အိမ်ငှားခနှစ်ဆ တိုးလာခြင်း
Vol. 5 Ch. 48
မိုးဖွဲဖွဲလေးများ ရွာနေသည်။ ခြောက်သွေ့နေသ ည့် သစ်ပင်များက မိုးရေကြောင့် လန်းဆန်းစိမ်း မြစ ပြုလာသည်။ ချန်အန်က နိုးထလာချိန်တွင် ပြတင်းပေါက်မှနေ၍ အပြင်ဘက်ကောင်းကင် ကြီးအား ကြည့်လိုက်သည်။ ကြည်လင်တောက် ပနေပြီး ရံဖန်ရံခါ၌ အိမ်နီးချင်းများရဲ့အသံကို ကြားနေရသည်။
ချန်အန်က ဘေးတွင်နှစ်ခြိုက်စွာအိပ်ပျော်နေသ ည့် သားအမိနှစ်ဦးအား ကူကယ်ရာမဲ့စွာကြည့် လိုက်သည်။ စိတ်ဝိဉာဥ်ကို ဖြန့်ကျက်၍ ကြည့် လိုက်စဥ် အခြားအခန်း၂ခု၌ ကိုယ်လုပ်တော် များက အိပ်ပျော်နေဆဲ ဖြစ်သည်။
ချန်အန်က အဝတ်အစားများကို ဝတ်ဆင်လိုက် သည်။ မနက်စာအတွက် မီးဖိုချောင်သို့ ဝင်ပြီး ကြက်ဥအနည်းငယ် ပြုတ်လိုက်သည်။ ပဲနို့ပန်း ကန်ထဲ မြေပဲအနည်းငယ်ထည့်ပြီး ယာဂုအိုးအာ တက်လိုက်သည်။ မနက်စာအား သူ့ဇနီးများနဲ့ သမီးဖြစ်သူတို့ ကြိုက်လောက်သည်ဟု သူထင် သည်။
“အစိမ်းရောင် မိုးမခလမ်းကလူတိုင်း ထွက်လာ ခဲ့ပေးပါ ဝါးရွက်ဂိုဏ်းရဲ့ ဥပဒေစိုးမိုးရေးဌာနက အကြီးအကဲ ကျိုးရှင်းရှန်း ရောက်လာပါတယ် လူတိုင်းအတွက် ကြေငြာစရာ ရှိလို့ ထွက်လာခဲ့ ကြပါ”
ချန်အန်က တံခါးကိုတွန်းဖွင့်လိုက်စဥ် အပြင်မှ သူရင်းနှီးနေသည့် အသံကိုကြားလိုက်ရသည်။ မနေ့တုန်းက တိုက်ပွဲမြေပြင်ကို ခေါ်ဆောင်နေ သည့် သင်းထောက်အသံနဲ့ တူပါသည်။
“ဝါးးး…ဝါးးးး… ..ဝါးး”
ချန်ယုကျန်းလေး နိုးသွားလေသည်။ သူမကရု တ်ချည်း အိပ်ရာပေါ် ထထိုင်လိုက်ပြီးနောက် ငို ပါတော့သည်။ ဆောင်ဟွာယင်းက သမီးဖြစ်သူ ကိုဆွဲဖက်လိုက်ပြီး နှစ်သိမ့်ပေးသည်။
“ယု ကျန်းမကြောက်နဲ့နော် အမေဒီမှာရှိတယ်”
“ယင်းအာ ငါအပြင်သွားကြည့်လိုက်ဦးမယ်”
“ယောက်ျား သတိထားဦးနော်”
“ကောင်းပြီ”
ချန်အန်က စကားပြောနေရင်းဖြင့် သမီးဖြစ်သူ အား အိပ်ပျော်မန္တန်ဖြင့် သိပ်လိုက်သည်။ ထို့ နောက် အခန်းထဲမှ အပြင်သို့ ပြန်ထွက်သွားလို က်သည်။ ဧည့်ခန်းသို့ ရောက်ချိန်၌ ဝမ်ကျိယန်နဲ့ ဂူရှန်းယုတို့ ထွက်လာကြသည်။ သူမတို့သည်လဲ အသံကြောင့် နိုးသွားပုံပေါ်သည်။
“ယုအာ မီးဖိုချောင်ထဲမှာ မနက်စာအသင့်ဖြစ်နေ ပြီ”
