နတ်ဆိုးဝံပုလွေမျိုးနွယ်ထောင်ချောက်မိခြင်း
Vol. 82 Ch. 1139
ရှီမာယူယူ တည်ဆောက်မှုများ ဆောက်ပြီးနောက်တွင် ဘေးမှ တောင်ကမ်းပါးဆီသို့ အဖွဲ့ကိုဦးဆောင်သွားလိုက်သည်။ သူတို့သည် တည်ဆောက်မှုတစ်ခုဖြင့် သူတို့ကိုယ်သူတို့ ဖုံးကာ နတ်ဆိုးဝံပုပလွေဝင်လာ သည်ကို စောင့်ကြသည်။ နေ့တစ်ဝက်ကြာပြီးနောက်တွင် အပြင်တွင် စောင့်နေသော နီရဲပျားများသည် နတ်ဆိုးဝံပုလွေများဝင်လာပြီဟု သတင်းပို့ လေသည်။ ရှီမာယူယူသည် ချက်ချင်းပင် တည်ဆောက်မှုကို အသက်သွင်းပြီး ရောင်ဝါများကို ဖျောက်ထားလိုက်သည်။ လျင်မြန်စွာပင် နတ်ဆိုးဝံပုလွေ မျိုးနွယ်သည် တက်ကြွစွာပြေးလာသည်ကို မြင်လိုက်ရသည်။ “ဟားဟား ဒါက အဲလူသားတွေပြောတဲ့ တောင်ကြားလား”
“ဒါက အကြွင်းအကျန်ရဲ့အပိုင်းလား ဘာလို့ဒီလောက်သာမန်ဖြစ်နေရ တာလဲ”
“အပြင်မှာ စိတ်ကူးယဉ်တည်ဆောက်မှုရှိတယ်လို့ အဲလူသားတွေပြော တာမေ့သွားပြီလား ငါတို့ပိတ်လိုက်တာနဲ့ တကယ့်ပုံအစစ်အမှန်ကို မြင်ရမယ် လေ”
“ငါတို့က တည်ဆောက်မှုတွေနဲ့မှ မရင်းနှီးတာ ဘယ်လိုလုပ် စိတ်ကူးယဉ်တည်ဆောက်မှုကို ပိတ်မှာလဲ”
“ငါတို့ တည်ဆောက်မှုတွေကိုနားမလည်ဘူး ဒါပေမဲ့ ငါတို့မှာ အားရှိ တယ်လေ အကုန်လုံးကိုချေမွလိုက် အပြင်ကဟာတွေအကုန်လုံးကို ညက်ညက်ကြေအောင်သာ ချေမွပစ်လိုက် တည်ဆောက်မှုဘယ်လောက် ကြာအောင် ခံနိုင်မလဲကြည့်ကြတာပေါ့”
“ဟုတ်သားပဲ ငါတို့မှာအားရှိတာပဲ”
“သွားမယ် အဲဒါတွေကို ဖျက်ဆီးကြမယ်”
နတ်ဆိုးဝံပုလွေမျိုးနွယ် တစ်ယောက်ချင်းစီသည် အလွန်စိတ်လှုပ်ရှား ကာ သူတို့၏ နတ်ဆိုးစွမ်းအင်ကိုထင်ရှားစွာထုတ်ကာ ကျောက်တုံးများ မြက်ပင်များနှင့် ပန်းများကို အမှုန့်များဖြစ်သည်အထိ ဖျက်ဆီးလေသည်။
နတ်ဆိုးဝံပုလွေမျိုးနွယ်သည် ရှီမာယူယူနှင့် တခြားသူများကို မမြင်ပေ။ သို့သော် ရှီမာယူယူနှင့် တခြားသူများသည် နတ်ဆိုးဝံပုလွေမျိုးနွယ်များကို ရှင်းလင်းစွာမြင်ရလေသည်။
