သူမဝိညာဉ်ကိုစားချင်တယ်
Vol. 82 Ch. 1148
ပြီးခဲ့သည့် တစ်ခေါက်က သူမကို သေလုနီးပါးဖြစ်သွားစေသူများသည် အလွန်အန္တရာယ်များသည်ဟု အလိုလိုသိစိတ်မှပြောနေသည်။ သူမသာ စီနီယာများကိုခေါ်သွားပါက မည်သည့်အရာများဖြစ်လာမည်ကို မသိနိုင်ပေ။ ပြီးနောက်တွင် အရှေ့မှသွားနှင့်သော ဒိကျဲ့နှင့်တခြားသူများသည် ရှီမာယူယူ လိုက်လာသည်ကို သတိပြုမိလေသည်။
“ဆရာ သခင်မလေးရဲ့ ပျားတွေကလိုက်လာတယ်” တစ္ဆေသခင်သည် လက်ဝှေ့ယမ်းလိုက်ရာ နီရဲပျားများသည် ပါလာသည်။
သူတို့သည် ဝိညာဉ်စွမ်းအင်များကို ဖိနှိပ်ထားသော်လည်း အသက် စွမ်းအင်ကဲ့သို့အရာသည် တစ္ဆေမျိုးနွယ်ဆီမှ ဖုံးကွယ်ထားရန်ခက်လေသည်။ တစ္ဆေသခင်ကဲ့သို့ အင်အားကောင်းသူဆို ပိုအာရုံခံအားကောင်းသည်။
ဒိကျဲ့သည် ထိုနီရဲပျားများကိုကြည့်ပြီး ရှီမာယူယူ၏ ရင်းနှီးသော မျက်နှာကိုမြင်ယောင်လာသည်။ သူသည် ခေတ္တမျှတွေဝေပြီးနောက်ပြော လိုက်သည် “သတ်လိုက်”
“ဆရာ” သူ့ဘေးမှ အစောင့်တစ်ယောက် အော်လိုက်သည်။
ထိုသည်မှာ အဒေါ်ငယ်၏ သမီးတန်ဖိုးထားသော အိမ်မွေးတိရစ္ဆာန်များ ဖြစ်သည်။ သူက ဒီအတိုင်းပဲသတ်လိုက်မလို့လား။
သို့သော် ဒိကျဲ့သည် တချို့ကိစ္စများကို စဉ်းစားနေပုံရကာ သူ၏ မူလ တည်ငြိမ်ပြီး ရက်စက်သည့် ပုံစံပြန်ရလာသည်။
“ငါတို့ ကိစ္စတချို့သွားလုပ်မှာ သူမကို ပေးသိလို့မဖြစ်ဘူး” သူသည် ပြောရင်းနှင့် ဝိညာဉ်စွမ်းအင်ထုတ်ပြီး ထိုပျားများကို သတ်လိုက်သည်။ “သွားမယ် ထာဝရရှင်သန်သူနယ်မြေမပိတ်ခင်ကို အဲနေရာကို သေချာပေါက် သွားရမယ်”
သူတို့သည် နီရဲပျားအသေများကို ချန်ထားခဲ့ပြီး အလောတကြီး ဆက်သွားကြလေသည်။
“သူတို့ မသေသေးဘူး” ချင်ယိ ပြောလိုက်သည်။
သူတို့ အသက်ရှိသေးသည်ကို ရှီမာယူယူ အာရုံခံမိသည်။ သူတို့သည် သေဆုံးခြင်းရောင်ဝါကြောင့် သတိမေ့သွားခြင်းဖြစ်မည်။
သူမသည် နီရဲပျားများကို ဝိညာဉ်စေတီအတွင်းထည့်လိုက်သည်။ ဒိကျဲ့ ၏ အကျင့်အရဆိုလျှင် သူမ သံသယများပိုသေချာသွားသည်။
အနီရောင်တောင်ထိပ်မှ ရန်ငြိုးနှင့်ဆိုလျှင် ဒိကျဲ့သည် သူမကို မြင်မြင် ချင်းသတ်ပစ်ချင်လောက်သည်။ သို့သော် မသတ်သည့်အပြင် သူ့နောက်ကို သူမ လိုက်လာသည်ကို သိသော်ငြား သူမ၏ နီရဲပျားများကို သက်ညှာပေးခဲ့ သည်။
