← Chapters

အခြေနေများပိုဆိုးလာသည်

Vol. 5 Ch. 50

အခြေနေများပိုဆိုးလာသည်

Vol. 5 Ch. 50

စိတ်စွမ်းအင် +3×15

ဆေးပညာအတွေ့အကြုံ +3×5

မီးစွမ်းအင်အရင်းအမြစ် +1×13

ညနေစောင်းချိန်၌ ချန်အန်သည် စနစ်၏ မျက် နှာပြင်ကို စစ်ဆေးနေခဲ့သည်။ သူ့ဘေး၌ ပင်ပန် လွန်း၍ အိပ်ပျော်နေကြသည့် ဇနီးတစုအားကြ ည့်၍ နှာခေါင်းရှုံ့လိုက်သည်။

“ဟမ့် အသေးအမွှားလေးတွေ”

သူက သူမတို့အပေါ်စွမ်းရည် အပြည့်အဝပင်မ သုံးရသေး လက်နက်ချသွားကြလေပြီ။ တက ယ်ကို အားနည်းလွန်းကြသည်။ ချန်အန်ရဲ့ကိုယ့် ကိုကိုယ် ဝင့်ကြွားမှုက မကြုံစဖူး မြင့်တက်လာ ရသည်။ ထိုစဥ်

“ဝါး…ဝါး…ဝါးး”

ချန်အန်တယောက် အတွေးများနေတုန်း ချန်ယု ကျန်းလေးက ထငိုသည်။ ကိုယ့်ကိုကိုယ်ဆက် ၍ မဝင့်ကြွားနိုင်တော့ပဲ ကလေးရှိရာ အခန်းသို့ ပြေးရတော့သည်။ ခဏကြာလျင် ဆောင်ဟွာ ယင်းတယောက် အနောက်မှလိုက်ပါလာပြီး ချန် အန်ရဲ့လက်ထဲမှ ကလေးကိုဆွဲယူကာ နှစ်သိမ့် ပေးလိုက်သည်။

“ယု ကျန်းလေး အမေဒီမှာရှိတယ်နော် မငိုနဲ့”

ထိုအပြုအမူက အမှန်ပင်ထိရောက် နေသည်။ သမီးဖြစ်သူမှာ လျင်မြန်စွာ တိတ်သွားခဲ့သည်။ ထိုအချိန် ဂူရှန်းယုလည်း ရောက်ရှိလာပြီး ချန် အန်ကိုမေးလေသည်။

“ယောက်ျား ညနေစာအတွက် ဘာစားချင်လဲ”

ချန်အန်က ထိုအရာကိုစိတ်မဝင်စားပေ။သူ့အ စား မိခင်ရဲ့ရင်ခွင်ထဲမှ ယုကျန်းလေးက ဝင်ဖြေ သည်။

“ကြက်သား ကြက်..သား”

သူမလေးက ပုံမှန်စားသောက်ချိန်၌ မိခင်ဖြစ်သူ စားနေသည့် အရာကို စိတ်ဝင်စားနေခဲ့ပြီးသူမ လည်း လိုက်ပါစားသောက်ချင်၍ ဖြစ်သည်။ ဂူ ရှန်းယုက သူမလေး၏အရှေ့၌ ရပ်၍

“မေမေဂူ လို့ခေါ်ရင် သမီးအတွက် ကြက်သား ချက်ပေးမယ် ဘယ်လိုလဲ”

“မေ..မေမေဂူ”

ချန်ယုကျန်းက ပေါ့ပေါ့ပါးပါး ခေါ်လိုက်သော် လည်း သူမစကားသံက မပီပြင်သေးပေ။ ဂူရှန်း ယုက သူမလေးရဲ့မျက်နှာဖောင်းဖောင်းလေးကို နမ်းလိုက်သည်။

“ယု ကျန်းလေးက အရမ်းလိမ္မာတယ် ဒါကြောင့် မေမေဂူက သမီးအတွက် ကြက်သားချက်ပေးမ ယ်နော် ဟုတ်ပြီလား”

ထိုသို့ပြောပြီးနောက် ဂူရှန်းယုက ချက်ပြုတ်ရန် မီးဖိုချောင်ထဲသို့ ထွက်သွားတော့သည်။ ချန်အ န်က သူ့ရဲ့ရေခဲကိုယ်လုပ်တော်လေးသည် အေး စက်သော်လည်း ယုကျန်းလေးအရှေ့တွင်တော့ သူမရဲ့ အသွင်ပြင်က မတူညီစွာပဲ ချိုမြနေတ တ်သည်ကို သတိပြုမိသည်။ ဂူရှန်းယုမှာကလေ ချစ်တတ်ပုံရသည်။ ချန်အန်လည်း ယုကျန်းကို စနောက်ကာ ဖေဖေဟု ခဏခဏ ခေါ်ခိုင်းလိုက် သည်။

