အပြန်အလှန်စွဲဆောင်ခြင်း
Vol. 5 Ch. 43
ဝမ်ကျိယန်က သူမရဲ့လက်နှစ်ဖက်ကို တင်းကျ ပ်စွာ ပိုက်ထားသဖြင့် ကြီးမားတင်းရင်းသည့် သူမရဲ့ ပေါက်စီနှစ်လုံးမှာ ထင်းထွက်နေခဲ့သည် လှပတောင့်တင်းသည့် ကိုယ်ကို တံခါးပေါင်ပေါ် မှီထားပြီး မျက်နှာသည်လည်း အနည်းငယ်နီရဲ နေသည်။
သူမက ရေချိုးထားသည့်ပုံရှိပြီး ဆံစများကစိုစွ တ်နေသေးသည်။ မက်မွန့်ပန်းရနံ့များထုတ်လွှ တ်နေပြီး သူမရဲ့ ဆွဲဆောင်မှုကို လွန်ဆန်ရန်မ လွယ်ကူချေ။ ဆောင်ဟွာယင်းတို့၏ အလှနဲ့ယှ ဥ်ပါက ဝမ်ကျိယန်ရဲ့ ရင့်ကျက်တဲ့အလှကို သူ က ပိုသဘောကျမိသည်။
ချန်အန်က စိတ်ကို ထိန်းချုပ်လိုက်ရသည်။
“ကျင့်ကြံသူဝမ် ဘာပြောစရာရှိလို့လဲ”
သူက အပေါ်ယံသာတည်ငြိမ်နေသော်လည်း စိ တ်ထဲမှာတော့ ဘုရားပွဲလှည့်နေသလားပင်။ ဝမ် ကျိယန်မှ အတားဆီးအလွှာအား ဖြတ်ကျော်စေ ချင်သည်။ ဝမ်ကျိယန်ရဲ့ စကားက အဆုံးမှာ တော့ သူ့အထင်နဲ့ လွဲချော်နေခဲ့လေပြီ။
“အင်း….ငါ့မှာ အိမ်ငှားခပေးဖို့ အတွက် ငွေမရှိ တော့ဘူး တန်ဖိုးရှိတဲ့ ရတနာတခုခု ပေးလို့ရနိုင် မလား”
ဒါပြောဖို့လား။ ချန်အန်တယောက် စိတ်ပျက် သွားမိသည်။ သူက တိတ်ဆိတ်နေသည်ကို မြင် လျင် ဝမ်ကျိယန်က ထပ်မေးပြန်သည်။
“ရနိုင်မလား”
“ရပါတယ် ဒါပေမယ့် မင်းပြောချင်တာဒါပဲလား အခြားကော မရှိတော့ဘူးလား”
ချန်အန်က လက်မလျော့ခဲ့ပေ။ အနှီမိန်းမလှက ထိန်ချန်ထားသည်ဟု သူထင်နေသည်။ကံဆိုးစွာ ဖြင့် ဝမ်ကျိယန်က မည်သည့်စကားမှ ထပ်မ ပြောလာတော့ပေ။
“အခြားပြောစရာမရှိပါဘူး ဒါပဲလေ”
လေထုက နည်းနည်းတင်းမာလာသည်။ ဆေး ဖော်စပ်ခန်းက တိတ်ဆိတ်လွန်းသောကြောင့် နှ စ်ဦးသား နှလုံးခုန်သံကိုပင် အတိုင်းသားကြား နေရသည်။ အဆုံးမှာတော့ ချန်အန်ကပဲ စကား စလိုက်ရသည်။
“ကျင့်ကြံသူဝမ် မင်းရဲ့ငွေတွေ ဘယ်တုန်းကကု န်သွားတာလဲ”
“လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပါ”
“ချီစုဆောင်းခြင်း အဆင့်၈ မှာရှိတဲ့သူက ဒီ လောက်ပဲ စုဆောင်းထားခဲ့တာလား”
“ငါ့ရဲ့ဝင်ငွေက အခြေခံစရိတ်အတွက်ပဲ လော က်ငှတယ် ကျင့်ကြံစရိတ်က မြင့်တယ်လေ”
“အရင်တုန်းက ဝိဉာဥ်ကျောက်တုံးတွေ မင်းဘ ယ်လိုရှာခဲ့လဲ”
“နတ်ဆိုးသားရဲတွေကို အမဲလိုက်တယ် ဒါပေမဲ့ အခုဝါးရွက်ဂိုဏ်းက အပြင်ပေးမထွက်တော့ဘူ ဒီတော့ ဝင်ငွေလည်း လျော့သွားတာပေါ့”
“ဒါဆို အဆင်မပြေဘူးပဲ”
