← Chapters

တံခါးလဲလှယ်ခြင်းတစ်ရာရဲ့ တောင်းဆိုချက်

Vol. 82 Ch. 1145

တံခါးလဲလှယ်ခြင်းတစ်ရာရဲ့ တောင်းဆိုချက်

Vol. 82 Ch. 1145

ရှီမာယူယူ၏ ပွင့်လင်းမှုသည် တံခါးလဲလှယ်ခြင်းတစ်ရာကို အံ့သြစေ သည်။ “အဟွတ် အဟွတ် ကိစ္စရှိလို့လား” ဝေကြီးသည် ပထမဆုံး တုန့်ပြန် စကားပြောသူဖြစ်သည်။

“ဒီလူနှစ်ယောက်ကိုအရင်ကြည့်လိုက် သူတို့ကိုမှတ်မိလား” ရှီမာယူယူ သည် ခြေထောက်နားတွင် လဲနေသော လူနှစ်ယောက်ကို ကန်ပြီး ဝေကြီးနှင့် တခြားသူများဆီသို့ ကန်ပေးလိုက်သည်။

သူတို့သည် ကိုယ်ကိုင်းပြီး မျက်နှာဖုံးချွတ်ပြီး ခေါင်းခါလိုက်ကြသည် “တစ်ယောက်မှမသိဘူး”

ထိုစကားကိုကြားသောအခါ ရှီမာယူယူသည် အနည်းငယ်ထူးဆန်း သလိုခံစားရသည်။ ထိုအဖွဲ့သည် အလွန်ဂရုတစိုက်ရှိကာ ဘာကိုမှရနိုင်မည် မဟုတ်ပေ။

“အဲလူတွေက ကောင်းကင်နီကိုထိန်းချုပ်နေတဲ့သူတွေလား” ဝေလေး မေးလးိုက်သည်။

ရှီမာယူယူသည် မျက်ခုံးများကို ပင့်လိုက်သည်။ သူတို့က ကောင်းကင်နီ ကိုသိတာလား။ ဒါဆိုရင် ရှင်းပြရတာလွယ်တာပေါ့။

သို့သော် စဉ်းစားကြည့်ရာ အဓိပ္ပာယ်ရှိသည်။ ကောင်းကင်လဲလှယ်ခြင်း တစ်ရာဂိုဏ်းသည် တည်ဆောက်မှုတွင် အလွန်ကျွမ်းကျင်ကြသည်။ သူတို့ ဒီအကြောင်းကို မသိရင် ဘယ်သူသိမှာလဲ။

“အင်း” ရှီမာယူယူ ပြောလိုက်သည် “ဒီတစ်ခေါက် ကျွန်မလာရှာတာက အဲဒါနဲ့ပတ်သတ်တယ်”

“ငါတို့က ဘာလုပ်ဖို့လိုတာလဲ”

“အရင်လူတွေကို ဖမ်းတာကနေ ကောင်းကင်နီကို ထိန်းချုပ်နေတာ အားလုံးပေါင်း ငါးယောက်ရှိတယ်ဆိုတာ သိခဲ့တယ် သူတို့က အရှေ့ အနောက် တောင် မြောက် အလယ်ဆိုပြီး ခွဲထားကြတယ် အလယ်ပိုင်းဒေသ ကတစ်ယောက်က သူတို့ထဲမှာ အားအကောင်းဆုံးပဲ သူ့ကိုကျွန်မတို့ မနိုင်နိုင်ဘူး” ရှီမာယူယူ ပြောလိုက်သည် “အဲဒါကြောင့် အလယ်ပိုင်းက တစ်ယောက်ကို ရှင်းဖို့ ဆရာတို့ကူညီစေချင်တယ် ကောင်းကင်နီကိုအဲလိုပဲ ရှင်းရမှာ”

“ကျန်တဲ့ နေရာလေးခုက လူတွေကရော”

