← Chapters

သွားအတွက် သွား မျက်လုံးအတွက် မျက်လုံး

Vol. 82 Ch. 1140

သွားအတွက် သွား မျက်လုံးအတွက် မျက်လုံး

Vol. 82 Ch. 1140

ရှောင်ချီ၏ စကားများသည် နတ်ဆိုးဝံပုလွေမျိုးနွယ်၏ အမူအရာများကို ပြောင်းသွားစေသည်။ သူတို့အကုန်လုံး အဆိပ်မိနေတာလား… မဖြစ်နိုင်တာ

သူတို့က မြင့်မြတ်ပြီး အင်အားကြီးတဲ့ နတ်ဆိုးဝံပုလွေမျိုးနွယ်လေ… ဘယ်လိုလုပ် လူသားတွေလုပ်တဲ့ အဆိပ်မိမှာလဲ။

“ငါ့ကိုမယုံဘူူးလား” ရှောင်ချီ ပြောလိုက်သည် “မင်းတို့ခန္ဓာကိုယ်ထဲက နတ်ဆိုးစွမ်းအင်ကို အသက်သွင်းကြည့်လေ ဟိုကလူတွေလိုဖြစ်လား မဖြစ်လား ကြည့်လိုက်လေ”

မည်သူမှ မကြိုးစားရဲကြပေ။

သူတို့သည် ရှောင်ချီ၏ စကားလုံးများကို မသိစိတ်မှ ယုံကြည်မိထား လေပြီ။ အဆိပ်စောစောစီးစီးမိမည်ကို ရှောင်ရန်အတွက် မည်သူမှ မလှုပ်ရှား ရဲပေ။

“မင်းတို့ဘာလုပ်ဖို့ စီစဉ်ထားတာလဲ” နီညိုရင့်ဝံပုလွေသည် ရုပ်ဆိုး သောမျက်နှာထားဖြင့် မေးလေသည်။

“မေးဖို့တောင်လိုသေးလို့လား” ရှောင်ချီသည် သူတို့ကို ငတုံးများကဲ့သို့ ကြည့်လိုက်သည် “သွားအတွက်သွား မျက်လုံးအတွက်မျက်လုံးလေ အဲတုန်းက အိမ်မက်လေးကို ဘာလုပ်ခဲ့လဲ ဒီနေ့ကိုပြန်ပေးဆပ်ခိုင်းမယ်”

“မင်းလုပ်ရဲလား”

“မလုပ်ရဲစရာ ဘာအကြောင်းရှိလဲ ဒါက မင်းတို့နတ်ဆိုးလောကများ ထင်နေလား”

“အိမ်မက်နတ်ဆိုးသားရဲ ငါတို့ကိုသတ်ရဲရင် တို့နတ်ဆိုးဝံပုလွေမျိုးနွယ် က မင်းကိုလွှတ်ပေးမှာမဟုတ်ဘူး မင်း လူသားလောကမှာပုန်းနေရင်တောင် မင်းထွက်မလာမချင်း သူတို့ရပ်မှာမဟုတ်ဘူး” နီညိုရင့်ဝံပုလွေ ခြိမ်းခြောက် လေသည်။

“ဟုတ်လား သူတို့ကိုလာခိုင်းလိုက်လေ” ရှီမာယူယူ ပြောလိုက်သည် “သူတို့ကို မစောင့်နိုင်ဘူးထင်တယ် ငါတို့ကသာ မင်းတို့တစ်မျိုးနွယ်လုံးရဲ့ အသိုက်ကို ဖျက်ဆီးဖို့ နတ်ဆိုးလောကကိုသွားရမှာ… အခု မင်းကိုယ်မင်း သာ စိတ်ပူနေလိုက်”

နီညိုရင့်ဝံပုလွေသည် ရှီမာယူယူအားကြည့်လိုက်သည်။ ဘာကြောင့် မှန်းတော့မသိသော်လည်း သူမကိုကြည့်လိုက်ချိန်တွင် သူမသည် သန်မာ သောလူသားမဟုတ်သော်လည်း စိတ်ထဲတွင် အေးစိမ့်သွားခဲ့သည်။