အိမ်ထဲ၌ ခပ်ကြာကြာမနေခဲ့ချေ။ အိမ်နောက် ဖေးသို့ ရောက်သွားသည်။ သူက မွေးမြူရေး ကြက်များကို ကြည့်ရှုရန်ဖြစ်သည်။

“ယန်အာ မင်းဘယ်လိုလုပ် ဒီရောက်နေတာလဲ”

ဝမ်ကျိယန်ကို ကြက်ခြံရဲ့အပြင်၌ ရှိနေသည်မြ င်လျင် ချန်အန်ကမေးလိုက်သည်။ ဝမ်ကျိယန် ကတချက်လှည့်ကြည့်ပြီးနောက်

“ကြက်ကလေးတွေကို ကြည့်နေတာလေ”

“ကြက်ကလေးတွေက ဘာကောင်းလို့လဲ”

“ကြက်ကလေးတွေက ချစ်စရာကောင်းတယ်”

“ငါ့အထင်တော့ အရသာရှိတာပဲ ဖြစ်မယ်”

“နင်နဲ့စကားပြောရတာ စိတ်ရှုပ်စရာပဲ”

ဝမ်ကျိယန်က ချန်အန်ကိုမျက်လုံးပြူးပြကာ လျစ်လျူရှုလိုက်သည်။ ချန်အန်က သူမအနား တိုးကပ်သွားပြီး အနောက်မှ ပွေ့ဖက်လိုက်သည် သိပ်မကြာခင်မှာပဲ သူမက မေးပြန်သည်။

“ပြောပါဦး နင့်ကျင့်ကြံမှုက ဘာလို့ခုလောက် မြန်မြန် မြင့်တက်လာရတာလဲ”

“မှန်းကြည့်လေ”

“မမှန်းတတ်ဘူး”

“ဒါဆို မပြောပြဘူး”

“ဟမ့် ဘယ်သူကဂရုစိုက်လို့လဲ”

ဝမ်ကျိယန်က ခုထိမာနာကြီးနေတုန်းပင်။ အိပ် ရာပေါ်က အသွင်ပြင်နဲ့ လုံးဝ ဆန့်ကျင်ဘက်ပုံစံ ရှိနေကာ ထိုအချင်းအရာကို ချန်အန်က နှစ်သ က်လေသည်။ ဝမ်ကျိယန်ရဲ့ မာနကိုမြင်လျင်သူ မကို ကိုင်ကာ လှောင်အိမ်ထဲ ဝင်လိုက်သည်။

“နင် ဘာလုပ်မလို့လဲ”

“ဘာမှမဟုတ်ပါဘူး ကြက်လေးတွေကို အနီးက ပ်ကြည့်မလို့လေ”

“အခုရပ်လိုက်”

“မရပ်ပါဘူး မင်းရဲ့တောင့်တင်းတဲ့ခန္ဓာကိုယ်ကို ငါသဘောကျတယ်”

“နင်…အရှက်မရှိတဲ့ကောင်”

ဝမ်ကျိယန်တယောက် ပျော့ခွေသွားပြီး အသံ မှာလည်း နူးညံ့သွားတော့သည်။ အချိန်တခုကြ လျင် နေရောင်က အနောက်ဘက်သို့ ယိမ်းကျ သွားလေပြီ။ ကောင်းကင်မှာ မှောင်စပြုနေပြီး အဝတ်အနည်းငယ်သာ ရှိသည့် ချန်အန်လည်း ပူလောင်နေသည်ဟု ခံစားနေရသည်။ ထိုစဥ် သတိပေးချက် ပေါ်လာသည်။

မီးစွမ်းအင် အရင်းအမြစ် +1

လှောင်အိမ်ထဲမှ ထွက်လာပြီးနောက် ဝမ်ကျိယန် တယောက် ကြက်လေးများအပေါ် အမြင်ပြောင် သွားခဲ့သည်။ ချန်အန်က ဝမ်ကျိယန်ရဲ့ ဆံပင် များကို ညင်သာစွာ သပ်တင်ပေးလိုက်သည်။

“ယန်အာ မနက်ဖန်ဘာစားချင်လဲ ယုအာကိုစီစ ဥ်ပေးဖို့ ပြောလိုက်မယ်”

“ကြက်ဥပြုတ် မှိုနဲ့ ပြုတ်ထားတဲ့ ကြက်ဥစားချ င်တယ် ဘယ်လိုလဲ”

ဝမ်ကျိယန်က ထိုသို့ပြောနေရင်း သူမရဲ့နှုတ်ခမ် ပါးလေးများကို အသာသပ်နေခဲ့သည်။ ဒီမိန်းမ ငါ့ဟာကို စားချင်နေတာလား။ အစိမ်းစားမှရမှာ နော်။ ချန်အန်က ပြုံးစစဖြင့်

