← Chapters

ဆွေးနွေးတိုင်ပင်ကြခြင်း

Vol. 5 Ch. 42

ဆွေးနွေးတိုင်ပင်ကြခြင်း

Vol. 5 Ch. 42

ရက်အနည်းငယ် ကုန်ဆုံးသွားသည်။

ကောင်းကင်က လင်းစပြုနေပြီး အပြင်ဘက်၌ လေအေးအေးများ တိုက်ခတ်နေသည်။ မနေ့ည က မိုးရွာခဲ့၍ ဖြစ်နိုင်သည်။ လေထုက အနည်း ငယ် အေးစက်နေသည်။ ချန်အန်က ညင်သာစွာ နိုးထလာခဲ့သည်။ ချန်ယုကျန်းက သူ့ရဲ့ရင်ဘတ် ပေါ်၌ ချိုမြစွာ အိပ်ပျော်နေသည်။ သူမရဲ့ ပါးစ ပ်ထောင့်မှ သွားရည်စလေးများပင် စီးကျနေသ ည်။ သူက ဦးခေါင်းကိုတဖက် လှည့်ကြည့်လိုက် သည်။ ဆောင်ဟွာယင်းမှာလည်း သမီးဖြစ်သူ လိုပင် အိပ်ပျော်နေသည်။

ချန်အန်က ပြုံး၍ သူမတို့၏ သွားရည်စများကို သုတ်ပေးလိုက်သည်။ ပြီးနောက် အဝတ်အမြန် လဲကာ ထွက်လာခဲ့သည်။ သူက ဆေးဖော်စပ်ခ န်းသို့ သွားကာ မကြာခင်က သန့်စင်ထားသည့် လက်ကျန် ပစ္သည်းများကို ထပ်မံသန့်စင်ရသည် ဝါးရွက်ဂိုဏ်းကို ပို့ဆောင်ပေးရန် ဖြစ်သည်။

ဝါးရွက်ဂိုဏ်း ပို့ဆောင်ရေးဌာန…

ချန်အန်က ဆေးသေတ္တာကို ယူပြီးဝင်ရောက် သွားသည်။ ယခုအချိန်တွင် အဆင့်နိမ့်ကျင့်ကြံ သူများလည်း ဝင်ရောက်လုပ်ကိုင် နေကြပြီဖြစ် သည်။ သူတို့က ယခုမှနိုးထလာပုံရှိပြီး မျက်လုံး များက ညိုမည်းနေသည်။ ချန်အန်က ထိုသူတို့ ကိုကြည့်ရင်း သနားမိသွားသည်။ ပင်ပန်းမှုက လူမည်မျှ သေဆုံးစေသနည်း သူမသိနိုင်ပေ။ တကယ့်ကို လူသားစားသည့် လောကတခုဖြစ် သည်။

ကျင့်ကြံသူများက သာမန်သူများအပေါ် ကောင် မွန်စွာ မဆက်ဆံချေ။ အစွမ်းထက် ကျင့်ကြံသူ များကလည်း အဆင့်နိမ့်ကျင့်ကြံသူများအပေါ် ထိုနည်းတူပင် ဖြစ်သည်။ ချန်အန်က ထိုသူများ ကို ကျော်ဖြတ်ကာ စစ်ဆေးရေးဌာနသို့ ရောက် သွားခဲ့သည်။ ထောက်ပံ့ရေးဌာနမှ တဦးကချန် အန်၏ ဆေးသေတ္တာကို ယူဆောင်ကာ စစ်ဆေး သည်။ ခနကြာလျင် ထိုသူကပြုံး၍ စနောက်သ ည်။

“ဆေးဆရာချန် မင်းရဲ့စွမ်းရည်တွေ တိုးတက် လာပြီပဲ မကြာခင်မှာ ဒုတိယအဆင့်ဆေးပညာ ရှင်ဖြစ်တော့မယ်”

“အကြီးအကဲဟောင် မင်းက မြှောက်ပင့်နေတာ ပဲ”