သူမ ခန့်မှန်းပြီးသော အကြောင်းအရင်းကြောင့်သာမဟုတ်လျှင် သူ ဒီလိုပုံဖြစ်နေရခြင်းအကြောင်းမှာ တခြားမဖြစ်နိုင်ပေ။
“အဲနေရာ ဘယ်မှာလဲ သူတို့ ဒီလိုလာရတဲ့ရည်ရွယ်ချက်ကဘာလဲ”
သူတို့ မည်သည့်နေရာသို့သွားနေသည်ကို မသိသဖြင့် သူမတွင် အဖြေ မရှိပေ။
“သူတို့က ရှောင်ချီတို့်နီရဲပျားတွေကိုတွေ့ပြီးသွားပြီ အဲတော့ သူတို့အခု ဘယ်သွားလဲ မသိနိုင်တော့ဘူး” ရှောင်ချီပြောလိုက်သည် “ဒါဆိုရင် အဲဒီ တစ္ဆေတစ်ရာအလံတော်ကိုမရနိုင်တော့ဘူးလား”
တစ္ဆေတစ်ရာအလံသည် သူမလက်ထဲ ရောက်မှဖြစ်မည်ဟု ရင်လင်းပြောခဲ့သည်။ သို့သော် ယခုအချိန်တွင် တစ္ဆေမျိုးနွယ် မည်သည့် နေရာရောက်နေသည်ကို မည်သူသိမည်နည်း။ သူတို့ ဘယ်လိုလုပ်ယူရမလဲ။
ရှောင်ချီ အနည်းငယ်စိတ်ပျက်သွားသည်ကို ချင်ယိမြင်သောအခါ ပြော လိုက်သည် “သူတို့နေရာကို ငါအကြမ်းဖျင်း ခန့်မှန်းလို့ရတယ် ဒါပေမဲ့ မှန်မယ် လို့ မပြောနိုင်ဘူး ယေဘုယျဦးတည်ဘက်တော့ဖြစ်လိမ့်မယ်”
“တကယ်လား နင့်ရဲ့ ခြေရာခံအရည်အချင်းကို ငါဘာလို့မသိခဲ့တာပါ လိမ့်” ရှောင်ချီသည် ချင်ယိ၏ လက်မောင်းကိုတွဲပြီး ခေါင်းမော့ပြီးမေးလေ သည်။
“ခြေရာခံတာကို ငါက ဘယ်လိုလုပ်သိမှာလဲ” ချင်ယိ ပြောလိုက်သည် “သူတို့က တစ္ဆေမျိုးနွယ်ဖြစ်ပြီး သေဆုံးခြင်းရောင်ဝါရှိလို့လေ သူတို့ လျှောက်သွားတာနဲ့ အဲဒါကနည်းနည်းနောက်မှာကျန်ခဲ့တယ် ငါက သူတို့ သေဆုံးခြင်းရောင်ဝါ ဖျော့ဖျော့ကိုအာရုံခံလို့ရတယ်”
သူတို့သာ လူသားများဖြစ်ပါက သူ လုပ်နိုင်မည်မဟုတ်ပေ။ သို့သော် အသက်သစ်ပင်သည် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းရောင်ဝါများကို အာရုံခံနိုင် စွမ်းမြင့်သည်။ ထို့ကြောင့်ပင် သူပြောနိုင်ခြင်းဖြစ်သည်။
တခြားသော တစ္ဆေမျိုးနွယ်များပေါ်လာလျှင်လည်း သူ လုပ်နိုင်မည် မဟုတ်ပေ။
“ဒါဆို မင်းကိုပဲ ဒုက္ခပေးရတော့မယ်” ရှီမာယူယူသည် ကျေးဇူးတင်ရင်း ပြောလေသည်။
ချင်ယိ ဦးဆောင်လမ်းပြမှုနှင့်အတူ ရှီမာယူယူသည် ဟာစွန်ကိုခေါ်သွား ခိုင်းကာ ထိုလူများကို ဆက်ရှာလေသည်။
တစ်ရက် နှစ်ရက်ကြာသောအခါ သူတို့သည် ပြဿနာတချို့ကြုံရလေ သည်။
“ဘာဖြစ်လို့လဲ”
“တစ္ဆေမျိုးနွယ် နှစ်ခုဖြစ်နေတယ် သူတို့က နေရာမတူကြဘူး ဘယ်တစ်ခုက သူတို့လဲဆိုတာ မသိတော့ဘူး” ချင်ယိသည် ဦးတည်ဘက် နှစ်နေရာသို့ ညွှန်ပြလေသည်။
