← Chapters

အကူအညီတောင်းခြင်း

Vol. 82 Ch. 1142

အကူအညီတောင်းခြင်း

Vol. 82 Ch. 1142

ရှီမာယူယူ ဆွံ့အသွားသည်။ ထိုအကူအညီတောင်းသံသည် ယုံကြည် စရာမကောင်းပေ။ သူမသာ သူမတို့နှင့်မလာခဲ့လျှင် ဘယ်သူ့ကိုသွားပြီး အကူအညီသွားတောင်းမှာလဲ။

“ရတနာရှာဖို့အတွက်ဆိုရင် အကုန်လုံးကိုလျစ်လျူရှုနိုင်တယ်ဆို” သူမ ပြောလိုက်သည်။

“ဆရာ ငါအကောင်းဆုံးကြိုးစားပြီးပြီ ဒါပေမဲ့ မင်းမလာဘူးဆိုရင် ငါ သေတော့မယ်” ချင်ယိ အော်ငိုလေသည်။

“မင်းအကူအညီတောင်းတဲ့အသံက တက်ကြွနေေးတယ် စွမ်းအင်တွေ အများကြီးကျန်သေးတဲ့ပုံပဲ မင်းအဲလူတွေကို နိုင်အောင်တိုက်နိုင်သေးတဲ့ အသံပေါက်နေတယ်” ရှီမာယူယူသည် ထိုသို့ပြောသော်လည်း စက္ကူလိပ် ထုတ်ပြီး ကြည့်လိုက်သည်။

“ဆရာ…” ချီဝေသည် ငိုတော့မည့်ပုံပင်။ သူ၏ ဂိုဏ်းအဖွဲ့ဝင်များသည် သူ့ဘေးတွင် ဆက်တိုက်သေနေကြသည်။ သူ၏ ဆရာပင်လျှင် ဒဏ်ရာများ စွာရထားသည်။

“ကောင်းပြီ အဲလိုမလုပ်နဲ့ မင်း ဘယ်မှာလဲ” ရှီမာယူယူ မေးလိုက်သည်။

“ငါဘယ်မှာလဲဆိုတာ ဘယ်လိုလုပ်သိမှာလဲ” ချီဝေ ပြောလိုက်သည်  “ဒီမှာ မှတ်ထားလောက်စရာဘာမှမရှိဘူး”

“ဒါဆိုရင် မင်းအရိပ်ကိုကြည့်လိုက် ရှည်နေလား တိုနေလား ဘယ်ဘက်ကလဲ” ရှီမာယူယူ မေးလိုက်သည်။

“အနောက်မြောက် အရိပ်က တစ်လက်မလောက်ပဲရှည်တယ်” ချီဝေ ပြောလိုက်သည်။

“ကောင်းပြီ ငါသိပြီ” ရှီမာယူယူသည် ပြောပြီးနောက် စကားဖြတ်လိုက် သည်။ သူမသည် သူမ၏အရိပ်ကိုကြည့်ပြီး သူ၏ နေရာကို ခန့်မှန်းတွက်ချက် လိုက်သည်။

သူတို့၏အရိပ်များသည် အရှေ့တောင်ဘက်သို့ဦးတည်နေကာ မရှည်လှပေ။ ဆိုလိုသည်မှာ နေသည်သူတို့အထက်တွင်ရှိနေကာ မဝေးလှ ပေ။

“သူတို့က ငါတို့ရဲ့အနောက်မြောက်ဘက်မှာပဲ ဒီအကွာအဝေးနဲ့ဆိုရင် လူတွေလည်းများတယ် အဲတော့ သူတို့ကဒီမှာပဲဖြစ်လောက်တယ်” ရှီမာယူယူသည် အနီအစက်များကို ညွှန်ပြပြီးပြောလိုက်သည်။

“ဖြစ်နိုင်လောက်တယ် မြန်မြန်လုပ်သင့်တယ် မဟုတ်ရင် ပျော်စရာတွေ ပြီးသွားလိမ့်မယ်”

“အဲလောက်စိတ်မလှုပ်ရှားနေနဲ့ လက်ဖက်ကောင်းလိုချင်ရင် ပလောင်တောင်တက်နှေးရတယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဘာလုပ်ဖို့စီစဉ်ထားလဲ” ဟန့်မြောင်ရွှမ် မေးလိုက်သည်။

ရှီမာယူယူသည် တည်ဆောက်မှုကျောက်တစ်ပုံကိုထုတ်ပြီး ပြောလိုက် သည် “ဒီအချိန်မှာ တည်ဆောက်မှုသခင်ရဲ့ အသုံးဝင်မှု ထွက်လာရတော့မယ် တည်ဆောက်မှုမရှိရင် ရေနွေးငွေ့ရထားအစား လေယာဉ်ပျံလွှတ်သလို ဖြစ်လိမ့်မယ်” (T/N - မြန်မာလိုဆို အပ်နဲ့ဖောက်ရမှာကို ဆောက်နဲ့ထွင်းသလို)

