← Chapters

ဝမ်ကျိယန် ဒဏ်ရာရခြင်း

Vol. 5 Ch. 44

ဝမ်ကျိယန် ဒဏ်ရာရခြင်း

Vol. 5 Ch. 44

ဝမ်ကျိယန်၏ အခန်းထဲသို့ရောက်သွားချိန်တွင် သူမက အထုတ်အပိုးများ အသင့်ဖြစ်နေခဲ့သည် ဂူရှန်းယုက ဆက်လက်စွဲဆောင်နေသော်လည်း သူမကိုယ်၌က စကားပြောမကျွမ်းကျင်သူ ဖြစ် သောကြောင့် မထိရောက်ပေ။

“ကျင့်ကြံသူဝမ် မင်းကဒီမှာ အဆင်ပြေနေတာပဲ ဘာလို့ ထွက်သွားချင်နေတာလဲ”

ချန်အန်က ယုကျန်းကိုချီလျက် ဝမ်ကျိယန်ဆီ အလျင်စလို သွားလိုက်သည်။ ဝမ်ကျိယန်က ထို စကားကိုကြားလျင် တချက်ပင် လှည့်မကြည့်ပဲ အေးစက်စွာဖြင့် ပြန်ဖြေသည်။

“ငါ့မှာ အိမ်ငှားခပေးဖို့ ပိုက်ဆံမရှိတော့ဘူး”

“ပိုက်ဆံကိစ္စက ထားလိုက်ပါ နောက်မှငါ့ကိုပြန် ပေးလည်း ရတယ် အခုကာလ ကြပ်တည်းနေ တာပုံမှန်ပဲလေ”

“ကျင့်ကြံတာက ကောင်းကင်ကို အန်တုနေတာပဲ ငါက နတ်ဆိုးသားရဲတွေကို အမဲလိုက်ရင်းတနေ့ သေဆုံးသွားနိုင်တယ် နင့်အိမ်ငှားခကို မပေးနိုင် မှာ မစိုးရိမ်ဘူးလား”

“ကျင့်ကြံသူဝမ် မင်းက ကံကောင်းတဲ့သူပါ ကျ င့်ကြံရေးလမ်းကြောင်းကလည်း ချောမွေ့နေတာ ပဲလေ တဝက်တပျက်နဲ့ မသေဆုံးနိုင်ပါဘူး”

“တကယ်ကံကောင်းမယ်ဆိုရင် အိမ်ငှားခမပေး နိုင်တဲ့ ဒီလိုအဖြစ်မျိုး ကြုံမှာမဟုတ်ဘူး”

သူမက ဝမ်းနည်းစွာဖြင့် ပြောလာသည်။ စကား ပြောနေရင်းပင် အိတ်များကိုမကာ ထွက်ခွာရန် ပြင်သည်။ ဝမ်ကျိယန် မထွက်သွားချင်မှန်း ချန် အန်သိပါသည်။ သို့သော် သူက ဆွဲထားလျင် သူမက ဆက်၍ မောက်မာနေပေဦးမည်။ လူကဲ ခတ် နားလည်သည့် ဆောင်ဟွာယင်းက သူမ ယောက်ျားရင်ခွင်ထဲမှ ကလေးကို ချီယူလိုက်သ ည်။ ဝမ်ကျိယန်ရဲ့ အရှေ့သို့လျှောက်သွားကာ သူမအနေဖြင့် ထွက်သွားရန် မလိုအပ်ဟု ပြော လိုက်သည်။ ဝမ်ကျိယန်က ပြန်ပြောသည်။

“ညီမယင်းအာမှာ တယောက်တည်းမဟုတ်ပါ ဘူး ယောက်ျားရှိပြီး သူကထူးချွန်တော့ ကလေး ကို စောင့်ရှောက်နိုင်မှာပါ”

ဆောင်ဟွာယင်းက ချန်အန်ကို နှိမ့်ချပြောဆိုလို က်ပြီး သူမယောက်ျားအနေဖြင့် ကလေးကိုထိန် သိမ်းရာ၌ ဝမ်ကျိယန်ကို မီမည်မဟုတ်ဟု ပြော ဆိုလိုက်သည်။ ထိုစကားများကို ကြားလျင် ဝမ် ကျိယန်က အဆင်ပြေသွားသည်။ သူမသာ ဝန် ထုပ်ဝန်ပိုး မဖြစ်စေပါက ထွက်မသွားတော့ဟု ပြောလာသည်။ ဆောင်ဟွာယင်းလက်ထဲမှ ချန် ယုကျန်းလေးကို ချီလိုက်ပြီး ချန်အန်ကိုကြည့် ၍ ပြောလိုက်သည်။

