.....
Vol. 5 Ch. 45
ချန်အန်က ခြံဝန်းရှေ့သို့ အမြန်သွားလိုက်သည် ဂူရှန်းယုက အရေးပေါ်ကုသနည်းဖြင့် ဝမ်ကျိယ န်ရဲ့ ဒဏ်ရာကို သွေးတိတ်စေရန် ကုသပေးနေ လေသည်။ ဝမ်ကျိယန်ရဲ့ ရင်ဘတ်ပေါ်တွင် ဒ ဏ်ရာ တခုရှ်နေပြီး ထိုအရာက ဓားဒဏ်ရာဖြစ် ကာ အရိုးကိုပင် မြင်နိုင်သည်အထိ ပြင်းထန်နေ သည်။
အဖြေအတွက် မေးနေစရာမလို သံနက်ဂိုဏ်းနဲ့ တိုက်ပွဲမှ ရလာခြင်းဖြစ်မည်။ ချန်အန်က သူမ ကိုပွေ့ချီလိုက်ပြီး ဆေးဖော်စပ်ခန်းထဲသို့ ခေါ် ဆောင်သွားသည်။ မကြာခင်မှာပဲ အဆင့်၂ဆေး တမျိုးကို တိုက်ကျွေးလိုက်သည်။ ထိုဆေးက ဒ ဏ်ရာအနာများကို လျင်မြန်စွာကျက်စေသည်။ ဆေးကြောင့် ဖြူဖျော့နေတဲ့သူမရဲ့မျက်နှာလေး က သွေးရောင်သမ်းလာသည်။
“ယင်းအာ ရေနွေးစိမ်ထားတဲ့အဝတ်ယူပေး ယု အာ ဗီဒိုထောင့်စွန့်က ကုသရေးဆေးလုံးအချို့ ထုတ်ပေးဦး”
ချန်အန်နဲ့သူ့ဇနီးများက ဝမ်ကျိယန်ရဲ့ ဒဏ်ရာ ကို အလေးအနက်နဲ့ ဂရုတစိုက်ကုသပေးနေခဲ့ သည်။ သူမအတွက် စိုးရိမ်နေကြသည့် ချန်အန် တို့ရဲ့ အမူအရာကိုမြင်တော့ အသက်ရှင်နေသေ သည့်အပေါ် ဝမ်းသာသွားရသည်။
“အစ်မဝမ် သက်သာရဲ့လား”
“အစ်မဝမ် ရေနွေးတခွက်ယူပေးမယ်”
ဝမ်ကျိယန်တယောက် သတိရလာသည်ကိုမြင် လျင် ဆောင်ဟွာယင်းတို့လည်း စိတ်သက်သာ ရာရ သွားတော့သည်။ ချန်အန်က အနားရှိအပ် နှင့် အပ်ချည်ကို ယူလိုက်သည်။ ဝမ်ကျိယန်ကို ကြည့်၍ ပြောသည်။
“အနာကိုချုပ်ပြီး ပတ်တီးစည်းပေးဖို့ မင်းရဲ့အဝ တ်အစားနည်းနည်း ချွတ်ရလိမ့်မယ် ဒါမှ အဆ င်ပြေသွားမှာ”
ချန်အန်ရဲ့ စကားကို ကြားသော်လည်း ဝမ်ကျိ ယန်က ခေါင်းမာနေပြီး သူမရဲ့အဝတ်အစားမျာ ကို ချွတ်ခွင့်မပေးပေ။ သူမရဲ့ မျက်လုံးများက နိရဲနေပြီး ချန်အန်ကိုလည်း တင်းမာစွာပြောလာ သည်။
“ငါတို့ဆက်ဆံရေးက ဘာလဲ ယောက်ျားနဲ့မိန်းမ ထိတွေ့ဖို့ မသင့်ဘူးလေ”
“အချိန်မီ မကုသရင်နောင်မှာ အမာရွတ်ကျန်နေ လိမ့်မယ်နော်”
ချန်အန်က တည်ငြိမ်စွာဖြင့်ပြောလိုက်ပြီး သူမ ရဲ့ ကြယ်သီးများကို ဖြုတ်ရန်လက်လှမ်းလိုက် သည်။ ဒီတခါ၌ သူမက မတားခဲ့သလို ချန်အန် ကိုလည်း ကြည့်မနေခဲ့ပေ။ ချန်အန်က သူမရဲ့ အဝတ်အစားများကို ချွတ်နေသည်အား ခံစားမိ နေပြီး မကြာမီ ပိုးသတ်ထားသည့် ငွေအပ်များ က စတင်လှုပ်ရှားလာသည်။
“နာရင်ပြောပါ”
ဝမ်ကျိယန်က တိတ်တဆိတ်သာရှိနေပြီး ထိုအ ရာက ချန်အန်ရဲ့စကားကို သဘောတူညီခြင်းဖြ စ်သည်။ ချန်အန်က လျင်မြန်စွာပဲ ချုပ်နှောင်မှု ကို စတင်လိုက်ပြီး အစမှအဆုံးထိ အတတ်နိုင် ဆုံး ညင်ညင်သာသာ လုပ်ဆောင်ပေးခဲ့သည်။ သို့သော်လည်း ဝမ်ကျိယန်တယောက် နာကျင် နေပုံရှိပြီး တခါတရံ တိုးသက်စွာ ညည်းလေ့ရှိ သည်။