သူမ နတ်ဆိုးမျိုးနွယ်ဝင်များ ရှုပ်ထွေးမှုများဖန်တီးနေသည်ကို မြင်သော အခါ မတတ်သာဘဲ နှုတ်ခမ်းတွန့်လိုက်လေသည်။ သူမ တည်ဆောက်မှုက မာကျော၍သာတော်သေးသည်။ မဟုတ်လျှင် ဒီလောက်ရှုပ်ထွေးမှုနှင့်ဆိုလျှင် သူတို့ စတင်နိုင်မည်မဟုတ်ပေ။
သူမသည် ဝိညာဉ်စွမ်းအင်ထုတ်ကာ တည်ဆောက်မှုအား အသက် သွင်းလိုက်သည်။ နတ်ဆိုးစွမ်းအင်ပျံ့သွားချိန်တွင် တောင်ကြားတွင် နောက် မြင်ကွင်းတစ်ခုပေါ်လာလေသည်။
“ထူလိုက်တဲ့ နတ်ဆိုးရောင်ဝါပဲ”
“ဧကရာဇ်ဘုရင်ကြီးက တကယ်ပဲ နတ်ဆိုးမျိုးနွယ်ကလား”
“ဟားဟား အဲလိုဆိုရင် ငါတို့ ဒီကပစ္စည်းကိုသေချာပေါက် သုံးလို့ရမှာပဲ”
“မြန်မြန် ဒီထဲမှာ ဘယ်လိုရတနာရှိလဲဆိုတာ သွားကြည့်ကြမယ်”
ထိုနတ်ဆိုးဝံပုလွေများသည်တောင်ကြားဆီသို့ အလောတကြီးသွားကြ လေသည်။ သူတို့ဝင်လိုက်သည်နှင့် ရှီမာယူယူသည် နဂါးထောင်ချောက် တည်ဆောက်မှုကို အသက်သွင်းလိုက်သည်။
နဂါးထောင်ချောက် တည်ဆောက်မှု အသက်ဝင်သွားသည်နှင့် စိတ်ကူးယဉ်တည်ဆောက်မှုလည်း အသက်ဝင်လာသည်။ သူတို့ရှေ့မှ မြင်ကွင်းသည် ချက်ချင်းပင် ထူထဲသော နတ်ဆိုးရောင်ဝါနှင့်အတူ ပျောက်ကွယ်သွားလေသည်။
“ဒီမှာဘာတွေဖြစ်နေတာလဲ”
နတ်ဆိုးဝံပုလွေများသည် ပတ်ဝန်းကျင်ပြောင်းလဲသွားသည်ကိုကြည့် ပြီး အလွန်အံ့သြနေလေသည်။
“မျိုးနွယ်ခေါင်းဆောင်ငယ် ဒါတည်ဆောက်မှုပဲ”
သူတို့သည် ခေါင်းမော့လိုက်ရာ တောင်ကြားထိပ်တွင် လှိုင်းဂယက် တစ်ခုရှိနေသည်ကို တွေ့လိုက်ရသည်။ ထွက်ပေါက်တွင်လည်း အတူတူပင်။ တောင်ကြားတစ်ခုလုံးသည် ဝန်းရံခံရသလိုပင်။
“ဘယ်သူလာရှုပ်နေတာလဲ” နီညိုရင့်ရောင်ဝံပုလွေသည် မိုးပေါ်သို့ ကြည့်ကာအော်လိုက်သည်။
“မျိုးနွယ်ခေါင်းဆောင်ငယ် ဒီမှာနတ်ဆိုးရောင်ဝါမရှိဘူး ငါတို့ လှည့်စားခံ လိုက်ရပြီ”
“ဒီသခင်လေးသိတယ်” နီညိုရင့်ဝံပုလွေသည် သူ့လူများကို ငေါက်ငမ်း လေသည်။
ထိုအချိန်တွင် အလှည့်စားခံနေရသည်ကို သူ မသိသေးပါက နတ်ဆိုး လောကတွင် နေရန် သူ အသုံးဝင်တော့မည်မဟုတ်ပေ။
“ဘယ်သူလာရှုပ်နေတာလဲ” နတ်ဆိုးဝံပုလွေများ အော်ကြလေသည်။
ရှီမာယူယူသည် တည်ဆောက်မှုကိုလွှတ်လိုက်ရာ လူသားပုံရပ် အနည်းငယ်သည် တောင်ထိပ်တွင် ချက်ချင်းပေါ်လာလေသည်။