“ငါမှန်းကြည့်မယ် မင်းက ငါ့ဟာကိုမြည်းချင်နေ တာပဲ”

ထိုအချိန်၌ ဝမ်ကျိယန်ကို စိတ်အနှောင့်ယှက်ဖြ စ်စေမည့် အသံတခုပေါ်လာသည်။ အသံပိုင်ရှင် မှာ ဟန်ဆန်ဖန်း ဖြစ်သည်။

“ဆေးဆရာချန် ကျင့်ကြံသူဝမ် မင်းတို့အထဲမှာ ရှိကြလား”

ချန်အန်က တံခါးကိုဖွင့်၍ ဝမ်ကျိယန်နဲ့အတူအ ပြင်ကို ထွက်လိုက်လျင် ခါးတွင် ဓားတချောင်း ချိတ်ဆွဲကာ ရပ်နေသည့် ဟန်ဆန်ဖန်းကို တွေ့ လိုက်ရသည်။ သူတို့ကိုမြင်လျင် ဟန်ဆန်ဖန်းက

“ဆေးဆရာချန် ကျင့်ကြံသူဝမ် ငါ့မှာမင်းတို့ကို အရေးကြီးပြောစရာရှိတယ်”

“ဘာကိစ္စလဲ”

“ဒီနေရာမှာ ပြောလို့အဆင်မပြေဘူး အထဲဝင် လို့ရမလား”

“မရဘူး ဒီမှာပဲ ပြောကြရအောင်”

ဟန်ဆန်ဖန်းကို အထဲဝင်ခွင့်မပြုချေ။ လှည့်စား တတ်သည့် ကျင့်ကြံရေးလောက၌ မည်သူ့ကိုမှ သူမယုံကြည်ချေ။ အထူးသဖြင့် ချီစုဆောင်းခြ င်း အဆင့်မြင့်၌ ရှိနေသည့် ဟန်ဆန်ဖန်းလိုလူ များ ဖြစ်သည်။ ချန်အန်က ဝင်ခွင့်မပြုသည်ကို မြင်လျင် ဟန်ဆန်ဖန်းက အတင်းမပြောတော့ ပေ။

ပတ်ဝန်းကျင်ကို အကြိမ်အနည်းငယ် ဝေ့ဝဲကြ ည့်လိုက်ပြီး တဦးတယောက်များ ရှိလေမလား ပုံစံဖြင့် ရှာဖွေနေသည်။ အတန်ကြာမှ လေသံ ကိုလျှော့၍

“ငါက ကျင့်ကြံသူကျန်း ကျင့်ကြံသူလျှို ပြီး တော့အနောက်လမ်းက ကျင့်ကြံသူဟီတို့နဲ့အတူ ဝါးရွက်အိမ်ရာထဲက ထွက်သွားဖို့ အချိန်းအချ က်လုပ်ထားပြီးပြီ ငါတို့နဲ့လိုက်ချင်လား လာမေး တာပါ ဒီအခွင့်အရေးက နှစ်ခါမရဘူးနော်”

ချန်အန်က ထိုစကားကို ချက်ချင်းပင် တုန့်ပြန် လိုက်သည်။

“မင်းရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ် လတ်တလောမှာတော့ ထွက်ခွာဖို့ အစီစဥ်မရှိပါ ဘူး”

ဟန်ဆန်ဖန်းက လက်မလျော့သေးပေ။ သူက ကျင့်ကြံသူဝမ် ဘက်လှည့်၍

“ကျင့်ကြံသူဝမ် မင်းသဘောကကော”

“ငါက ငါ့ယောက်ျားစကားပဲ နားထောင်မယ်”

ဝမ်ကျိယန်က ပြောနေရင်းပင် သူမရဲ့လက်ဖြင့် ချန်အန်ရဲ့ လက်မောင်းကို ဆုပ်ကိုင်ကာ တိကျ တဲ့ဆက်ဆံရေးကို ပြသလိုက်သည်။ ထိုမြင်ကွ င်းကို တွေ့လျင် ဟန်ဆန်ဖန်းရဲ့အမူအရာ မပြော င်းသော်လည်း စိတ်ထဲမှာတော့ ကျိန်ဆဲနေခဲ့သ ည်။ ချန်အန်ကိုလည်း အားကျနေခဲ့သည်။ ကျင့် ကြံသူဝမ်မှာ အလွန်တုံးအ သူဖြစ်သည်။

သို့သော် ဟန်ဆန်ဖန်းက ဆက်လက်ဆွဲဆောင် နေသေးသည်။ ဝါးရွက်ဂိုဏ်းရဲ့ အခြေနေမှာပို ၍ ဆိုးရွားလာကြောင်း ပြောနေသည်။