ရှီမာယူယူ ကြည့်လိုက်ရာ နေရာနှစ်ခုသည် မဝေးလှပေ။ သို့သော် သူတို့ မှားယွင်းခန့်မှန်းမိပါက နောက်ထပ်ပြန်ရှာရန်မဖြစ်နိုင်တော့ပေ။
သူမသည် သာမန်ကာလျှံကာဖြင့် ဦးတည်ဘက်ကိုရွေးပြီး ပြောလိုက် သည် “အဲဒီကိုသွားမယ်”
ထိုနေရာသည် မှန်ရဲ့လားဆိုသည်ကို သူမ မသေချာပေ။ ထို့ကြောင့် သူမ တစ်ခုကိုစမ်းကြည့်ခြင်းဖြစ်သည်။
ဖြစ်သွားသည်မှာ သူမ မှားခဲ့သည်။ သူတို့ တစ္ဆေမျိုးနွယ်ကိုမြင် သောအခါ ထိုလူများသည် ဒိကျဲ့တို့မဟုတ်ကြပေ။
တစ္ဆေမျိုးနွယ်သည် ရှီမာယူယူအားမြင်ပြီး သူမ၏ အရသာရှိမည့် ဝိညာဉ်ကိုမြင်သောအခါ ချက်ချင်းပင် လှုပ်လှုပ်ရှားရှားဖြစ်ကြသည်။
“ဒီလူသားရဲ့ ဝိညာဉ်ကမွှေးလိုက်တာ မင်းသား သူမ ဝိညာဉ်ကို မင်းသားအတွက်ယူပေးမယ်” မင်းသား ၁၅ ဘေးမှအစောင့်များသည် ရှီမာယူယူကိုမြင်သောအခါ သွားရည်များကျလေသည်။
“ကောင်းပြီ” မင်းသား ၁၅သည် ပါးစပ်ထောင့်မှ သွားရည်များကို သုတ်ပစ်ပြီး ပြောလေသည် “တစ္ဆေလောကမှာ ဒီလောက်မွှေးတဲ့ဝိညာဉ်ကို တစ်ခါမှမမြင်ဖူးဘူး”
မင်းသား ၁၅ဘေးမှ လူငယ်လေးသည် ရှီမာယူယူကိုကြည့်ပြီး ပြောလိုက်သည် “မင်းသား ဒီလူသားက တစ္ဆေမျိုးနွယ်နဲ့ လူသားမျိုးနွယ်ရဲ့ ကလေးပဲ”
“ဟုတ်လား အဲဒါကြောင့် သူမဝိညာဉ်ကဒီလောက်မွှေးနေတာလား” မင်းသား ၁၅သည် ထိန်းချုပ်မှုကင်းမဲ့သကဲ့သို့ပင်ဖြစ်နေသည်။ သူသည် အမှန်တကယ်ပင် သူမကိုစားလိုက်ချင်သည်။
“မင်းသား သူမကို မင်းသားအတွက်သွားသတ်ပေးမယ်”
ထိုအစောင့်များသည် ပြောရင်းနှင့် ရှီမာယူယူဆီသို့ ပျံသွားလေသည်။
“ရပ်လိုက်” ထိုလူငယ်က တားလိုက်သည်။
“ဒိဝူအီ ပြောချင်တာရှိရင် နောက်မှပြော” မင်းသား ၁၅ စိတ်တိုစွာ ပြောလိုက်သည်။
“မင်းသား သူမဆီက ရင်းနှီးတဲ့ရောင်ဝါရနေတယ်” ဒိဝူအီပြောလိုက် သည်။
“ဟင်” မင်းသား ၁၅သည် ရှီမာယူယူရှိရာသို့ကြည့်လိုက်သော်လည်း အမွှေးနှံ့မှာ ဖုံးလွှမ်းနေသဖြင့် ပြောလိုက်သည် “ရင်းနှီးတာ မနှီးတာကို ဂရုမစိုက်ဘူး သူမက ငါ့ညီမအရင်းဖြစ်ရင်တောင် သူမကို ဒီနေ့စားရမယ် မင်းတို့ဘာကိုစောင့်နေကြတာလဲ”
“ဟုတ်ကဲ့ မင်းသား”
အစောင့်များပျံသွားကြကာ ဒိဝူအီသည် သူတို့ိကိုတားလိုက်သည်။ သူတို့ မင်းသားနဲ့ ဒီလောက်ဆင်တူတဲ့ရောင်ဝါ… ပြီးတော့ လူသားနဲ့ တစ္ဆေ မျိုးနွယ်နှစ်ခုလုံးရဲ့ ဆက်ခံသူ… သူမ သရုပ်မှန်ကို သူသေချာသလောက်ရှိနေ သည်။
