တခြားသူတွေ ထပ်ကြောက်သွားလောက်တဲ့ စိတ်စွမ်းအင်
Vol. 82 Ch. 1143
ဟန့်မြောင်ရွှမ်နှင့် တခြားသူများ ရောက်လာချိန်တွင် သူရဲကောင်း ဓားသွားဂိုဏ်းမှ တစ်ဝက်လောက် သေဆုံးပြီးနေပြီဖြစ်သည်။ ကျန်ရှိနေသူ များမှာလည်း ချောင်ပိတ်နေသော်လည်း ပြန်တိုက်ခိုက်နေဆဲဖြစ်သည်။ သို့သော် သူတို့ ကြာကြာတောင့်မခံနိုင်တော့သည်ကို ကြည့်ရုံနှင့် ပြောနိုင် သည်။ ပြီးတော့ ဝိညာဉ်သားရဲအုပ်စုကြီးတစ်ခုကလည်း အဝေးမှလာနေကြ သည်။ သူတို့ကြည့်လိုက်ချိန်တွင် နေရာတစ်ခုလုံး အစက်တွေဖြစ်နေချေပြီ။
သူရဲကောင်းဓားသွားဂိုဏ်းသည် ထိုဝိညာဉ်သားရဲများကိုမြင်သောအခါ မျှော်လင့်ချက်မဲ့ခြင်းများ ပြည့်သွားသည်။
သူတို့သည် လက်ရှိဝိညာဉ်သားရဲများကိုပင် တွန်းလှန်နေရသည်။ ထပ်ပြီးသာရောက်လာပါက ဒီနေ့ ဒီနေရာတွင်ပဲ အသက်ပျောက်သွားနိုင် သည်။
“အဲဒီဝိညာဉ်သားရဲတွေက အသက်ရှိတဲ့ပုံပဲ” ဟန့်မြောင်ရွှမ်၏ အသံ သည် သူရဲကောင်းဓားသွားဂိုဏ်း၏ နားထဲသို့ရောက်သွားကာ နတ်သမီး တစ်ပါး၏ အသံကဲ့သို့ကြားယောင်လေးသည်။
“ဘုန်း”
“ဘုန်း”
ဗုံးအနည်းငယ် မြောက်တက်ကာ သူတို့အနောက်မှ ဝိညာဉ်သားရဲများ သည် ချက်ချင်းပင် အမှုန့်များအဖြစ် ပေါက်ကွဲသွားလေသည်။ ထိုသည်မှာ အမှန်တကယ်ပင် ထိုနေရာမှ ဖိအားကိုလျော့ပေးလိုက်ခြင်းဖြစ်သည်။
ချီဝေနှင့် တခြားသူများ ကြည့်လိုက်ရာ ဟန့်မြောင်ရွှမ်နှင့် တခြားသူများ ကိုသာတွေ့လေသည်။ ရှီမာယူယူကို အရိပ်အယောင်ပင်မမြင်ရပေ။
“ဆရာဘယ်မှာလဲ”
“သူမက ပြဿနာအရင်းအမြစ်ကိုသွားတူးတယ် အားလုံးပဲ ဒီဘက်လာ ခဲ့ ဝိညာဉ်သားရဲတွေနဲ့ ဝေးဝေးနေ” ဟန့်မြောင်ရွှမ်နှင့် တခြားသူများသည် ပျံလာကာ ဝိညာဉ်သားရဲများကို ကူတိုက်ခိုက်ပေးလေသည်။
သူရဲကောင်းဓားသွားဂိုဏ်းသည် မိုးကြိုးသွားကျည်များ၏ ပေါက်ကွဲအား ကို သိသည်။ သူတို့သည် ဝိညာဉ်သားရဲများကို ပြန်ခေါ်ကာ နောက်သို့ပြန် ပြေးလာကြသည်။
သူတို့ပြေးသည်နှင့် ထိုဝိညာဉ်သားရဲများသည် နောက်မှလိုက်ကြကာ စုဝေးသွားကြလေသည်။
“လိမ္မာတယ်” ဟန့်မြောင်ရွှမ်သည် ပြုံးပြီး မိုးကြိုးသွားကျည်ကို ထုတ်ပေးလိုက်သည်။ ထို့နောက်တွင် ဝိညာဉ်စွမ်းအင်ထည့်ကာ ဝိညာဉ် သားရဲများရှိရာသို့ပစ်လိုက်လေသည်။
နားကွဲလောက်သောအသံသည် ထပ်မံပေါ်လထွက်လာသည်။ ထို ဝိညာဉ်သားရဲများသည် ချက်ချင်းပင် လွင့်သွားလေသည်။
ထိုမိုးရွာသလိုပေါက်ကွဲမှုနှင့်အတူ ဝိညာဉ်သားရဲများသည် အပိုင်းပိုင်း ပြတ်ကြလေသည်။ သို့သော် ဝိညာဉ်သားရဲ တစ်သုတ် ပေါ်လာပြန်သည်။
“သေစမ်း ဒါကြီးကမပြီးတော့ဘူးလား” ချီဝေအော်လိုက်သည်။
“နောက်ကွယ်ကလူကို မရှင်းဘဲနဲ့တော့ ဒါကဘယ်တော့မှအဆုံးသတ် မှာမဟုတ်ဘူး” ဟန့်မြောင်ရွှမ် ပြောလိုက်သည်။
“မိတ်ဆွေလေး အဲဒါဘာအဓိပ္ပာယ်လဲ” အကြီးအကဲတစ်ယောက်မေး လိုက်သည်။
