တံခါးလဲလှယ်ခြင်းတစ်ရာဂိုဏ်းကိုကယ်တင်ခြင်း
Vol. 82 Ch. 1144
“အဲလူတွေရဲ့ မှတ်ဉာဏ်ထဲမှာဘာတွေပေါ်လာလဲ” စူးရှောင်ရှောင် မေး လိုက်သည်။ “သူတို့က အောက်ခြေတပ်သားတွေပဲ နောက်ကွယ်ကရှိနေတဲ့ အဖွဲ့အကြောင်းကိုမသိကြဘူး” ရှီမာယူယူ မျက်မှောင်ကြုတ်လေသည် “ဒီအဖွဲ့က အရမ်းလျှို့ဝှက်တယ် တစ်ယောက်ချင်းစီပဲ အထက်က အမိန့်ကို တိုက်ရိုက်ရတယ် ပြီးတော့ သူတို့ကအဖွဲ့အကြောင်းကို နည်းနည်းပဲသိတယ် အဲဒါကြောင့် သူတို့လုပ်မယ့်အလုပ်ကို ချက်ချင်းသိပြီးလုပ်ရတာ သူတို့က မျက်နှာဖုံးတွေပဲဆက်တိုက်ဝတ်နေရတော့ ဒီနေရာနဲ့လည်းမရင်းနှီးဘူး သူတို့ကလူတွေနဲ့ရှိနေရင် ကွဲထွက်နေတယ်”
“အဲတော့ မင်း သတင်းများများစားစားမရလိုက်ဘူးပေါ့” ဟန့်မြောင်ရွှမ် ပြောလေသည်။
“ဟုတ်တယ် နည်းနည်းအသေးစိတ်ကျတာရှိတယ် ဒါပေမဲ့ အဲဒါကို ထပ်ပြီး စမ်းစစ်ပြီးမှကောက်ချက်ချလို့ရမယ်” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ အဲဒါကလည်း သူတို့နည်းနည်းပဲသိတယ်”
“ဘာသိလိုက်ရလဲ”
“ပထမအနေနဲ့ ကောင်းကင်နီကို လူနည်းနည်းကအတူပေါင်းပြီး ထိန်းချုပ်တယ် အခုတော့ ရှောင်ချီက သူတို့ထဲကတစ်ယောက်ကိုသတ်လိုက် ပြီ ဒီပြဿနာကို မြန်မြန်ဖြေရှင်းချင်ရင် ထိန်းချုပ်နေတဲ့လူအကုန်လုံးကို ရှင်းပစ်ရမယ်” ရှီမာယူယူ ပြောလိုက်သည်။
“အဲဒီအကြံကောင်းတယ် သူတို့ကိုရှာပြီး ရှင်းပစ်ရမယ် ပြီးတော့ ဘာရှိသေးလဲ”
“ပြီးတော့ အရင်ကဖြစ်တဲ့သတ်ဖြတ်မှုတွေကလည်း ဒီအဖွဲ့ကလုပ်တာ ပဲ” ရှီမာယူယူ ပြောလိုက်သည် “သူတို့က ထာဝရရှင်သန်သူနယ်မြေက အစုလိုက်အပြုံလိုက်သတ်မှုမှာ ပါဝင်တဲ့အဖွဲ့တွေပဲ သူတို့က ဘယ်လောက် များများသတ်နိုင်လဲဆိုတာ ပြိုင်နေကြတဲ့အဖွဲ့ပဲ”
“အဲတော့ ဒီအဖွဲ့ကပဲလုပ်တာပေါ့” ဟန့်မြောင်ရွှမ် ပြောလိုက်သည် “ပြီးခဲ့တဲ့တစ်ခေါက်က တိမ်ပင်လယ်မြို့တုန်းကလည်း နောက်ကွယ်က သူတို့ပဲလား”
“အဲဒါတော့ သူတို့မှတ်ဉာဏ်ထဲမရှိဘူး” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ သူတို့လုပ်တဲ့ကိစ္စတွေကိုအခြေခံကြည့်လိုက်ရင် ဖြစ်နိုင်ချေရှိတယ်”
“ထာဝရရှင်သန်သူနယ်မြေ အစုလိုက်အပြုံလိုက်သတ်မှု စိတ်ဝင်စား စရာပဲ” ကျန်းကျူးရှန့် ပြောလိုက်သည် “ဒါပေမဲ့ အစုလိုက်အပြုံလိုက်သတ် တာလောက်နဲ့ မရိုးရှင်းလောက်ဘူး ဘယ်လိုဇာတ်လမ်းဆင်ကြလဲ”
