← Chapters

ချီစုဆောင်းခြင်း အဆင့်မြင့်

Vol. 5 Ch. 49

ချီစုဆောင်းခြင်း အဆင့်မြင့်

Vol. 5 Ch. 49

ဝါးရွက်ဂိုဏ်းမှလူများ ထွက်ခွာသွားသည်နှင့် မိုးမခလမ်းမှ ကျင့်ကြံသူများလည်း လူစုခွဲသွား ကြသည်။ ချန်အန်က ဝမ်ကျိယန်ရဲ့လက်ကိုဆု ပ်ကိုင်၍ ပြောသည်။

“မနက်စာ သွားစားရအောင်”

“ကောင်းပြီ”

သူတို့နှစ်ဦး အိမ်ရောက်ချိန်၌ မနက်စာအသင့် ဖြစ်နေပြီဖြစ်သည်။ မိသားစုဝင်အားလုံး ထမင်း စားခန်းထဲ၌ အတူတကွ မနက်စာ စားသောက် ကြသည်။

“ယောက်ကျား အစ်မဂူချက်ထားတဲ့ ယာဂုကအ ရသာ ရှိတယ်မလား”

“အစ်မဝမ် ဒီကိုလာပါ”

ဆောင်ဟွာယင်းက ချန်အန်တို့နှစ်ဦးကိုပြုံးရွှ င်စွာဖြင့် ပြောလာသည်။ ဂူရှန်းယုက ဘေး၌ တိ တ်တဆိတ်ရှိနေပြီး သူမက ပန်းကန်နှစ်လုံးပြင် ဆင်ကာ ယာဂုများ ဖြည့်ပေးလေသည်။ ချန်အ န်က သူမထည့်ပေးသည့် ကြက်သားယာဂုကို စားကြည့်လိုက်သည်။ ယာဂုက နူးညံ့ပျော့ပြော င်းပြီး ချိုတဲ့အရသာ ရှိနေသည်။ ယာဂုထဲရှိ ကြ က်သားဖတ်ကို ကိုက်လိုက်ချိန်မှာတော့ မျက်နှာ အနည်းငယ် ပျက်သွားမိသည်။ အရသာသိပ်မ ကောင်းတော့ပေ။ ကြက်သားရဲ့ အရသာအစစ် အမှန်နဲ့မတူညီသကဲ့သို့ ဖြစ်နေပြီး အဓိကအချ က်မှာ သက်တမ်းနုနေသည့် ကြက်ကိုအသုံးပြု ၍ ဖြစ်သည်။

“ယောက်ျား အရသာမကောင်းဘူးလား”

ချန်အန်က ရုတ်တရက်မျက်မှောင်ကြုတ်သွားရ သည်ကိုမြင်တော့ ဂူရှန်းယုက အထိတ်တလန့် ဖြင့် မေးလာသည်။ ချန်အန်က ပြုံး၍ပြောလိုက် သည်။

“မဟုတ်ပါဘူး ဒီလောက်အရသာရှိတဲ့ ကြက် ယာဂုကို မစားခဲ့ဖူးလို့ပါ ယုအာရဲ့ အချက်အပြု တ်ကတော့ တကယ်တိုးတက်လာတာပဲ”

“ယောက်ျားကြိုက်ရင် ယုအာ နေ့တိုင်းချက်ပေး မှာပေါ့”

ဂူရှန်းယုက သူမရဲ့ကျေနပ်နေသည့် အသွင်ပြင် ကို မဖုံးကွယ်နိုင်တော့ပေ။ သူမရဲ့ မျက်နှာလေး ပေါ်၌ အပြုံးချိုချိုလေးများ ချိတ်ဆွဲထားသည် ဂူရှန်းယုရဲ့ အချက်အပြုတ်စွမ်းရည်ကို ချီးကျူ ခဲ့သည် လင်မယားဆက်ဆံရေး +1

ချန်အန်က သတိပေးချက်ကို ကြည့်လိုက်သည် သူ့ရဲ့ အကြည့်များက မနက်စာစားနေသည့် ဇနီး သုံးဦးထံ ရောက်သွားရသည်။ ဆောင်ဟွာယင်း က ထက်မြက်ပြီး အရည်အချင်းရှိသည်။ သူမ က လူကဲခတ်ရာ၌ ကျွမ်းကျင်ပြီး အိမ်တွင်းစီမံ မှုများတွင်လည်း တော်ပါသည်။