“မင်းတို့ဘယ်သူတွေလဲ ငါတို့ကိုဘာလို့ ထောင်ချောက်ဆင်တာလဲ” နီညိုရင့်ဝံပုလွေမေးလေသည်။
“မင်း ငါတို့ကိုမမှတ်မိနိုင်ပေမဲ့ သူမကိုမြင်ရင်တော့ နားလည်သွားမှာပါ” ရှီမာယူယူသည် ပြောပြီးနောက် သူမအနောက်တွင်ပါလာသော အိမ်မက်လေးဘေးသို့သွားလိုက်သည်။
အိမ်မက်လေးကိုမြင်သည်နှင့် နီညိုရင့်ဝံပုလွေသည် အံ့သြသွားကာ စကားပင်မပြောနိုင်ပေ။
“အိမ်မက်… အိမ်မက်နတ်ဆိုးသားရဲ…”
“နီညိုရင့်ဝံပုလွေ ငါ့ကိုမှတ်မိလား” အိမ်မက်လေးသည် သူ့အား အေးစက်စွာကြည့်လေသည်။ သူမ၏ အကြည့်မှာ လူသတ်ချင်သည့် အကြည့် အပြည့်ဖြစ်နေသည်။
“မင်းက အဲဒီအိမ်မက်နတ်ဆိုးသားရဲပဲ” နီညိုရင့်ဝံပုလွေသည် သူ့မျိုးနွယ်ဝင်နှင့် တခြားသူများနှင့်အတူ သူမကို ခွဲခြမ်းစိတ်ဖြာစစ်ဆေးခဲ့ သည်။ နှစ်ပေါင်းများစွာကြာသွားသော်လည်း သူမသည် အရင်အတိုင်းပင်။ သူ့ မှတ်ဉာဏ်ထဲကအတိုင်းပင်။
“အဲတော့ငါ့ကို မှတ်မိသေးတာပဲ”
“မဖြစ်နိုင်တာ မင်းကိုဖိနှိပ်ထားပြီးပြီမလား ဘယ်လိုလုပ်ဒီရောက်နေ တာလဲ” နီညိုရင့်ဝံပုလွေ အော်လေသည်။
“ငါ့ကို လူသားလောကမှာ ဖိနှိပ်ခဲ့တာ မင်းတို့ကိုကျေးဇူးတင်ရမှာပဲ မဟုတ်ရင် ငါ့သခင်နဲ့တွေ့ပြီး သူမက ငါ့ကိုကယ်မှာမဟုတ်ဘူး ဟုတ်တယ် မလား” အိမ်မက်လေးသည် အေးစက်စွာနှာမှုတ်လေသည်။
“ဟင်း မင်းမှာ ထာဝရရှင်သန်သူ ခန္ဓာကိုယ်ရှိရင်တောင် လူသားက မင်းရဲ့ စာချုပ်သခင်ဖြစ်နေတော့ ငါတို့ကိုနိုင်မယ်လို့ထင်နေလား”
နီညိုရင့်ဝံပုလွေသည် ရှီမာယူူယူတို့အဖွဲ့လူူနည်းပြီး အင်အားမကြီး သည်ကိုမြင်သောကြောင့် အလေးအနက်မထားချေ။ သူတို့၏ ခဏတာ အံ့သြ မှုအပြီးတွင် သူတို့၏ ပုံမှန်သဘောထားအတိုင်းဖြစ်သွားလေသည်။
“ငါတို့က မင်းတို့ကိုတိုက်ခိုက်မယ်လို့ ဘယ်တုန်းက ပြောလို့လဲ အရူးတွေ” ရှောင်ချီသည် လက်ပိုက်ကာ ထိုလူများကို ငတုံးများဟုတွေးနေ သည်ကို ရှင်းလင်းသောအမူအရာဖြင့် ကြည့်လေသည်။
“ငါတို့ကိုနိုင်ဖို့ ဒီတည်ဆောက်မှုကိုသုံးမလို့လား” နီညိုရင့်ဝံပုလွေ ပြော လေသည် “ဘာလဲ ငါတို့ကိုဒီမှာ တစ်သက်လုံးပိတ်ထားမလို့လား မဟုတ်ရင် မင်းတို့ဝင်လာပြီး ငါတို့နဲ့တိုက်ချင်လို့လား”