“သူတို့ကိုရှင်းပြီးသွားပြီ” ရှီမာယူယူ ပြောလိုက်သည်။

“ရှင်းလိုက်ပြီလား”

“ဟုတ်တယ် ဒီဟာက တောင်ဘက်က ရှင်းလိုက်တဲ့လူတွေပဲ” ရှီမာယူယူ ပြောလိုက်သည် “အလယ်ပိုင်းကတစ်ယောက်ပဲကျန်တော့တယ်”

တံခါးလဲလှယ်ခြင်းတစ်ရာလူများသည် ကြက်သေသေသွားကြလေ သည်။ သူတို့သည် သူတို့အသက်အတွက် ပြေးနေချိန်တွင် ထိုလူများသည် လူအများကြီးကို ကယ်တင်နေခဲ့သည်။

“မိတ်ဆွေလေး မင်းက တကယ့်ကို အံ့သြလောက်စရာပဲ” တံခါး လဲလှယ်ခြင်းတစ်ရာမှ အကြီးအကဲတစ်ယောက် ပြောလေသည် “မင်တို့က အရှေ့ အနောက် တောင် မြောက်ကလူတွေကိုရှင်းလိုက်ပြီဆိုမှတော့ အလယ်ပိုင်းက တစ်ယောက်ကို ငါတို့တာဝန်ထားလိုက်တော့”

ရှီမာယူယူ ပြုံးလိုက်သည် “ကောင်းပါပြီ”

ထိုဂိုဏ်းနှင့်ဆိုလျှင် သူမ ဝင်စွက်ဖက်ရန်မလိုပေ။

တံခါးလဲလှယ်ခြင်းတစ်ရာသည် အစောပိုင်းက အဖြစ်အပျက်များကို မသိသေးသောကြောင့် အလွန်ထိခိုက်ခဲ့သည်။ သို့သော် အခုသူတို့သိသွားကြ သဖြင့် ထိခိုက်သူများမှာ ထိုလူများပင် ဖြစ်လိမ့်မည်။

သူမသည် ဆေးတချို့ထုတ်ကာ ပြောလိုက်သည် “ဒီဆေးတွေက ဝိညာဉ်စွမ်းအင်ပြန်ပြည့်တာကို ကူညီပေးပါလိမ့်မယ်”

တံခါးလဲလှယ်ခြင်းတစ်ရာသည် သူတို့ဆေးကုန်လုနီးပါးဖြစ်ကာ ဆေး ကိစ္စနှင့်ပတ်သတ်ပြီး ဖိအားများနေရာ ရှီမာယူယူသည် သူတို့ကို အမှန် တကယ်ပင် လက်ဆောင်ပေးခဲ့သည်။

“မိတ်ဆွေလေးမှာ ဆေးတွေရှိမှတော့ ကျုပ်တို့အားမနာတော့ဘူးနော်” အကြီးအကဲ ပြောလိုက်သည်။

“ဆရာတို့က အနက်ဝတ်လူတွေကိုသွားရင်ဆိုင်ရမှာ ဘယ်လိုလုပ် စွမ်းအင်မပြည့်ဘဲနဲ့ သွားလို့ရမလဲ” ရှီမာယူယူသည် ပြုံးပြီးပြောလိုက်သည်။

သူတို့သည် ဆေးစားပြီးနောက် ထိုင်ကာ အားပြန်ဖြည့်လေသည်။ ရှီမာယူယူ ရှောင်ချီနှင့် ချင်ယိတို့သည် သူတို့နှင့်အနည်းငယ်ဝေးသောနေရာ နှင့် စကားပြောနေကြသည်။

