အခွင့်အရေးရောက်လာပြီ
Vol. 82 Ch. 1138
ရှီမာယူယူနှင့် တခြားသူများသည် ကောင်းကင်နီရှိရာသို့လာကြရာ အပြင်နှင့် ကွာခြားမှုမရှိသည်ကို တွေ့လိုက်ရသည်။ သူတို့ ကြိုမသိခဲ့ပါက တစ်ခုခုပြတ်တောက်သွားပြီဆိုသည်ကို သိရန်ခက်နိုင်သည်။ “အဲလူတွေက သွားတာကြာနေပြီ သူတို့အခုဘယ်ရောက်နေလဲဆိုတာ မသိနိုင်ဘူး” ပန်းလေး ပြောလိုက်သည်။
“အရင်ဆုံး နတ်ဆိုးဝံပုလွေမျိုးနွယ်ကိုရှင်းပစ်ရမယ်” ရှီမာယူယူ ပြော လိုက်သည်။
သူတို့ တစ်ရက်စောရောက်ပါက ဒီလောက်ကွာသွားမည်မဟုတ်ပေ။
သူမသည် နီရဲပျားများကိုခေါ်ကာ သတင်းစုံစမ်းရန် လွှတ်လိုက်သည်။ သူမသည် ရှောင်ချီနှင့် ချင်ယိကိုပါ တစ်ခါတည်းခေါ်လိုက်သည်။
“ဒီနေရာက ကြီးတာပဲ” ရှောင်ချီသည် ပတ်ဝန်းကျင်အား ခဏတာ အာရုံခံပြီးပြောလိုက်သည်။
“မသေးဘူးလေ မဟုတ်ရင် ဒီလောက်လူအများကြီးဝင်ဆံ့မှာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည်။
“ဟိုမှာ အလောင်းတွေရှိနေတယ်” ရှောင်ချီသည် သူတို့ရှိနေသော နေရာနှင့် မဝေးကွာလှသောနေရာအား ညွှန်ပြလေသည်။
သူတို့ပျံသွားကြရာ အမှန်တကယ်ပင် အလောင်းများ ပုံနေသည်ကိုမြင် လိုက်ရသည်။
“သူတို့တွေက လူသားတွေပဲ သူတို့ကိုသတ်တဲ့လူတွေကလည်း လူသားတွေပဲ” စူးရှောင်ရှောင်သည် ခဏတာစစ်ဆေးပြီးနောက်တွင် ပြော လိုက်လေသည်။
“အနောက်ကနေလိုက်လာတဲ့ အနက်ဝတ်လူတွေပဲဖြစ်လောက်တယ်” ဟန့်မြောင်ရွှမ် ပြောလိုက်သည်။
“သူတို့ကတော့ အမဲလိုက်ဖို့စီစဉ်ထားတာပဲ”
“အဲလူတွေ ဘာလို့ဒီကိုလာတာလဲ သူတို့က တိုင်းပြည်မှာကို ဂယက်ထ အောင်လုပ်နေတာ ဘာလုပ်ဖို့ကြိုးစားနေကြတာလဲ” ရှီမာယူယူ မျက်မှောင် ကြုတ်လိုက်သည်။
“အမြဲတမ်းပဲ လူတစ်ယောက်ယောက်ကိုဖမ်းမယ်ဆိုရင် သေနေပြီးပြီ ဘာမှကိုမေးမရတော့ဘူး” ရှောင်ချီသည် နှုတ်ခမ်းဆူရင်း ပြောလေသည်။
“နီရဲပျားတွေက ပန်းလေးရဲ့ဝတ်မှုန်ကို အနံ့ခံမိပြီ” ရှီမာယူယူ ပြောလိုက်သည် “အဲဘက်”
