← Chapters

တာအိုဆရာသခင်ထိုက်ယီ

Vol. 1 Ch. 35

တာအိုဆရာသခင်ထိုက်ယီ

Vol. 1 Ch. 35

အခန်း (၃၅) တာအိုဆရာသခင်ထိုက်ယီ

ဝါးရွက်စိမ်း ဂိုဏ်းတွင် သိမ်းဆည်းထားသည့် ရတနာမှာ လွန်ခဲ့သည့် အချိန်များက အစိမ်းရောင်ဝတ်လူ ခိုးယူခဲ့သည့် ရတနာပင် ဖြစ်လေသည်။ ထိုရတနာမှာ မိုးကောင်းကင်နှင့် ဆိုင်သည့် ရတနာတစ်ခု ဖြစ်လေသည်။

ဆန်းလျန်က ထိုပစ္စည်းမှာ မည်သို့သော ပစ္စည်းဖြစ်သည်ကို သိချင်နေသော်လည်း ထိုအရာကို ပိုင်ဆိုင်လိုခြင်းတော့ အလျဉ်းမရှိပါ။

လောဘကြီးခြင်းမှာကောင်းသောအရာ မဟုတ်ပေ။

"လွတ်လပ်ခြင်း" ဆိုသည်မှာ ကိုယ်လုပ်ချင်တာကို လုပ်ခြင်းမဟုတ်။ ကိုယ်လုပ်ချင်သည့် အရာများနှင့် ဖောက်ပြန်သည့် ဆန္ဒများကို ထိန်းချုပ်ခြင်း ဖြစ်လေသည်။

သို့သော် ယခုတော့ အန်းရန်ကျယ်က ထိုပစ္စည်းကို အတင်း လာပေးနေသောကြောင့် ဆန်းလျန်လည်း ငြင်းမနေတော့ဘဲ ယူလိုက်ရလေတော့သည်။

"မင်း ဒီလိုလုပ်ရဲမယ်လို့ ငါထင်မထားမိဘူး။ ခုမှ ဆယ်ရက်နေ့ပဲ ရှိသေးတယ်။ ဆယ့်ငါးရက်နေ့ထိ စောင့်ပြီးမှ သွားသင့် မသွားသင့် ဆုံးဖြတ်ကြတာပေါ့။ ငါသွားရမလား မသွားရဘူးလား ခုထိ မဆုံးဖြတ်ရသေးဘူး"

ဆန်းလျန်က အပြင်ဘက်မှ ဝင်လာသည့် လေအေးများ၏ ဒဏ်ကို ရှောင်ရှားရန်အတွက် မျက်လုံးကို အနည်းငယ် မှေးစင်းလိုက်ရင်း ပြောလိုက်လေသည်။ နှင်းမုန်တိုင်းသည် ရပ်တန့်သွားမည့် အနေအထား မရှိပေ။

***

ချင်ပြည်နယ် မြို့တော်၏ နှင်းများဖြင့် ဖုံးလွှမ်းနေသည့် ရှုမျှော်ခင်းမှာ လှပသော်လည်း ချယ်လန်း တောင်ပေါ်သို့ သွားရမည့် ခရီးကတော့ မလွယ်ကူလှပေ။

ချင်ပြည်နယ် မြို့တော်တစ်ခုလုံးမှာ နှင်းတောထဲတွင် ဖြတ်သန်းသွားလာ ထားကြသည့် ခြေရာများဖြင့် အသက်ဝင်လျက် ရှိလေသည်။

ချယ်လန်းတောင်သို့ သွားသည့် လမ်းမှာတော့ လူအရိပ်အယောင်မျှပင် မတွေ့ရပေ။

ရှင်းစစ်စစ်နျန် တည်းခိုရိပ်သာသို့ လမ်းလျှောက်လာသည့် အချိန်က နှင်းများက သူမကို ရှောင်ကွင်း သွားကြခြင်းပေလား သို့မဟုတ် မမြင်ရသည့် အလွှာပါး တစ်ခုက သူမကို ကာကွယ် ပေးထားသောကြောင့်လား မသိ။ သူမမှာ နှင်းလုံးဝမစိုဘဲ တည်းခိုရိပ်သာသို့ ရောက်လာခြင်း ဖြစ်လေသည်။