“ကျင့်ကြံသူဝမ် ဒဏ်ရာက ချုပ်ပြီးပြီ ယင်းအာ တို့ကို ရေချိုးခန်းထဲ လိုက်ပို့ခိုင်းလိုက်မယ် မင်း ရဲ့ကိုယ်ပေါ်က သွေးတွေကို ဆေးပြီးရင် ပတ်တီ စည်းပေးမယ်”
ဝမ်ကျိယန် မတုန့်ပြန်ပဲ ခြေထောက်များကို စ တင်လှုပ်ရှားလိုက်သည်။ သူမက ကုတင်ပေါ်မှ ထထိုင်၍ ရေချိုးခန်းသို့ သွားသည်။ ထိုအချင်း အရာကို မြင်လျင် ဆောင်ဟွာယင်းတို့က သူမ အနားလျှောက်သွားလိုက်ပြီး ကူညီပေးရန်လိုက် ပါသွားသည်။ ရေချိုးသန့်စင်ပြီးနောက် သူမက ပြန်ရောက်လာသည်။ အနားယူရန် သူမရဲ့အခ န်းထဲသို့ ပြန်သွားခဲ့သည်။
“ကျင့်ကြံသူဝမ် ပတ်တီးစည်းပေးဖို့ ရောက်လာ တာပါ”
အခန်းထဲမှ တုန့်ပြန်မလာပေ။
“ငါဝင်ခဲ့မယ်”
ချန်အန်က ချက်ချင်းပဲ တံခါးဖွင့်လိုက်ပြီး သူမ အနားသို့ သွားသည်။ ကုတင်ဘေးတွင်ထိုင်၍ သူ့ဘက်ကို ကျောပေးထားသည့် သူမအားပြော လိုက်သည်။
“ဒဏ်ရာကိုပတ်တီးစီးဖို့ အဝတ်ချွတ်ရလိမ့်မယ် စိတ်ထဲမရှိရင်တော့ ငါကူညီပါရစေ”
“ကိုယ့်ဘာကိုယ် လုပ်လိုက်မယ်”
ဝမ်ကျိယန်ရဲ့မျက်နှာက နီရဲနေသော်လည်း အ သံက အေးစက်နေသည်။ ချန်အန်က တိတ်ဆိ တ်နေပြီး ခနအကြာ သူမရဲ့ နှင်းကဲ့သို့ဖြူလွှနေ သည့် အသားအရေထွက်ပေါ်လာသည်။ ထိုနော က် ချုပ်ရာများရှိနေသည့် ဓားဒဏ်ရာက ထွက် ပေါ်လာသည်။ ဝမ်ကျိယန်မှာ အသက်၃၀ ကျော် နေသော်လည်း အသားရေနုနယ်ပြီး ချောမွေ့သ ည်။ သူမက ဆောင်ဟွာယင်းတို့ထက် နိမ့်ကျမှု မရှိပေ။ ချန်အန်က သူမရဲ့အသားအရေအထိအ တွေ့ကြောင့် အာရုံပျက်ပြားမှု မရှိခဲ့ပေ။ သူမရဲ့ ဒဏ်ရာကိုသာ အချိန်ပြည့် အာရုံစိုက်ထားခဲ့သ ည်။
ပတ်တီးစည်းနေရင်းဖြင့် ချန်အန်က ဒဏ်ရာရရှိ လာစေသည့် အကြောင်းအားမေးမြန်းနေခဲ့သ ည်။ ဝမ်ကျိယန်က သံနက်ဂိုဏ်းနဲ့ တိုက်ပွဲကိစ္စ ကို ပြောပြလိုက်ပြီး တဖက်တွင် အခြေခံတည် ဆောက်ခြင်း တဦးပါဝင်လာခြင်းကြောင့် သူမ အနေဖြင့် ထိပ်တိုက်ရင်ဆိုင်ခြင်းမှ ဒဏ်ရာရခဲ့ ခြင်းဖြစ်ကြောင်း ဝါးရွက်ဂိုဏ်းမှ အခြေခံတည် ဆောက်ခြင်းအဆင့် ပညာရှင်ရောက်ရှိလာသော ကြောင့် သူမလွတ်မြောက်လာရကြောင်းကို ချန် အန်အား ပြောပြလိုက်သည်။
ကျင့်ကြံမှုအရ အဆင့်၈နဲ့ အခြေခံတည်ဆောက် ခြင်းကြား ကွာဟမှုကြီးပြီး တဖက်လူက သူမရဲ့ အလှအပကို စွဲမက်သွားခဲ့၌ အသက်ရှင်လျက် ခေါ်ဆောင်ရန် ကြိုးပမ်းခဲ့ခြင်းကြောင့်သာ မဟု တ်ပါက သူမအတွက် လွတ်မြောက်စရာလမ်းမ ရှိပေ။ ပတ်တီးစည်းခြင်းက ပြီးဆုံးသွားလေပြီ။