သူတို့သည် နီရဲပျားများသတင်းပေးသည့် ဘက်သို့ ဦးတည်လိုက်သည်။ သူတို့သည် နတ်ဆိုးဝံပုလွေမျိုးနွယ်ကို မှီသည်မှာ နှစ်ရက်ပင်မကြာလိုက်ပေ။
“တကယ်ပဲ သူတို့ပဲ”
လက်ရှိတွင် နတ်ဆိုးဝံပုလွေမျိုးနွယ်သည် လူသားတစ်စုနှင့် တိုက်ပွဲ ဖြစ်နေသည်။ ထိုလူများသည် ပုံမှန်အခြေအနေကဲ့သို့ မဟုတ်ဘဲ နှေးကွေးစွာ လုပ်ဆောင်နေသည်ကို ရှီမာယူယူ သိလိုက်သည်။
နတ်ဆိုးဝံပုလွေမျိုးနွယ်သည် စိတ်လှုပ်ရှားမှုထက် ကျော်လွန်နေပုံရ သည်။ သူတို့တစ်ယောက်ချင်းစီသည် စိတ်အားထက်သန်စွာဖြင့် လူသားများ ကို အဆက်မပြတ်တိုက်ခိုက်နေသည့်ပုံပေါက်သည်။ နာကျင်မှုဆိုသည်ကို သူတို့မသိသကဲ့သို့ပင်။
သူတို့သည် အဝေးမှကြည့်နေရာ ဝင်ပါရန် အစီအစဉ်မရှိပေ။ သူတို့၏ လက်ရှိစွမ်းရည်ကို အခြေခံကြည့်လျှင် ဝင်ပါလျှင်လည်း အသုံးမဝင်ပေ။
“သူတို့ နည်းနည်းထူးဆန်းတယ်လို့ ဘာလို့ခံစားမိနေတာလဲ” ရှောင်ချီ မေးလိုက်သည်။
“သူတို့တကယ်ပဲ ထူးဆန်းနေတယ် တစ်ယောက်ယောက်က ထိန်းချုပ် နေသလိုမျိုးပဲ” ဟန့်မြောင်ရွှမ် မေးလိုက်သည်။
“သူတို့ အဆိပ်မိထားတာပဲ” ရှီမာယူယူသည် သူတို့အမူအရာကိုမြင် လိုက်သည်နှင့် တစ်စုံတရာကို ခန့်မှန်းမိကာ အလွန်အာရုံစိုက်ပြီး အနံ့ရှိုက် ကြည့်သည်။ ထိုနေရာတွင် ထူးခြားသည့်အနံ့တစ်မျိုးရှိနေသည်။
သူမ အဆိပ်ဖြေဆေးတချို့ထုတ်ကာ သူတို့ကိုဖြန့်ပေးပြီး ပြောလိုက် သည် “ဒါစားလိုက်”
သူတို့သည် အဂ္ဂိရတ်ပညာရှင်များဖြစ်ကြသဖြင့် ကြည့်လိုက်သည်နှင့် အဆိပ်ဖြေဆေးမှန်းသိကြသည်။ တစ်ယောက်ကို ဆေးတစ်လုံးစီစားလိုက် ကြသည်။
“အဲလူတွေက ဖြတ်သွားရင်း အဆိပ်နံ့ကိုရှုမိကြတာဖြစ်မယ် ပြီးတာနဲ့ အသိစိတ်ပျောက်သွားကြပြီး စတိုက်ကြတာပဲ”
“နတ်ဆိုးဝံပုလွေတွေက တိုက်ခိုက်မှုစွမ်းရည် အားကောင်းတာပဲ” ဟန့်မြောင်ရွှမ် ပြောလိုက်သည်။
“နတ်ဆိုးဝံပုလွေတွေရဲ့ တိုက်ပွဲစွမ်းရည်က နတ်ဆိုးလောကမှာ အဆင့်မြင့်တဲ့အထဲမှာပါတယ်” အိမ်မက်လေးပြောလိုက်သည် “သူတို့က သန်မာကြလို့ နတ်ဆိုးလောကမှာ ကြံ့ခိုင်တဲ့အခြေခံအုတ်မြစ်ကို စီမံကြတယ် ဒါပေမဲ့ သူတို့ပစ္စည်းတော်တော်များများက ခိုးပြီးမှရလာတာပဲ”
