မြွေနှင့် ကင်းမီးကောက်ရှောင်ရှားခြင်း
Vol. 82 Ch. 1146
တည်ဆောက်မှု လုပ်ပြီးသည်နှင့် ဟော်မင်သည် အားကောင်းသော လူအနည်းငယ်ကိုခေါ်ကာ အရင်သွားနှင့်လေသည်။ ကျန်လူများသည် နောက်မှ အလောတကြီးလိုက်ကြလေသည်။ ထုံးစံအတိုင်းပင် ရှီမာယူယူနှင့် တခြားသူများသည် အရင်သွားနှင့်ကြသည်။
သူတို့ တည်ဆောက်မှုမှထွက်သည်နှင့် တံခါးလဲလှယ်ခြင်းတစ်ရာဂိုဏ်း ကိုပို၍ လေးစားသွားရသည်။ သူတို့လေဟာပြင်၏ တည်ငြိမ်မှုမှာ အံ့သြ လောက်စရာပင်။
ပြီးခဲ့သည့်တစ်ခေါက် သူမ သူရဲကောင်းဓားသွားဂိုဏ်းကို ကယ်တင်စဉ် က သူမသည် ထိုနေရာနှင့် ကီလိုမီတာ ၁၀၀ ကျော်လောက် လုပ်ခဲ့ရသည်။ ဒါပေမဲ့ ဒီလူတွေကိုကြည့်လိုက်ပါဦး… သူတို့နဲ့ တစ်ကီလိုမီတာအကွာအဝေး မှာထွက်လာနိုင်တယ်။
အနက်ဝတ်လူများ၏ တိုက်ခိုက်ခြင်းမှရှောင်ရှားနိုင်ရန် သူတို့သည် ဤနေရာကို အထူးရွေးချယ်ခဲ့သည်ဟု သူမ ယုံကြည်ထားသည်။
တံခါးလဲလှယ်ခြင်းတစ်ရာဂိုဏ်းမှလူများ ပေါ်လာသည်နှင့် အနက်ဝတ် လူများကိုတိုက်ခိုက်ကြလေသည်။
အနက်ဝတ်လူများသည် လေဟာပြင်ကိုထိန်းချုပ်ရာတွင် ကျွမ်းကျင် သော်လည်း စစ်မှန်သော အရည်အချင်းနှင့်တွေ့လိုက်ရာတွင် ဂုဏ်ယူရမည့် အရာမရှိပေ။
သူတို့ ပစ္စည်းထိန်းချုပ်ရာတွင် တိတ်ဆိတ်ပြီး တည်ငြိမ်သော ပတ်ဝန်းကျင်ရှိရန်လိုအပ်သည်။ သို့သော် လက်ရှိအခြေအနေသည် ထိုအရာများရှိမနေပေ။
သို့သော် အနက်ဝတ်လူများသည် နှိမ့်ချခြင်းမရှိပေ။ အထူးသဖြင့် အလယ်ပိုင်းကိုတာဝန်ယူထားသော သူဖြစ်သည်။ သူသည် အလွန် အားကောင်းသည်။ မဟုတ်လျှင် သူသည် အရေးအကြီးဆုံး ထိန်းချုပ်သူဖြစ် လာမည်မဟုတ်ပေ။
“အချိန်ဆွဲပေးထား” ရှီမာယူယူသည် ထိုအက်ကွဲကွဲအသံကို ချက်ချင်း ပင် မှတ်မိလိုက်သည်။ ထိုစဉ်က ဝင်ပေါက်တွင် ပြောခဲ့သောတစ်ယောက်ပင် ဖြစ်လေသည်။
ထိုမသေမျိုး ဝိညာဉ်သားရဲများကို ထုတ်နိုင်ရန်အတွက် အချိန်ဆွဲ ထားရန် သူ ပြောနေသည်ကို ထိုအနက်ဝတ်လူများသည် နားလည်ကြသည်။ သူတို့သည် တံခါးလဲလှယ်ခြင်းတစ်ရာဂိုဏ်းကို တိုက်ခိုက်ကာ အချိန်ဆွဲရန် ကြိုးစားနေကြသည်။