သူသည် ရှီမာယူယူနှင့် တခြားသူများ အပေါ်တွင်ရှိနေသည်ကိုမြင် သောအခါ သူတို့ဝင်မလာရဲဟု ခန့်မှန်းထားသည်။ သူတို့သာ ဆင်းလာပါက တည်ဆောက်မှုကို ဖျက်ရန်အချိန်မရလိုက်ခင်မှာပင် သူတို့ကို ချေမှုန်းလိုက် မည်။
“ငါတို့ကိုဆင်းလာဖို့ ဆွနေတာလား နှမြောစရာပဲ အဲဒါက ငါတို့ကို အသုံးမဝင်ဘူး” ရှီမာယူယူ ပြောလိုက်သည်။
နီညိုရင့်ဝံပုလွေသည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။ ထိုလူ များသည် သူတို့ကို ဆွဲချရန်စီစဉ်ထားသည့်ပုံပင်။
“မင်းတို့ ဒီတည်ဆောက်မှုကို သွားဖျက်လိုက်” သူသည် သူ့ဘေးမှလူ များကို အမိန့်ပေးလေသည်။
“ဟုတ်ကဲ့ မျိုးနွယ်ခေါင်းဆောင်ငယ်”
ထိုလူများသည် မိုးပေါ်သို့ ပျံသွားပြီး တည်ဆောက်မှုကိုတိုက်ခိုက်လေ သည်။ သို့သော် သူတို့ မည်မျှပင် အင်အားတိုးပါစေ တည်ဆောက်မှုကို တစ်လက်မမျှ ရွေ့လျားအောင် မလုပ်နိုင်ပေ။
အကြိမ်အနည်းငယ်တိုက်ခိုက်ပြီးနောက်တွင် နတ်ဆိုးဝံပုလွေများသည် မူးဝေပြီး အားနည်းလာသည်ကို ခံစားရလေသည်။ ‘ဘုန်း’ ဟူသောအသံနှင့် အတူ သူတို့သည် မြေပေါ်သို့လဲကျကြလေသည်။
“အသုံးမကျဘူး” နီညိုရင့်ဝံပုလွေသည် ပုံမှန်မဟုတ်သည်ကို မတွေ့ဘဲ တခြားမျိုးနွယ်ဝင်များကို ညွှန်ပြကာ ပြောလိုက်သည် “မင်းတို့သွားကြ”
မျိုးနွယ်ဝင်တချို့သည်လည်း တိုက်ခိုက်ကြရာ အရင်လူများကဲ့သို့ပင် ဖြစ်လေသည်။ သို့သော် သူတို့သည် တိုက်ခိုက်မှုအနည်းငယ်လုပ်ပြီးနောက် တွင် လဲကျကြလေသည်။
“အသုံးမကျတဲ့ဟာတွေ မင်းတို့သွားကြ” နီညိုရင့်ဝံပုလွေ အမိန့်ပေး လေသည်။
“မျိုးနွယ်ခေါင်းဆောင်ငယ် တစ်ခုခုတော့လွဲနေပြီထင်တယ်” နီညိုရင့် ဝံပုလွေဘေးမှ တစ်ယောက် ပြောလိုက်သည်။
“ဘာလွဲနေလို့လဲ” ” နီညိုရင့်ဝံပုလွေ မေးလိုက်သည်။
“ငါတို့်ခေါ်လာတဲ့ မျိုးနွယ်ဝင်တွေက အရမ်းအားကောင်းကြတယ် သူတို့ တည်ဆောက်မှုကို နည်းနည်းလောက်တိုက်ခိုက်လိုက်တာနဲ့ ဒီလိုအခြေအနေ ဖြစ်မှာမဟုတ်ဘူး” ထိုလူပြောလိုက်သည်။
