….
Vol. 5 Ch. 46
မီးစွမ်းအင် အရင်းအမြစ် +1
မီးစွမ်းအင် အရင်းအမြစ်…ပထမအဆင့် 1/100
နောက်တနေ့မနက်၌ ချန်အန်ကစောစီးစွာ နိုးထ လာပြီး စနစ်ရဲ့မျက်နှာပြင်ကို စစ်ဆေးလိုက်သ ည်။ စိတ်ပျက်ရမလား ပျော်ရမလား သူမသိ တော့ချေ။ မူလက ကျင့်ကြံမှုနဲ့ ပက်သက်ပြီး တခုခုရမည်ဟု ထင်ခဲ့ပေမဲ့ အဆုံးမှာတော့ မီး စွမ်းအင် အရင်းအမြစ်သာ ရရှိလာခဲ့သည်။ သို့ သော်လည်း ထိုအရာက ဆိုးဝါးသည်တော့ မဟု တ်ပေ။ အဘယ်ကြောင့်နည်း ဆေးပညာရှင်တ ဦးအနေဖြင့် မီးထိန်းချုပ်ခြင်းက အလွန်အရေး ပါသည်။
မီးထိန်းချုပ်နိုင်သည့် အရည်အချင်းကောင်းမွန် လေ ဆေးလုံးရဲ့အာနိသင်မှာ တိုးမြင့်လာလေဖြ စ်သည်။ ထို့အပြင် မီးစွမ်းအား အရင်းအမြစ်တ ခုကြောင့် ကျင့်ကြံမှုအကန့်သတ်မှာ တိုးမြင့်လာ ပြီး သာမန်အရင်းအမြစ်သာ ရှိထားသူသည် အ ခြေခံတည်ဆောက်ရေးအဆင့် ထိသာကျင့်ကြံ နိုင်ပေသည်။ အလယ်အလတ်အရင်းအမြစ်မျာ က ရွှေအမြူတေအဆင့်ထိ ကျင့်ကြံနိုင်ပြီး ထိပ် တန်းအရင်းအမြစ်များကတော့ အခြေတည်ဝိ ဉာဥ်အဆင့်ထိ ထောက်ပံ့နိုင်သည်။
ထို့အပြင် ထိပ်တန်းလွန်အဆင့်များ သူတော်စင် အဆင့်များ အင်မော်တယ်များ စသည်ဖြင့် ..
ချန်အန်က ထိုအကြောင်းအရာကို တွေးမိလျင် စိတ်လှုပ်ရှားလာခဲ့သည်။ မီးစွမ်းအင် အရင်းအ မြစ်ကလည်း သူ့အတွက် အကျိုးမရှိသည်တော့ မဟုတ်ပေ။ ပိုတောင်ကောင်းနိုင်သေးသည်။ဝမ် ကျိယန်ရဲ့ အချက်အလက်များကို ဖွင့်စစ်လိုက် သည်။
အမည်……ဝမ်ကျိယန်
ဂုဏ်သတ္တိ…ထူးကဲအလှတရားနဲ့မွေးရာပါစွမ်း ရည်
ဆက်ဆံရေး….ကြယ်တပွင့် 1/100
မီးစွမ်းအင်အရင်းအမြစ်….1
သူမရဲ့ပင်ကိုယ်စွမ်းရည်တဲ့လား။ မျှော်လင့်ခဲ့သ လိုပင် သူမက သာမန်ကျင့်ကြံသူများထက် ပိုမို မြင့်မားသည့် ပါရမီရှိနေခဲ့သည်။ ချန်အန်က တိ တ်တဆိတ်ပြုံးနေခဲ့သည်။ အဝတ်အစားလဲကာ ဝမ်ကျိယန်အပေါ် စောင်ခြုံပေးလိုက်ပြီးနောက် အခန်းထဲမှ ထွက်လာခဲ့သည်။ ဆေးမဖော်စပ်မီ ဗိုက်ပြည့်ရန် တခုခုစားရပေဦးမည်။ အိမ်ငှားခ လား နှစ်ဦးစပ်တူ လုပ်စရာမလိုတော့ချေ။သူတို့ က လက်တွဲဖော်များ ဖြစ်သွားကြလေပြီ။