ရေခဲမင်းသမီးလေး ဂူရှန်းယုက ရိုးသားပြီးအ လုပ်ကြိုးစားသူဖြစ်သည်။ သူမရှိလျင် တနေ့၃ နပ်စာအတွက် ပူပန်စရာမလိုပေ။ အခြေခံသန့် ရှင်းရေး တာဝန်များအတွက်လည်း စိတ်ချထား နိုင်သူ ဖြစ်သည်။

ခက်ခက်ခဲခဲ ရထားသည့် ဝမ်ကျိယန်ကတော့ ကလေးထိန်းကျွမ်းကျင်သူ ဖြစ်သည်။ ချန်အန် က သူမရဲ့အရည်အချင်းကို သိပ်အသုံးမဝင်ဟု ထင်နေသည်။ ချီစုဆောင်းခြင်း အဆင့်မြင့်တွင် ရှိနေသည့် သူမကဲ့သို့ ကျင့်ကြံသူတဦးအနေဖြင့် ပိုအသုံးဝင်သင့်သည်။ သူမက မီးစွမ်းအင် အရ င်းအမြစ်ထောက်ပံ့နိုင်သူ ဖြစ်၍ နောင်တွင်ဆေး ဖော်စပ်ရာ၌ ကူညီနိုင်လောက်သည်။ သူမသည် လည်း ဆေးပညာရှင်တဦး ဖြစ်လာပါက နောင် တွင် မိသားစုဝင်ငွေ တိုးလာပေမည်။

ချန်အန်တယောက် အတွေးများနေစဥ်မှာပဲ ဘေ နားရှိ သမီးဖြစ်သူထံမှ ရုတ်တရက်အော်သံလေ တခု ထွက်ပေါ်လာသည်။

“ ချောင်း….ချောင်း.”

ချန်ယုကျန်းက သူမအရှေ့ရှိ မုန့်ချောင်းကြော် ကိုကြည့်၍ စားချင်နေပုံရသည်။ သူမရဲ့လက် သေးသေးလေးဖြင့် မုန့်ချောင်းကြော်ကို လှမ်း ယူရန် ကြိုးစားနေသည်။ ကံမကောင်းသည်က သူမရဲ့ လက်လေးများက တိုလွန်းနေသဖြင့် မုန့် ချောင်းကြော်ရှိရာကို မမီပေ။ သူမလေးရဲ့မျက် ခုံးများ တွန့်ကွေ့သွားသည်။ ဆောင်ဟွာယင်းက သူမရဲ့ လက်တိုတိုလေးများကို ဖယ်လိုက်ပြီး ပြည့်ဖောင်းနေသည့် မျက်နှာဝိုင်းလေးအား အ သာညစ်ကာ ပြောလိုက်သည်။

“ယု ကျန်း နင်ကငယ်သေးတယ် အကြော်မစား သင့်သေးဘူး ယာဂုပဲသောက်ရမယ်”

“ ချောင်း…ချောင်း….”

ယုကျန်းက မုန့်ချောင်းကြော်ကိုသာ အသည်းအ သန် လိုချင်နေသည်။ မုန့်ချောင်းကြော်မစားရ မှာကိုလည်း စိုးရိမ်နေပုံရသည်။ ဆောင်ဟွာယင် ရဲ့ လက်ထဲမှ အတင်းရုန်းကန်နေသည်ကိုမြင် လျင် ဆောင်ဟွာယင်းက အမူအရာဖြင့်

“နင်ဒီလို စကားနားမထောင်ရင် နင့်ကိုမလိုချင် တော့ဘူး”

ချန်ယုကျန်းက နားမလည်တာလား နားမထော င်တာလား မသဲကွဲပေ။ သူမအမေ့ရဲ့လေသံအရ ခွင့်မပြုသည်ကို သတိထားမိတဲ့အခါမှာတော့ ချန်အန်ဘက်လှည့်ကာ ပြောလာသည်။

“အဖေ..အ..ဖေ ငါ…တထု လို ချင်တယ်.. !”

