← Chapters

ရင်ခွဲခြင်း အူများကိုခွဲထုတ်ခြင်း

Vol. 82 Ch. 1141

ရင်ခွဲခြင်း အူများကိုခွဲထုတ်ခြင်း

Vol. 82 Ch. 1141

အိမ်မက်လေးသည် ညာဘက်လက်ကို နီညိုရင့်ဝံပုလွေ၏ ဗိုက်ပေါ်တင် ပြီး စဉ်းစားနေလေသည်။ မီးတောက်လုံးတစ်ခုသည် ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်အပေါ်ပိုင်းကို တောက်လောင်စေကာ သူ၏ အင်္ကျိကို ပြောင်ရှင်း အောင်လောင်ကျွမ်းလေသည်။ နီညိုရင့်ဝံပုလွေ၏ လူသားအသွင်သည် တောင့်တင်းမည်ဟု မည်သူထင်မိမည်နည်း။ သူ့တွင် ကောင်းမွန်သော ခန္ဓာကိုယ်တည်ဆောက်မှုရှိသော်လည်း သူတို့မျက်လုံးထဲတွင် တန်ဖိုးမရှိ သည်မှာတော့ နှမြောဖို့ကောင်းသည်။

“ရွှီး”

သတိပေးခြင်းမရှိဘဲနှင့် အိမ်မက်လေးသည် သူ့ရင်ဘတ်ကို ဓားဖြင့် ထိုးလိုက်သည်။

ရွှီး…

အိမ်မက်လေးသည် ဓားသွားကိုကိုင်ထားပြီး သူ့ရင်ဘတ်မှ ဝမ်းဗိုက် အထိ ဓားကိုဆွဲလိုက်သည်။ သွေးများသည် ဒဏ်ရာမှ အဆက်မပြတ်ထွက် လာသည်မှာ ဘယ်တော့မှရပ်မည့်ပုံမပေါ်ပေ။

နီညိုရင့်ဝံပုလွေ၏ ပါးစပ်မှာ အဟောင်းသားဖြစ်ကာ မျက်လုံးမှာ ပြူးထွက်နေသည်။ သူအမှန်တကယ်ပင် လှီးဖြတ်ခံရမည်ဟု မယုံနိုင်ပေ။

“အဲနှစ်က ငါ့ဗိုက်ကိုဒီလိုပဲဖွင့်ခဲ့တာလေ” အိမ်မက်လေး ပြောလိုက် သည် “ကြည့်ပါဦး ငါအခုထိမှတ်မိသေးတယ် မင်း သူတို့ကို ဓားဘယ်လိုပေး လိုက်တယ် ဘေးမှာရပ်ပြီးတော့ ငါ့ရဲ့ခန္ဓာကိုယ်ထဲမှာ ဘာလို့ပစ္စည်းတစ်ခုမှ မရှိတာလဲဆိုတာ မေးနေတယ်”

နီညိုရင့်ဝံပုလွေ၏ မျက်အိမ်သည် ခက်ခက်ခဲခဲလှုပ်ရှားနေရကာ ခွဲခွာပြီးနောက် ပထမဆုံးအကြိမ် သူမ၏ခံစားချက်ကိုပြောပြနေသည့် ရှောင်ချီ၏ ဒေါသအပြည့်ဖြစ်နေသော မျက်လုံးကိုကြည့်နေလေသည်။

“စွပ်”

မှောင်မဲနေသော အိမ်လေးအတွင်းမှ တူညီသော လှီးဖြတ်သံသည် ရှင်းလင်းစွာထွက်လာခဲ့သည်။

ငယ်ရွယ်သောနီညိုရင့်ဝံပုလွေလေးသည် ပြေးလာပြီး ဗလာကျင်းနေ သော အိမ်မက်လေး၏ ဗိုက်အတွင်းကိုမြင်လေသည်။ သူသည် သိချင်စိတ် ဖြင့်မေးလေသည် “မျိုးနွယ်ခေါင်းဆောင် ဒီလူရဲ့ခန္ဓာကိုယ်ထဲမှာ ဘာလို့ ဘာမှမရှိတာလဲ”