ထို့ပြင် သူမ ခြေရာများမှာလည်း နှင်းတောထဲတွင် ထင်ကျန်ရစ်ခြင်း အလျဉ်းမရှိပေ။

ခေါင်မိုးများ ပေါ်တွင် နှင်များမှာ တွဲလဲ ခိုနေကြလေသည်။

နှစ်ရှည် မက်မွန်ပင်ကြီးများမှာ အေးစက်သည့် ရာသီဥတုကို အန်တုကာ မားမားမတ်မတ် ရပ်တည်နေကြပြီး လေတိုက်လိုက်တိုင်း သင်းရနံ့လေးက လေထဲတွင် ပျံ့လွင့် နေလေသည်။

ရှင်းစစ်စစ်နျန်မှာ မက်မွန်ပွင့်များကို အလွန် ချစ်လေသည်။ သူမက ပန်းများကို ခူးရန် ပြင်လိုက်စဉ်မှာပင် လက်တစ်ဖက်က သူမကို တားလိုက်သည်။

သူမ၏ နူးညံ့ချောမွေ့နေသည့် လက်ကလေးများနှင့် မတူဘဲ ခြောက်သွေ့ပြီး အရိုးများ ငေါထွက်နေသည့် လက်တစ်စုံ …

ထိုလက်များမှာ ခြောက်သွေ့နေသည့် မက်မွန်ကိုင်းခြောက် များနှင့်ပင် တူနေလေသည်။

သို့သော် ထိုလက်များက ရှင်းစစ်စစ်နျန်၏ လက်ကောက်ဝတ်ကို မြဲမြံစွာ ဆုပ်ကိုင် ထားလိုက်လေသည်။

ရှင်းစစ်စစ်နျန်က ထိုလက်များပိုင်ရှင်ကို မော့ကြည့်လိုက်ပြီး …

"အဖေ … ဘာလို့ အပြင်ကို ထွက်လာတာလဲ"

ဟု မေးလိုက်လေသည်။

"အဖေ အိပ်ရာက နိုးလာတော့ သမီး ပန်းတွေ ခူးတော့မယ်ဆိုတာ သိနေလို့"

ခေါင်းတစ်ခုလုံး ဆံပင်များ ဖြူဖွေးနေသည့် အသက်အရွယ် ကြီးရင့်ပြီ ဖြစ်သည့် အဘိုးကြီး တစ်ယောက်က ပြန်ပြောလိုက်လေသည်။ သူ့ပုံစံမှာ ပိန်ခြောက်နေပြီး တကယ်ပင် အသက်အရွယ် ကြီးရင့်လွန်းသည့်ပုံ ပေါက်နေလေသည်။

"သမီး ပန်းခူးပါရစေ အဖေရယ်။ နောက်နှစ်ကျတော့ ပြန်ပွင့်လာမှာပဲကို။ သမီးက အပင်ကို အမြစ်က တူးထုတ်နေတာမှ မဟုတ်တာ"

သူမစကားကြောင့် မက်မွန်ပန်းပင်ကြီးမှာ ယိမ်းထိုးလှုပ်ခတ် သွားလေသည်။

"မင်း ပန်းခူးလိုက်တိုင်း သူ့မှာ နာကျင်ရတယ်။ မင်းဘာလို့ သူ့ကို နာကျင်အောင် လုပ်ချင်ရတာလဲ"

အဘိုးအိုက ရှင်းစစ်စစ်နျန်၏ ခေါင်းလေးကို အသာလေး ပုတ်ကာ ပြောလိုက်ရင်း သူမကို ခန်းမထဲသို့ ခေါ်ဆောင် သွားလေသည်။