“ရှင်းရှင်းပြောရရင် ဒီနေရာက အကြွင်းအကျန်နေရာမဟုတ်ဘူး ဒီအတိုင်းပဲ ဖန်တီးထားတဲ့ လေဟာပြင်အတုအယောင်တစ်ခုပဲ အဲလူတွေက သူတို့လုပ်ချင်တာ လုပ်လို့ရတယ် ဒီဝိညာဉ်သားရဲတွေမှာ အသက်ရှိတာ မဟုတ်ဘူး အကုန်လုံးကဖန်တီးထားတဲ့ဟာတွေပဲ အဲလူတွေ အသက်ရှင်နေ သရွေ့တော့ ဒီဝိညာဉ်သားရဲလှိုင်းက ဘယ်တော့မှပြီးမှာမဟုတ်ဘူး သိပြီလား”
သူတို့ ခေါင်းညိတ်လိုက်ကြသည်။
“မင်းရဲ့ စကားကိုသာ စောစောစီးစီးယုံခဲ့ရင် ဒီလိုဖြစ်မှာမဟုတ်ဘူး” အပြာရောင်ဓားသွား၏ ဆရာသက်ပြင်းချလေသည် “ဒါပေမဲ့ အဲတုန်းက မင်းတို့ ဘယ်လိုသိတာလဲ”
“အစတုန်းက သံသယဖြစ်တာပဲရှိတာ ဘာတွေဖြစ်နေလဲဆိုတာ မသိဘူး” ဟန့်မြောင်ရွှမ် ပြောပြလေသည် “ပြီးတော့ ဆရာတို့ဝင်သွားတော့ အနက်ဝတ်လူတစ်စုရောက်လာခဲ့တယ် သူတို့ ကောင်းကင်နီထားသွားတယ် ဂျူနီယာညီမလေးက အဲအကြောင်းသိလို့တော်သေးတယ် အဲတော့မှပဲ ဘာတွေဖြစ်နေလဲဆိုတာ သိလိုက်ရတာ”
သို့သော် ထိုလူများသာ သူမကို ယုံပြီး နည်းနည်းလောက် သံသယထား လိုက်မည်ဆိုလျှင် ထိုသို့ဖြစ်လာမည်မဟုတ်ပေ။
သူတို့ ရတနာကြောင့် စုံလုံးကန်းပြီး သူမ ပြောစကားများကို မယုံသည် မှာ နှမြောဖွယ်ကောင်းသည်။
သူရဲကောင်းဓားသွားဂိုဏ်းသည် အပြစ်ရှိသည်ကို ခံစားရလေသည်။ သို့သော် ဖြစ်ပြီးသွားပြီဖြစ်သဖြင့် သူတို့၏နောင်တမှာ အသုံးမဝင်ပေ။ သူတို့ တပည့်များစွာ ဆုံးရှုံးလိုက်ရသည်မှာ နှမြောစရာပင်ဖြစ်သည်။
“ဒီမှာ ဝိညာဉ်သားရဲတွေပျောက်သွားပြီ” ဟန့်မြောင်ရွှမ် ပြောလေ သည်။
အစပိုင်းတွင် တစ်ကောင်စ နှစ်ကောင်စ ပျောက်သွားလေသည်။ သို့သော် နောက်တွင် အုပ်စုလိုက်ပျောက်ကာ နောက်ဆုံးတွင်တစ်ကောင်မှ မကျန်တော့ပေ။
“ဂျူနီယာညီမလေးက အဲလူတွေကို ရှင်းလိုက်ပြီထင်တယ်” ဟန့်မြောင်ရွှမ်သည် သားအမိကျောက်တုံးထုတ်ကာ ရှီမာယူယူအား ဆက်သွယ်လိုက်သည်။
“အဲမှာပဲစောင့်နေ ညီမလာခဲ့မယ်” ဟန့်မြောင်ရွှမ် မပြောခင်မှာပင် ရှီမာယူယူ အသံထွက်လာသည်။
သူတို့သည် ထိုနေရာတွင် ခေတ္တမျှစောင့်ကြရာ ရှောင်ချီနှင့် ရှီမာယူယူ တို့သည် အနက်ဝတ်လူနှစ်ယောက်နှင့်အတူရောက်လာကြလေသည်။
“ကျန်တဲ့လူတွေက အနောက်မှာလား” စူးရှောင်ရှောင် ပြောလိုက်သည်။
“မဟုတ်ဘူး” ရှီမာယူယူသည် ထိုနှစ်ယောက်ကို မြေပေါ်သို့ပစ်လိုက် သည်။ “သူတို့ကိုထိန်းချုပ်နေတဲ့ကောင်က သေသွားပြီ မဟုတ်ရင် ဝိညာဉ် သားရဲတွေပျောက်မှာမဟုတ်ဘူး ဒီနှစ်ယောက်က သူတို့ရဲ့ အပေါင်းအဖော် တွေပဲ”
ချီဝေနှင့် တခြားသူများ ခုန်ဆင်းကြလေသည်။ သူတို့သည် ထိုလူများ ကိုရှင်းပစ်လိုက်ချင်သော်လည်း ရှီမာယူယူက တားလေသည်။
“သူတို့ကို အခြေအနေကိုတောင်မမေးရသေးတာ မင်းက သတ်ချင်နေ တယ် ငါ့ကိုဒီလိုကျေးဇူးဆပ်တာလား”
“….”