“သူတို့က အရေအတွက်လည်းများတယ် ဒီလောက်လည်းတက်ကြွနေ ကြတာ သူတို့ကိုအနိုင်ရဖို့ကမလွယ်ဘူး”
“အခုချိန်က အခြေအနေက မျက်နှာသာပေးတာမဟုတ်ဘူး သေချာ ပေါက် ဘယ်လွယ်မလဲ” ရှီမာယူယူ ပြောလိုက်သည်။ သူမသည် ဘေးမှ လှုပ်ရှားမှုကိုအာရုံမိကာ လက်ဆန့်ထုတ်ပြီး အိမ်မက်လေး၏ လက်ကို ကိုင်ပြီး ပြောလိုက်သည် “မစိုးရိမ်နဲ့ ငါတို့သူတို့ကို သေချာပေါက်ပညာပေးမယ်”
အိမ်မက်လေး၏ လက်များသည် လက်သီးဆုပ်အသွင်ပြောင်းကာ ရှီမာယူယူဘက်လှည့်ပြီး ခေါင်းကိုခိုင်မာစွာညိတ်လိုက်သည်။
သူမသည် သူမ၏ သခင်ကိုယုံထားသည်။ သူမအတွက် လက်စားချေ ပေးမည်ဟု ပြောလျှင် သေချာပေါက်လက်စားချေပေးမည်ဖြစ်သည်။
အဝေးမှတိုက်ပွဲသည် လျင်မြန်စွာပင် ပြီးဆုံးသွားလေသည်။ လူသားမျိုးနွယ်သည် သတ်ဖြတ်ခြင်းခံလိုက်ရပြီး နတ်ဆိုးမျိုးနွယ်သည် မည်သည့်ဆုံးရှုံးမှုမှမရှိလိုက်ပေ။ သူတို့ အလွန်သန်မာသည်မှာ ရှင်းလင်းနေ သည်။
ရှီမာယူယူသည် ထိုရက်စက်ပြီးအားကောင်းသော နတ်ဆိုးဝံပုလွေ မျိုးနွယ်ကို မြင်သောအခါ ခေါင်းကိုက်လာသည်။ သူမသည် သတိထားပြီး ဇာတ်လမ်းဆင်ရန်ကလွဲပြီး ရွေးချယ်မှုမရှိတော့သည့်ပုံရသည်။
နတ်ဆိုးဝံပုလွေမျိုးနွယ်သည် အားလုံးကိုသတ်ပြီးနောက်တွင် အရှေ့သို့ ဆက်လျှောက်သွားလေသည်။ ထိုနေရာမှ ထွက်သွားမှပင် တဖြည်းဖြည်းချင်း သူတို့သတိစိတ်ပြန်ဝင်လာလေသည်။
“အခုငါတို့ဘာဖြစ်သွားတာလဲ”
“ငါတို့ ခုနက တိုက်ပွဲတိုက်ဖြစ်လိုက်တယ်လေ ဟားဟား တစ်ယောက် ပြီးတစ်ယောက်သတ်ရတာ ခံစားလို့ကောင်းလိုက်တာ”
“ဒါပေမဲ့ အဲဒီမှတ်ဉာဏ်တွေက ဝါးတယ်လို့ ဘာလို့ခံစားမိတာလဲ”
“မင်း သတ်နေတုန်းကိုအရမ်းစိတ်လှုပ်ရှားနေလို့ မမှတ်မိတာဖြစ်မှာပေါ့”
“မဟုတ်ဘူး အခု နည်းနည်းထူးဆန်းတယ်လို့ခံစားရတယ်” လူတစ် ယောက်ပြောလိုက်သည် “ဧကရာဇ်ဘုရင်ကြီးရဲ့ အကြွင်းအကျန်နဲ့ ထိုက်တန် တဲ့ဟာပဲ ကျပန်းနေရာတစ်ခုကတောင် ငါတို့အာရုံတွေရှုပ်အောင်လုပ်နိုင် တယ်”