ချန်အန်က ယဥ်ယဥ်ကျေးကျေးပဲ ပြန်ပြောလို က်သည်။ ချန်အန်က ဆေးသေတ္တာကို ပြန်ဆွဲယူ ကာ အမြန်ပင် ထွက်လာခဲ့သည်။ သူက ဒီနေရာ ၌ ကြာကြာ မနေချင်ပေ။ သို့သော် ခြေလှမ်းအန ည်းငယ် လှမ်းပြီးချိန်တွင် အကြီးအကဲဟောင်မှ တားဆီးလိုက်သည်။

“စကားမစပ် ဆေးဆရာချန် ​နောက်ရက်မှာ ဆေးလုံးထောက်ပံ့မှုက နောက်ထပ် ၂၀ ရာနှုန်း ထပ်တိုးလိမ့်မယ်”

နောက်ထပ် ၂၀ ရာနှုန်းလား။

ထိုအရာက ကျောက်တုံး၂၀၀ ကျော်တန်ဖိုးရှိနေ ပြီ ဖြစ်သည်။ ချန်အန်က မျက်မှောက်ကြုတ်လို က်သည်။ မကျေနပ်သော်လည်း မည်သည့်စ ကားမှ ပြန်မပြောခဲ့ချေ။

“ကောင်းပြီ ငါနားလည်တယ်”

ခနတော့ သည်းခံရမည်။ သူသာ အဆင့်မြင့်ဖြ စ်လာပါက ဝါးရွက်ဂိုဏ်းကပင် သူ့ကိုဆွဲဆောင် ရန် ကြိုးစားလာရမည်။ ချန်အန်က အိမ်သို့ပြန် ရောက်လျင် ဆေးများကို ထပ်ဖြည့်ကာ ထွက်ခဲ့ ပြန်သည်။ ထောက်ပို့ဌာနသို့ မသွားခဲ့ပေ။ ထိုအ စား စျေးသို့သွားကာ ရောင်းချခဲ့သည်။ ထိုအချ င်းအရာက နေ့စဥ်အလုပ်တခု ဖြစ်သည်။

ဝါးရွက်ဂိုဏ်းအား ဆေးလုံးပို့ဆောင်ပြီးနောက် အချိန်ပိုရှာကာ ငွေရှာလေ့ရှိသည်။ မကြာမီစျေး ကို ရောက်ရှိသွားသည်။ ချန်အန်က စျေးဆိုင်မ ထွင့်လိုက်ပေ။ ထိုအစား ရောင်းဝယ်ရေးဆိုင်တ ခုစီ တန်းသွားလိုက်သည်။ ဤဆိုင်က ဝါးရွက်ဂို ဏ်းနှင့်သက်ဆိုင်ခြင်း မရှိပဲ ရတနာခန်းမဟူသ ည့် ကုန်သည်နဲ့သာ သက်ဆိုင်သည်။ အနှီကုန်သ ည်ကြီးအသင်းက ရွမ်ဟွမ်မြို့အနီး ပြန့်နှံစွာတ ည်ရှိနေသည်။ ဝါးရွက်ဂိုဏ်း သံနက်ဂိုဏ်း မည် သည့် ဂိုဏ်းဖြစ်စေ ရတနာခန်းမကဲ့သို့ ကုန်သ ည်များနဲ့ ချိတ်ဆက်ရမည်။

ရတနာခန်းမကို ရွှမ်ဟွမ်ဂိုဏ်းက အကာအကွ ယ်ပြုထားသည်။ ထိုအတွက် ဝါးရွက်ဂိုဏ်းမှ သေအောင်တိုက်ခိုက်လျင်ပင် ထိခိုက်လိမ့်မည် မဟုတ်ချေ။ နောက်ဆုံးတွင် ရွမ်ဟွမ်းဂိုဏ်းက အခြေတည်ဝိဉာဥ်အဆင့် ကျွမ်းကျင်သူရှိသည့် ဂိုဏ်းကြီးတခု ဖြစ်သည်။ သူ့ကို မည်သူကမှ မ စော်ကားဝံ့ချေ။