သူတို့သည် ရှီမာယူယူ ပြောစကားကိုကြားသောအခါ ချီဝေသည် ပြတ်ပြတ်သားသားလွှတ်ကာ ရှီမာယူယူဘေးသို့ ပြေးလာသည် “ဆရာ မင်း လာကယ်မယ်ဆိုတာ သိနေတယ်”
ရှီမာယူယူသည် သူ၏ သွားစိထားသောအပြုံးကိုမြင်သောအခါ ချက်ချင်းပင် သူ၏ မျက်နှာကိုတွန်းကာ ပြောလိုက်သည် “မင်းကိစ္စမင်း ရှင်းဖို့ ပြောမထားဘူးလား ငါသာ မဝင်ခဲ့ရင် ဘယ်သူ့ကို သွားတောင်းဆိုမှာလဲ”
“ရွေးချယ်စရာမရှိလို့လေ စမ်းကြည့်ရုံပဲရှိတော့တယ် တကယ်အလုပ် ဖြစ်မယ်လို့ ဘယ်သူထင်မိမှာလဲ” ချီဝေသည် သွားဖြဲပြီးပြောလေသည်။
သူရဲကောင်းဓားသွားဂိုဏ်းမှအကြီးအကဲများသည် ရှီမာယူယူနှင့် တခြားသူများကို ဦးညွှတ်ပြီးပြောလေသည် “ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မိတ်ဆွေလေးတို့ သူရဲကောင်းဓားသွားဂိုဏ်း တပည့် တွေကကျေးဇူးတင်ပါတယ် နောက်ကိုလိုအပ်တာတစ်ခုခုရှိရင် သူရဲကောင်း ဓားသွားဂိုဏ်းက သေချာပေါက် အကူအညီပေးပါမယ်”
ရှီမာယူယူသည် ထိုအကြီးအကဲများ၏ စကားများကို သိပ်ဂရုမစိုက်ပေ။ သူမ သူတို့ကိုကယ်လိုက်သော်လည်း ရတနာကိုသာ ဂရုစိုက်တတ်သော ထိုလူများသည် ကျေးဇူးတရားကိုခံစားတတ်မည်ဟု သူမ မယုံကြည်ပေ။ သူမ သူတို့ကိုကယ်သည်မှာ သူမ၏ သူငယ်ချင်းများကို ကယ်ချင်သောကြောင့်ပင် ဖြစ်သည်။
သို့သော် တခြားတစ်ဖက်မှ တရိုတသေပြောလာသဖြင့် သူမသည် “တစ်ခုခုရှိလျှင် သူရဲကောင်းဓားသွားဂိုဏ်းကို အကူအညီတောင်းပါတယ်” ဟုသာပြောလိုက်သည်။
ရှီမာယူယူ သူတို့ကို တရိုတသေပြန်ဖြေသည်ကို ဟန့်မြောင်ရွှမ် မြင် သောအခါ ပြေးလာပြီးမေးလေသည် “ဂျူနီယာညီမလေး သူတို့ကို ဘာလုပ် မလဲ”
“ဘာမှမလုပ်ဘူး အချိန်တစ်ခုတော့ သူတို့ကိုယ်သူတို့ သတ်မသေ အောင်လုပ်ရမယ်” ရှီမာယူယူ ပြောလိုက်သည်။
“သူတို့ကို ငါ မေးမြန်းလိုက်ရမလား”
“မလိုဘူးရယ် သူတို့ကို သူရဲကောင်းဓားသွားဂိုဏ်းကိုအပ်လိုက်မယ် ဘာတွေဖြစ်မလဲဆိုတာ ပိုစိတ်ဝင်စားဖို့ကောင်းမယ်လို့ထင်တယ်” ရှီမာယူယူ ပြောလိုက်သည် “အန္တရာယ်မရှိတော့ဘူး ဒီလိုဆိုရင် ကျွန်မတို့်သွားလိုက်ပါဦး မယ်”