“ကျင့်ကြံသူဝမ် နောင်မှာ အိမ်လခအတွက် သံ နက်ဂိုဏ်းကို မတိုက်ခိုက်ပါနဲ့တော့”
“အိမ်လခ မပေးနိုင်ရင် ဘယ်လိုလုပ်မလဲ”
“ငါပေးမယ်”
အခန်းက မထင်မှတ်ထားစွာ တိတ်ဆိတ်သွားသ ည်။ လေထုကလည်း ထူးဆန်းလာသည်။ ချန် အန်က သူမအနားတိုးကပ်သွားပြီး လက်နှစ်ဖ က်ဖြင့် သူမကို ပွေ့ဖက်လိုက်သည်။ ပြီးနောက် သူမရဲ့ နားအနားကပ်ကာ တီးတိုးပြောလိုက်သ ည်။
“ကျင့်ကြံသူဝမ် ငါကမင်းရဲ့လက်တွဲဖော်ဖြစ်ပါ ရစေ မင်းကို ဂရုစိုက်ပေးမှာပါ”
ချန်အန်ရဲ့ ပွေ့ဖက်မှုကြောင့် ဝမ်ကျိယန်လည်း တုန်ယင်သွားသည်။ သူမက ရုန်းကန်ချင်သော် လည်း အဆုံး၌ လက်ခံလိုက်ရသည်။
“နင်က အဆင့်၆ ပဲရှိသေးတာ ငါ့ကိုဘယ်လိုကာ ကွယ်ပေးမှာလဲ”
“တနှစ်အတွင်း ဒါမှမဟုတ် အများဆုံးနှစ်နှစ်ထဲ နဲ့ ငါက ဒုတိယအဆင့်ဆေးပညာရှင် ဖြစ်တော့ မှာပါ”
ချန်အန်က သူ့ကိုယ်သူ ယုံကြည်မှုရှိသည်။ ဝမ် ကျိယန်က မည်သည့်စကားမှ ထပ်မံမပြောဆို တော့သလို သူမအနေဖြင့် ဟန်ဆောင်ငြင်းပယ် နေစရာလည်း မရှိတော့ချေ။ ဒုတိယအဆင့်ပ ညာရှင်များက အခြေခံတည်ဆောက်ခြင်းအဆ င့်ထက် ရှားပါးကာ အဖိုးတန်သည်။ ချန်အန်က သူမရဲ့နားရွက်အနီး တိုးကပ်၍ မေးလာသည်။
“ကျင့်ကြံသူဝမ် မင်းက ငါ့ရဲ့လက်တွဲဖော်ဖြစ်လို သလား”
“နင်က ကုတင်ပေါ်ထိတက်လာပြီး ငါ့ကိုလည်း ဖက်ထားသေးတယ် ဒါတောင်ငါ့ဆန္ဒကိုမေးနေ သေးတာလား”
ဝမ်ကျိယန်ရဲ့ အသံကနူးညံ့နေပြီး မျက်နှာလေး ကလည်း နီရဲနေသည်။ ချန်အန်က စိတ်လှုပ်ရှား လာသလို ခံစားလိုက်ရသည်။
“ဒီည ယင်းအာတို့ရဲ့ အသံကိုမကြားချင်ဘူး ငါ့အသံပဲ သူတို့ကြားစေရမယ်”
ဝမ်ကျိယန်က ရှက်ရွံတုန်လှုပ်စွာဖြင့် သူမရဲ့ဆန္ဒ ကို ဖွင့်ဟ လာသည်။ ချန်အန်က သွေးဆောင်ခံ လိုက်ရသည်။
“ဒဏ်ရာဒီလောက်ပြင်းထန်နေတာ မင်းအနားယူ သင့်တယ်”
“ဆန္ဒရှိနေတာ ငါပါနော်”
“ဒါပေမဲ့ မင်းမှာက ဒဏ်ရာ..”
“ဆေးဆရာချန် အဆင့်၈ ကျင့်ကြံသူရဲ့ ခန္ဓာကို ယ်မာကြောမှုအပေါ် နင်က နားလည်မှုလွဲနေတာ လား”
ဝမ်ကျိယန်က လုံးဝမရှက်တော့သည့်ဟန်ဖြင့် သူမရဲ့ စိတ်အတွင်းဗီဇကို ထုတ်ဖော်လာသည်။ သူမလို လူကပင် ယခုလောက်ပြောနေရပါက မှားယွင်းနေပြီ မဟုတ်လား။ ထိုအတွက် ဆက် ၍ မစဥ်းစားပဲ ဆုံးဖြတ်လိုက်သည်။
“ခဏစောင့်ဦး ဖယောင်းတိုင်အရင်မှုတ်လိုက်”
“ကောင်းပြီ”
ချန်အန်က ဝမ်ကျိယန်ရဲ့စကားအတိုင်း ကုတင် ဘေးမှ ဖယောင်းတိုင်မီးကို ငြိမ်းသတ်လိုက်သ ည်။ ပြီးနောက် သူမဘေး၌ လဲလျောင်းလိုက်သ ည်။
………………………………………………..