“ယန်အာ ငါနဲ့အတူလိုက်ခဲ့ပေးပါ”
ဝမ်ကျိယန်က မငြင်းဆန်တော့ပဲ ချန်အန်နဲ့အတူ တိတ်တဆိတ် လိုက်ပါလာသည်။ သူတို့နှစ်ဦး အပြင်ရောက်ချိန်တွင် မိုးမခလမ်းပေါ်၌ လူများ ပြည့်နေလေပြီ။ ဝါးရွက်ဂိုဏ်ူမှ ကျင့်ကြံသူအ များအပြားရှိနေပြီး ထိုအထဲတွင် အဘိုးကြီးတ ဦးပါဝင်ကာ ထိုသူမှလွဲ၍ ကျန်အားလုံးကိုမနေ့ က မြင်တွေ့ခဲ့ပြီးဖြစ်သည်။
“ဒီအဖိုးကြီးက ဝါးရွက်ဂိုဏ်းရဲ့ ဥပဒေစိုးမိုးရေး ဌာန ရဲ့အကြီးအကဲပါ သူ့ရဲ့ကျင့်ကြံမှုက အခြေ ခံတည်ဆောက်ရေးအဆင့်မှာ ရှိပြီး ဝါးရွက်ဂို ဏ်းရဲ့ထိပ်တန်း၅ဦးထဲ ပါဝင်တယ်”
ဝမ်ကျိယန်က ချန်အန်ကို တိတ်တဆိတ်ရှင်းပြ သည်။ ချန်အန်က အသံတိုးတိုးဖြင့်
“မင်းက ဘယ်လိုလုပ်သိနေတာလဲ”
“သူငါ့ကို လိုက်ဖူးတယ်”
“သြော်…”
ချန်အန်က မည်သည့်စကားမှ ပြန်မပြောလိုက် ပေ။ အစိမ်းရောင်မိုးမခလမ်းက လူတိုင်းထွက် လာသည်ကိုမြင်လျင် အကြီးအကဲက လေးနက် စွာဖြင့် ပြောလာသည်။
“လူအားလုံးပဲ ဝါးရွက်ဂိုဏ်းနဲ့သံနက်ဂိုဏ်းကြား တိုက်ပွဲက ပြင်းထန်နေတယ် ဒီမှာရှိတဲ့လူတိုင်း ဝါးရွက်ဂိုဏ်းကို ကူညီပြီး သံနက်ဂိုဏ်းရန်သူ တွေကို သုတ်သင်ပေးမယ်လို့ မျှော်လင့်ပါတယ် ဝါးရွက်ဂိုဏ်းက အနိုင်မကျင့်ပါဘူး တိုက်ပွဲရဲ့ စွမ်းဆောင်ရည်အလိုက် အိမ်ငှားခကို သက်သာ ခွင့်ပေးသွားမှာပါ ပိုပြီးစွမ်းဆောင်နိုင်တဲ့သူက ဘဏ္ဍစိုး ဒါမှမဟုတ် သင်းထောကိတောင် ဖြစ် လာနိုင်ပါတယ်”
အကြီးအကဲကျိုးက အချိန်မဖြုန်းခဲ့ပေ။ လိုတို ရှင်းသာ ပြောပြခဲ့ပြီး ခေါင်းဆောင်တဦးဖြစ်ရ ခြင်းရဲ့ အကျိုးကျေးဇူးများကို ပြောပြနေသည် ထို့နောက် တုန့်ပြန်မှုများကို အချိန်အတော်ကြာ စောင့်နေသော်လည်း မိုးမခလမ်းရှိလူများက တိ တ်ဆိတ်နေဆဲ ဖြစ်သည်။ ထို့အပြင် အချို့က အိမ်သို့ပြန်ကာ တံခါးများပင် ပိတ်လိုက်ကြသ ည်။ လုံးဝ မျက်နှာသာမပေးပေ။ ရယ်စရာပဲ… အသက်မရှင်လျင် ဆုကြေးကဘယ်နားသွားသုံး စားရမည်နည်း။ တိုက်ပွဲအခြေနေကို လူတိုင်းသိ နေသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က ကျ ဆုံးသွားသည့် ကျင့်ကြံသူအရေအတွက်မှာ ရာ ဂဏန်းနား ကပ်နေလေပြီ။