ဒီနေ့ သူတို့အသက်ကို ဒီမှာပဲ ဆုံးရှုံးလိုက်ရတော့မှာလား။

“အိမ်မက်လေး အချိန်ကျပြီ” ရှီမာယူယူ ပြောလိုက်သည် “ဂရုစိုက်”

“အင်း” အိမ်မက်လေးသည် ခေါင်းညိတ်ပြီး ခြေတစ်ချက်ဆောင့်ကာ ပျံသွားမည်ပြုသည်။

“ခဏလေး” ရှီမာယူယူ သူမကိုဆွဲထားလိုက်သည်။ သူမသည် လင်းလုံ ကိုထုတ်ပြီး ပြောလိုက်သည် “သူမကို ခေါ်သွား”

လင်းလုံသည် ရှီမာယူယူ၏ လက်ထဲမှ ပျံထွက်ကာ အိမ်မက်လေးရှေ့ တွင်ရပ်သွားလေသည်။

အိမ်မက်လေးသည် လင်းလုံကိုကိုင်ပြီး ပျံထွက်သွားလေသည်။

နဂါးထောင်ချောက်တည်ဆောက်မှု… မည်သူမှ ဝင်မရ ထွက်မရပေ။ ထို တည်ဆောက်မှုသည် အိမ်မက်လေး ဝင်သွားသည်နှင့် အနည်းငယ်လှိုင်း ဂယက်ထသွားပြီးနောက် ပြန်ငြိမ်သွားလေသည်။

နတ်ဆိုးမျိုးနွယ်ဝင်များသည် သူမအား သတိနှင့်ကြည့်နေလေသည်။ သူမ ခြေတစ်လှမ်းလှမ်းသည်နှင့် သူတို့သည် ခြေတစ်လှမ်းဆုတ်လေသည်။

“အိမ်မက်နတ်ဆိုးသားရဲ မင်း လာမရှုပ်ဖို့အကြံပေးလိုက်မယ် ငါတို့ နတ်ဆိုးဝံပုလွေမျိုးနွယ်ကို မင်းသိပါတယ် မင်း…”

“သိတာပေါ့ မင်းတို့နတ်ဆိုးဝံပုလွေမျိုးနွယ်ကို သိတာပေါ့ မင်းတို့ စရိုက် တွေက ရက်စတက်တယ် မင်းတို့မလုပ်ရဲတာမရှိဘူး မင်းတို့ အကြိုက်ဆုံး အလုပ်က မျိုးနွယ်တွေကိုချေမှုန်းတာပဲ” အိမ်မက်လေး ပြောလိုက်သည် “ဒါပေမဲ့ ဘာဖြစ်လဲ မင်းတို့က ငါတို့မျိုးနွယ်တစ်ခုလုံးကို သတ်ပြီးပြီ သူတို့ကို ထပ်သတ်နိုင်သေးလား”

သူမ ပြောရင်းနှင့် လက်ထဲမှ လင်းလုံကို ဝင့်ရမ်းလေသည်။ ဓားသွား သည် ပျံထွက်သွားပြီး မြေပေါ်တွင်လဲနေသော လူတစ်ယောက်၏ အသက်ကို ယူသွားလေသည်။

“အိမ်မက်နတ်ဆိုးသားရဲ မလောနဲ့ ငါတို့စကားပြောလို့ရပါတယ်”

အချိန်ကုန်သွားသည်နှင့်အမျှ သူတို့လှုပ်ရှားမှုမှာ နှေးကွေးသွားသည် ကို ခံစားရသည်။ သူတို့၏ နတ်ဆိုးစွမ်းအင်များ ဖိနှိပ်ခံရသည်နှင့်အတူ အိမ်မက်လေးနှင့် ရင်ဆိုင်ရသောအခါ သူတို့ဘက်တွင်အရေအတွက်များ သော်လည်း ပြန်တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။