ဆိုင်သို့ရောက်လျင် ကောင်တာသို့တိုက်ရိုက်ဝင် သွားကာ ဆေးများကို ရောင်းချလိုက်သည်။ ဝ ယ်စျေးက မမြင့်ပေ။ ကိုယ်တိုင်ဆိုင်ဖွင့်ရောင်း ခြင်းထက် ဆယ်ပုံတပုံ လျော့နည်းသည်။ သို့ သော် ဖောက်သည်စောင့်ခြင်း ဆိုင်ခင်းခြင်းစ သည့် အချိန်ကုန်စရာများ လုပ်စရာမလိုတော့ ပေ။ ချန်အန်အတွက် ဆိုင်ခင်းရန် အချိန်မရှိပေ ရတနာခန်းမကို ရောင်းချရန်သာ ရွေးချယ်စရာ ရှိသည်။

“ဆေးပညာရှင်ချန် မင်းရဲ့ဆေးလုံးတွေက အရ ည်သွေးပိုကောင်းလာတာပဲ မင်းကဆယ်နှစ်အ တွင်း ဒုတိယအဆင့်ဆေးပညာရှင်တောင် ဖြစ် လာနိုင်ချေရှိတယ်”

ရတနာခန်းမမှာ ဆိုင်ရှင်လျှိုကလည်း မချီးမွမ်း ပဲ မနေနိုင်တော့ပေ။ ချန်အန်က ပြောလိုက်သ ည်။

“ဆိုင်ရှင်လျှို မင်းကတကယ်ကောင်းမွန်တဲ့လူပဲ”

ထိုသို့ပြောပြီးလျင် ရတနာခန်းမ၏ ထူးဆန်းမှု ကို စဥ်းစားမိကာ ချန်အန်က နောက်ခံတခုရှာလို နေသည်။ ထို့ကြောင့် ဆိုင်ရှင်လျှို့ကို မေးလိုက် သည်။

“ဆိုင်ရှင်လျှို ငါက ရတနာခန်းမရဲ့ ဘယ်ဌာနကို ဝင်ရောက်နိုင်လဲ”

“ဒါက မင်းရဲ့ရွေးချယ်မှုအပေါ် မူတည်တယ်”

“ဆေးပညာနဲ့ပက်သက်တဲ့ ရာထူးရှိလား”

“ သေချာရှိတာပေါ့ ဒါပေမယ့် ဒုတိယအဆင့်က ပဲ စပြီးအရည်အချင်းမီတယ် နောက်ပြီးကျင့် ကြံရေး လိုအပ်ချက်လည်း ရှိသေးတယ်”

ဆိုင်ရှင်လျှို့က မုတ်ဆိတ်များကို ပွတ်သပ်ကာ ပြုံး၍ ပြောလိုက်သည်။ လိုအပ်ချက်များက မြ င့်လွန်းနေသည်။ ချန်အန်က တွက်ချက်လိုက်သ ည်။ ပြီးနောက် ပြုံးရွှင်စွာဖြင့် ကျေးဇူးတင်စ ကား ပြောလိုက်သည်။

“မေးခွန်းတွေကို ဖြေပေးလို့ ကျေးဇူးတင်ပါတ ယ်”

ပြီးနောက် လုပ်စရာအလုပ်မရှိကြ၍ နှစ်ဦးသား ပေါ့ပေါ့ပါးပါး စကားလက်ဆုံကျနေခဲ့သည်။ ချ န်အန်က အချက်အလက်များ ပိုသိချင်နေခဲ့သ ည်။ ဂိုဏ်း၂ခုကြား တိုက်ပွဲနဲ့ပက်သက်၍ ဆိုင်ရှ င်လျှို၏ အတွေးကို မေးမြန်းခဲ့သည်။ အဆုံး၌ ဝါးရွက်ဂိုဏ်းက အနည်းငယ် အားနည်းသည် ဟု သူသိခဲ့ရသည်။ ထိုဂိုဏ်း၂ခု နောက်တွင် ရွှေ အမြူတေအဆင့် ဘိုးဘေးတဦးစီရှိပြီး သံနက် ဂိုဏ်းရဲ့ ဘိုးဘေးက ပို၍ အားကောင်းသည်။