မည်သူက အန္တရာယ်များလှသည့် လူထုခေါင်း ဆောင်ဖြစ်လိုသနည်း။ အကြီးအကဲက သူ့ရဲ့စ ကားများကို တုန့်ပြန်မှု မရှိသည်အားမြင်လျင် ဒေါသအကြီးအကျယ်ထွက်သွားတော့သည်။ ထို့ကြောင့် သူရဲ့စိတ်စွမ်းအင်ကို စုစည်းပြီးအ ရှိန်အဝါအား လွှတ်ထုတ်လိုက်သည်။
“နောက်လကစပြီး မိုးမခလမ်းအိမ်ငှားခကို နှစ် ဆတိုးပြီး ကျောက်တုံး ၂၀၀ ကျသင့်မယ်”
ဘာလဲဟ။
တလကို ကျောက်တုံး၂၀၀ လား။ အစိမ်းရောင် မိုးမခလမ်းရှိ လူတိုင်း ထိတ်လန့်သွားကြသည် ခဏကြာလျင် နေထိုင်သူတဦး ထွက်လာပြီး မေးသည်။
“အကြီးအကဲကျိုး မင်းပြောတာအမှန်လား”
“အမှန်ပဲ”
အကြီးအကဲကျိုးက တင်းမာပြတ်သားစွာဆို လေသည်။ ငှားရမ်းခမှာ အမှန်တကယ်တိုးမြင့် လာခြင်းဖြစ်ပြီး နေထိုင်သူများမှာလည်း ဒေါသ ထွက်ကုန်သည်။
“အကြီးအကဲကျိုး အိမ်ငှားခတိုးမြင့်တာက စည် မျဥ်းနဲ့မညီပါဘူး ခုချိန်မှာ လျှော့တောင်ယူပေး ရမှာကို ဘာလို့တိုးတာလဲ”
“အမှန်ပဲ ဒီလိုတိုးလိုက်ရင် ငါတို့ကဘယ်လိုလုပ် ပေးရမှာလဲ”
“အခုလို တိုက်ပွဲအတွက် ဖိအားပေးနေရင် ငါတို့ ကထွက်သွားရလိမ့်မယ်”
“အကြီးအကဲကျိုး အခုလိုလုပ်တာက မသင့် လျော်ပါဘူး ဝါးရွက်ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကိုထိ ခိုက်စေတယ်”
“တကယ် အဓိပ္ပါယ်မရှိဘူး”
အိမ်ငှားခ တိုးမြင့်မှုအပေါ် ကျင့်ကြံသူများက မ ကျေမနပ် ပေါက်ကွဲလာကြသည်။ အကြီးအကဲ ကျိုးက မတုန်မလှုပ်ဟန်ဖြင့် ပြောလာသည်။
“ဒီကိစ္စ ဒီမှာတင်ပြီးပြီ နောက်လကျ ငါကိုယ်တို င် လာကောက်မယ် တပြားမှ မလျော့ဘူး”
ထိုသို့ ပြောပြီးသည်နှင့် ချာကနဲ လှည့်ထွက်သွာ တော့သည်။ အချို့ကျင့်ကြံသူများက မကျေနပ် သောကြောင့် လှုံ့ဆော်စပြုလာသည်။
“အိမ်ငှားခ နှစ်ဆတိုးပြီး တိုကိပွဲကိုသွားဖို့ ဖိအာ ပေးနေတာပဲ ငါအခုဒီမှာဆက်မနေတော့ဘူး ဝါး ရွက်အိမ်ရာက ထွက်သွားတော့မယ်”
မကြာခင်မှာပဲ အခြားသူများကလည်း စတင်၍ ပေါက်ထွက်လာကြပြီး ထိုကဲ့သို့ဆန္ဒများထုတ် ဖော်လာကြသည်။
“ကျင့်ကြံသူကျန်း ပြောတာအမှန်ပဲ ဘာအတွက် ငါတို့ကဆက်နေရမှာလဲ တိုက်ပွဲမှာထက် အပြင် ကနတ်ဆိုးသားရဲတွေ လက်ထဲသေတာကမှ ပို ကောင်းသေးတယ်”