အကြီးအကဲများသည် သူမကိုတားရန် ပါးစပ်ဟလိုက်သော်လည်း တစ်စုံတစ်ရာပြောရမည်ကို ရှက်ရွံ့နေကြသည်။
“ဆရာ ငါတို့နဲ့မနေတော့ဘူးလား” ချီဝေသည် အကုန်လုံးစဉ်းစားနေ သည်ကို ထုတ်ပြောလိုက်သည်။
“ငါလုပ်စရာတွေရှိသေးတယ် အခုဘာတွေဖြစ်နေလဲဆိုတာ မင်းလည်း သိနေပြီပဲ ဘာလုပ်ရမလဲဆိုတာ မင်းသိသင့်တယ်” ရှီမာယူယူ ပြောလိုက် သည် “သူတို့ကို စစ်ဆေးမေးမြန်းတာကနေ တစ်ခုခုသိလာရင် ငါ့ကို ပြောပေး ပြီးရင် ဒီအံ့ဖွယ်နယ်မြေတစ်ခုလုံးရဲ့ နောက်ကွယ်မှာ ပူးပေါင်းကြံစည်မှုကြီးရှိ တယ် အခုတော့သွားပြီ”
ပြောပြီးသည်နှင့် သူမနှင့် ဟန့်မြောင်ရွှမ်တို့သည် ဟာစွန်ပေါ်သို့ တွယ်တက်ပြီး နောက်ပြန်မကြည့်တော့ဘဲ ထွက်သွားလေသည်။
“ဆရာ အခုဘာလုပ်ကြမလဲ”
အပြာရောင်ဓားသွားသခင်သည် သက်ပြင်းချပြီးပြောလေသည် “အကြွင်းအကျန်မရှိမှတော့ ငါတို့ထွက်သွားရမှာပေါ့ ဒီနှစ်ကောင်ကို ငါတို့်နဲ့ ခေါ်ခဲ့လိုက် ထွက်တာနဲ့ ဘာတွေဖြစ်နေလဲဆိုတာ သူတို့ကို မေးရမယ်”
“ဟုတ်ကဲ့ပါ ဆရာ”
ရှီမာယူယူနှင့် တခြားသူများ အဝေးသို့ပျံသွားချိန်တွင် ဟန့်မြောင်ရွှမ် သည် သိချင်စိတ်ကိုမထိန်းနိုင်တော့သဖြင့် ပြောလိုက်သည် “ဂျူနီယာညီမလေး မင်းအဲလူတွေကို လက်ဆောင်ပေးလိုက်တာလား ကိုယ်တိုင်မစစ်ဆေးချင်တာလား”
“အဲလူတွေက အသေခံတပ်သားတွေပဲ သူတို့ကို စစ်ဆေးရင်တောင် လွယ်လွယ်နဲ့ပြောမှာမဟုတ်ဘူး” ရှီမာယူယူ ပြောလေသည် “ညီမလိုချင်တဲ့ သတင်းကိုရထားပြီးပြီ”
“သူတို့ကိုစစ်ဆေးပြီးသားပေါ့”
“ညီမရတာ အတုဖြစ်နိုင်တယ် ဒါပေမဲ့ သူတို့မှတ်ဉာဏ်တွေက မလိမ် နိုင်ဘူးလေ” ရှီမာယူယူ မဲ့ပြုံးပြုံးလိုက်သည်။
“ဘာလုပ်လိုက်တာလဲ”
“တကယ်တော့ ဘာမှမဟုတ်ပါဘူး သူတို့မှတ်ဉာဏ်ကို နည်းနည်းဝင် လိုက်တာပါ”
“မင်းလို ညစ်ညမ်းတဲ့ စိတ်စွမ်းအင်ရှိတဲ့လူပဲ အဲလိုလုပ်မှာ”
ရှီမာယူယူ ပြုံးလိုက်သည်။ ထိုအရာမှာ သူမ၏ ပြီးခဲ့သည့် ဉာဏ်ပွင့်မှု ကြောင့် စိတ်စွမ်းအင်တိုးတက်လာခြင်းဖြစ်သည်။ ထိုအခါတွင် သူမသည် အသက်ရှိ လူတစ်ယောက်၏ မှတ်ဉာဏ်ထဲဝင်နိုင်သွားလေပြီ။
***