“လေယာဉ်ပျံဟုတ်လား ရေနွေးငွေ့ရထားလား”

အားလုံးသည် သူမကိုကြည့်လိုက်ကြသည်။ သူမ ဘာတွေပြောနေတာ လဲ။

“အဟွတ် အဟွတ် အဲဒါကလေ နောက်မှပြောပြမယ်” ရှီမာယူယူ ပြော လိုက်သည် “အခုတော့ ဒီတည်ဆောက်မှုကိုလုပ်လိုက်ဦးမယ်”

ထိုအကွာအဝေးအတွက် တည်ဆောက်မှုလုပ်ရသည်မှာ သူမအတွက် ဘာမှမဟုတ်ပေ။ သူမသည် တည်ဆောက်မှုလုပ်ရာတွင် တစ်နာရီပင်မကြာ လိုက်။

“ဒါက အဲဒီကိုခေါ်သွားပေးမှာလား” ရှောင်ချီ မေးလိုက်သည်။

“တိကျတဲ့လေဟာပြင် ကိုဩဒိနိတ်တော့မရှိဘူး ဒါပေမဲ့ ယေဘုယျ ဦးတည်ဘက်ကိုမှန်းလို့ရတယ်” ရှီမာယူယူ ပြောလိုက်သည် “အနည်းဆုံး တော့ လမ်းတစ်ဝက်ကိုရောက်လိမ့််မယ် ကောင်းပြီ တည်ဆောက်မှုလုပ်ပြီးပြီ သွားမယ်”

သူတို့အဖွဲ့သည် တည်ဆောက်မှုအတွင်းဝင်လိုက်သည်။ ရှီမာယူယူ တည်ဆောက်မှုကို အသက်သွင်းလိုက်သည်နှင့် ချက်ချင်းပင်ပျောက်ကွယ် သွားကြလေသည်။ ထိုတည်ဆောက်မှုကျောက်တုံးများသည် ဝိညာဉ်စွမ်းအင် ကြောင့်ပြာဖြစ်သွားလေသည်။

သူတို့ထွက်သွားပြီး ခဏအကြာတွင် နတ်ဆိုးမျိုးနွယ်ဝင်တစ်ဖွဲ့သည် ဖြတ်သွားလေသည်။ သူတို့သည် တစ်စစီဖြစ်နေသော နတ်ဆိုးဝံပုလွေ မျိုးနွယ်အလောင်းများကိုမြင်သောအခါ အလွန်တုန်လှုပ်ကြလေသည်။ အဲဒီ နတ်ဆိုးဝံပုလွေမျိုးနွယ်က ဒီလောက်အားကောင်းတာကို တကယ်ပဲ အရှင်းခံ လိုက်ရပြီ။ သူတို့က ဒီလိုပုံစံနဲ့တောင် အသတ်ခံလိုက်ရသေးတယ်။ သူတို့က ဘယ်သူ့ကိုအပြစ်လုပ်မိလိုက်တာလဲ။

အထူးသဖြင့် ကလီစာများသည် ဘေးတွင် ပြန့်ကျဲနေသည်။ သူတို့၏ မျိုးနွယ်ဝင်များပင် ဆက်မကြည့်နိုင်ကြပေ။

“ဆရာ ဒါတွေကိုရှင်းလိုက်ရမလား” တပည့်တစ်ယောက် မေးလေ သည်။

“ဘာကိုရှင်းမှာလဲ နတ်ဆိုးဝံပုလွေမျိုးနွယ်က နတ်ဆိုးလောကမှာ မြင့်မြတ်ပြီး စွမ်းအားကြီးတယ်မလား သူတို့ကိုဒီမှာရက်နည်းနည်းလောက်နေ ခိုင်းလိုက် တစ်ယောက်ယောက်ကလာပြီးရှင်းပေးလိမ့်မယ်”

“ဆရာပြောတာ မှန်တယ်”

“ငါတို့က သူတို့အလောင်းတွေကို ရှင်းဖို့ကူညီမှာမဟုတ်သလို ပြန်ရောက်ရင်လည်း သတင်းအမှန်ကိုဖြန့်ပေးရမှာပေါ့ ဟင်း နတ်ဆိုးဝံပုလွေ မျိုးနွယ်က ဒီကိစ္စကြီးကို ဘယ်လိုဖုံးမလဲဆိုတာကြည့်ကြတာပေါ့”

“ဆရာ တကယ့် ပါရမီရှင်ပဲ”