ခန်းမထဲတွင် ဘာမှမရှိဘဲ ရှင်းလင်းနေသည်။ သို့သော် ကောလာဟလများ ထွက်နေသကဲ့သို့ လူမနေသည့် ပုံတော့ မပေါ်ပေ။ လင်ချုန်းရှောင်နှင့် အစိမ်းရောင်ဝတ်လူတို့ တိုက်ခိုက်ခဲ့ကြသည့် လက္ခဏာများကတော့ တစ်စွန်းတစ်စ ကျန်ရစ် နေသေးသည်။ ချယ်လန်း နတ်ဘုရား ဆယ့်ရှစ်ပါး ရုပ်တုများမှာလည်း သူ့နေရာနှင့်သူ ခန်းမတစ်ဖက်တစ်ချက်တွင် မျက်နှာချင်းဆိုင် ရှိနေကြလေသည်။

"ကောင်လေးနဲ့တွေ့ဖို့ ပြင်ဆင် ပြီးသွားပြီလား"

အဘိုးအိုက မေးလိုက်သည်။

"ဟုတ် ပြင်ဆင်ပြီးသွားပြီ။ သူက အရမ်းလှတာပဲ။ သမီးတို့လိုပဲ"

ရှင်းစစ်စစ်နျန်က သူမ၏ လက်ချောင်းလေးများကို ကိုက်ရင်း ပြောလိုက်လေသည်။

"သူ့မှာ ထူးခြားတဲ့ အရည်အချင်းတွေ ရှိတယ်လို့ ကြားတယ်။ သမီးသူ့ကို စမ်းသပ် ကြည့်ပြီးပြီလား"

"သူ့ဓားနဲ့တော့ ပညာတစ်ခု ပြလိုက်တယ်။ အတွင်းအားကို ဓားထဲကို စီးဝင်အောင် လုပ်လိုက်တာ။ အဲဒါက တကယ် တော်တဲ့ အချက်ပဲ။ သူ့မှာ ဝိညာဉ်လွှင့်နိုင်စွမ်း ရှိပုံရတယ်"

ရှင်းစစ်စစ်နျန်က အထင်ကြီး လေးစားသည့်ပုံဖြင့် ပြောလိုက်လေသည်။

သူမ၏ စကားများကိုသာ ဆန်းလျန်ကြားပါက မူးမေ့ သတိလစ်သွား လောက်ပေသည်။ ဆန်းလျန်ကသာ ရှင်းစစ်စစ်နျန်အကြောင်း သေချာမသိသော်လည်း သူမကတော့ အကြည့် တစ်ချက်နှင့်ပင် ဆန်းလျန်၏ အစွမ်းများကို သိနေလေသည်။

"ပြိုင်ဘက်ကင်း လူသားတွေပဲ။ နွေမိုးဆောင်းတွေ ပြောင်းလဲသွားလို့ နောက်ဆယ်နှစ်လောက် နေရင်တော့ သူက ဘယ်နတ်ဘုရားတွေရဲ့ အကူအညီမှ မပါဘဲ ကျင့်ကြံမှုတွေ အောင်မြင်သွားချင် သွားမှာပေါ့"

အဘိုးအိုက သက်ပြင်းချရင်း ပြောလိုက်လေသည်။

"သမီးက လူသားတွေကို မနာလိုမရှိပါဘူး။ နှစ်ပေါင်း လေးဆယ်လောက်ဆို သူတို့က သေသွားကြမှာပဲ"

ရှင်းစစ်စစ်နျန်မှာ ဆန်းလျန်၏ စွမ်းရည်များကို လေးစားသော်လည်း မနာလို ဖြစ်မိခြင်းတော့ မရှိပေ။ ထို့ပြင် သူမက လူသားထက် ကျော်လွန်သော ဖြစ်တည်မှုတစ်ခု ဖြစ်လေသည်။