ရှီမာယူယူနှင့် တခြားသူများသည် အနောက်တွင်နေကာ အခြေအနေ အားစောင့်ကြည့်နေကြသည်။ သူတို့သည် အမြန်ပင် မိုးကြိုးသွားကျည်ကို ပစ် လိုက်သည်။
သူတို့နောက်နေကြတာလား။ အဲဒီသားရဲတွေကို လုပ်မိရင် ခက်ခက်ခဲခဲ တိုက်နေရဦးမှာပဲ။
ထိုလူများသည် အားမနည်းလှပေ။ သို့သော် မိုးကြိုးသွားကျည်၏ အားကိုလည်း အထင်သေး၍မရပေ။ အထူးသဖြင့် ရှီမာယူယူသည် ယခုအချိန်တွင် ပိုအားကောင်းလာသဖြင့် ပေါက်ကွဲအားသည် ပြင်းထန်လှ သည်။
အနက်ဝတ်လူများသည် ပေါက်ကွဲမှုကြောင့် မသေဆုံးသော်လည်း ထိခိုက်မှုကိုတော့ဖြစ်စေသည်။ ထို့အပြင် သူ၏ လုပ်ဆောင်မှုကို နှောင့်ယှက် မှုဖြစ်စေသည်။ သူသာ ထိုဝိညာဉ်သားရဲများကိုခေါ်လိုပါက အစကနေပြန်စ ရမည်ဖြစ်သည်။
ထိုအနက်ဝတ်လူသည် သွေးအန်သောအခါ ဒေါသထွက်လေသည်။ သို့သော် အခုအချိန်တွင် ထိုင်းမှိုင်းရန် အချိန်မရှိပေ။ တံခါးလဲလှယ်ခြင်း တစ်ရာတွင် လူများစွာရှိကာ သူ့နောက်လည်းလိုက်နေကြသဖြင့် သူသာ ထိုဝိညာဉ်သားရဲများကို ခေါ်မထုတ်နိုင်လျှင် ဒီနေ့တွင် သေလူမှာ သေချာပေါက် သူဖြစ်လိမ့်မည်။
တခြားသောအနက်ဝတ်လူများလည်း နားလည်ထားကြသည်။ ထို့ကြောင့်ပင် သူတို့သည် ဒဏ်ရာများကို လျစ်လျူရှုပြီး တိုက်ခိုက်နေကြ သည်။ သူတို့သည် အချိန်ဆွဲရန်သာလိုသည်။
ရှီမာယူယူ ကြည့်လိုက်သည်။ မိုးကြိုးသွားကျည် တစ်လုံးလောက်သည် သူတို့ကို တားရန်မလုံလောက်ပေ။ သူမ နောက်ထပ်အနည်းငယ်ထုတ်ကာ ဟန့်မြောင်ရွှမ် ရှောင်ချီနှင့် တခြားသူများဆီ ဝေပေးလိုက်သည်။ တစ်ယောက် တစ်လုံးစီပစ်လိုက်ကြလေသည်။
“ဘုန်း”
“ဘုန်း”
နောက်ဆက်တွဲ ပေါက်ကွဲမှုများသည် ထိုအနက်ဝတ်လူ၏ လှုပ်ရှားမှု များကို ထပ်မံနှောင့်ယှက်ပြန်သည်။ ယခုအချိန်တွင် သူ့အတွင် အတွင်း ဒဏ်ရာများစွာရနေပြီဖြစ်သည်။ သူသည် ရှီမာယူယူကိုကြည့်ပြီး မူလ အစီအစဉ်ကိုလက်လျော့ကာ သူတို့ကိုရှင်းပစ်ရန်ကြိုးစားလေသည်။ မဟုတ်လျှင် သူအောင်မြင်သော်လည်း အတွင်းဒဏ်ရာများထက်ပင် ပိုခံစား နိုင်ရသည်။