ခဏအကြာတွင် ဝေကြီးနှင့် ဝေလေးတို့သည် အကြီးအကဲများနှင့်အတူ လျှောက်လာသည်။

“ဆရာဝေကြီးနဲ့ ဝေလေး” ရှီမာယူယူ မတ်တတ်ရပ်လိုက်သည်။

သူတို့ကျောင်းတွင် နောက်ဆုံးအကြိမ်တွေ့ခဲ့သည့် အဖြစ်သည် မပျော်ရွှင်လောက်စရာဖြစ်ခဲ့သော်လည်း တံခါးလဲလှယ်ခြင်းတစ်ရာနှင့် သူတို့၏ အပြန်အလှန်ဆက်ဆံပုံကိုကြည့်လိုက်လျှင် သူမတွင် ထိုစာအုပ်ရှိနေ သည်ကို ဝေကြီးနှင့်ဝေလေးတို့ မပြောခဲ့ကြပေ။

“ယူယူ ဒါက ငါတို့အကြီးအကဲ အကြီးအကဲဟော်ပဲ” ဝေကြီး မိတ်ဆက် ပေးလေသည်။

“နှုတ်ဆက်ပါတယ် အကြီးအကဲဟော်” ရှီမာယူယူသည် ဟော်မင်ကို အရိုအသေပေးလိုက်သည်။

“မိတ်ဆွေလေးယူယူ ဒီတစ်ခေါက်ကိစ္စအတွက် ကျေးဇူးကြွေးအများ ကြီးတင်သွားပါပြီ ကောင်းကင်နီကိုထိန်းချုပ်နေတဲ့လူတွေကို မင်းသာ မဖြေရှင်းခဲ့ရင် အခုကျုပ်တို့ဘယ်လိုဖြစ်နေမလဲဆိုတာ ဘယ်သူမှမသိနိုင်ဘူး” ဟော်မင်သည် ဘုန်းတော်ကြီးကဲ့သို့ပင် ပြုံးနိုင်သေးသည်။ အခုဖြစ်ပျက်သွား သမျှသည် သူ၏ ပျော်ရွှင်မှုကို ဖျက်နိုင်သည့်ပုံမပေါ်ပေ။

“အကြီးအကဲဟော် ကြင်နာလွန်းနေပါပြီ”

“အင်း အဲဒါကတော့ ဒီတစ်ခေါက် မင်းကိုရှာရတာ ကိစ္စတစ်ခုကြောင့်… အင်း..” အကြီးအကဲဟော် ပြောလေသည် “ဝေကြီး သူမကို မင်းပဲ ပြောသင့် တယ်ထင်တယ်”

သူ၏ အပြုအမူကိုကြည့်ပြီး ရှီမာယူယူသည် ရှုပ်ထွေးစွာ မျက်တောင် ခတ်လိုက်သည်။ သူတို့ဘာလို့ တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်နေတာလဲ။

“အာ.. ဒီလိုပါ ယူယူ မင်းက အဂ္ဂိရတ်ပညာရှင်မလား မင်းမှာ ဆေးတွေ ရှိသေးလား” ပြောလာသူမှာ ဝေလေးဖြစ်သည်။

“ဆေးတွေလား”

“အင်း ငါတို့ ဒီတစ်ခေါက်ကို ဝိညာဉ်အားပြည့်ဆေးတွေက ကုန်နေပြီ ပြီးတော့ ဒီမှာဘယ်လောက်ကြာအောင်နေရမလဲဆိုတာ မသိဘူးလေ အဲဒါကြောင့်… မင်းမှာဆေးပိုသေးရင် နည်းနည်းလောက် ရောင်းပေးနိုင် မလား” ဝေလေးပြောလိုက်သည်။ သူပြောလိုက်သည်မှာ ခက်ခဲသည့်ပုံမပေါ် ပေ။ သို့သော် အနည်းငယ်တော့ နေရခက်သည်။

ဘာအကြောင်းဖြစ်မလဲဟု ရှီမာယူယူ သိချင်နေခဲ့သည်။ ဆေး အကြောင်းဖြစ်နေတာကိုး။

သူမ ဆေးတစ်သုတ်ထုတ်ကာ ပြေးလိုက်သည် “ဒါတွေကိုယူသွားလို့ ရပါတယ် ကျွန်မမှာ တခြားပစ္စည်းတော့မရှိပေမဲ့ ဆေးတော့များပါတယ်”

“အဟွတ် အဟွတ် အဲဒါက ငါတို့မှာ လူများတော့….”