"အဖေတို့က အသက်ရှည်တယ်။ ဒါပေမယ့် တရားရဖို့တော့ ခက်တယ်။ လူတွေကတော့ အသက်တိုပေမယ့် တာအို ကျင့်စဉ်လမ်းကို ကျင့်ဖို့ လွယ်ကူလွန်းတယ်။ အဖေက အသက်ကြီးပြီ။ အဖေမျှော်လင့်တာက သမီးကို တာအိုလမ်းကို လျှောက်လှမ်း နိုင်စေဖို့ပဲ။ ဒီကောင်လေးရဲ့လမ်း ဖြောင့်ဖြူးလေ သူက သမီးကို ကူညီနိုင်လေပဲ။ သမီးက လိမ်လိမ်မာမာ နေရမယ်။ သူ့ကို ကလန်ကဆန် မလုပ်ရဘူးနော်"

အဘိုးအိုက ပြောလိုက်လေသည်။

"သူက အဲဒီလောက်တော့ မတော်ပါဘူး။ ဘယ်လိုလုပ် သမီးကို ကူညီနိုင်မှာလဲ။ သူ့လိုလူမျိုး ဆယ်ယောက်လောက်တောင် သမီးက တစ်ပြိုင်တည်း တိုက်နိုင်သေးတယ်"

ရှင်းစစ်စစ်နျန်က လက်ပိုက်လိုက်ပြီး ထိုင်ခုံတွင် ထိုင်လိုက်ကာ ပြောလိုက်လေသည်။ သူမက တစ်ခါတစ်လေ ဖခင်ဖြစ်သူ၏ စကားကို အရေးမစိုက်တတ်ပေ။

"ဒီကောင်လေးက ဘာကျင့်စဉ်ကို လေ့ကျင့်နေလဲတော့ အဖေမသိဘူး။ ဒါပေမယ့် သူ့ရဲ့အတွင်းအား သုံးပုံကို ကြည့်ရတာ တာအိုဆရာ သခင်ထိုက်ယီ လူ့လောကကို ပထမဆုံးအကြိမ် ဆင်းလာတုန်းကနဲ့ သိပ်တူနေတယ်။ ဆန်းလျန်က နတ်ဘုရား ဆရာသခင်တွေဆီက သင်ယူထားတာမျိုး မဟုတ်ပေမယ့် သူ့ရဲ့ ကျင့်စဉ် နည်းလမ်းတွေက ချင်းရွှမ်ကျင့်စဉ်တွေနဲ့ သိပ်တူနေတယ်။ ချင်းရွှမ် နတ်တံခါးက နှစ်ငါးဆယ်နေမှ တစ်ခါဖွင့်တာ။ တစ်ခါဖွင့်တိုင်း အသက် နှစ်ဆယ်အရွယ် တပည့် ဆယ်ယောက်ကိုပဲ လက်ခံတာ။

ချင်းရွှမ် နတ်တံခါးကို ဖြတ်ဝင်ဖို့အတွက် လူတစ်ယောက်ဟာ ပင်ကိုယ် အရည်အချင်းနဲ့ ထိုးထွင်း သိနိုင်မှုတွေ လိုတယ်။ လင်ချုန်းရှောင်တောင်မှ ချင်းရွှမ်တပည့်ဖြစ်ဖို့ အခွင့်အရေး မရခဲ့ဘူး။ ဆန်းလျန်ကတော့ ချင်းရွှမ် နတ်တံခါးကို ရှာဖွေနေတဲ့ သူဆိုရင် သူ့အတွက် အခွင့်အရေး ရှိနေသေးတယ်။ သူက တဖြည်းဖြည်းနဲ့ သိုင်းလောကမှာ ဆရာတစ်ဆူ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် အဲဒီ သိုင်းစွမ်းကို ချင်းရွှမ် နတ်တံခါးကို ရှာဖွေဖို့ သူကြိုးစားမှ ဖြစ်မယ်။