အခန်းက ပြန်လည်တိတ်ဆိတ် သွားပြန်သည်။ လေထုက ထူးဆန်းလာပြီး ချန်အန်က သူမရဲ့ နီရဲရဲ နှုတ်ခမ်းတစုံအား ကြည့်ရင်း ပူလောင်နေ သလို ခံစားလာရသည်။ ချန်အန်က မထိန်းချုပ် နိုင်တော့ပဲ သူမအနားကပ်လိုက်သည်။ သူကလ က်လှမ်းလိုက်ပြီး သူမကို ရင်ခွင်ထဲထည့်၍ နမ်း လိုခဲ့သည်။ သို့သော် သူ့လက်အစုံက ထိမသွား ခဲ့ပေ။
“ဆေးဆရာချန် ငါတို့ဆက်ဆံရေးက ဘာမို့လို့ လဲ နင်ကငါ့ကို ထိပါးချင်နေတာလား”
ဝမ်ကျိယန်ရဲ့ မျက်နှာက သိသာစွာနီရဲနေသော် လည်း စကားများက အေးစက်နေသည်။ ချန်အ န်က သူမနဲ့ ဆက်ဆံရေးကို နွေးထွေးလိုပြီး အ နာဂတ်တွင် ပိုမိုအဆင်ပြေလိုခဲ့သည်။ သို့သော် အေးစက်သည့် စကားလုံးများကြောင့် ငြိမ်သ က်သွားရသည်။ ချန်အန်က လက်ကိုပြန်ရုတ်၍ ပြုံးလိုက်သည်။
“ခုနက လက်နည်းနည်းထုံသွားလို့ပါ လေ့ကျင့်ခ န်းလုပ်လိုက်တာ သက်သာသွားပါပြီ”
ချန်အန်က ဆေးဖော်စပ်ခန်းထဲမှ ထွက်ခွာသွား ခဲ့သည်။ သူမကဲ့သို့ မာနကြီးသည့်မိန်းမများရဲ့ အလိုကို လိုက်လျောခြင်းက ကောင်းမွန်သည့် လက္ခဏာ မဟုတ်ပေ။ နောင်တွင် ဦးညွှတ်နေရ လိမ့်မည်။
ထွက်သွားတာလား။ ဒီတိုင်းကြီးလား။ ဝမ်ကျိ ယန်က သူမကိုယ်သူမ သံသယဝင်သွားခဲ့သည် ခက်ခက်ခဲခဲ ကစားမိသွားသည်ကိုလဲ နောင်တ ရနေခဲ့ပြီး ချန်အန်အတွက် ဒေါသများနောင်တ များ ခံစားလိုက်ရသည်။ နောက်ရက်များ၌ သူမ ရဲ့ ဆက်ဆံရေးက ပို၍ အေးစက်လာသည်။ ပုံမှ န်အားဖြင့်တောင် ပြောဆိုခြင်း မရှိတော့ချေ။
ဆန့်ကျင်ဘက်အနေဖြင့် ချန်အန်က ဇနီးများကို ဆက်ဆံတိုင်း ပိုမိုအားထည့်ကာ တညလုံးအသံ များကြောင့် အိပ်မပျော်ရန် ကြိုးစားခဲ့သည်။ သူ က အရာအားလုံးကို သေချာနားလည်သည်။ နေ့ ရက်များက တဖြေးဖြေးနဲ့ နှစ်လကျော် ကုန်ဆုံး သွားခဲ့သည်။ ချန်ယုကျန်းက ရှစ်လအရွယ်ရှိနေ ပြီး သူမရဲ့အရပ်အမြင့်က တစ်မိတာနီးပါးဖြစ် လာခဲ့သည်။ ချန်အန်က ကူရာမဲ့စွာဖြင့် သက်ပြ င်းချလိုက်ရသည်။ ဝိဉာဥ်အရင်းအမြစ်ရှိသည့် ကလေးများက ထူးဆန်းသည်။ သူမက တနှစ်ပ င်မပြည့်သေးသော်လည်း ၃နှစ်အရွယ် သာမန် ကလေးများနဲ့ တူညီနေခဲ့လေပြီ။ တုန်တုန်ယင် ယင် လမ်းလျှောက်ရာမှာ တည်ငြိမ်စွာ လှည့်ပ တ်သွားလာနိုင်နေပြီ။ သို့သော် စကားအနေဖြင့် အဖေ အမေ လို့တော့ မခေါ်တတ်သေးချေ။
ဝိဉာဥ်အရင်းအမြစ်ရှိသည့် ကလေးများကကြီး ထွားနှုန်း မြန်ဆန်ပြီး စကားပြောတတ်ရန်က တော့ သာမန်ကလေးများနဲ့ မကွဲပြားပေ။ ချန်အ န်က သူ့ရဲ့ မျှော်လင့်ချက်များနဲ့ ပက်သက်၍ အ လိုလောဘများမိ သွားသည်ဟု ခံစားနေရသည် တနှစ်မပြည့်ခင်မှာပဲ စကားပြောတတ်ရန် မျှော် လင့်တော့သည်။ ချန်အန်က ခေါင်းကိုငုံ့ကိုင်းလို က်ပြီး သူ့လက်ကိုဆွဲ၍ လမ်းလျှောက်နေသည့် ယုကျန်းလေးအား ကြည့်လိုက်သည်။ သူမသာ စကားပြောလာပါက စနစ်မှ ဆုလာဒ်များရနိုင် သည်မဟုတ်လား။