သူ့အတွက်တော့ သူမတို့ကြား ခွဲခြားဆက်ဆံ နေမှာတော့မဟုတ်ပေ။ အကုန်လုံးအား တန်းတူ ဆက်ဆံနိုင်ပါသည်။ ကိုယ်လက်သန့်စင်ပြီးနော က် ထမင်းစားပွဲသို့ ရောက်လျက် ဇနီးဖြစ်သူမှ ယုကျန်းလေးကို ပွေ့ချီလျက် မနက်စာစားနေသ ည်ကို တွေ့လိုက်ရသည်။ သူ့သမီးလေးက ကိုး လကျော်အရွယ် ရောက်နေပြီဖြစ်သည်။ သူမက မိခင်နို့ ဖြတ်ခံထားရပြီး ယာဂုအပျော့လေးများ စားသောက်နိုင်နေပြီ ဖြစ်သည်။
“ယောက်ျား နင့်အတွက် ယာဂုသွားယူပေးမယ်”
ဂူရှန်းယုက ချန်အန်ကိုမြင်လျင် စားပွဲမှထကာ မနက်စာယူဆောင်ပေးရန် ပြင်သည်။ ချန်အန် က ပြုံး၍ ပြောလိုက်သည်။
“မလိုပါဘူး ကိုယ့်ဘာသာ ယူလိုက်ပါ့မယ်”
ထိုသို့ပြောပြီးနောက် ယုကျန်းလေးဘက်လှည့် ကာ အနည်းငယ်ကျီစားလိုက်သည်။ ပြီးလျင် မီးဖိုခန်းထဲသို့ သွားလိုက်သည်။
“ယောက်ျား ငါလိုက်ခဲ့မယ်”
ဂူရှန်းယုက အနောက်မှ ကပ်လိုက်လာသည်။ချ န်အန်က သူမကိုမတားမြစ်ခဲ့ပေ။ သူက အေးစ က်သည့် ကိုယ်လုပ်တော်လေးကို ပစ်ထားခဲ့မိသ ည် မဟုတ်လား။ ချန်အန်က သူမကိုအနားတွင် ထိုင်စေပြီး ယာဂုတပန်းကန် အလျင်မြန်စား လို က်သည်။ စားသောက်ပြီးသည်နှင့် ချန်အန်က ပြတင်းပေါက် တံခါးများကို ပိတ်လိုက်သည်။ သူ့အနေဖြင့် ရေခဲကိုယ်လုပ်တော်လေးကို အ ရေဖျော်ရမည့် အချိန်ဖြစ်သည်။
အချိန်က နှစ်နာရီနီးပါး ကြာမြင့်ပြီးလျင် နှစ်ဦး သား အခန်းထဲမှ ထွက်လာကြသည်။ ချန်အန် က ဆေးဖော်စပ်ခန်းသို့ သွားပြီး ဆေးလုံးများ သန့်စင်နေခဲ့သည်။ မနက်ပိုင်း၌ ဆေးသန့်စင် ကာ ထောက်ပံ့ရေးဌာနကို ပေးပို့ပြီး အချို့ကို တော့ စျေး၌ ရောင်းချမည်ဖြစ်သည်။ ပြီးလျင် ဇနီးများရဲ့ လယ်ကွက်ကို ထွန်ယက်ရမည်ဟု ဆုံးဖြတ်ထားသည်။
“ယောက်ျား ဝင်လာခဲ့လို့ရမလား”
ဆောင်ဟွာယင်းရဲ့ အသံထွက်ပေါ်လာသည်။ ချန်အန်က အခန်းရဲ့အပူချိန်ကို လျှော့ချရန်မီး ငြိမ်းသတ်လိုက်သည်။
“ဝင်ခဲ့ပါ”
ဆောင်ဟွာယင်းက တံခါးကိုညင်သာစွာတွန်းဖွ င့်ပြီး အခန်းထဲသို့ဝင်ရောက် လာသည်။သူမက တဦးတည်း ဖြစ်သည်။
“အသေးလေးဘယ်မှာလဲ ယင်းအာ”
“အသေးလေးက ခြံထဲမှာ အစ်မဂူနဲ့ကစားနေပါ တယ်”
ထိုသို့ပြောပြီးနောက် သူမက ချန်အန်ရဲ့အရှေ့ သို့လျှောက်လာပြီး သူမရဲ့မျက်ဝန်းများက ချန် အန်ကို စူးစိုက်ကြည့်နေခဲ့သည်။
“ယောက်ျား ယင်းအာရဲ့ဆေးပညာက နိမ့်ကျနေ သေးတယ် ဒါကိုကျွမ်းကျင်အောင် ယင်းအာကို သင်ကြားပေးပါဦး”