“ဒါဆို သွားကြမယ် အဲဒီအကုသိုလ်လူတွေပြန်လာပြီး ငါတို့ကိုလည်း သတ်လိမ့်မယ်”

“ဟုတ်တယ် ဟုတ်တယ် ဒီနေရာကနေမြန်မြန်ထွက်သွားရမယ် နတ်ဆိုးဝံပုလွေမျိုးနွယ်တောင် သူတို့ကိုမကိုင်တွယ်နိုင်ရင် ငါတို့်က သူတို့ ပြိုင်ဘက်မဖြစ်နိုင်ပေ။”

“ခဏလေး အကုန်လုံးကို မှတ်တမ်းတင်ဖို့် ဒီကျောက်တုံးကိုသုံးရမယ် ငါတို့်ပြန်သွားရင် အကုန်လုံးကိုပြရမယ်”

ထိုအကြီးကဲသည် ကျောက်တုံးတစ်တုံးကိုထုတ်ပြီး သူ၏နတ်ဆိုး စွမ်းအင်ကိုကျောက်တုံးအတွင်းသို့ ထည့်ပြီး ထိုမြင်ကွင်းတစ်ခုလုံးကို မှတ်တမ်းတင်ထားလေသည်။ သူသည် နီညိုရင့်ဝံပုလွေကို အထူးအာရုံစိုက် လုပ်လိုက်သည်။ ပြီးနောက်တွင် ကျေနပ်စွာဖြင့် ထွက်သွားလေသည်။

“ဒီမှာအားကောင်းတဲ့ အတက်အကျရှိနေတယ်” ရှောင်ချီသည် ခေတ္တမျှ အာရုံခံပြီးနောက်တွင်ပြောလေသည်။

“သွားကြည့်ကြမယ်” ရှီမာယူယူသည် ဟာစွန်ကိုခေါ်ပြီး ထိုဦးတည် ဘက်သို့ပျံသန်းခဲ့ကြသည်။ သူတို့သည် လျင်မြန်စွာပင် လှုပ်လှုပ်ရှားရှားရှိနေ သော တိုက်ပွဲဆီသို့ရောက်လာကြသည်။

အဝေးတစ်နေရာတွင် သူရဲကောင်းဓားသွားဂိုဏ်းနှင့် တခြားသော ဂိုဏ်းတချို့သည် ဝိညာဉ်သားရဲအုပ်နှင့်တိုက်ခိုက်နေသည်ကိုမြင်လိုက်ရ သည်။

“နေဦး” ချင်ယိ ပြောလိုက်ရာ ရှီမာယူယူသည် ချက်ချင်းပင် ဟာစွန်ကို ရပ်ခိုင်းလိုက်သည်။

“ဘာဖြစ်လို့လဲ ချင်ယိ”

“အဲဒီဝိညာဉ်သားရဲတွေ သူတို့ထဲမှာ အသက်စွမ်းအင်မရှိဘူး သူတို့က တကယ့်ဝိညာဉ်သားရဲတွေမဟုတ်ကြဘူး” ချင်ယိ ပြောလိုက်သည် “သူတို့က အတုတွေပဲ”

“အတုတွေ ဟုတ်လား”

ချင်ယိခေါင်းညိတ်လိုက်သည်။ အသက်သစ်ပင်အနေနှင့် သေခြင်း ရှင်ခြင်းသည် သူ့ဆီမှ ဖုံးကွယ်မရပေ။

“ဒါဆိုရင် အဲဒီဝိညာဉ်သားရဲတွေက အဲလူတွေဖန်တီးထားတဲ့ အတုတွေ ပေါ့” ကျန်းကျူးရှန့် ပြောလိုက်သည်။

ရှီမာယူယူ ပတ်ဝန်းကျင်အားကြည့်ပြီး ပြောလိုက်သည် “အဲလူတွေက ဝိညာဉ်သားရဲတွေကို ထိန်းဖို့ဆို ဝေးဝေးနေလို့ရမှာမဟုတ်ဘူး ပျားတွေ ပတ်ကြည့်ပြီး အဲကောင်တွေဘယ်မှာလဲဆိုတာ ရှာပေးဦး မြန်မြန်လှုပ်ရှား ကြည့်ရတာ သူတို့ထပ်ပြီးတောင့်မခံနိုင်တော့ဘူး”

နီရဲပျားထောင်ချီသည် လေးဘက်လေးလံသို့ ပျံထွက်သွားလေသည်။

“စီနီယာအစ်မ သူတို့ကိုသွားပြီး ကူညီရအောင် အနောက်က ကြိုးကိုင်တဲ့သူကို ရှာမရရင် အဲဒီဝိညာဉ်သားရဲတွေကို သတ်လို့ရမှာမဟုတ် ဘူး”

“ကောင်းပြီ”