အနက်ဝတ်လူ သူတို့ဆီသို့ပျံလာသည်ကို ရှောင်ချီမြင်သောအခါ ထရန် ကြိုးစားလိုက်ချိန်တွင် ဟော်မင်သည် ရုတ်တရက် အလယ်တွင်ပေါ်လာကာ အနက်ဝတ်လူကို ပြုံးပြီးကြည့်နေလေသည်။
“မင်းဘယ်သွားနေတယ်လို့ထင်နေလဲ လာခဲ့ ဘဝအကြောင်းပြောရ အောင် မျိုးဆက်ငယ်တွေကို သွားမနှောင့်ယှက်နဲ့”
ပြောပြီးနောက်တွင် သူသည် အနက်ဝတ်လူကိုတိုက်ခိုက်လေသည်။
ရှီမာယူယူသည် ဟော်မင်ကို ကြည့်လိုက်သည်။ သူသည် အနက်ဝတ် လူထက် အားနည်းသော်လည်း လေဟာပြင်ကိုထိန်းချုပ်ရာတွင် ပိုတော် သည်။ ဟိုနေရာ သည်နေရာ လျှပ်တပြက်သွားကာ လေဟာပြင်ပိတ်လိုက်ရာ အနက်ဝတ်လူသည် အားမသာတော့ပေ။
တိုက်ပွဲသည် နှစ်နာရီကျော်ကြာအောင် ဆက်သွားကာ ရှီမာယူယူနှင့် တခြားသူများသည် ဘာမှမလုပ်လိုက်ရပေ။ သူတို့ရှိရာနေရာသို့ ရံဖန်ရံခါ ရောက်လာသောလူများကိုသာ ရှောင်ချီ ပန်းလေးနှင့် အိမ်မက်လေးတို့ ရှင်းလိုက်ကြသ်ည။
“ပေါက်ကွဲ”
ဟော်မင် အော်လိုက်မှုနှင့်အတူ ရှီမာယူယူ ကြည့်လိုက်သည်။ အနက်ဝတ်လူ၏ ပတ်ပတ်လည်သည် ပေါက်ကွဲကာ ထိုလူသည် အသားတုံးများအဖြစ်ပြောင်းသွားလေသည်။
“အားယား သူ့ဦးနှောက်ကြီး ပျက်မသွားပါစေနဲ့” သူမသည် လူ အသားအပုံလိုက်မြင်သောအခါ အမြန်ပြေးလာပြီး အသားတုံးများကို စိတ်ပျက်လက်ပျက်ဖြင့် နင်းခြေပစ်လိုက်ချင်မိသည်။
သူမ ဘာကြောင့် ဒေါသထွက်နေသည်ကို မင်ဟော် မသိသောကြောင့် ပျံဆင်းလာပြီးမေးလေသည် “မိတ်ဆွေလေးယူယူ ဘာဖြစ်လို့လဲ”
“သူ့ကို အသားတုံးဖြစ်အောင် ဖောက်ခွဲလိုက်တော့ သူ့မှတ်ဉာဏ်တွေ မရှိတော့ဘူး” ရှီမာယူယူသည် နှမြောတသစွာပြောလေသည်။
ရာထူးမြင့်သည့်လူတစ်ယောက်ကိုတွေ့ရသည်မှာ မလွယ်ကူကာ သူ့ဆီမှ သတင်းကို ရှီမာယူယူရချင်မိသည်။ သို့သော် နောက်ဆုံးတွင် ဘာမှ မကျန်တော့ပေ။
“အာ.. စောစောကပြောတာမဟုတ်ဘူး…” ဟော်မင်သည် ရှီမာယူယူ လှုပ်လှုပ်ရှားရှားဖြစ်နေသည်ကိုမြင်သောအခါ တခြားသူများကို စစ်ဆေးမည် ဟုပြောကာ ထွက်ပြေးသွားလေသည်။