“စကားပြောကြမယ် ဟုတ်လား အဲနှစ်က မင်းတို့ ငါ့အိမ်မက်နတ်ဆိုး မျိုးနွယ်ကိုချေမှုန်းတုန်းက စကားပြန်ပြောဖို့ စဉ်းတောင်စဉ်းစားခဲ့လို့လား အဲနှစ်က မင်းတို့ ငါ့ခန္ဓာကိုယ်ကို အကြိမ်ပေါင်းမနည်းစမ်းသပ်တုန်းက ငါ့ကို ထပ်ခါထပ်ခါ လှီးဖြတ်တုန်းက စကားပြောဖို့စဉ်းစားခဲ့လား”

ထိုသည်မှာ ဟန့်မြောင်ရွှမ်နှင့် စူးရှောင်ရှောင်တို့ ထိုအဖြစ်အပျက်ကို ပထမဆုံးကြားဖူးခြင်းဖြစ်သည်။ သူမ ပြောလိုက်သည်များကို ကြားလိုက် သောအခါ မျက်လုံးများသည် နီရဲလာသည်။

သူတို့သည် တွေးပင်မတွေးနိုင်ပေ။ သူမသည် သူမမျိုးနွယ်များ သေဆုံး သည်ကို မျက်လုံးဖြင့် ကိုယ်တိုင်မြင်ရကာ မသေဆုံးနိုင်သော နာကျင်မှုကို ထပ်ခါထပ်ခါ တွေ့ကြုံခဲ့ရသည်။ အိမ်မက်လေးသည် ထိုစဉ်က ငယ်ဦးမည်။ သူမ ဘယ်လိုလုပ်တောင့်ခံနိုင်မှာလဲ။

အိမ်မက်လေးသည် ပြောတိုင်းတွင် လင်းလုံကို တစ်ခါဝေ့ရမ်းလေ သည်။ နတ်ဆိုးဝံပုလွေအုပ်စုသည် သူမ ဓားသွားအောက်တွင် သေဆုံးကြ လေသည်။

လတ်ဆတ်သောသွေးများသည် သူမမျက်နှာ ခန္ဓာကိုယ်နှင့် မုန်းတီးမှု ပြည့်နေသော မျက်လုံးများသို့ လာစင်လေသည်။ သူမသည် ငရဲမှ တွားသွား တက်လာသည်နှင့်တူလေသည်။

“အဲနှစ်က မင်းတို့ငါ့ကိုသတ်ပေမဲ့ ငါမသေနိုင်ဘူးလေ မင်းတို့ ငါ့ကိုယ် ထဲက ပစ္စည်းကိုလည်းမရနိုင်ဘူး အဲတော့ ငါ့စွမ်းအားတွေနဲ့ မှတ်ဉာဏ်တွေကို ချိပ်ပိတ်ပစ်လိုက်တယ် ပြီးတော့ ငါ့ကိုယိလင်းတိုင်းပြည်မှာ နှစ်တွေရာချီ အောင် ဖိနှပ်ခဲ့တယ် အဲဒါကိုစကားပြောဖို့စဉ်းစားနေသေးတာလား” အိမ်မက်လေးသည် ဓားသွားကို ထပ်မံဝေ့ပြန်သည် “အခု ပြောပါဦး ဘာပြောချင်သေးလဲ ပြော ဘာပြောဖို့ရှိသေးလဲ”

အိမ်မက်လေး မှတ်ဉာဏ်များပြန်ရစဉ်က ရှောင်ချီသည် သူမဘေးတွင် မရှိခဲ့ပေ။ ထို့ကြောင့် သူမ မည်မျှရူးသွပ်သွားခဲ့သည်ကို သူမ မမြင်ခဲ့ရပေ။ သူမ အခုပြောသောအရာများကိုကြားရသောအခါ သူမကဲ့သို့ပင် နှလုံးသား များ ကွဲအက်သွားသလိုခံစားရသည်။