“ဟုတ်တယ်” ရှီမာယူယူ ပြောလိုက်သည် “မတူတဲ့အင်အားစုတွေကို ပစ်မှတ်ထားနေတယ် ညီမတို့နယ်မြေမှာဆိုရင် သတ်မှတ်ထားတဲ့သူက မှော်နဂါးဂိုဏ်းပဲ ဒီမှာလုပ်တဲ့သူတော့ အဲလူတွေလည်းမသိကြဘူး”
“အဲလိုနည်းလမ်းတွေတောင်ရှိတဲ့ အင်အားစုကဘယ်သူတွေလဲ အတွင်းဒေသက သာမန်အင်အားစုလောက်က မလုပ်နိုင်လောက်ဘူး” ဟန့်မြောင်ရွှမ် ပြောလိုက်သည်။
အားလုံးတိတ်သွားကြလေသည်။ ထိုမေးခွန်းအတွက် သူတို့ အဖြေမရှိ ပေ။
“ဒီက ကိစ္စကိုအရင်ဖြေရှင်းရအောင် သတင်းတွေထပ်ရလာတဲ့အထိ စောင့်ပြီး နောက်ပိုင်းတွေကို သိအောင်လုပ်ရမယ်” ရှီမာယူယူ ပြောလိုက် သည်။
သူတို့သည် ယခုအချိန်တွင် ထိုအရာကိုသာလုပ်နိုင်သည်။
သူတို့တွင် ရည်ရွယ်ချက်ရှိလာသဖြင့် သွားရမည့် ဦးတည်ဘက်ရှိလာ သည်။ သူတို့သည် ကောင်းကင်နီကိုထိန်းချုပ်သည့်လူကိုသတ်လိုက်ရင် ထိုနေရာ ပြိုပျက်သွားမည်ဖြစ်သည်။
ထိန်းချုပ်သူမှာ အားလုံးပေါင်း ငါးယောက်ရှိကြောင်းကို အနက်ဝတ်လူ ၏မှတ်ဉာဏ်ထဲမှ သူမ သိလိုက်ရ၏ ။ သူတို့ဝင်ပြီးနောက်တွင် အရှေ့ အနောက် တောင် မြောက်နှင့် အလယ်ပိုင်းဟူ၍ မတူညီသောနေရာအား တာဝန်ယူထားကြသည်။ သူတို့ သတ်လိုက်သောတစ်ယောက်မှာ အနောက် ဘက် အပိုင်းမှတစ်ယောက်ဖြစ်သည်။ အခုချိန်တွင် တခြားသော လေး ယောက် ကျန်နေသေးသည်။
အလယ်ပိုင်းကို တာဝန်ယူထားသူမှာ အသန်မာဆုံးဖြစ်သည်။ ရှီမာယူယူသည် အခြေအနေကို ပေါ့ပေါ့သဘောမထားရဲပေ။ ယခုအချိန်တွင် သူတို့သည် ကျန်သုံးယောက်ကို ရှင်းရန် အာရုံစိုက်ထားရသည်။
သည်လိုနှင့် နောက်ရက်ပိုင်းအနည်းငယ်တွင် ရှီမာယူယူနှင့် တခြားသူများသည် အနက်ဝတ်လူများကို ဖြေရှင်းကာ လမ်းတစ်လျှောက် နစ်နာသူတချို့ကို ကယ်တင်ခဲ့သည်။
ထိုအင်အားစုတချို့မှာ ရှီမာယူယူ ကြိုတင်သတိပေးထားသူများဖြစ်ကြ သည်။ သို့သော သူတို့သည် ရတနာကြောင့် စုံလုံးကန်းကာ ချင့်ချိန်ခြင်းမရှိခဲ့ ကြပေ။ သူတို့ကို ရှီမာယူယူလာကယ်သောအခါ အပြစ်ရှိသလိုခံစားရလေ သည်။
ရှီမာယူယူ တွေ့သည့်အထဲမှ အခြေအနေအကောင်းဆုံးမှာ တံခါးလဲလှယ်ခြင်းတစ်ရာ ဂိုဏ်းဖြစ်သည်။ သူတို့သည် တခြားသူများကဲ့သို့ ပင်ပန်းနွမ်းနယ်ခြင်းမရှိဘဲ ပုံမှန်အတိုင်း တိုက်ခိုက်နေကြသည်။
သို့သော် သူတို့သည် ထိုလူများထိန်းချုပ်သော ဝိညာဉ်သားရဲများကို မရှင်းနိုင်ကြပေ။
“အဲဒီဝိညာဉ်သားရဲတွေက ထူးဆန်းတယ် ငါတို့ ဘယ်လောက်ပဲ လျှပ်တပြက်သွားသွား နောက်ကနေလိုက်ကြတယ်” ဝေကြီးပြောလိုက်သည်။