တကယ်လို့ ချင်းရွှမ် နတ်တံခါးက ဆရာသခင် မဟုတ်တဲ့ သူတစ်ယောက်သာ သူ့ရဲ့ မင်ယွိ သိုင်းပညာကို သိသွားခဲ့ရင် သူ့ကိုသတ်ပစ်လိမ့်မယ်။ သူအသက်ရှည်ရှည် နေနိုင်မှာ မဟုတ်တော့ဘူး။

နောက်နှစ်ကျရင် ချင်းရွှမ် နတ်တံခါးဖွင့်ပြီး တပည့်အသစ်တွေ ခေါ်လိမ့်မယ်။ ဒီကောင်လေးရဲ့ သိုင်းပညာက တာအို ဆရာသခင် ထိုက်ယီနဲ့ သိပ်တူတော့ ရွေးချယ်ခံရမှာ သေချာတယ် …

တကယ်လို့ သူ့ခရီးလမ်း ဖြောင့်ဖြောင့်ဖြူးဖြူးနဲ့ ချင်းရွှမ်ရဲ့ တပည့်တစ်ယောက် ဖြစ်လာခဲ့ရင် ချင်းရွှမ် နတ်တံခါး နောက်မှာရှိတဲ့ ချင်းဖုန်း နတ်သမီးရဲ့ ဂါထာကိုသာ ရအောင် ယူနိုင်ခဲ့ရင် သူ သမီးကို ကူညီနိုင်ပြီပဲ။ အဲဒီဂါထာကိုသာ ဖတ်ရှုခွင့် ရရင် သမီးလည်း တရားအလင်း ရနိုင်လိမ့်မယ်"

အဘိုးအိုက ချင်းရွှမ်၏ လျှို့ဝှက်ချက်များကို ပွင်ပွင့်လင်းလင်းပင် ပြောပြလိုက်သည်။ ချင်းရွှမ်မှာ ဆန်းကြယ်လွန်းသည့် နေရာဖြစ်ပြီး လင်ချုန်းရှောင်ပင်လျှင် သူ့ကို ဘယ်ကြောင့် တပည့်အဖြစ် လက်မခံခဲ့သည်ကို ကောင်းကောင်း မသိခဲ့ပေ။ ထို့ပြင် သူလေ့ကျင့်ခဲ့သည့် မင်ယွိ သိုင်းပညာက သူ့ကို ကယ်တင်ခဲ့သည်ကိုလည်း သူမသိခဲ့ပေ။

"ဒဏ္ဍာရီတွေမှာ ပြောကြတာကတော့ တာအိုဆရာသခင် ထိုက်ယီဟာ ဟိုး … ကမ္ဘာဦး အစကတည်းက ရှေးကျတဲ့ နတ်မျိုးနွယ် တစ်ပါးပဲ။ တာအိုဆရာသခင် ထိုင်ယီနဲ့ ချင်းဖုန်း နတ်သမီးတို့ ပူးပေါင်းပြီး ထိုက်ယီရဲ့ ကျင့်စဉ်ကို ဆက်ခံဖို့အတွက် ချင်းရွှမ် နတ်တံခါးကနေ တပည့်ခေါ်ဖို့ ကြေငြာလိုက်တယ်လို့ ကြားဖူးတာပဲ။ အဖေက ဘာလို့ သူတို့ဆီ ကိုယ်တိုင်သွားပြီး ဂါထာကို မယူရတာလဲ။ သူတို့က အဖေ့ဒဏ်ရာတွေကိုတောင် ကုသ ပေးခဲ့သေးတာပဲ"