ဤသည်က သံနက်ဂိုဏ်းအနေဖြင့် ယခုကဲ့သို့ အစွမ်းကုန် တိုက်နေခြင်းရဲ့ အကြောင်းရင်းဖြစ် နိုင်သည်။ အချိန်ကျလျင် ချန်အန်က နှုတ်ဆ က်လိုက်သည်။ စျေးမှ ပြန်မထွက်ခွာခင် ရောင်း ချရမှ ရရှိသည့် ကျောက်တုံးများကို အကုန်စင် သုံးစွဲလိုက်သည်။ ရတနာခန်းမ မှ အစီအရင်အ ဆောင်အမျိုးမျိုးကို ဝယ်ယူခဲ့သည်။ ဝါးရွက်ဂို ဏ်း၏ လက်ရှိအနေထားကို အကောင်းမမြင်နို င်တော့ပေ။ သူ့ကိုယ်သူ ကာကွယ်ရန် လိုအပ်သ ည်။

အိမ်ပြန်ရောက်တော့ နောက်ကျနေပြီ ဖြစ်သည် ဆောင်ဟွာယင်းတို့ သားအမိက စောစီးစွာအိပ် စက်သွားပြီ ဖြစ်သည်။ ဝမ်ကျိယန်ကလည်း အ ခန်းထဲ၌ လေ့ကျင့်နေသည်။ ဂူရှန်းယုသာ ဧည့် ခန်း၌ ရှိနေသည်။

“ယောက်ျား”

ချန်အန်ကို မြင်လျင် သူမရဲ့မျက်နှာလေးက ရွှင် ပြသွားသည်။ အရင်လို အေးစက်မနေပေ။ ချန် အန်က သူမကိုကြည့်ကာ ကြည်နူးသွားသည်။

“ယုအာ ဆေးပညာအတွက် ငါနဲ့ ဆေးဖော်စပ်ခ န်းကို လိုက်ခဲ့ပါ”

“ဟုတ်ကဲ့”

နှစ်ဦးသား ဆေးဖော်စပ်ခန်းသို့ ဝင်သွားကြသ ည်။ မကြာမီ… ..

စိတ်စွမ်းအင်…+2

စိတ်စွမ်းအင်…+2

စိတ်စွမ်းအင်…+2

သူ့ရဲ့စိတ်စွမ်းအင်က အနည်းငယ်တိုးတက်လာ သည်။ ချန်အန်က သူမကို ဆေးပညာရပ်များ အား အခြေခံမှစ၍ သင်ကြားပေးခဲ့သည်။ ဥပ မာ.. ဆေးပင်များခွဲခြားခြင်း ပြန်လည်အသုံးပြု ခြင်း ဆေးမီးဖိုထိန်းချုပ်ခြင်း တို့ဖြစ်သည်။ ထို အရာများ သင်ပေးရခြင်းမှာ သူမကိုလက်ထော က်တဦးအဖြစ် ပျိုးထောင်လိုခြင်း ဖြစ်သည်။

ဆေးသန့်စင်ရန်အတွက်ကတော့ မေ့ထားရမည် ဆေးပညာမှာ လူတိုင်းမသင်နိုင်ပေ။ ဆေးပညာ ကိုလေ့လာပြီးနောက် ဂူရှန်းယုမှာ အိပ်စက်ရန် ပြန်ထွက်သွားခဲ့သည်။ ချန်အန်က မပင်ပန်းသေ ပေ။ ထို့ကြောင့် ဆေးများကိုဆက်၍ သန့်စင်နေ ခဲ့သည်။ ဆေးဖော်စပ်ခန်း တံခါးပိတ်ခါနီးတွင် လှပသည့် အသွင်တခုပေါ်လာသည်။

ဝမ်ကျိယန်ဖြစ်သည်။ သူမက ယခင်ကဲ့သို့ မဝ တ်စားထားပဲ လှပသည့် အဖြူရောင်ဘရိုကိတ် ကို ဝတ်ဆင်ထားသည်။

“ငါနင့်ကို ပြောစရာရှိတယ်”

“ဘာလဲ”

“အထဲမှာ ပြောကြရအောင်”

ဝမ်ကျိယန်က ပါးလွှာသည့် နှုတ်ခမ်းများကို အ သာဖိကိုက်ကာ ဆေးဖော်စပ်ခန်းထဲသို့ ဝင်ရော က်သွားလိုက်သည်။

………………………………………………..

All Chapters