ချန်အန်တို့အားလုံး ယုကျန်းလေးရဲ့ ထစ်အစွာ ထွက်ပေါ်လာသည့် အသံကြောင့် မှင်သက်သွား ကြသည်။ ယုကျန်းလေးက စကားပြောတတ်ပြီ လား။ သူတို့အားလုံး ပျော်ရွှင်သွားကြပြီး ဆော င်ဟွာယင်းက သမီးဖြစ်သူကို သူမဘက်မျက်နှာ လှည့်စေကာ…

“ယု ကျန်း မြန်မြန်လေး မေမေလို့ ခေါ်ပါဦး”

“မေမေ..မေမေ ချောင်း ချောင်းလိုချင် တယ်”

“ယောက်ျား ယုကျန်းလေးက မေမေလို့ခေါ်တ ယ်”

“အသေးလေးယုကျန်း မေမေဝမ်လို့ ခေါ်ပါဦး”

“ဝမ်… မေမေ.ဝမ်”

“ဒါက မေမေဂူ.. မေမေဂူလို့ ခေါ်လိုက်ပါဦး”

“မေ..မေမေဂူ”

“အိုး!...ယုကျန်းလေးက အရမ်းတော်တာပဲ”

ဂူရှန်းယုမှာ အေးစက်တဲ့စရိုက်ကြောင့် အခြားဇ နီးနှစ်ဦးကဲ့သို့ မဟုတ်သော်လည်း သူမသည် ပျော်ရွှင်နေမိသည်။ မည်သည့် တုန့်ပြန့်မှုမှမပြ သူကတော့ ချန်အန်တယောက်သာ ရှိနေသည်။ သူက စနစ်ရဲ့အကြောင်းကြားချက် မျက်နှာပြင် ကို တိတ်တဆိတ် ကြည့်ရှုနေသည်။

[သမီးဖြစ်သူ ယုကျန်းက စကားပြောတတ်ပါပြီ ထိပ်တန်းအဆင့် ချီစုဆောင်းခြင်းဆေးလုံးကို ချီးမြင့်လိုက်ပါတယ်]

ထိပ်တန်းအဆင့် ချီစုဆောင်းဆေးလုံးဖြစ်သည် ချန်အန်က သူ့လက်ထဲရှိ ခရမ်းရောင်ဖျော့ဖျော့ ဆေးလုံးကို ကြည့်၍ စိတ်လှုပ်ရှားနေသည်။ ပ ထမတကြိမ်တုန်းက အဆင့်၅ မှ အဆင့်၆ကိုဖြ တ်ကျော်စေသည့် ဆေးလုံးမှာ သာမန်အဆင့် သာရှိသည်။ ထိပ်တန်းအဆင့်ဆိုပါက မည်မျှတို တက်လာစေမည်နည်း။ ချန်အန်တယောက် ယု ကျန်းလေးရဲ့ မျက်နှာကို နမ်း၍ ဆေးဖော်စပ်ခ န်းထဲ့သို့ ​ပြေးတော့သည်။

ဆေးဖော်စပ်ခန်းထဲသို့ ရောက်သည်နှင့် ပြတင်း ပေါက်တံခါးများကို ဖွင့်လိုက်သည်။ လေဝင် လေထွက် ကောင်းစေရန် အတွက်ဖြစ်သည်။ ထို နောက် ဆေးလုံးအား ချက်ချင်းပင် ပါးစပ်ထဲထ ည့်လိုက်တော့သည်။ ခဏအတွင်း ခန္ဓာကိုယ်ရှိ သွေးကြောများနဲ့ ချွေးပေါက်များက ကျယ်ပြန့် လာသည်။ ပတ်ဝန်းကျင်ရှိ ချီဓာတ်များကိုစုပ် ယူပုံကလည်း ပို၍ မြန်ဆန်ကာ များပြားလာသ ည်။ အချိန်တနာရီခန့် ကြာမြင့်သွားသည်။

ချန်အန်က မျက်လုံးအစုံကို ညင်သာစွာဖွင့်လိုက် သည်။ သူ့ခန္ဓကိုယ်ထဲရှိ အပြောင်းအလဲများကို သတိပြုမိသည့် အခါမှာတော့ ကျေနပ်သွားရသ ည်။ အဆုံးမှာတော့ သူကအဆင့်ဖြတ်ကျော်နိုင် ခဲ့ပြီ။ ချီစုဆောင်းခြင်း အဆင့်၆မှ အဆင့်၇ဖြစ် သည့် ချီစုဆောင်းခြင်းရဲ့ အဆင့်မြင့်အဆင့်ကို ဖြစ်သည်။ အဆင့်၈ နဲ့လည်း ခြေတလှမ်းသာ ဝေးကွာပါတော့သည်။