“ဟုတ်တယ် ငါတို့ ဘာအကြွင်းအကျန်မှလည်းမတွေ့ဘဲ တစ်လမ်းလုံး ဝိညာဉ်သားရဲတွေလိုက်တာပဲခံနေရတယ်”
“ဒီမှာ အကြွင်းအကျန်ရှိမယ်လို့ မထင်တော့ဘူး” ချီလေးပြောလေသည် “ယူယူ ပြောတာမှန်တယ် ဒါကအတုကြီးပဲ ငါတို့သူမကိုမယုံမိတာ နှမြောစရာ ပဲ”
“သူမ ကြိုပြီးသတိပေးတာကြောင့်သာမဟုတ်ရင် ငါတို့်တွေ သူတို့ရဲ့ အဆိပ်မိနေလောက်ပြီ” ဝေကြီးပြောလေသည်။
“နောက်ဆုံးတော့ အကောင်းနဲ့သတိပေးတာကို နားမထောင်မိတာ ငါတို့ပဲ” ဝေလေး သက်ပြင်းချလေသည်။
“ငါတို့မှာ တည်ဆောက်မှုတွေလောက်လို့ တော်သေးတယ် မဟုတ်ရင် အဲဝိညာဉ်သားရဲတွေကြောင့် ငါတို့အသက်ပျောက်လောက်ပြီ”
“လာပြန်ပြီ ငါတို့ကို အနားလေးပေးလို့မရဘူးလား” ဝေလေး ပြောလိုက် ၏ ။
သူတို့ တည်ဆောက်မှုမှ ထွက်လာပြီးမကြာလိုက် ဝိညာဉ်စွမ်းအင်ပင် ပြန်အားမပြည့်သေး ဝိညာဉ်သားရဲများသည် ထွက်လာပြီးသူတို့နောက်လိုက် ပြန်သည်။
သူတို့မှာ တည်ဆောက်မှုရှိတယ်လေ… ဒါပေမဲ့ ဝိညာဉ်သားရဲတွေမှာ လည်း တည်ဆောက်မှုတွေရှိတာလား။
နာကျင်စရာကောင်းလိုက်တာ…
သူတို့သည် ဝိညာဉ်စွမ်းအင်များကိုသုံးလိုက်ပြီဖြစ်ကာ နောက်ဆုံးတွင် ပြန်အားပြည့်မည့် အချိန်ရလာသော်လည်း ဖြတ်လမ်းတည်ဆောက်မှုကို အသက်သွင်းရာတွင်သုံးခဲ့သည်။ ဖြတ်လမ်းတည်ဆောက်မှုကပို့ပြီးရင်ရော သူတို့ဘာလုပ်ကြမလဲ။
“ဟုတ်ပြီ အဲအကြောင်းမပြောနဲ့တော့ ငါတို့နောက်လိုက်နေတဲ့ ဝိညာဉ် သားရဲတွေကိုရှင်းဖို့ မြန်မြန်နည်းလမ်းရှာရမယ်” ဝေကြီးပြောလိုက်သည်။
“သူတို့ကို ဘယ်လိုခါချမှာလဲ ဖြတ်လမ်းတည်ဆောက်မှုသုံးပြီး မျက်ခြေ ဖြတ်တာတောင်မှ ငါတို့ကိုလိုက်မှီနေတာလေ ငါတို့ထပ်သွားရင် ထပ်ပြီးမှီ လာမှာပဲ ဒါတကယ့်ကိုအသုံးမဝင်ဘူး”
“ပြဿနာရဲ့ အရင်းအမြစ်ကိုဖြေရှင်းဖို့ နည်းလမ်းရှာရမယ်” ဝေလေး ပြောလိုက်သည်။
“ဒါပေမဲ့ ဒီဝိညာဉ်သားရဲတွေကို အကုန်မသတ်နိုင်ဘူး”
“ငါတစ်ခုခုစဉ်းစားမိတယ် မင်းတို့စဉ်းစားမိမလားတော့မသိဘူး” ဝေကြီး ပြောလိုက်သည်။
“ဘာလဲ”
“ကောင်းကင်နီ” ဝေကြီးပြောလိုက်သည်။
“ဘာ.. အဲပစ္စည်း”
“အဲပစ္စည်းက ပျောက်ကွယ်သွားတာကြာပြီလို့ မပြောကြဘူးလား”
“ဒါပေမဲ့ ဒီလိုပုံစံက အဲဒါနဲ့တူလွန်းတယ်”
“တကယ်သာအဲလိုဆိုရင် အဲဒါကိုထိန်းချုပ်တဲ့သူကိုရှာရမယ် မဟုတ်ရင် အဲသားရဲတွေကို ကိုယ်တိုင်ရှင်းလို့ရမှာမဟုတ်ဘူး”
“အဲဝိညာဉ်သားရဲတွေကိုလည်း အဲဒီလူတွေ ဖန်တီးထားတယ်လို့ ခံစား နေရတယ်”