အနက်ဝတ်လူကြီးသေသွားသည်နှင့် ကောင်းကင်နီ၏ လည်ပတ်မှု သည်လည်း ရပ်တန့်သွားကာ အားလုံး၏ ပတ်ဝန်းကျင်သည် ပြောင်းသွားလေ သည်။
သူတို့သည် တောင်ပေါ်တွင်ရှိနေကာ ဘာအကြွင်းအကျန်ကိုမှ မတွေ့ရ ပေ။
လူသားဖြစ်စေ တစ္ဆေ နတ်ဆိုးမျိုးနွယ်ဖြစ်စေ နောက်ဆုံးမှပင် ထို ဇာတ်လမ်းဆင်မှုကို နားလည်သွားကြလေသည်။
စောစီးစွာ သိသော်လူများသည် ထိုနေရာမှ ထွက်သွားပြီဖြစ်သည်။ သူရဲကောင်းဓားသွားဂိုဏ်းကဲ့သို့ စောင့်နေသူတချို့လည်းရှိသည်။
ရှီမာယူယူ ထွက်လာသည်ကိုမြင်သောအခါ နောက်ဆုံးတွင် စိတ်အေး သွားလေသည်။ သို့သော် သူတို့သည် အလောတကြီးရှေ့မသွားပေ
အများစုသည် အခြေအနေကို နားမလည်ကြပေ။ သူတို့သည် ဖြစ်ပျက် ခဲ့သမျှကို အနီးအနားမှလူများနှင့် ဆွေးနွေးကြလေသည်။ ရှင်းပြချက်များရ ပြီးသောအခါ သူတို့သေအံ့ဆဲဆဲဖြစ်သွားသည်ကို နားလည်သွားကြသည်။
“သခင်မလေးရှီမာ ဒီနေ့ ဒီမှာဖြစ်ခဲ့တာတွေကို သေချာမှတ်ထားပါမယ် အခွင့်အရေးရှိရင် ထပ်ဆုံကြတာပေါ့ နှုတ်ဆက်ပါတယ်”
အများစုသည် ရှီမာယူယူအား လက်သီးဆုပ် အရိုအသေပေးကာ လှည့်ထွက်သွားကြလေသည်။
သေချာတာတော့ နတ်ဆိုးနဲ့ တစ္ဆေမျိုးနွယ်တွေကတော့ အဲလိုမဟုတ် ဘူးလေ။ သူတို့သည် အကြောင်းစုံကြားပြီးနောက်တွင် တိုက်ရိုက်ပင်ထွက် သွားကြလေသည်။ ဒိကျဲ့နှင့် သူ့အဖွဲ့သာ ထွက်မသွားဘဲနှင့် အဝေးတစ် နေရာတွင် ရှိနေလေသည်။
အပြာရောင်ဓားသွားနှင့် တခြားသူများလျှောက်လာကာ ရှီမာယူယူနှင့် တခြားသူများကို ကျေးဇူးတင်စွာကြည့်လေသည်။
“ယူယူ ဒီအတွက် ငါတို့မင်းကိုကျေးဇူးတင်ရမှာပဲ”
“မင်းဘာပြောချင်နေလဲဆိုတာ ငါသိတယ် အဲတော့ ပြောစရာမလိုဘူး ငါ လိုတာရှိရင် မင်းကိုလာရှာမယ်” ရှီမာယူယူ ပြောလိုက်သည်။
“ကောင်းပြီလေ ဒါဆိုလည်း သွားတော့မယ်”
သူရဲကောင်းဓားသွားဂိုဏ်းသည် သူမကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။ သူမ ဘေးကင်းသည်နှင့် သူတို့နေရန် အကြောင်းမရှိတော့ပေ။