“ငါ့သမီးလေးကြောင့် ဆက်နေလိုက်မယ် ဒီအ တွက် အမြင်မမှားနဲ့ အိမ်ငှားခကိုလည်း နောက် လကစ ပုံမှန်ပေးမယ်”

​ထိုသို့ပြောပြီးနောက် ချန်ယုကျန်းနဲ့ဆော့ကစား ရန် ခြံဝန်းထဲသို့ ထွက်ခွာသွားတော့သည်။ ချန် အန်က သူမရဲ့စိတ်ကို သိနေပြီး သူမကစိတ်ဆိုး နေခြင်း ဖြစ်သည်။ ထိုနောက်မှာတော့ ဆက်ဆံ ရေးက ပုံမှန်ပြန်ဖြစ်လာသည်။ ချန်အန်က ဝမ် ကျိယန်ကို ခက်ခက်ခဲခဲ ကစားနေခြင်းမှ ရပ်တ န့်လိုက်သည်။ သူ့တွင် စိတ်အားထက်သန်မှု မရှိ တော့ပေ။

ထိုရက်များ၌ ဝမ်ကျိယန်က စောလျင်စွာထွက် ခွာသွားပြီး နောက်ကျမှ ပြန်ရောက်လာသည်။ တခါတရံ၌ ရက်အနည်းငယ်ကြာမှ ပြန်လာတ တ်သေးသည်။ ချန်အန်က သူမငွေဘယ်လိုရှာ နေသလဲ ဆိုတာကို သိချင်နေသည်။ သူမရဲ့အ ကြောင်းကို တီးခေါက်လိုခဲ့သော်လည်း ဝမ်ကျိ ယန်က ယုန်ကလေးနှာစေးနေသည် ဆိုသကဲ့သို့ မည်သည့်အကြောင်းမှ ပြန်မပြောခဲ့ပေ။ နောက် ရက်များ၌ ချန်အန်က ဆေးဖော်စပ်ခန်းထဲတွင် ဆေးများကိုသန့်စင်နေခဲ့သည်။ ချန်ယုကျန်းနဲ့ အချိန်ကုန်းဆုံးခြင်း ရတနာခန်းမသို့ ဆေးများ သွားရောက်ရောင်းချ ခြင်းတို့ ပြုလုပ်တတ်သ ည်။

ဆိုင်ရှင်နဲ့ ဂိုဏ်း၂ခုကြား တိုက်ပွဲကို မေးမြန်းနေ တတ်သည်။ အဆုံး၌ သတင်းဆိုးများသာ ကြား ခဲ့ရပြီး ဝါးရွက်ဂိုဏ်းက အခြေနေဆိုးရွားနေခဲ့ သည်။ ချန်အန်က အန္တရာယ်ကို စတင်ခံစားလာ ခဲ့ရသည်။ ကျင့်ကြံမှုကို မြင့်တင်ရန် လိုအပ်နေ ပြီမဟုတ်လား။ ထိုသို့လုပ်ချင်ပါက သမီးဖြစ် သူကြီးထွားရန် စောင့်မနေသင့်တော့ပေ။ ဝမ် ကျိယန်နဲ့ ဆက်ဆံရေးသာ မြင့်တင်ရတော့မည် ထိုအတွက် ငြင်းခုံ၍ မရတော့ချေ။

နေ့ရက်များက ထိုတိုင်းသာ ကုန်ဆုံးသွားခဲ့သည် မျက်စိတမှိတ် အတွင်းမှာပဲ အိမ်ငှားခပေးချေရ မည့် နေ့ရက်သို့ရောက်လာသည်။ ထို့နေတွင် ချ န်အန်က ဆေးသန့်စင်ရန် ဆေးဖော်စပ်ခန်း၌ ရှိ နေခဲ့သည်။ ထိုအချိန် ဝမ်ကျိယန်ရဲ့ အသံကိုသူ ကြားလိုက်ရသည်။

“အဆင်ပြေရင် အိမ်ငှားခ ထွက်ယူပါဦး”

ခရက်ခ်

တံခါးကိုဖွင့်လိုက်လျင် သွေးများရွှဲစိုနေသည့် ဝမ်ကျိယန်အား အပြင်ဘက်၌ တွေ့လိုက်ရသ ည်။ အိမ်ငှားခ သက်သာသည့် ဘောင်ချာအား လွှဲပြောင်းပေးရင်း ပြောလာသည်။

“ဒါက အိမ်ငှားခသက်သာစေတဲ့ ဘောင်ချာပါ ဒါနဲ့ငါက နှစ်လစာ သက်သာသွားပါပြီ”