“ယင်းအာကိုကြည့်ရတာ ဝီရိယရှိပြီး သင်ယူလို စိတ်ပြင်းပြနေပုံပဲ”
“ဟုတ်ပါတယ် ယောက်ျား”
“လာခဲ့လေ သင်ပေးမယ်”
“ယောက်ျား ဖြေးဖြေးမရဘူးလား ယင်းအာက အဲ့ဒါကို မကျေညက်နိုင်ဘူးလေ”
သူမက ငိုတော့မတက်ဖြစ်နေပြီး ထိုကြောင့်သူ မကို စိတ်ကွက်သွားမည်ကိုလည်း စိုးရိမ်နေသ ည်။ ချန်အန်က သူမရဲ့ခံစားချက်ကို လျစ်လျူ မရှုခဲ့ပေ။ သူမကို ကောင်းကင်ပေါ်ရောက်စေပြီး အစွမ်းကုန် ချော့လိုက်ရသည်။
“ကောင်းပြီ ဒီနေ့တော့ ဒီလောက်ပါပဲ မနက်ဖန် မှ ဆက်သင်ပေးမယ်”
“ဒါဆို မနက်ဖန်ကျ ယောက်ကျားကို ဒုက္ခပေးရ တော့မယ်”
ဆောင်ဟွာယင်းက ကျေနပ်နေတဲ့ အမူအရာဖြ င့် ထွက်ခွာသွားသည်။ ထိုစဥ် ဝမ်ကျိယန်က အ ခန်းထဲ ဝင်လာသည်။
“ဒဏ်ရာက ဘယ်လိုလဲ”
ချန်အန်က နူးညံ့စွာမေးလိုက်သည်။ ဝမ်ကျိယန် ရဲ့မျက်နှာက နီရဲနေပြီး ချန်အန်ကိုလည်း မကြ ည့်ရဲပေ။ သူမက ဦးခေါင်းကို မော့လွှဲထားပြီး ဆေးဖော်စပ်ခန်းအား ကြည့်နေသည်။
“ဒဏ်ရာက မနေ့ကထက်စာရင်တော့ အတော် လေးသက်သာ လာပါပြီ ကုသပေးလို့ ကျေးဇူး တင်ပါတယ်”
“ငါတို့ရဲ့ ပက်သက်မှုကြောင့် အဲ့ဒါတွေ မလိုအ ပ်တော့ပါဘူး”
ချန်အန်က ဆေးမီးဖိုရဲ့အပူချိန်ကို မြင့်တင်းရင်း သူမကို စနောက်လိုက်သည်။ မနေ့က သူတို့အ တူ ဆက်ဆံပြီးခဲ့ပေမယ့် အချစ်ရေးမှာတော့ သူ မက နုံအပါသည်။ ချန်အန်ရဲ့ စနောက်ခြင်းကို ခံထားရတဲ့ သူမက ဦးခေါင်းမှ မီးခိုးများထွက် လာသည့်နှယ် ဒေါသထွက်လာသည်။
“ဘာပက်သက်မှုလဲ အရှက်မရှိဘူးလား”
ဝမ်ကျိယန်က သူမရဲ့နှုတ်ခမ်းပါးကို ကိုက်ထား ပြီး ချန်အန်ကို မျက်လုံးပြူးပြလာသည်။ သူမ ရဲ့ ပုံစံက ထိုအတိုင်းပင်။ သူမက မိန်းကလေး တဦးရဲ့ စိတ်သာရှိနေခဲ့သည်။ ချန်အန်က ထိုအ ရာကို သဘောကျနေခဲ့သည်။ သူက ဝမ်ကျိယန် အနား သွားလိုက်ပြီး ရင်ခွင်ထဲဆွဲဖက်လိုက်သ ည်။
“ယန်အာ ငါကထင်ထားတာထက်တောင် အရှ က်မရှိသေးတယ်”
စကားပြောနေရင်းပင် သူ့ရဲ့လက်များက အဆ က်မပြတ်လှုပ်ရှားနေပြီး သူမရဲ့အသားစိုင်များ ကို ထိတွေ့နေသည်။
“ငါ့ကို မထိနဲ့”
ဝမ်ကျိယန်က ဒေါသတကြီးဖြင့် လက်ကိုပုတ် ထုတ်လိုက်သည်။
“နင်က ငါ့ကိုမဂ်လာဆောင်ပေးဖို့ အကြွေးတင် နေတယ်နော်”
ထိုသို့ပြောရင်း သူမကပို၍ ဒေါသကြီးလာနေ သည်။
“ငါ့ကိုလက်ထပ်ပြီးမှ ထိခွင့်ရှိမယ်”