“သံနက်ဂိုဏ်းက သိပ်မကြာခင် အနိုင်ရတော့မှာ နော် စဥ်းစားပါဦး အခုထွက်မသွားရင် နောင်မှာ ထွက်သွားဖို့ မလွယ်မှာ ငါစိုးမိတယ်”

“မလိုအပ်ပါဘူး ကျင့်ကြံသူဟန် ငါတို့မှာလတ် တလော အစီစဥ် မရှိထားဘူး”

ချန်အန်က ထပ်မံငြင်းဆိုလိုက်သည်။ ဟန်ဆန် ဖန်းက ကူရာမဲ့ဟန်ဖြင့်

“မင်းတို့က တကယ်ခေါင်းမာတာပဲ သံနက်ဂိုဏ် ကတိုက်ခိုက်လာတဲ့အချိန် ငါ့ရဲ့စေတနာကိုမင်း တို့ သိမြင်လာကြလိမ့်မယ်”

ထိုသို့ပြောပြီး ဟန်ဆန်ဖန်းက လှည့်ထွက်သွား သည်။ ခြေလှမ်းအနည်းငယ် သွားပြီးနောက် ပြ န်လှည့် လာပြန်သည်။ ပြီးနောက် စိုးရိမ်နေသ ည့်အမူအရာဖြင့်

“ဆေးဆရာချန် ငါကမင်းကိုညီအစ်ကိုလို သ ဘောထားပြီး ပြောပြတာပါ ငါတို့အစီစဥ်ကိုလျှို ဝှက်ထားပေးဖို့ ငါမျှော်လင့်ပါတယ်”

“စိတ်မပူပါနဲ့ ကျင့်ကြံသူဟန် ငါဘာမှမကြားပါ ဘူး”

“ပြောစရာမရှိတော့ရင် ငါထွက်သွားတော့မယ်”

ဟန်ဆန်ဖန်းက လျင်မြန်စွာထွက်ခွာသွားလေသ ည်။ ထိုမြင်ကွင်းကို ကြည့်၍ ဝမ်ကျိယန်က

“ဟန်ဆန်ဖန်းပြေတာ မှန်တယ် ဝါးရွက်ဂိုဏ်းရဲ့ အခြေနေက ပိုပိုပြီးဆိုးလာနေတယ် အချိန်ကြာ ကြာနေဖို့ မသင့်တော့ဘူး နင့်မှာအစီစဥ်ရှိထား လား”

“ယန်အာ ဝါးရွက်အိမ်ရာက အပြင်မှာထက်စာ ရင်တော့ ဘေးကင်းနေသေးတယ်”

ချန်အန်က ဆက်၍ ပြောသည်။

“စိတ်မပူပါနဲ့ တနှစ်ခွဲအတွင်း ဒုတိယအဆင့် ဆေးပညာရှင် ဖြစ်လာမှာပါ အချိန်ကျရင် ရတ နာခန်းမကို ဝင်ပြီး ခန်းမရဲ့ အကာကွယ်ကိုငါတို့ ရယူနိုင်လိမ့်မယ်”

ဒုတိယအဆင့် ဆေးပညာရှင် ရတနာခန်းမ…… ထိုစကားများကို ကြားလျင် ဝမ်ကျိယန်ကစိတ် သက်သာရာ ရသွားခဲ့သည်။ ယောက်ျားဖြစ်သူ အပေါ် သူမက ယုံကြည်သည်။ ချန်အန်က ဦး ခေါင်းကိုငုံ့၍ သူမရဲ့တင်းမာတောင့်ဖြောင့်သ ည့် တင်ပါးများကို ကြည့်သည်။ပြီး​နောက် လုံး ဝန်းသည့် ပေါက်စီများကို ကြည့်လိုက်လေသ ည်။ သူကမထိန်းချုပ်နိုင်ဟန်ဖြင့်

“ယန်အာ သွားကြရအောင် ဒီနေ့က ငါတို့ရဲ့နေ့ပဲ ညစာစားပြီးရင် စောစောလုပ်ကြတာပေါ့”

“ကောင်းပြီ”

ဝမ်ကျိယန်က မိန်းမငယ်လေးသဖွယ် ချန်အန်ရဲ့ လက်မောင်းပေါ် မှီလိုက်သည်။ သူမရဲ့ မျက်နှာ လေးကနီရဲနေပြီး ယနေ့ညတွင်တော့ အဆင့်၈ နီးပါး ပြင်းထန်သည့် တိုင်ဖွန်းမုန်တိုင်းကို သူမ ကြုံတွေ့ရတော့မည် ဖြစ်သည်။

………………………………………………..

All Chapters