“အဲတော့ ဒါကဧကရာဇ်ရဲ့ အကြွင်းအကျန်အစစ်လို့ ဆိုလိုတာပေါ့”
“ဟုတ်တယ်”
“ဟားဟား သွားကြမယ် ရတနာများရမလားလို့ သွားကြည့်ရအောင်”
“ဟားဟားဟား”
ထိုလူများ အဝေးသို့ထွက်သွားသည်နှင့် ရှီမာယူယူသည် နီရဲပျားများ ခိုးနားထောင်ထားသော ထိုလူများပြောစကားများကိုကြားသောအခါ ဆွံ့အ သွားလေသည်။
သူတို့က သားရဲမျိုးနွယ်ဖြစ်နေလို့ ဦးနှောက်မရှိတာလား။ ဒါက အကြွင်းအကျန်ကြောင့် မဟုတ်တာ ဒီလောက်သိသာနေတာကိုလေ… ထိုလူ များ၏ အပျော်လွန်နေသော အမူအရာများကို သူမ မြင်သောအခါ… သူမ တကယ်ကို…
ပျော်ရွှင်စွာ ပြုံးပျော်နေသော ထိုလူများကို အိမ်မက်လေးမြင်သောအခါ သူမ မျက်လုံးမှ ဒေါသသည် ပိုပိုကြီးလာသည်။
ထိုအချိန်က သူတို့သည် နတ်ဆိုးအိမ်မက်မျိုးနွယ်နှင့် သူမ မျိုးနွယ်ကို မြေပေါ်ထိရောက်အောင်ချေမှုန်းပြီးနောက်တွင် သူတို့သည် အောင်နိုင်သည့် လူများသဖွယ် ပြုံးပျော်ခဲ့ကြသည်။
သူမ၏ သေဆုံးသွားသော အမျိုးအနွယ်များကို တွေးမိသည်နှင့် သူမ၏ လက်သီးကျစ်ကျစ်ပါအောင်ဆုပ်မိသည်။ ထိုလူများကို တစ်ရက်တော့ သူမ လက်နှင့် သေချာပေါက် ချေမှုန်းမည်ဟု သူမ ကျန်မိသည်။
သူမ လက်သည်းသည် လက်ဖဝါးကိုပေါက်ထွက်ကာ သွေးများစီးကျ လာသည်မှာ သူမ စိတ်အခြေအနေကို ဖော်ပြနေသည်။
အိမ်မက်လေးဘေးမှ ရှောင်ချီသည် သူမ နာကျင်မှုကိုခံစားမိလေသည်။ ရှောင်ချီသည် သူမ လက်သည်းကိုဖယ်ပြီး ပြောလိုက်သည် “ဝမ်းမနည်းပါနဲ့ ငါတို့မင်းနဲ့အတူရှိနေတယ်”
“သူတို့သွားလိုက်ပြီ လိုက်သွားမယ်” ရှီမာယူယူသည် လက်ဝှေ့ယမ်း လိုက်ရာ အားလုံးသည် အဝေးမှ နတ်ဆိုးဝံပုလွေမျိုးနွယ်နောက်သို့လိုက်လေ သည်။
ထိုအချိန်တွင် နတ်ဆိုးဝံပုလွေမျိုးနွယ်သည် တိုက်ပွဲနှစ်ခုကြုံပြီးပြီဖြစ် သည်။ တစ်ခုမှာ နတ်ဆိုးမျိုးနွယ်ဖြစ်ကာ တခြားတစ်ခုမှာ တစ္ဆေမျိုးနွယ်ဖြစ် သည်။ သူတို့သည် နှစ်ပွဲလုံးတွင် အောင်မြင်စွာထွက်လာနိုင်သဖြင့် သူတို့ မည်မျှအင်အားကြီးကြောင်း သက်သေခံနေသည်။
သူတို့နောက် နှစ်ရက်မျှလိုက်ပြီးနောက်တွင် နောက်ဆုံးတွင် သူမသည် အခွင့်အရေးရှာတွေ့သွားသည်။