“ဘာလို့လဲဆိုတော့ သူမက အကြိမ်ပေါင်းများစွာ ခွဲစိတ်ခံရပြီးပြီ သူမရဲ့ အတွင်းကလီစာတွေကို အကုန်ရှင်းထုတ်ထားတော့ ပြန်မကြီးထွားလာသေး တာ” သူမအား ခွဲစိတ်နေသောအကြီးအကဲတစ်ယောက် ပြောလေသည်။

“သူမ ခန္ဓာကိုယ်ထဲမှာ ဘာမှမရှိတာကို သူမက ဘာလို့မသေသေးတာ လဲ” နီညိုရင့်ဝံပုလွေလေးသည် မေးလေသည်။

“ဘာလို့လဲဆိုတော့ သူမ ခန္ဓာကိုယ်ထဲမှာ တစ်ခုခုရှိနေလို့လေ အဲပစ္စည်းက သူမဘယ်လောက်ဒဏ်ရာရရ ဘယ်လောက်ပဲ ဘေးအန္တရာယ် ဖြစ်ဖြစ် သူမကို လုံးဝမသေစေဘူး”

ထိုစဉ်က ပျဉ်ပြားပေါ်တွင်လှဲနေသော အိမ်မက်လေးသည် မျက်လုံးဖွင့် လျက်ရှိသည်။ နီညိုရင့်ဝံပုလွေလေးသည် ထိုမျက်လုံးတစ်စုံကို အမြဲတမ်း မှတ်မိနေခဲ့သည်။ ရှင်းလင်းမှု နာကျင်မှုနှင့် မျှော်လင့်ချက်ကင်းမဲ့ခြင်းများ…

“ဖူး”

အိမ်မက်လေးသည် ဓားကိုစောင်းပြီး အားဖြင့်ဆွဲလိုက်သည်။ သူမသည် သူ့အသည်းကိုထုတ်သည်။ ပြီးနောက်တွင် သူ၏ အတွင်းကလီစာများ အူများ ကိုထုတ်သည်။

“အဲတုန်းက ဘာကလီစာမှမရှိတော့တဲ့ ငါ့ခန္ဓာကိုယ်ကိုကြည်ပြီး မင်းပျော်နေခဲ့တယ် ဒီနေ့တော့ အဲလိုဘာမှမရှိတာက ဘယ်လိုခံစားချက်လဲ ဆိုတာ ပြပေးမယ်”

နီညိုရင့်ဝံပုလွေ၏ မျက်လုံးသည် တဖြည်းဖြည်း အရောင်ဖျော့သွားကာ ဖြည်းညင်းစွာပင် အသက်ပျောက်သွားလေသည်။

သူသည် အိမ်မက်လေးမဟုတ်ကာ သူမကဲ့သို့ ထာဝရရှင်သန်သူ ခန္ဓာကိုယ်လည်းမရှိပေ။ အိမ်မက်လေးတွင် အတွင်းကလီစာများမရှိကာ နှလုံးတစ်ခုသာ တွဲကျန်နေကာ ကျန်လုပ်ဆောင်ချက်များကို လုပ်ဆောင်ပေး ခဲ့သည်။ သူ့တွင်တော့ ဘာမှမရှိ ဘာမှမကျန်ခဲ့…

နီညိုရင့်ဝံပုလွေသည် နောက်ဆုံးစကားလုံးများကိုမျိုသိပ်ကာ အလင်းရောင်လက်ပြီး သူ၏ မူလခန္ဓာကိုယ် ကြီးမားသောနတ်ဆိုးဝံပုလွေ အသင်ပြောင်းသွားလေသည်။

သူ့မျက်လုံးများသည် ကြီးမားကာ နောင်တများဖြင့် သေသွားလေပြီ။

ထိုသို့ဖြစ်လာမည်ဟု သူ့အိမ်မက်ထဲတွင် မတွေးမိလောက်ကာ အံ့ဖွယ် နယ်မြေကိုဝင်ခြင်းအတွက် ပေးဆပ်မှုပင်ဖြစ်လေသည်။