ဒိဝူအီဘေးမှလူသည် သူ့ကိုဆွဲပြီး ပြောလိုက်သည် “ဒိဝူ မင်းသားရဲ့ အကျင့်ကိုမသိဘူးလား သူ ခုနကပြောလိုက်တယ်လေ သူ့ရဲ့ ညီမအရင်းဖြစ် နေရင်တောင် သူမကို စားဦးမှာပဲ သူမသာ တကယ်ပဲ သူ့ညီမဖြစ်နေရင် သူမ မွေးမွေးချင်း ချက်ချင်းပဲသတ်ပစ်လောက်တယ်”
ဒိဝူအီသည် စဉ်းစားလိုက်ပြီး သဘောတူလိုက်သည်။ မျိုးနွယ်က သူ့လို လူမျိုးကို ထောက်ပံ့ဖို့ ဘာကြောင့်ရွေးလိုက်လည်း သူ နားမလည်နိုင်တော့ ပေ။ သူတို့သည် သူ့နောက်ကိုတစ်ချိန်လုံးလိုက်စေချင်ခဲ့သည်။
“ဒီမှာ ဒီမှာ အားနည်းလိုက်တဲ့ လူသားလေးတွေ ငါတို့ မင်းသားက မင်းရဲ့ ဝိညာဉ်ကိုမျက်စိကျနေတယ် အဲဒါကြောင့် မင်း လိမ်လိမ်မာမာနဲ့ ပေးလိုက်ပါလား” ထိုတိုက်ခိုက်သူများသည် ရှီမာယူယူအား ရယ်မောရင်း ပြောလေသည်။
ရှီမာယူယူသည် မျက်ခုံးများကိုပင့်လိုက်သည်။ သူတို့က သူမ ဝိညာဉ်ကို စားချင်နေတာလား။
ရှောင်ချီ အိမ်မက်လေးနှင့် ပန်းလေးတို့သည် အကြည့်ချင်းဖလှယ်လိုက် ကြသည်။ သူတို့သည် မျက်လုံးထဲမှ ဒေါသကို အချင်းချင်းမြင်လိုက်ကြသည်။
သူတို့က သခင်ကိုများ ဇာတ်လမ်းဆင်ချင်တာလား။
“ယူူယူ ငါ့ကိုအပ်ထားလိုက်” အိမ်မက်လေးသည် ရှေ့ထွက်ကာ လက်ကိုအကြောဆန့်လေသည်။
“ငါလည်းလာပြီ” ရှောင်ချီသည် ချင်ယိကိုလွှတ်ကာ အိမ်မက်လေးဘေး သို့လာလေသည်။
“ဒီလိုမျိုးဆိုရင် ငါ့ကိုချန်မထားနဲ့လေ” ပန်းလေး ပြောလိုက်သည်။
“စာချုပ်သားရဲ သုံးကောင်လား” သူမတွင် စာချုပ်သားရဲများနေသည်ကို မြင်သောအခါ ထိုတစ္ဆေမျိုးနွယ်ဝင်များသည် အံ့သြသွားသော်လည်း သူမကို အာရုံသိပ်မထားပေ။
သူတို့မှာ လူများနေတာကို… သူမကို မနိုင်မှာ ဘာလို့ကြောက်နေရမှာ လဲ။
သူတို့မင်းသားသည် အရသာရှိတဲ့ဝိညာဉ်တွေကိုနှစ်သက်တတ်သဖြင့် သူတို့သည် တစ္ဆေမျိုးနွယ်ဝင်များကို သတ်ခဲ့သည်။ အခုမှပင် လူသားနှင့်တွေ့ သည်ဟု ပြောရမည်။
“အဲလူတွေအကြည့်က ရက်စက်တာပဲ” ရှောင်ချီပြောလိုက်သည် “ဘယ်သူ အများဆုံးသတ်နိုင်မလဲ ငါတို့ပြိုင်ကြမလား”
“ကောင်းပြီ” ပန်းလေး၏ လက်ချောင်းများသည် နွယ်ပင်များအဖြစ် ပြောင်းသွားပြီး လှပကာ ဆွဲဆောင်မှုရှိသော ပန်းများပွင့်လာသည် “နိုင်တဲ့သူ က အစ်မကြီးပဲ”
“ဒါဆိုလည်း စကြတာပေါ့” အိမ်မက်လေးသည် ပြောပြီးသည်နှင့် အနီးဆုံးတစ္ဆေမျိုးနွယ် ဝင်ကိုတိုက်ခိုက်လေသည်။
***