“မိုးနတ်မင်းရေ တကယ်ပဲ အဲပစ္စည်းသာဆိုရင် ငါတို့ဒုက္ခရောက်ပြီ”
သူတို့ကို ကောင်းကင်နီကိုထိန်းချုပ်ထားသော လူမှပိတ်ထားပါက သူတို့ကို ရှင်းမထုတ်နိုင်ပေ။ ထိုသည်မှာ အဆုံးမရှိတော့ပေ။
“ကောင်းကင်နီကိုထိန်းချုပ်နေတာ ဘယ်မှာလဲဆိုတာတောင် မသိတာ သူတို့ကို ရှာရဦးမယ်” ဝေကြီးပြောလိုက်သည်။
“ကောင်းပြီ မင်းတို့က ဒီအကြောင်းကိုပိုလေ့လာထားကြတယ် အဲလူတွေကို ဘယ်လိုခြေရာခံလို့ရမလဲပြောပါဦး”
“ငါတို့ဝိညာဉ်စွမ်းအင်တွေကို သုံးပြီးနေပြီ ရှာနိုင်ရင်တောင် ဘာလုပ်နိုင် မှာလဲ သူတို့ကို မနိုင်ဘူးဆိုရင် ငါတို့ပဲသေမှာပဲ”
ဝေကြီး၏ စကားများသည် အားလုံးကို နှုတ်ဆိတ်သွားစေသည်။ အမှန်သာထိုကဲ့သို့ဖြစ်ပါက သူတို့ကိုရှာတွေ့လျှင်တောင် မနိုင်လျှင် သေဆုံးမှု နှင့်သာ ရင်ဆိုင်ရမည်။
“ဟူး” ဝေလေးသည် မြက်ပင်ထဲမှ တစ်စုံတစ်ရာကိုတွေ့သွားကာ ရုတ်တရက် ရယ်မောလေသည် “ဟားဟား သေဖို့မလိုတော့ဘူး”
“ဘာဖြစ်တာလဲ”
“နီရဲပျားတွေ ယူယူ့ရဲ့နီရဲပျားတွေ ဆိုလိုတာက သူမက ဒီနားမှာပဲ” ဝေလေးသည် ပျော်ရွှင်စွာ ပြောလေသည်။
“ဒီအတိုင်းကလေးတစ်ယောက်ပဲကို မင်းဘယ်လောက် ပျော်သွားလဲ ကြည့်ဦး”
“ဟီးဟီး မင်းစောင့်ပြီးကြည့်နေလိုက်” ဝေလေးသည် ပြုံးပြီးပြောလေ သည်။
သူတို့သည် နှစ်ကြိမ်မျှထွက်ပြေးပြီးနောက် ဝိညာဉ်သားရဲများ သူတို့ကို မှီတော့မည့်ဆဲဆဲတွင် ရုတ်တရက် အားလုံးပျောက်ကွယ်သွားလေသည်။
“ပျောက်သွားပြီလား”
“ကြည့်ရတာ သူတို့ကိုထိန်းချုပ်တဲ့သူတွေ အသတ်ခံလိုက်ရပြီထင် တယ်”
“သေချာပေါက် ယူယူလုပ်လိုက်တာပဲ” ဝေလေးပြောလေသည်။
“ဆရာဝေလေး တကယ်ပဲ ကျွန်မကိုယုံထားတာပဲ” လေဟာပြင်တွင် ဝင်ပေါက်တစ်ခုပေါ်လာပြီး ရှီမာယူယူသည် အနက်ဝတ်လူတချို့ကို ဆွဲပြီး ထွက်လာသည်။
“ယူယူ တကယ်ပဲ မင်းပါလား” ဝေလေးပြောလိုက်သည် “ဒါကိုရှင်းဖို့က သေချာပေါက်မင်းဖြစ်မယ်ဆိုတာ သိနေတယ်”
“ကျွန်မကိုယုံလွန်းနေပြီ တကယ်လို့ ဒီလူတွေကိုမသတ်နိုင်ရင် ဘယ်လို လုပ်မလဲ” ရှီမာယူယူ မေးလိုက်သည်။
“ငါတို့က မင်းကိုကောင်းကောင်းသိတယ်လေ” ဝေလေးပြောလိုက် သည်။
သူရည်ညွှန်းသည်မှာ သူတို့သည် အရင်ကတည်ဆောက်မှုတစ်ခုကို ဖြတ်ခဲ့သည့်အကြောင်းဖြစ်သည်။
ရှီမာယူူသည် ထိုလူကိုမြေပေါ်ပစ်ပြီး ပြောလိုက်သည် “ဟုတ်ပြီ ကျွန်မ လာတာက ဆရာတို့ကိုပြောစရာရှိလို့ပဲ…”
***