နတ်ဆိုးလောကတွင် နီညိုရင့်ဝံပုလွေ၏ အသက်ကျောက်စိမ်းပြားသည် ကွဲကြေသွားသည်ကို နတ်ဆိုးဝံပုလွေမျိုးနွယ်များမြင်လိုက်ကြကာ နတ်ဆိုး ဝံပုလွေမျိုးနွယ်တွင် လှုပ်လှုပ်ရှားရှားများဖြစ်သွားကြလေသည်။

“သွေးစီးကြောင်း ကွဲသွားပြီပဲ”

ကွဲနေသောကျောက်စိမ်းပြားမှ ဝိညာဉ်စွမ်းအင်များ လျှံကျထွက်လာ သည်။ ထို့နောက်တွင် လူတစ်ယောက်၏ ပုံရိပ်သည် သူတို့အရှေ့တွင်ပေါ် လာသည်။

သွေးစွန်းနေသော သေးငယ်သည့်မျက်နှာလေးကို သူတို့မြင်လိုက် သောအခါ ထိုနေရာရှိလူများသည် အလွန်အံ့သြကြလေသည်။

“မျိုးနွယ်ခေါင်းဆောင် ဒါက…” သူ့အနောက်မှလူသည် ဆက်ပင်မပြော နိုင်ပေ။ အဲဒီမျက်နှာ ရင်းနှီးနေတယ်…

“အိမ်မက်နတ်ဆိုးသားရဲပဲ တကယ်ပဲ အိမ်မက်နတ်ဆိုးသားရဲပဲ”

“မျိုးနွယ်ခေါင်းဆောင် အိမ်မက်နတ်ဆိုးသားရဲကို ယိလင်းတိုင်းပြည် အောက်မှာ ပိတ်ထားခဲ့ပြီမဟုတ်ဘူးလား ဘယ်လိုလုပ် အံ့ဖွယ်နယ်မြေမှာ ပေါ်လာတာလဲ”

“ပြောဖို့လိုသေးလို့လား သူမကိုတစ်ယောက်ယောက်ကကယ်သွားတာ ပဲ”

“မျိုးနွယ်ခေါင်းဆောင် ဒီအကြောင်းကို တခြားအင်အားစုတွေကိုရော ပြောရမလား”

“မပြောနဲ့” မျိုးနွယ်ခေါင်းဆောင်သည် လက်ကိုဝှေ့ယမ်းလိုက်သည်။

“ဘာလို့လဲ”

“အိမ်မက်နတ်ဆိုးသားရဲက လူသားတစ်ယောက်နဲ့ စာချုပ်ချုပ်ထားတာ မမြင်ဘူးလား” နတ်ဆိုးဝံပုလွေမျိုးနွယ်ခေါင်းဆောင်ပြောလေသည်။

“အဲလိုပုံပဲ”

“အဲတုန်းက သူမကိုသတ်မရဘူးမလား အခု လူသားနဲ့စာချုပ်ချုပ်ထား တော့ ဘယ်ဟာကပိုအားကောင်းတာလဲ အဲဒီပစ္စည်းကလား မဟုတ်ရင် စာချုပ်ရဲ့ စည်းမျဉ်းကလား”

သူတို့သာ သူမရဲ့ စာချုပ်သခင်ကိုသတ်နိုင်ရင် မသေမျိုး အိမ်မက် နတ်ဆိုးသားရဲလည်း သေသွားမှာလား။

သူမသာ သေသွားရင် သူတို့နတ်ဆိုးဝံပုလွေမျိုးနွယ်က အဲဒီရတနာကို ရမှာလား။

အဲဒီ.. အဲဒီရတနာက နတ်ဆိုးလောကတစ်ခုလုံးကို အုပ်စိုးနိုင်မယ်လို့ သတင်းထွက်ထားတဲ့ရတနာပဲ…