ချန်အန်က ပေါ့ပေါ့ပါးပါးပဲ ယူကြည့်ပြီးဘေး ဖယ်ထားလိုက်သည်။ သူ့ရဲ့အကြည့်များက ဝမ် ကျိယန်ဆီ ရောက်သွားရသည်။ သွေးများ….။ သူမက သွေးများဖုံးလွှမ်းနေပြီး ထိုသွေးများက နတ်ဆိုးသွေးများ မဟုတ်ပဲ လူသွေးများဖြစ်ပြီး သူမရဲ့သွေးများလည်း မဟုတ်ပေ။ ချန်အန်က သူမကို မေးလိုက်သည်။

“ကျင့်ကြံသူဝမ် မင်းက ဝါးရွက်ဂိုဏ်းအတွက် ရန်သူတွေကို သတ်ပေးနေတာလား”

“အဲ့ဒါ ဘာဖြစ်လဲ အဲ့ဒါမှမလုပ်ရင် ငါ့မှာဘာလု ပ်စရာရှိမှာလဲ အဓိက အိမ်ငှားခကို ပုံမှန်ပေးနေ ဖို့ပဲ မဟုတ်လား”

“ကျင့်ကြံသူဝမ်”

“ပြောစရာမရှိတော့ဘူးဆိုရင် သွားတော့မယ် သွေးနံ့ကပြင်းလွန်းတော့ ရေချိုးမှရမယ်”

ဝမ်ကျိယန်က ချန်အန်ကိုစည်းရုံးခွင့် မပေးပေ။ ရေချိုးခန်းဆီ လျှောက်သွားခဲ့သည်။ ထိုသို့ဖြင့် နောက်ထပ် တလခွဲထပ်မံကုန်ဆုံး သွားပြန်သ ည်။ ထိုကာလများအတွင်း သူမကသွေးများဖြင့် နေ့စဥ် ပြန်လာပြီး ချန်ယုကျန်းက တွေ့တိုင်း ကြောက်လန့်၍ ငိုနေခဲ့သည်။ ချန်အန်းကဆေး လုံးများပေးပို့ရင်း ရတနာခန်းမ၌ မေးမြန်းရာမှ ဝမ်ကျိယန်က ခေါင်းဆောင်တဦးဖြစ်လာကြော င်း သိခဲ့ရသည်။

ထို့နောက် ချန်အန်က ဝမ်ကျိယန်ကိုအကြိမ်ကြိ မ်တားမြစ်ပြီး အန္တရာယ်များကြောင်း ပြောဆို နေခဲ့သည်။ ဝမ်ကျိယန်ကတော့ ဂရုမစိုက်ခဲ့ပေ။ ပြန်လာတိုင်း အထိခိုက်မရှိပဲ လဝက်ကြာမြင့်ပြီ ချိန်တိုင်း အိမ်ငှားခသက်သာစေသည့် ဘောင် ချာအား ပေးအပ်လေသည်။ ဝမ်ကျိယန်ရဲ့ ပြင်း ထန်သည့် ပုံစံကိုတွေ့လျင် သူက ဇနီးများအား အကူညီတောင်းသော်လည်း တတ်နိုင်သည့်အ ရာမရှိခဲ့ပေ။ သူမက အကြိမ်အချို့ ခေါင်းဆော င်ဖြစ်ခဲ့ပြီး သူမက သံနက်ဂိုဏ်းမှလူများကိုသ တ်သရွေ့ အိမ်လခ ပူစရာမလိုတော့ပေ။ နော က်ထပ် လဝက် ကုန်ဆုံးသွားပြန်သည်။

ထိုနေ့၌ ဖြစ်သည်။ ချန်အန်က ဇနီးများနဲ့အချိန် ကုန်ဆုံးနေခဲ့သည်။ ညဘက်၌ ဆေးများကိုပုံမှန် သန့်စင်နေခဲ့ပြီး ထိုအချိန်တွင် တံခါးအပြင်ဘ က်မှ ဆောင်ဟွာယင်း၏ အထိတ်တလန့်အသံ ကို ကြားလိုက်ရသည်။

“ယောက်ျား တခုခုမှားနေပြီ အစ်မဝမ်ဒဏ်ရာရ လာတယ် ရင်ဘတ်မှာလည်း သွေးတွေကြီးပဲ ခြံရှေ့ရောက်တာနဲ့ သူမက မူးလဲသွားတယ်”

ခရ်က်

ချန်အန်က ချက်ချင်းပဲ တံခါးကိုဖွင့်လိုက်ပြီး ဆောင်ဟွာယင်းနဲ့အတူ ခြံဝန်းသို့ သွားလိုက်သ ည်။

……………………………………………..

All Chapters