“စီနီယာတို့ ဒါကိုယူထား” ရှီမာယူူယူသည် မိုးကြိုးသွားကျည်များကို ထုတ်ပြီး သူတို့ကိုဝေပေးလိုက်သည်။

“ဒါနဲ့ဆို ဆော့ရတာပျော်စရာကောင်းမှာပဲ သွားကြမယ်” ဟန့်မြောင်ရွှမ် သည် မိုးကြိုးသွားကျည်များကိုယူပြီး စူးရှောင်ရှောင်နှင့် တခြားသူများနှင့် လျှောက်သွားလေသည်။

“ငါတို့လည်းသွားသင့်တယ်”

နီရဲပျားများ ထိုလူများကိုရှာရန်ထွက်သွားသည်နှင့် သူတို့လည်း တိုက်ပွဲ ကိုရင်ဆိုင်ကြလေသည်။

သူရဲကောင်းဓားသွားဂိုဏ်းသည် တောင့်မခံနိုင်တော့ပေ။ သူတို့ အင်အားမကြီးသောကြောင့်မဟုတ်ဘဲ ထိုဝိညာဉ်သားရဲများသည် သာမန် မဟုတ်သောကြောင့်ဖြစ်သည်။

သူတို့သည် ဝိညာဉ်စွမ်းအင်များ ဆက်တိုက်ပစ်သော်လည်း ထိုဝိညာဉ် သားရဲများသည် သေရာမှပြန်ရှင်လာသောကြောင့် သူတို့သည် လုံးဝပင် မသေမျိုးဖြစ်နေသည်။

“ဒီအတိုင်းသာဆက်သွားမယ်ဆိုရင် လူတိုင်းရဲ့ ဝိညာဉ်စွမ်းအင်ကုန် သွားလိမ့်မယ်” ကျိုးလန်သည် သူမ တပည့်အဖွဲ့ကိုဦးဆောင်ပြီး ဒဏ်ရာရ နေသောဆရာကိုအလယ်တွင် ထားကာ ဝိညာဉ်သားရဲများကို တိုက်နေလေ သည်။

“ချီဝေ ယူယူ့ကိုအကူအညီတောင်းလိုက်လား သူမ ဘာလို့မလာသေး တာလဲ” ယုချင်း မေးလေသည်။

ထိုအခိုက်တွင် ရှီမာယူယူသည် သူတို့၏ နောက်ဆုံးမျှော်လင့်ချက်ဖြစ် သည်။

“သူမ လာမလား မလာဘူးလားဆိုတာကို မပြောနဲ့ဦး သူမလာမယ်ဆို ရင်တောင် သူတို့လူနည်းနည်းလောက်နဲ့ နိုင်မှာမဟုတ်ဘူး” သူရဲကောင်း ဓားသွားဂိုဏ်းမှ တပည့်တစ်ယောက်သည် ပြောလိုက်သည်။

“မင်းမှ သူမကိုမသိတာ သူမ လုပ်နိုင်သလောက် သူမက ငါတို့ကို ကယ်မှာပဲ”

“အဲဒါအကုန်လုံးငါတို့အမှားတွေပါ ငါတို့ မင်းကိုမယုံမိဘူး” ဒဏ်ရာရထားသော အကြီးအကဲများသည် အလယ်တွင်တပည့်များဝန်းရံခြင်း ခံထားရသည်။ ဒါပေမဲ့ သူတို့တောင် ဒဏ်ရာရထားတာကို သူတို့တပည့်တွေ ကဘယ်လောက်ကြာအောင်ခံနိုင်မှာလဲ။

မဝင်ခင်ကို သူတို့သာ အပြာရောင်ဓားသွားရဲ့ စကားကိုနားထောင်ခဲ့ မယ်ဆိုရင် ဒီလိုမျိုးဘယ်ဖြစ်တော့မလဲ။

သူတို့က ‘ရတနာ’ ဆိုတဲ့ စာလုံးမှာ ကန်းသွားကြတာပဲ။

“ဆရာ စိတ်ချပါ ဆရာက သူမလာမယ်ဆိုတာ ပြေတယ် အဲဒါကြောင့် သေချာပေါက် လာလိမ့်မယ် သူမလာတာနဲ့ ကျွန်တော်တို့ဘေးကင်းပြီ” ချီဝေ ပြောလိုက်သည်။

သူတို့တွင် မျှော်လင့်ချက် များများမရှိတော့ပေ။ အဲဒါက သူတို့ ရှီမာယူယူကို မယုံခဲ့ကြလို့မလား။ ဒါပေမဲ့ အဲဒီဝိညာဉ်သားရဲတွေက ထူးဆန်း လွန်းတယ်။ ဒီလိုမသေမျိုးကောင်တွေကို ဘယ်သူကကိုင်တွယ်နိုင်မှာလဲ။

***

All Chapters