သူဆိုလိုသည်မှာ မလုံလောက်ဟု…

“ဒါဆိုရင် နည်းနည်းလောက်ထပ်ဖော်ပေးပါမယ်” ရှီမာယူယူပြောလိုက် သည်။ သူမသည် ဝေကြီးနှင့် ဝေလေးကို လျှို့ဝှက်ထားပေးသည့်အတွက် ကျေးဇူးတင်သည်ဟူသော သဘောနှင့် မျက်စိမှိတ်ပြလေသည်။

“ပြီးတော့ ကျုပ်တို့ မင်းကို လျော်ကြေးနည်းနည်းပေးရရင် ပိုကောင်းတာ ပေါ့” ဟော်မင် ပြောလိုက်သည် “တခြားဆေးဆိုင်တွေရဲ့ ဈေးကွက်အတိုင်းပဲ လဲပေးပါ”

ရှီမာယူယူ စဉ်းစားကြည့်သည်။ သူမ ပိုက်ဆံငြင်းဆန်လိုက်ပါက တစ်ဖက်လူသည် နေရခက်သွားမည်။ ထို့ကြောင့် သူမ ခေါင်းညိတ်ကာ ပြော လိုက်သည် “ကောင်းပါပြီ ကျွန်မ စီနီယာတွေနဲ့အတူ ဆေးထပ်ဖော်လိုက်ပါ မယ်”

ဟန့်မြောင်ရွှမ်နှင့် တခြားသူများသည် အနီးအနားတွင်ရှိသည်။ သူတို့ သည် ရှီမာယူယူဆီမှသတင်းကြားသည်နှင့် အပြေးရောက်လာကြသည်။ အစပိုင်းတွင် တစ်ခုခုဖြစ်နေပြီဟုထင်ခဲ့ကြသည်။ သို့သော် ဆေးဖော်ရမည် ဆိုသဖြင့် စိတ်ဝင်စားမှုများ ပျောက်သွားလေသည်။

ရှီမာယူယူသည် သူတို့ကိုထောင့်သို့ဆွဲသွားကာ ပြောလိုက်သည် “တံခါး လဲလှယ်ခြင်းတစ်ရာကိုသိလား”

“သိတယ်လေ သူတို့က တည်ဆောက်မှု တည်ထောင်သူတွေပဲ” ဟန့်မြောင်ရွှမ် ပြောလိုက်သည် “ဆရာဝေကြီးနဲ့ ဝေလေးတို့က…”

“ဟုတ်တယ် သူတို့က တံခါးလဲလှယ်ခြင်းတစ်ရာကပဲ သူတို့အတွက် ဆေးဖော်ပေးလိုက်ရင် ပိုက်ဆံရရုံတင်မဟုတ်ဘူး တံခါးလဲလှယ်ခြင်းတစ်ရာ နဲ့ ဆက်ဆံရေးကောင်းသွားလိမ့်မယ် ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်လိုက်တာ ပဲ” ရှီမာယူယူ ပြောလိုက်သည်။

စဉ်းစားကြည့်လျှင်လည်း အမှန်ဖြစ်နေသောကြောင့် သူတို့သုံးယောက် သည် ပျော်ရွှင်စွာ သဘောတူကြလေသည်။

တကယ်တော့ စူးရှောင်ရှောင်နှင့် ဟန့်မြောင်ရွှမ်တို့သာ သဘောတူခြင်း ဖြစ်သည်။ ထိုအရာများကို ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့သော ကျန်းကျူးရှန့် သည် ဟန့်မြောင်ရွှမ် အကြပ်ကိုင်ခြင်းကြောင့်သာ သဘောတူလိုက်ခြင်းဖြစ် သည်။