နီညိုရင့်ဝံပုလွေ စိတ်အေးအေးထားပြီးစဉ်းစားကြည့်ရာ အမှန်တကယ် ပင် ထိုကဲ့သို့ဖြစ်သည်။ သူ၏ နတ်ဆိုးဝံပုလွေမျိုးနွယ်ဝင်များသည် တိုက်ခိုက် မှုအနည်းငယ်လုပ်လိုက်သည်နှင့် သည်လိုမျိုးဖြစ်သွားသည်အထိ အားနည် သည်မှာမဖြစ်နိုင်ပေ။
“မင်းတို့သွားကြည့်လိုက် သူတို့ဘာဖြစ်တာလဲ”
“နားလည်ပါပြီ”
သူတို့သည် စစ်ဆေးပြီးနောက် ပြန်လာကာ ပြောလေသည် “မျိုးနွယ် ခေါင်းဆောင်ငယ် သူတို့ အဆိပ်မိတာဖြစ်နိုင်တယ်”
“အဆိပ်ဟုတ်လား ဘယ်လိုလုပ် အဆိပ်မိရမှာလဲ မင်းတို့ မမှားပါဘူး နော်”
“မမှားပါဘူး သူတို့တကယ်ပဲ အဆိပ်မိနေတာ”
“ဟားဟားဟား”
ရှောင်ချီ၏ အသံသည် တောင်ကမ်းပါးထိပ်မှ ထွက်လာပြီး သူမသည် သူမ ပါးစပ်ကိုပိတ်ပြီးပြောလေသည် “မင်းတို့်အဆိပ်မိတယ်ဆိုတာကို သိဖို့ ဘယ်လောက်ကြာမလဲလို့ ကြည့်ချင်နေတာ မင်းကတကယ့်ကို ငတုံးပါလား အဆိပ်ဆိုတာကိုသိဖို့ အချိန်အတော်ယူလိုက်ရတယ်”
နတ်ဆိုးဝံပုလွေမျိုးနွယ်၏ အမူအရာမှာ အလွန်ပင် ရုပ်ဆိုးနေလေပြီ။ ထိုလူများသည် သူတို့ကို တည်ဆောက်မှုတွင်ပိတ်ထားသည်သာမကဘဲ အဆိပ်ခတ်လိုက်သေးသည်။ သူတို့ ပြင်ဆင်ထားတာကြာပြီပဲ။
“ငါတို့ကို ဘာအဆိပ်ခတ်လိုက်တာလဲ”
“မင်းတို့ အားတွေလျော့ပြီး နတ်ဆိုးစွမ်းအင်ကို သုံးမရတဲ့အဆိပ်ပဲ ဒါပေမဲ့ အစပိုင်းတော့ အဲလောက်မြန်မြန်မပြန့်ပါဘူး မင်းတို့ ခန္ဓာကိုယ်ထဲက နတ်ဆိုးစွမ်းအင် အသက်သွင်းလိုက်တာနဲ့ မြန်မြန်ပြန့်သွားလိမ့်မယ်” ရှီမာယူယူ ရှင်းပြလေသည်။
သူမ ထိုသို့ပြောသည်နှင့် တိုက်ခိုက်ရန် နတ်ဆိုးစွမ်းအင်စုထားသော လူများသည် ချက်ချင်းပင် သူတို့၏နတ်ဆိုးစွမ်းအင်ကိုပြန်ရုတ်သိမ်းကြလေ သည်။ နီညိုရင့်ဝံပုလွေပင်လျှင် အတူတူလုပ်လေသည်။
“ဟားဟား ငတုံးတွေ မင်းတို့နတ်ဆိုးစွမ်းအင်မသုံလးည်း ဒီအဆိပ်က နာရီဝက်အတွင်း သက်ရောက်မှုပြလိမ့်မယ် အခုကို မိနစ်တော်တော်များများ ကနု်နေပြီ ကျန်တဲ့အချိန်ကို မင်းတို့အသက်ကိုပြည့်ပြည့်ဝဝခံစားသင့်တယ်” ရှောင်ချီသည် ကြင်နာစွာဖြင့် သူတို့ိကို သတိပေးလေသည်။
***