“အိမ်မက်လေး သူတို့ကို တစ်ချက်တည်းနဲ့ မသတ်နဲ့” သူမသည် ခြေ တစ်ဖက်ကန်ကာ ပျံဆင်းသွားလေသည်။ သူမသည် အိမ်မက်လေးဘေးရပ် ကာ ထိုလူများကိုကြည့်ပြီး ပြောလိုက်သည် “သူတို့ကို တစ်ချက်တည်းနဲ့ သတ်လိုက်တာက သူတို့အတွက်လွယ်လွန်းနေတယ်”

“ငါလည်းပါမယ်” ပန်းလေးသည် ပျံလာကာ အိမ်မက်လေးဘေးတွင် ရပ်လိုက်သည် “မင်းဘာလုပ်ချင်လဲ ငါ့ကိုပါထည့်တွက်ပေး”

သူမ နာမည် ပန်းလေးဟု ပေးခဲ့သူမှာ အိမ်မက်လေးဖြစ်သည်။ ထိုနာမည်သည် ချိုအီသည်ဟု အမြဲတမ်းခံစားခဲ့သော်လည်း လက်ရှိ ဆက်ဆံရေးကို လျော့မသွားစေပေ။

အိမ်မက်လေးသည် ရှောင်ချီအားကြည့်လိုက် ပန်းလေးအားကြည့်လိုက် နှင့် ပြီးနောက်တွင် ခေါင်းညိတ်ကာ ပြောလိုက်သည် “ရှောင်ချီ ပြောတာ မှန် တယ် သူတို့ကိုတစ်ချက်တည်းနဲ့သတ်လိုက်တာက သူတို့အတွက်လွယ်လွန်း နေတယ် သွားအတွက်သွား မျက်လုံးအတွက်မျက်လုံးလို့ သူတို့ကိုပြောပြီးပြီ သူတို့ကို ဒီလောက်လွယ်လွယ်နဲ့မသေခိုင်းနိုင်ဘူးလေ ဟုတ်တယ်မလား နီညိုရင့်ဝံပုလွေ”

အိမ်မက်လေး၏ သွေးဆာနေသော အပြုံးကို နီညိုရင့်ဝံပုလွေမြင် သောအခါ ချက်ချင်းပင် နောက်ဆုတ်ချင်လေသည်။ သို့သော် သူ့ခန္ဓာကိုယ် သည် အကြောသေကာ ချက်ချင်းပင် လဲကျလေသည်။

“မင်း… ဘာလုပ်မလို့လဲ” သူသည် တုန်ယင်ရင်းမေးလေသည်။

“ငါမပြောဘူးလား သွားအတွက်သွား မျက်လုံးအတွက်မျက်လုံးပါလို့ မင်းတို့ ငါ့ကိုလာလုပ်ခဲ့လုပ်ခဲ့ အဲလိုလုပ်ပေးမယ် မင်းတို့ကို နည်းနည်းချင်းဆီ ပြန်ပေးဆပ်ခိုင်းမယ်”

နီညိုရင့်ဝံပုလွေသည် သူမ အသက်ရှင်စဉ်တွင် ခွဲစိပ်ခံရသည်ကို ပြန်မြင်ယောင်ပြီး ဖြူဖျော့သွားအောင်အထိ အလွန်ကြောက်ရွံ့ကာ အော် လေသည် “မလုပ်နဲ့”

“မင်းရပ်စေချင်တာနဲ့ပဲ ငါကရပ်ရမှာလား မင်းမှာပြောခွင့်မရှိတော့ဘူး” ရှောင်ချီသည် ရောက်လာကာ သူ့ရင်ဘတ်ပေါ်သို့ တက်ပြီးပြောလိုက်သည် “ဟင်း မင်းတို့ကိုရပ်ဖို့ အိမ်မက်လေး ဘယ်လောက်တောင် အော်ပြီးတောင်း ဆိုခဲ့လဲ မင်းတို့သဘောတူခဲ့လား အဲတုန်းက မင်းတို့မလုပ်ခဲ့တာကို တခြားသူ ကမင်းအတွက် လုပ်ပေးဖို့မမျှော်လင့်နဲ့”