သူတို့သည် တစ်နေကုန်အချိန်သုံးကာ တံခါးလဲလှယ်ခြင်းတစ်ရာ အတွက် ဆေးပေါင်းတစ်ရာကျော် ဖော်ပေးလေသည်။ သူတို့သည် ပိုက်ဆံ မြောက်များစွာ ရှာနိုင်လိုက်လေသည်။

တံခါးလဲလှယ်ခြင်းတစ်ရာကဲ့သို့လူများအတွက် ပိုက်ဆံသည် ပြဿနာ မဟုတ်ပေ။

မလုံလောက်လျှင် သူတို့ထွက်သည်နှင့် ထပ်ဖော်ပေးမည်ဟု သဘောတူညီချက်ပင် ထားလိုက်ကြသည်။ ထိုအခိုက်တွင် သူတို့သည် ကောင်းကင်နီထိန်းချုပ်သူကို ရှင်းပစ်ရမည်။

တံခါးလဲလှယ်ခြင်းတစ်ရာပေါ်လာသည်နှင့် ရှီမာယူယူသည် အနောက် မှသာ စောင့်ကြည့်နေတော့မည်။ တံခါးလဲလှယ်ခြင်းတစ်ရာမှလူများ သေဆုံး မှုနှင့်အတူ သူတို့သည် ဒေါသမီးတောက် အပြည့်ဖြစ်နေသည်။ သူတို့သည် ပြဿနာအရင်းအမြစ်ကိုသိသည်နှင့် ဖြေရှင်းရန်လွယ်သွားသည်။

စက္ကူလိပ်နှင့်ဆိုလျှင် အနက်ဝတ်လူများကို ရှာရန်မခက်ပေ။ သူတို့သည် လျင်မြန်စွာပင် ထိုလူ၏ တည်နေရာကို ရှာတွေ့လေသည်။

တံခါးလဲလှယ်ခြင်းတစ်ရာ၏ တည်ဆောက်မှုကိုကြည့်ပြီး ရှီမာယူယူ သည် ကမ္ဘာသစ်တစ်ခုကိုတွေ့လိုက်ရသလိုပင်။ အမှန်တကယ်ပင် တည်ဆောက်မှုများကို တည်ထောင်သည့် ဂိုဏ်းသည် ကွဲပြားသည်။ သူတို့ ဆောက်လုပ်သော တည်ဆောက်မှုသည် လျင်မြန်ပြီး ပို၍ တည်ငြိမ်သည်။

သူတို့တည်ဆောက်မှုလုပ်နေသည်ကို ရှီမာယူယူ အာရုံစိုက်ပြီး ကြည့်နေသည်ကို မြင်သောအခါ ဟော်မင်သည် ခေါင်းမော့ပြီး ဘုန်းတော်ကြီး ကဲ့သို့ပြုံးလိုက်သည်။ သူပြောလိုက်သည် “မိတ်ဆွေလေးယူယူ ကျုပ်တို့ တံခါး လဲလှယ်ခြင်းတစ်ရာကိုဝင်ဖို့ စိတ်ဝင်စားလား မင်း ဝင်မယ်ဆိုရင် တည်ဆောက်မှုအမျိုးအစားမျိုးစုံ သင်လို့ရတယ်”

“….”

ရှီမာယူယူသည် ဖြည်းညင်းစွာရယ်ပြီးပြောလိုက်သည် “ကျွန်မက လွတ်လပ်တာကိုကြိုက်တာပါ ဂိုဏ်းတစ်ခုက စည်းကမ်းတွေများတယ် ကျွန်မနဲ့ မကိုက်ပါဘူး”

ဝေကြီးနှင့် ဝေလေးတို့သည် ဘေးတွင်ရပ်နေသည်။ သူမ ပြောစကား ကိုကြားသောအခါ ကြည့်ချင်းဖလှယ်လိုက်ကြပြီး ခေါင်းခါမိကြလေသည်။

***

All Chapters