တချိန်တည်းမှာပဲ သမီးဖြစ်သူရဲ့ အဖေ ဟူသ ည့် အသံလေးအား ကြားချင်နေခဲ့မိသည်။ ထိုခံ စားချက်က အလွန်ပင် ကောင်းမွန်မည်မှာ သေ ချာပါသည်။ ချန်အန်က သမီးဖြစ်သူကို သူ့ရဲ့အ ရှေ့သို့ ပို့ကာ သင်ကြားပေးနေခဲ့သည်။ သို့သော် သမီးဖြစ်သူကတော့ တခစ်ခစ်သာ ရယ်မောနေ ခဲ့သည်။ ချန်အန်က အလျင်မလိုပေ။ စိတ်ရှည် စွာနဲ့ သင်ကြားပေးနေခဲ့သည်။ အချိန်အနည်းင ယ်ကြာပြီးချိန်မှာတော့ ချန်အန်ရဲ့စိတ်ရှည်မှုက ဆက်ရှိနေသော်လည်း သမီးဖြစ်သူကတော့ စိ တ်မရှည်တော့ပေ။ ကိုယ်ပေါ်မှ တွန့်ခါ၍ ဆင်း ချင်လာသည်။ သူမက မြေပေါ်၌ ပြေးလွှားချင် နေသည့် အတွက် ချန်အန်က လွှတ်ပေးလိုက်ရ သည်။
ဆင်းပြီးပြီးချင်းပင် ချန်ယုကျန်းက မြင်းတ ကောင်ကဲ့သို့ ပြေးလွှားနေသည်။ ချန်အန်က သူ မအနောက်မှ နေ၍ လိုက်ပါကြည့်ရှုရင်း အမှတ် မထင် စနစ်ရဲ့ မျက်နှာပြင်ကို စစ်ဆေးလိုက်သ ည်။
အမည်…ချန်အန်
ကျင့်ကြံမှု…..ချီစုဆောင်းခြင်း အဆင့်၆
ကြွာ်ဝမှု….အဆင့်နိမ့်ကျောက်တုံး 555
ဆေးပညာ…ပထမအဆင့် အဆင့်မြင့် 1066/2500
စိတ်စွမ်းအား…ပထမအဆင့် အဆင့်မြင့် 998/2500
ရွှေလက်ချောင်း…..1111/2500
အိပ်ပျော်စေတဲ့မန္တန်….233/500
လက်တွဲဖော်များ….ဆောင်ဟွာယင်း။ဂူရှန်းယု
မျိုးဆက်….ချန်ယုကျန်း
အမည်…..ဆောင်ဟွာယင်း
ဂုဏ်သတ္တိ…ကျေးဇူးတရားကိုအဆများစွာပြန် လည်ပေးဆပ် ပါမည်
ဆေးပညာအတွေ့အကြုံ…1024
ရွှေလက်ချောင်း…468
ဆက်ဆံရေး…ကြယ်၃ပွင့် 1314/2500
အမည်…..ဂူရှန်းယု
ဂုဏ်သတ္တိ…သစ္စာရှိပြီး ရိုးသားသူ
ဆက်ဆံရေး…ကြယ်၃ပွင့် 520/2500
စိတ်စွမ်းအား…998
ရွှေလက်ချောင်း….623
“ယောက်ကျား မကောင်းတော့ဘူး”
ချန်အန်က စနစ်ရဲ့ အချက်အလက်များကို ကြ ည့်ရှူနေခဲ့သည်။ အသံထွက်ပေါ်လာချိန်တွင် သူ ကြည့်လိုက်ရာ စိုးရိမ်တကြီးဖြစ်နေသည့် ဆော င်ဟွာယင်းကို တွေ့လိုက်ရသည်။
“ယောက်ျား အစ်မဝမ်က အထုတ်အပိုးတွေပြင် ပြီး ထွက်သွားဖို့လုပ်နေတယ် ငါတို့နဲ့အတူမနေ တော့ဘူးလို့လည်း ပြောနေတယ်”
“ဟုတ်လား”
ချန်အန်က တခဏတာ မှင်သက်သွားခဲ့သည်။ ဝမ်ကျိယန်က ပေါက်ကွဲနေခြင်းဖြစ်ပြီး ချန်အန် ကသူမအပေါ် အေးစက်စက်နေခဲ့၍ ဖြစ်သည်။ အဖြစ်အပျက်များကို သိရန် ချန်ယုကျန်းကိုချီ ၍ သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။
………………………………………………..