လျင်မြန်စွာပင် အများစုသည် ထွက်သွားကြလေသည်။ တံခါးလဲလှယ် ခြင်းတစ်ရာနှင့် တစ္ဆေမျိုးနွယ်သာ ကျန်ခဲ့လေသည်။
ဟော်မင်သည် ဝေကြီး ဝေလေးတို့နှင့်အတူ လျှောက်လာလေသည်။ သူတို့သည် ရှီမာယူယူအား ဘာစကားမှမပြောဘဲ ကြည့်လေသည်။
“အဲပစ္စည်းကို ဆရာတို့ကိုမပေးနိုင်ဘူး” ရှီမာယူယူ ပြောလိုက်သည် “ကျွန်မက ဆရာတို့ကိုကယ်လိုက်တာဆိုတော့ အဲဒါကိုတော့ ပေးသင့်တယ် လေ ဟုတ်တယ်မလား”
“ဟီးဟီး ကောင်းကင်နီကိုလိုချင်တယ်လို့ ငါတို့ မပြောပါဘူး” ဟော်မင် သည် တက်ကြွစွာပြောလေသည်။
ရှီမာယူယူသည် မသိမသာခြေလှမ်းနောက်ဆုတ်ကာ ပြောလေသည် “ဒါဆိုရင် ကျွန်မကိုဘာလို့အဲလိုကြည့်နေတာလဲ လန့်အောင်လို့”
“……”
သူက အမြဲတမ်းဖော်ရွေတဲ့လူတစ်ယောက်ဖြစ်ခဲ့တာကို ဘယ်အပိုင်းက လူတွေကိုကြောက်စေလို့လဲ။
သူ့အပြုံးက စိတ်ရင်းဖြစ်တာ မလုံလောက်သေးဘူးလား။
ဖြစ်နိုင်တယ်…
သည်လိုနှင့် သူ လေးလေးနက်နက်ပြုံးလိုက်သည်။ သို့သော် သူ့အပြုအမူကို ရှီမာယူယူ မြင်သောအခါ လှည့်ပြီးချက်ချင်းပင် ထွက်ပြေးလေ သည်။ သူမသည် ချင်ယိနှင့် ရှောင်ချီအနောက်တွင်ပုန်းကာ သူတို့အနောက်မှ ခေါင်းပြူကြည့်လေသည်။
ဟော်မင်သည် သူ့မျက်နှာမှအပြုံးကိုမထိန်းနိုင်တော့ပေ။ သူသည် ရှီမာယူယူကို ဝမ်းနည်းပူဆွေးစွာဖြင့်ကြည့်လိုက်သည်။ ဒီကောင်မလေးက ဘာလို့ သူ့ကိုကြောက်တာလဲ။ ပုံမှန်မဟုတ်ဘူး။
“ဘာလုပ်ချင်လို့လဲ” ရှီမာယူယူသည် သူ့ကို သတိဖြင့်ကြည့်လိုက်သည်။ သူ အနားတိုးလာသည်ကိုမြင်သည်နှင့် လျင်မြန်စွာပင် သူ့ကို လက်ညှိုးထိုး ကာ ပြောလိုက်သည် “ဒီလိုမလာနဲ့ ဆရာပြောချင်တာရှိရင် အဲဒီကနေပြော”
ထိုအကြည့်များ ထိုအပြုအမူများသည် ဟော်မင်ကို နာကျင်စေသည်။
ဝေကြီးနှင့် ဝေလေးသည် သူမ အပြုအမူကိုမြင်သောအခါ ခေါင်းငုံ့ပြီး ချောင်းဟန့် ဟန်ဆောင်လေသည်။ ထိုသည်မှာ အသုံးမဝင်ဟု သူတို့ဆရာကို ပြောပြီးသားဖြစ်သော်လည်း သူမယုံခဲ့ပေ။ သူက ဒီကိုကိုယ်တိုင်လာမယ်လို့ ခေါင်းမာနေခဲ့တာ။ ကြည့်လေ အခုတော့ နာကျင်ရပြီမလား…
***