“သူကဘေးက လူနှစ်ယောက်ထဲမှာ ဘယ်သူက သူမနဲ့ စာချုပ်ချုပ်ထား လဲဆိုတာကြည့်လိုက်” နတ်ဆိုးဝံပုလွေခေါင်းဆောင် ညွှန်ကြားလိုက်သည်။

“ဟုတ်ကဲ့ မျိုးနွယ်ခေါင်းဆောင်”

“ပြီးတော့ တခြားသူတွေမသိအောင် ဂရုစိုက် ကြားလား”

“နားလည်ပါပြီ မျိုးနွယ်ခေါင်းဆောင် စိတ်ချပါ ကျွန်တော်တို့ သတိထား ပါမယ်”

“သွားကြတော့”

“နားလည်ပါပြီ”

ရွှတ်

ပုံရိပ်သည် ရုတ်တရက်ပျောက်ကွယ်သွားသော်လည်း သူတို့စိတ်ထဲမှ ထိုပုံရိပ်ကတော့ စွဲထင်နေခဲ့သည်။

အိမ်မက်နတ်ဆိုးသားရဲ ပေါ်လာသည်ဟူသောသတင်းကို ထိတ်လန့်နေ ကြသောကြောင့် သူတို့၏ မျိုးနွယ်ခေါင်းဆောင်ငယ်အသတ်ခံရသည်ကိုပင် မေ့လျော့နေကြသည်။

ရှောင်ချီသည် ရုတ်တရက် လှုပ်ရှားလာသော ချင်ယိကိုကြည့်ပြီး မျက်တောင်ခတ်ကာ မေးလေသည် “ဘာဖြစ်လို့လဲ ချင်ယိ”

“အလောင်းမှာ လျှို့ဝှက်နည်းရှိနေတယ် လျှို့ဝှက်နည်းကို အသက် သွင်းလိုက်ရင် သူသေသွားတဲ့အကြောင်းကို မြင်ရလိမ့်မယ်” ချင်ယိ ရှင်းပြ လေသည်။

အိမ်မက်လေးကို တခြားသူ မြင်သည် မမြင်သည်ကို သူ ဂရုမစိုက်ပေ။ သို့သော် ရှောင်ချီကိုတော့ ပေးမမြင်နိုင်ပေ။

“အဲတော့ အိမ်မက်လေးထွက်လာပြီဆိုတာ ဟိုဘက်ကသိသွားပြီဆိုတဲ့ သဘောပဲပေါ့” ကျန်းကျူးရှန့် ပြောလိုက်သည်။

“အင်း” ရှီမာယူယူသည် ထိုအကြောင်းကိုသိထားသည်။ သူတို့၏ လျှို့ဝှက်နည်းကို သုံး၍ကြောင့်သာမဟုတ်လျှင် ချင်ယိလည်း သတိထားမိ မည်မဟုတ်ပေ။

“မင်း မစိုးရိမ်ဘူးလား” ကျန်းကျူးရှန့် မေးလိုက်သည်။

“ဘာတွေစိုးရိမ်နေတာလဲ” ရှီမာယူယူ ပြောလိုက်သည် “သူတို့ ဒီကို လာတာ မလာတာကိုမပြောနဲ့ လာရင်တောင် သူတို့ကိုဘာကြောက်ဖို့လိုလဲ ဟင်း သူတို့မလာရင်လည်း တစ်နေ့တော့ ညီမတို့ကသူတို့ကိုသွားရှာမှာပဲ”

သူမ ပြောလိုက်သောစကားကြောင့် အားလုံးကြက်သေသေသွားကြ သည်။ သူမ ယုံကြည်မှုရှိသည့်အဆင့်သည် ထိုလူများ သူမကိုလာရှာလျှင် တောင် သူတို့သေလမ်းကိုဖြောင့်ဖြောင့်ပို့ပေးလိုက်မည်ဟု ဆိုလိုနေသည်ကို သူတို့ခံစားမိသည်။