ချင်းဖုန်း နတ်သမီး၏ ဂါထာဆိုသည့် အသံကို ကြားသည်နှင့် ရှင်းစစ်စစ်နျန်၏ မျက်ဝန်းတွင် မျှော်လင့်ချက်များဖြင့် တောက်ပ လာလေသည်။  ချင်းဖုန်း နတ်သမီး၏ ဂါထာဆိုသည်မှာ ချင်းရွှမ် နတ်တံခါးနောက်တွင် ရှိသည့် နတ်မျိုးနွယ်များ အန္တရာယ် ကင်းစေရန် ရေးထားသည့် စာတစ်ပုဒ် ဖြစ်လေသည်။ ချင်းဖုန်း နတ်သမီးမှာ နတ်မျိုးနွယ်များ ကြားတွင် အဆင့်အတန်း မြင့်မားသည့် နတ်ဒေဝါတစ်ပါး ဖြစ်ပြီး မကောင်းမှုများမှ ကင်းလွတ်သူ၊ စကြဝဠာ တစ်ခုလုံးသို့ အတား အဆီးမရှိ သွားလာနိုင်သူ ဖြစ်လေသည်။

ထိုဂါထာကို ရပါက ရှင်းစစ်စစ်နျန်၏ ဖခင်မှာ သေဖို့ စောင့်နေရသည့် အခြေအနေမှ လွတ်မြောက် နိုင်လိမ့်မည် ဖြစ်လေသည်။

"အဲဒီလောက် လွယ်မယ်ဆိုရင် ကောင်းတာပေါ့။ ချင်းရွှမ်နတ်တံခါးက နတ်မျိုးနွယ်တွေကလည်း တာအိုဆရာသခင် ထိုက်ယီကိုပဲ သိကြတာ။ ချင်းဖုန်းနတ်သမီးကို သိပ်မသိကြဘူးလေ။ ပြီးတော့ အဖေတို့ကလည်း ချင်းဖုန်းနတ်သမီးရဲ့ အနွယ်တော်တွေမှ မဟုတ်တာ။ သူတို့က ဘယ်ကူညီမှာလဲ။ အဲဒီဂါထာက ချင်းရွှမ်မှာတော့ ဘာမှ မပြောပလောက်ပေမယ့် အဖေတို့ အတွက်ကျတော့ တစ်ကမ္ဘာလောက် အရေးကြီးတယ်ကွယ်။ တကယ်လို့ ဒီကောင်လေးသာ ဒါကို လုပ်နိုင်ခဲ့ရင် အဖေတို့ကို အဲဒီဂါထာကို တန်ဖိုးလည်း အများကြီး မပေးရဘဲ သူ့ဆီက ခဏလောက် ငှားနိုင်မယ် ဆိုရင် ကောင်းတာပေါ့။ သူမလုပ်နိုင်ဘူး ဆိုတော့လည်း နောက်တစ်နည်း စဉ်းစားကြတာပေါ့ကွယ်"

"ဒါပေမယ့် အဖေ့မှာ အချိန်မရှိတော့မှာ သမီး စိတ်ပူတယ်"

"လူသားတွေဆိုတာ သိပ်လက်တွေ့ကျပြီး သင်ယူနိုင်စွမ်းလည်း အရမ်း မြန်ကြတယ်။ အဲဒီကောင်လေးမှာသာ တကယ် အရည်အချင်းရှိရင် တာအိုကျင့်စဉ် ကျင့်ပြီး နှစ်တစ်ရာအတွင်း နတ်မျိုးနွယ် တစ်ပါး ဖြစ်လာမှာပဲ။ အဖေက နောက်ထပ် နှစ်ပေါင်းတစ်ရာ နှစ်ရာလောက်တော့ စောင့်နိုင်ပါသေးတယ်ကွယ်။ အဖေ နေပြန်ကောင်းလာရင် ဒီထက်တောင် နည်းနည်း အသက်ပိုရှည် နိုင်သေးတယ်။ ဒါပေမယ့် သမီးသာ တရားအလင်း ရသွားပြီး တာအိုဆရာသခင် ထိုက်ယီကို တွေ့ခွင့်ရမယ်ဆိုရင် အဖေ အသက် ပြန်ရှင်ခွင့် ရဖို့ သူ့ကို တောင်းပန် ပေးပေါ့။ အဲဒါလည်း ဘယ်လောက် ခက်ခဲဦးမလဲ မသိဘူးကွယ်"

ဟုအဘိုးအိုက ပြောလိုက်လေသည်။

All Chapters