုအရာများကို မျှော်လ င့်နေသည်။ လိုအပ်ချက်က မခက်ခဲပေ။

သူက အချိန်တိုင်း ချီစုဆောင်းခြင်းဆေးလုံးတ လုံးသာ လိုအပ်သည်။

“ယောက်ျား ညစာစားဖို့အတွက် ထွက်လာခဲ့ပါ ဦး”

ဆောင်ဟွာယင်း၏ အသံကိုကြားလိုက် ရသည် ချန်အန်က မတ်တပ်ရပ်၍ တံခါးဖွင့်ရန် ထလို က်သည်။ သို့သော် ထမင်းစားရန်အတွက် ထွက် မသွားခဲ့ပဲ ဇနီးဖြစ်သူကို ဆွဲခေါ်လိုက်သည်။သူ မက ဆေးဖော်စပ်နည်းများနဲ့ စပ်လျင်း၍ မသင် ကြားရတာ ကြာချေပြီ။

ကိုယ်လက် လှုပ်ရှား အားကစားအစီစဥ်လေးက ဂုဏ်ယူစွာ စတင်တော့သည်။

ဆေးပညာ အတွေ့အကြုံ +3

ဆေးပညာ အတွေ့အကြုံ +3

ဆေးပညာ အတွေ့အကြုံ +3

“ယင်းအာ ဒီနည်းတွေထဲက ဘယ်နည်းလမ်းကို ကြိုက်လဲ”

“ယောက်ျား ငါက ပထမနည်း၂မျိုးကို ကြိုက် တယ် အရမ်းကောင်းလွန်းပါတယ် နောက်တစ် နည်းက ရိုးရှင်းပြီး ကြာလာရင် ငြီးငွေ့လာတတ် တော့ တခြားနည်းလမ်းတွေကို ပြောင်းလဲစမ်း သပ်ကြည့်တာက မမှားပါဘူး”

“ဒါဆို နောက်ထပ်နည်းလမ်းတွေ ထပ်သင်ကြရ အောင်”

“မိန်းမက အဲ့ဒါကိုပဲ မျှော်လင့်နေတာပါ အချိန် ကျလာရင် ယောက်ျားကို စိတ်မပျက်စေရပါ ဘူး”

“ကောင်းပြီ ညစာသွားစားရအောင် ဒီညမင်းကို တခြားနည်းစနစ်တွေ သင်ပေးမယ်”

ပြောဆိုပြီး​နောက် နှစ်ယောက်သားချွေးများကို သုတ်၍ အဝတ်အစားလဲ လိုက်သည်။ မကြာခ င်မှာပဲ ထမင်းစားခန်းသို့ ရောက်ရှိသွားသည်။ ချန်အန်က ထမင်းစားပွဲ၌ ထိုင်စဥ် သူ့ရဲ့မျက်နှာ ချင်းဆိုင်မှာ ရှိနေသည့် ဝမ်ကျိယန်က တစုံတခု ကို သတိထားမိသွားသည်။

“နင်က ဖြတ်ကျော်သွားတာလား”

“ဟုတ်တယ် အဆင့်၅ကနေ အဆင့်၆ ရောက် သွားခဲ့တာပါ”

ချန်အန်က တည်ငြိမ်စွာပဲ ပြန်ဖြေလိုက်သည်။ ဝမ်ကျိယန်မှာ မယုံနိုင်ဟန်ရှိနေသည်။ စတွေ့တု န်းက ချီစုဆောင်းခြင်း အဆင့်၄ မှာသာရှိနေသ ည်ကို သူမ သတိထားမိသည်။ အချိန်အနည်းင ယ်အတွင်းမှာပဲ အဆင့်၆ သို့ရောက်သွားခဲ့ပြီး အဆင့်မြင့်အဆင့်နဲ့ ခြေတလှမ်းသာ ဝေးကွာ တော့သည်။ သူ့ရဲ့ ကျင့်ကြံမှုနှုန်းက မည်သို့ဆ န်းကြယ်နေသနည်း။ သူမက မငြိမ်သက်နိုင် တော့ပေ။ ချန်အနက် သူမရဲ့အမူအရာကို သတိ ပြုမိလျင် အခုချိန်က လှည့်စားရန် သင့်တော်သ ည်ဟု တွေးလိုက်သည်။

“ကျင့်ကြံသူဝမ် ငါပြောခဲ့ဖူးပါတယ် သဘာဝရဲ့ လမ်းကြောင်းအတိုင်း လျှောက်လှမ်းတတ်ဖို့လို တယ် လူသားဆန်တဲ့စိတ်ဆန္ဒနဲ့ လိုအင်တွေကို အလွန်အကျူး ဖိနှိပ်မထားနဲ့ အဲ့ဒါကမှ တကယ့် နည်းလမ်းအမှန် ကျင့်ကြံခြင်းပဲ မင်းအခု အဆ င့်၈ ကို ရောက်နေတာက မင်းကိုယ်တိုင်ပါရမီပါ နေလို့ပဲ ဆန္ဒတွေကို ထိန်းချုပ်ထားလို့ မဟုတ် ဘူး”

ဒါတကယ်ကြီးလား။ ဝမ်ကျိယန်က တုန်လှုပ် သွားရသည်။ သူမရဲ့ ကျင့်ကြံမှုနဲ့ပက်သက်ပြီး ခံယူချက်က မှားယွင်းနေသည်လား။ သူ့ရဲ့ဆိုလို ရင်းကို ထိမှန်သွားသည်အား မြင်လျင် ထပ်၍ မပြောတော့ပေ။

……………………………………………….

All Chapters