“ကျန်တဲ့လူတွေကို ဘယ်လိုရှင်းပစ်ကြမလဲ သူတို့အကုန်လုံးကို ရင်ခွဲ ပြီးတဲ့အထိ ဒီမှာစောင့်ရမှာလား” စူးရှောင်ရှောင် မေးလိုက်သည်။

“ဒါပေါ့ ပြောတဲ့အတိုင်းလုပ်သင့်တယ် ညီမတို့မလုပ်ရင် ရုတ်ရုတ် ရုတ်ရုတ်ဖြစ်စေလိမ့်မယ်” ရှီမာယူယူသည် အလိုလိုက်စွာ ပြောလေသည်။

“ဘယ်လောက်ကြာမလဲ…”

“စိတ်ချပါ သူတို့မြန်မြန်လုပ်ပါလိမ့်မယ်” ရှီမာယူယူသည် ပြုံးပြီးပြော လေသည်။

အစပိုင်းတွင် သူမ ဆိုလိုသည်ကို သူတို့နားမလည်ကြပေ။ ထို့နောက် တွင် ဟိုကလေးမသုံးယောက်သည် မည်မျှရူးသွပ်သွားသည်ကိုမြင်လိုက်ရပြီး နာရီဝက်ပင်မကြာလိုက် ဝံပုလွေမျိုးနွယ်ဝင်များ၏ ဗိုက်ကိုဖွင့်ပြီးလေသည်။

“ဒါက ဒီမြင်ကွင်းက…” ဟန့်မြောင်ရွှမ်နှင့် တခြားသူများသည် ဆွံ့အ သွားကြသည်။

နောက်ဆုံးကျန်သည့် နတ်ဆိုးဝံပုလွေကိုရှင်းပြီးနောက်တွင် ပန်းလေး နှင့် ရှောင်ချီတို့သည် အိမ်မက်လေးဘေးသို့လာကာ မေးလေသည် “အလောင်းတွေကို ရှင်းရမလား”

သူတို့၏ အရင်နည်းလမ်းအတိုင်းဆိုလျှင် ရှောင်ချီ ရှင်းလင်းမည်ဟု ပြောလျှင် အားလုံးကို ပြာကျအောင် မီးမြှိုက်မည်ဟု ဆိုလိုခြင်းဖြစ်သည်။

အိမ်မက်လေး စဉ်းစားကြည့်ပြီး ခေါင်းရမ်းလိုက်သည်။

“ဒါကိုတခြားနတ်ဆိုးမျိုးနွယ်တွေအတွက် သတိပေးတာလို့ထားလိုက် ငါ ပြန်လာပြီဆိုတာ တခြားသူတွေကို ဒါနဲ့ပြောခိုင်းလိုက် ငါ တစ်ယောက်ချင်း စီကိုရှာပြီး လက်စားချေမယ်”

“ဒါဆိုလည်း ပြီးတာပဲ”

နတ်ဆိုးဝံပုလွေများအားလုံး သေသွားလေပြီ။ ရှီမာယူယူသည် တည်ဆောက်မှုကိုဖွင့်လိုက်ရာ သူတို့သည် ကမ်းပါးသို့ ပြန်လာကြလေသည်။

သူတို့သွားပြီး တည်ဆောက်မှုကို ပိတ်လိုက်သည်။

နတ်ဆိုးမျိုးနွယ်ဝင်များ သူတို့ကိုခြေရာခံနိုင်ခြင်းမှ ကာကွယ်ရန် သဲလွန်စအားလုံးကို ရှင်းလင်းလိုက်သည်က ပိုကောင်းမည်။

သူတို့ပြီးသွားသည်နှင့် အကူအညီတောင်းသံကြားလိုက်ရသည်။

“ဆရာ ကူညီပါဦး” ချီဝေသည် မိခင်ကျောက်တုံးမှ အော်လေ သည်။

ရှီမာယူယူသည် မိခင်ကျောက်တုံးမှ တဆင့် တိုက်ပွဲကြီးတစ်ခု၏ အသံ ကိုကြားလိုက်ရသည်။

***

All Chapters