“ဘယ်သူထွက်သွားချင်လဲ ငါတို့အဖွဲ့ဖွဲ့လိုက်ရင် တယောက်ကိုတယောက် စောင့်ရှောက်နိုင်ပါတ ယ်”
ထိုစကားများ ထွက်ပေါ်လာသည်နှင့် ကျင့်ကြံ သူအများအပြားက စုဝေးအော်ဟစ်လာသည်။ ရုန်းရင်းဆန်ခတ် ပိုဖြစ်လာချိန်၌ ဝါးရွက်ဂိုဏ်း ကျင့်ကြံသူများက အနည်းငယ်ထိတ်လန့်သွား ကြသည်။ ထိုစဥ် အကြီးအကဲကျိုးက သူ့ရဲ့အရှိ န်အဝါကို ဖွင့်ထုတ်လိုက်သည်။ ကြောက်မက်ဖွ ယ်ကောင်းသည့် ဝိဉာဥ်စွမ်းအားများက ကျင့် ကြံသူများကို ဖိနှိပ်လိုက်သည်။
“အခုက အချိန်တခုပဲ အိမ်ရာနဲ့အဝေးကိုထွက် သွားတဲ့ မည်သူမဆို သံနက်ဂိုဏ်းရဲ့ သူလျှိုလို့ သက်မှတ်မယ် သနားညှာတာခြင်းမရှိ အသတ် ခံရမယ်”
အကြီးအကဲကျိုး ထုတ်လွှတ်သည့် အရှိန်အဝါ ထဲ၌ သတ်ဖြတ်ခြင်း အငွေ့အသက်များ ရောပါ နေပြီး ကျင့်ကြံသူများလည်း တိတိဆိတ်သွား ကြသည်။ ဒေါသထွက်နေသော်လည်း မပြောရဲ ကြတော့ပေ။
“မင်းတို့ ကိုယ်ကိုကိုယ် ဂရုစိုက်ကြ”
အထက်စီးဆန်စွာ ပြောဆိုပြီးနောက် အကြီးအ ကဲကျိုးက ပြန်လည်ထွက်ခွာသွားသည်။ ချန်အ န်ရဲ့ အိမ်နားကဖြတ်သွားစဥ် သူ့အကြည့်ကဝမ် ကျိယန်ဆီ ရောက်လာသည်။ သို့သော် တချက် မျှသာ ကြည့်ပြီး ထွက်ခွာသွားသည်။ အစိမ်း ရောင်မိုးမခလမ်းက တဖန်ဆူညံသွားပြန်သည်။ အချို့က ကျိန်ဆဲကြပြီး အချို့က သက်ပြင်းချ ကြသည်။ သူတို့မည်သည့်အရာများ တွေးနေ လဲ မသိနိုင်ပေ။
“ငါတို့ ဘာလုပ်ကြမလဲ”
ဝမ်ကျိယန်က အိမ်ငှားခတိုးမြင့်မှုအပေါ် မကျေ နပ်သည်မှာ သိသာနေသည်။ ချန်အန်ကသူမရဲ့ လက်အား ဆုပ်ကိုင်လိုက်ပြီး
“ငါက ဆေးဆရာပါ ဝါးရွက်ဂိုဏ်းကို ပုံမှန်ပေး ပို့နေဖို့ပဲ လိုတယ် အခုချိန်မှာ တိုက်ပွဲမြေပြင်ကို သွားစရာမလိုသေးပါဘူး တဖြေးဖြေးစီစဥ်ကြ တာပေါ့”
“အင်း နင့်စကားကို နားထောင်ပါ့မယ်”
ဝမ်ကျိယန်ရဲ့မျက်နှာလေးက နီရဲနေပြီး သူမရဲ့ ကျောက်စိမ်းကဲ့သို့ လက်ကလေးတဖက်အား ချန်အန်က ဆုပ်ကိုင်ထားလေသည်။ လူအများ ရှေ့၌ ဖြစ်နေ၍ ရှက်ရွံမိသော်လည်း မရုန်းဖယ် ခဲ့ပေ။ မည်သည့်အကြောင်းကြောင့်မှန်းမသိ သော်လည်း ချန်အန်ရဲ့ထိတွေ့မှုကို သူမကနှစ် သက်နေသည်။
………………………………………………