ပြောဆိုပြီးနောက် ချန်အန်ရဲ့ရင်ခွင်ထဲမှ ရုန်းထွ က်သွားသည်။ သူမက စိတ်ဆိုးနေမည့်အစား ရှက်ရွံနေခြင်း ဖြစ်သည်။ မနေ့ညက ဆက်ဆံခဲ့ ကြပေမယ့် သူမနဲ့ဆက်ဆံရေးကို တိုးမြင့်ရန်လို အပ်နေသေးသည်။ မနေ့ညကတော့ သူမကတ က်ကြွနေသည်။ လက်မထပ်ခင်မှာပဲ သူမရဲ့အ ပျိုစင်ဘဝကို ယူခြင်းအတွက် အပြစ်တင်နေသ ည်။ မိန်းမတွေရဲ့စိတ်က ထူးဆန်းသည်။ ချန်အ န်က ကူရာမဲ့စွာပြုံးလိုက်ပြီး ဆေးမီးဖိုအနားထို င်လိုက်သည်။
အချိန်များ ကုန်ဆုံးသွားပြီး နေ့တပိုင်းပြီးဆုံး သွားခဲ့သည်။ ထို့နောက် နေ့လည်စာစားပြီးမှ ဆက်၍ ဆေးဖော်စပ်ရန် စဥ်းစားနေခဲ့သည်။ ဆေးဖော်စပ်ခန်းကို ဝင်လိုက်စဥ် အပြင်မှကျယ် လောင်သည့် စကားသံထွက်ပေါ်လာသည်။
“အစိမ်းရောင်မိုးမခလမ်းကလူတိုင်း ဝါးရွက်ဂို ဏ်းကို ကူညီပြီး သံနက်ဂိုဏ်းကရန်သူတွေကို သတ်ပေးရင် ဆုကြေးနှစ်ဆရပါမယ် ကျင့်ကြံ သူတို့ အခုပဲစာရင်းသွင်းနိုင်ပါပြီ”
ချန်အန်အပါအဝင် မိုးမခလမ်းမှလူတိုင်းက အ ပြင်သို့ထွက်လာကြသည်။ ပြတင်းပေါက်များမှ တဆင့်သာ ကြည့်ရှုနေပြီး တုန့်ပြန်မှုက နည်းပါ သည်။ အခုအခြေနေက မတူတော့ပေ။ တိုက်ပွဲ မြေပြင်က ချီစုဆောင်းခြင်းအလယ်ဆင့်များရဲ့ တိုက်ပွဲ ဖြစ်သည်။ ချီစုဆောင်းခြင်း အဆင့်မြင့် များသာ ဆုကွေအမြောက်အမြား ရနိုင်သည်။
အလယ်ဗဟိုရှိ လူအများစုက ငှားရမ်းခသက် သာလိုသော်လည်း အသက်ကိုတော့ မစွန့်စားရဲ ပေ။
“စာရင်းသွင်းချင်တဲ့ သူရှိလား ရှိပါသလား”
ဝါးရွက်ဂိုဏ်းမှလူများက ကြိမ်ဖန်များစွာ အော် ဟစ်ပြောဆိုနေခဲ့သည်။ အကြိမ်များစွာ ပြောဆို နေသော်လည်း ထွက်မလာကြ၍ ဒေါသထွက် ကာ ထွက်ခွာသွားကြတော့သည်။ ချန်အန်က ထိုအရာများကို ပြတင်းပေါက်မှတဆင့် အကုန် လုံး မြင်နေခဲ့သည်။ စိတ်မသက်မသာ ခံစားနေ ခဲ့ရပြီး သူရထားသည့် သတင်းအချက်အလက် များအရ သားရွက်ဂိုဏ်းက အင်အားနည်းပါးနေ သည်။ တိုက်ပွဲရလာဒ်က ဆိုးရွားနေပြီး ထိုအတို င်းသာ ဆက်သွားပါက ရှုံးနိမ့်တော့မည် ဖြစ်သ ည်။
ဝါးရွက်အိမ်ရာ၌ မနေနိုင်တော့မည်ဟု စိုးရိမ်နေ မိသည်။ သူ့အနေဖြင့် ဒုတိယအဆင့်ကို ဖြတ် ကျော်ပြီး ရတနာခန်းမရဲ့ အကာအကွယ်အား ရ ယူနိုင်ပါ့မလား။ ချန်အန် တွေးနေမိသည်။
………………………………………………