ကျင့်ကြံမှုအရ အလယ်ဗဟိုတွင် လွှမ်းမိုးနိုင်စွမ် ရှိသူဖြစ်လာချေပြီ။ ထိုနောက် ကိုယ်ပိုင်အစွမ်း ဖြင့် အဆင့်၈ ကိုထပ်မံဖြတ်ကျော်ချင်သည်။ထို အရာက တနှစ်ခွဲထက် ပိုမကြာနိုင်ပေ။ ချန်အန် က ယုံကြည်ချက်ရှိရှိဖြင့် ပန်းတိုင်တခုသက်မှ တ်လိုက်သည်။ ပြီး​နောက် ဆေးဖော်စပ်ခန်းထဲမှ ထွက်သွားလိုက်သည်။ ချန်အန်ထွက်လာသည် ကိုမြင်လျင် ဇနီး၃ဦးက လှည့်ကြည့်ကြသည်။

“ချီစု​ဆောင်းခြင်း အဆင့်၇ ကိုရောက်သွားတာ လား”

ချန်အန်ရဲ့ ကိုယ်ပေါ်က ပြင်းထန်တဲ့ အရှိန်အဝါ မှာ ဖုံးဖိမရနိုင်၍ ဝမ်ကျိယန်တယောက် ချက်ချ င်းပင် သတိပြုမိသွားသည်။ သူမရဲ့ လှပသည့် မျက်လုံးများက ပြူးကျယ်စွာရှိနေပြီး မယုံနိုင် ဟန်ရှိသည်။ သူမက ယခုအဆင့်ကိုရောက်ရန် ဆယ်နှစ်ကျော် ကြာခဲ့ပြီး တနေ့ကို ၁၆နာရီကြာ ကျင့်ကြံခဲ့ရသည်။ ဆေးဆရာတဦးအနေဖြင့် ချ န်အန်က ဆေးများသာ သန့်စင်နေခဲ့ပြီး ကျင့်ကြံ မှုက တနှစ်အတွင်း အဆင့်၅ မှ အဆင့်၇ ထိမ ည်ကဲ့သို့ ဖြတ်ကျော်လာသနည်း။

ဝမ်ကျိယန်က သူမရဲ့ဘဝကိုပင် ပြန်၍သံသယ ဝင်လာသည်။ ဆောင်ဟွာယင်းနဲ့ဂူရှန်းယုတို့က ချန်အန်တယောက် ချီစုဆောင်းခြင်း အဆင့်မြင့် သို့ရောက်သွားသည်အား ကြားလျင် တုနိလှုပ် သွားကြသည်။ ဆောင်ဟွာယင်းက စိတ်လှုပ်ရှာ စွာဖြင့် ချန်အန်အနား ပြေးကပ်လာသည်။ပြီး နောက်…

“ယောက်ျား နင်က တကယ်အံ့သြဖွယ်ပါပဲ နင်နဲ့ လက်ထပ်ခွင့်ရတာ ဘယ်လောက်တောင်ကံ ကောင်းလိုက်သလဲ ငါတို့ဒီည အောင်ပွဲခံရမယ်”

ချန်အန်က သူမရဲ့ လက်ကလေးကို ဆုပ်ကိုင်ပြီး ဂူရှန်းယုတို့ဘက် ကြည့်ကာ ပြောလိုက်သည်။

“ညအထိ စောင့်စရာမလိုပါဘူး အခုပဲစလိုက် ကြရအောင် ငါကမင်းတို့ကို ချီစုဆောင်းခြင်းအ ဆင့်မြင့်တယောက်ရဲ့ ခွန်အားတွေကို ပြမယ်”

ချန်အန်က ယုကျန်းလေးကို အိပ်ပျော်မန္တန်ဖြင့် အိပ်စေလိုက်သည်။ ထို့နောက် ဇနီးများကိုခေါ် ၍ အခန်းထဲသို့ ဝင်သွားတော့သည်။

……………………………………………….

All Chapters