“ရွှမ်း” ပန်းလေး၏လက်ထဲတွင် နွယ်ပင်တစ်ခု ရှည်ထွက်လာကာ ရက်စက်စွာပျံထွက်ပြီး သူတို့ိကို ရစ်ပတ်လိုက်သည်။

“အမလေး ငါတို့ တစ်ခုခုကိုခွဲစိပ်ရတော့မှာလား ဒါပေမဲ့ ရှောင်ချီ့မှာ ဓားမရှိဘူး ယူယူ…” ရှောင်ချီသည် ခေါင်းမော့ကာ ရှီမာယူယူအား အော်လိုက် သည်။

ရှီမာယူယူသည် သူမ၏ နောက်ပြောင်သော အမူအရာကိုမြင်သောအခါ အကူအညီမဲ့စွာ ခေါင်းရမ်းလိုက်သည်။ သူမသည် ဓားနှစ်ချောင်းထုတ်ပြီး သူမ ဆီသို့ပစ်ပေးလိုက်သည်။

ပန်းလေးသည် ကြာပွတ်ကိုဝှေ့ယမ်းကာ ထိုဓားနှစ်ချောင်းကို ဖမ်းပြီး ဆွဲလိုက်သည်။ သူမသည် ရှောင်ချီအားပစ်ပေးလိုက်ပြီး လင်းလုံသည်လည်း သူမ ခန္ဓာကိုယ်ကို ဓားတစ်ချောင်းအသွင်ပြောင်းလိုက်သည်။

ယခုအချိန်တွင် သူတို့တစ်ယောက်စီတွင် ဓားတစ်ချောင်းရှိနေပြီဖြစ် သည်။

“ကောင်းပြီ ဒါဆိုရင် စရအောင်” ရှောင်ချီသည် အိမ်မက်လေးအား ကြည့်လိုက်သည်။ ထို့နောက်တွင် ဘေးသို့ပြန်ဆုတ်လိုက်သည်။

အိမ်မက်လေးကို သူတို့လက်နဲ့ ထိခိုက်အောင်လုပ်ခဲ့တဲ့သူတွေကို သေချာပေါက် သူမ ကိုယ်တိုင် ဖြေရှင်းခိုင်းရမှာပေါ့။

အိမ်မက်လေးသည် တဖြည်းဖြည်းလျှောက်သွားပြီး နီညိုရင့်ဝံပုလွေ ဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။ သူမသည် လက်ထဲမှ ဓားသွားနှင့် ကစားနေသည်။

“စိတ်အေးအေးထားပါ လင်းလုံက အရမ်းထက်တယ် သူမ မင်းခန္ဓာကိုယ်ကို လှီးလိုက်ရင်တောင် ဘာမှခံစားရမှာမဟုတ်ဘူး မင်းရဲ့ ကလီစာတွေကို ငါဖြတ်လိုက်ရင်တောင် အရင်အတိုင်းပဲဖြစ်နေလိမ့်မယ်”

နီညိုရင့်ဝံပုလွေသည် သူမ စကားကိုကြားလိုက်သောအခါ ပို၍ တုန်ယင်လာသည်။ နောက်ဆုံးတွင် စင်းတီတုံးပေါ်တွင် လဲလျောင်းနေသော သူတို့ကိုကြည့်နေသည့် မိန်းကလေးတစ်ယောက်၏ ခံစားချက်ကို သူ နားလည်သွားလေပြီ။

ကြောက်ရွံ့မှု၊ စိတ်ပျက်မှု၊ နာကျင်မှုနှင့် ရုန်းကန်နေရမှု…

သို့သော် သူ မသိသောအရာသည် နှိပ်စက်ညှဉ်းပန်းမှုပေါင်း ရာထောင်ချီ လုပ်ခံရပြီးနောက်တွင် ဓားသွားကိုကြည့်သည့် သူမ ခံစားချက်ပင်ဖြစ်သည်။

***

All Chapters