နတ်ဆိုးဝံပုလွေမျိုးနွယ်သည် လူသားအင်အားစုတစ်ခုနှင့်တွေ့ကာ ထိုအင်အားစုသည် သူတို့အရှေ့တောင်ကြားမှ ထွက်လာခြင်းဖြစ်သည်။ သူတို့တိုက်ခိုက်နေချိန်တွင် နတ်ဆိုးဝံပုလွေများ တောင်ကြားအကြောင်း သိစေကာ အကြွင်းအကျန်များဆီသို့ နောက်ပြန်ဆုတ်ရန် ထိုလူများ မတော်တဆပြောမိလေသည်။
နီရဲပျားများသည် တောင်ကြားကြောင်းကို သိပြီးသည်မှာ ကြာပြီဖြစ် သည်။ ထိုအဖြစ်အပျက်များကြားတွင် သူတို့ကိုတောင်ကြားသို့ ဆွဲခေါ်သွားပုံ ကိုရှီမာယူယူ တွေးမိလေသည်။ ထိုသည်မှာ အိပ်ချင်နေသူကို ခေါင်းအုံးပေး လိုက်သလိုပင်။
“ညီမတို့သွားပြီး အရင်အတားအဆီးလုပ်ထားရမယ်” ရှီမာယူယူသည် တစ်ခါသုံးတည်ဆောက်မှုကိုထုတ်ပြီး အားလုံးကိုတောင်ကြားဆီသို့ ဦးဆောင်ခေါ်သွားလိုက်သည်။
သူမသည် အရင်ဆုံး နဂါးထောင်ချောက်တည်ဆောက်လေသည်။ ဝင်လာသူများ ပြန်မထွက်လာနိုင်ရန် သူမ သေချာလုပ်သည်။ ထို့နောက်တွင် သူမသည် စိတ်ကူးယဉ်တည်ဆောက်မှုကိုလုပ်ပြီး ဝင်ပေါက်တွင် အဆိပ်များ လုံလောက်စွာထားလိုက်သည်။
ထိုလူများဝင်လာသည်နှင့် သူမသည် နဂါးထောင်ချောက်တည်ဆောက် မှုကိုအသက်သွင်းလိုက်လျှင် အဆိပ်များပျံ့သွားမည်။
“ယူယူ အဲဒါဘာအဆိပ်လဲ” ရှောင်ချီသည် ရှီမာယူယူဘေးသို့ ပြေးလာ ပြီးပြောလိုက်သည်။
“ဒီအဆိပ်က သူတို့ကို တဖြည်းဖြည်းခံစားစေလိမ့်မယ်” ရှီမာယူယူ ပြောလိုက်သည်။
“အရင်တစ်ခေါက် ရင်ယန်နန်းတော်ကိုပေးလိုက်တာနဲ့တူလား”
“မတူဘူး” ရှီမာယူယူသည် ကျောက်စိမ်းပုလင်းကိုသိမ်းလိုက်သည် “ဒါက အဲထက်ပိုကောင်းတယ် ဟိုတစ်ခုက လူသားတွေကိုပဲသက်ရောက်မှုရှိ တာ ဒီတစ်ခုက နတ်ဆိုးနဲ့ တစ္ဆေမျိုးနွယ်တွေကိုပါ အဖမ်းခံဖို့ သေချာပေါက် အညံ့ခံစေလိမ့်မယ်”
ရှီမာယူယူ၏ အပြုအမူကိုမြင်သောအခါ စိတ်ထဲတွင် အတွေးကိုယ်စီ များပေါ်လာကြသည်။ သူတို့သည် တည်ဆောက်မှုနှင့် အဆိပ်သခင်များကို ဘယ်သောအခါမှ ရန်မစရန်ဖြစ်သည်။ အထူးသဖြင့် ဒီလောက် အသည်းအေး တဲ့လူကိုပေါ့…
***