ငှက်ပေါက်စရဲ့စွမ်းအား
Vol. 83 Ch. 1149
ပန်းလေးနှင့် တခြားသူများ၏ အလောင်းအစားကို ကြားသောအခါ တစ္ဆေမျိုးနွယ်ဝင်များသည် ရယ်မောကြလေသည်။ အဲဒီစာချုပ်သားရဲတွေက ကြီးကျယ်လိုက်တာ… သူတို့ကိုသတ်တာကို အရေအတွက်များတာ မများတာ လောင်းကြေးတောင်ထပ်လိုက်သေးတယ်… သူတို့က နေ့ခင်းကြောင်တောင် အိမ်မက်မက်နေကြတာပဲ… သို့သော် ပန်းလေးနှင့် တခြားသူများလှုပ်ရှား သည်နှင့် ထိုလူသားအုပ်စုသည် ကိုင်တွယ်ရန်မလွယ်ကူသည်ကို နားလည် သွားကြလေသည်။ သူတို့သုံးယောက်သည် တစ္ဆေမျိုးနွယ်များကို အသီအနှံ ရပ်သိမ်းသလိုကို ရှင်းလေသည်။ သူတို့သုံးယောက်သည် သေမင်းသဖွယ်ပင်။
“အသားစားပန်းဘုရင်”
“အိမ်မက်နတ်ဆိုးမျိုးနွယ်”
“ပြီးတော့ ဒီတစ်ယောက်ကဘာလဲ တိုက်ပွဲမှာဘာလို့ ဒီလောက် အားကောင်းနေရတာလဲ”
တစ္ဆေမျိုးနွယ်ဝင်များသည် သူတို့၏ တိုက်ပွဲစွမ်းရည်ကြောင့် ရူးကြောင် ကြောင်ဖြစ်ကြလေသည်။ ပထမဆုံးသွားသည့် တစ်သုတ်သည် တစ်ခဏ အတွင်း သတ်ဖြတ်ခြင်းခံလိုက်ရသည်။
ပန်းလေးသည် ရုတ်တရက်ခုန်ပြီး ပန်းတစ်ပွင့်ပေါ်သို့ ဆင်းသက်ကာ သွားဖြဲပြီး ရယ်လေသည်။
“အခုထိတော့ ငါက အများဆုံးသတ်ထားတဲ့ပုံပဲ”
“ပန်းလေး မင်းမှာ ပန်းတွေများနေလို့လေ နောက်ကျရင် အဲလိုမဖြစ်နိုင် တော့ဘူး” ရှောင်ချီ ပြောလိုက်သည်။
သူမသည် အသန်မာဆုံးဖြစ်သည်။ သို့သော် ပန်းလေးသည် တစ်ကြိမ် လျှင် များစွာသတ်နိုင်သည်။ ထို့ကြောင့် သူမသည် အရေအတွက် အများဆုံး ဖြစ်နေသည်။ ထိုသည်မှာ သူမကို စိတ်ဓာတ်ကျစေသည်။
“ဟုတ်တယ်” အိမ်မက်လေးသည် တခြားသူများကိုကြည့်လိုက် “နောက်ဆုံးအချိန် မရောက်ခင်အထိ နိုင်တဲ့သူကို ဆုံးဖြတ်လို့မရဘူး”
“ဟီးဟီး ဒါဆို ဆက်ကြတာပေါ့”
တစ္ဆေမျိုးနွယ်ဝင်များသည် အကုန်အသတ်ခံလိုက်ရသည်ကို မြင်ရ သည်။ သူတို့အင်အားကြီးသည်ကို အံ့သြမိကြသော်လည်း လက်လျော့ရန် အစီအစဉ်မရှိပေ။
“မင်းတို့ ဆက်တိုက်ခိုက်ကြ အဲဝိညာဉ်ကို ငါ့ကိုသေချာပေါက် ယူပေးရ မယ်” မင်းသား ၁၅ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ မင်းသား”
အကယ်၍ သူတို့အားလုံးသည် အစကတည်းကပင် တိုက်ခိုက်ခဲ့ပါက ပန်းလေးနှင့် တခြားသူများသည် တုံ့ပြန်နိုင်မည်မဟုတ်ပေ။ သို့သော် အခုချိန် တွင် သူတို့သည်လူလျော့သွားသည်ဖြစ်၍ တိုက်ခိုက်ရန် အခွင့်အရေးကို အလွယ်တကူပေးသလိုဖြစ်နေသည်။
ဒိဝူအီသည် ထိုအရာကို သိသည်။ သူ၏ အကြံကို သူတို့နားမထောင် သည်ကို မပျော်မရွှင်ဖြစ်သော်လည်း နောက်ပြန်လှည့်စရာမရှိတော့ပေ။ သူ ပြောလိုက်သည် “မင်းတို့အားလုံး တစ်ခါတည်းတိုက်ကြ”
အစပိုင်းတွင် သူတို့ လူဆယ်ဂဏန်းလောက်သာ တိုက်ခိုက်ကြသည်။ အိမ်မက်လေးနှင့် တခြားသူများသည် ထိုအချိန်ထိ တောင့်ခံနိုငသည်။ သို့သော် အရေအတွက် များလာသည်နှင့် ရန်သူများကို ရှင်းလင်းရာတွင် အလုပ်ရှုပ်ရသည်။ ထိုလူများသည် သူတို့ကို ဒဏ်ရာရအောင်မလုပ်နိုင်သည် ကို အာမ,ခံနိုင်သော်လည်း ရှီမာယူယူကို မတိုက်ခိုက်မည်ကိုတော့ အာမ,မခံ နိုင်ပေ။
ထို့အပြင် တစ္ဆေမျိုးနွယ်၏ မင်းသားကိုယ်ရံတော်များသည် မည်သူမဆို ဖြစ်နိုင်သည့် အရာမဟုတ်ပေ။
ထိုလူများသည် သူမကိုပါတိုက်ခိုက်လာသည်ကို ရှီမာယူယူမြင်သော အခါ အတွေးတစ်ချက်နှင့်ပင် သူမ ခန္ဓာကိုယ်တစ်ခုလုံးကို မီးတောက်ဖြင့် ဝန်းရံလိုက်သည်။
ချင်ယိသည် သူ၏ မူလနေရာတွင်သာရပ်နေသည်။ ထိုလူများသည် သူ့ အနားပင်မကပ်နိုင်ကြပေ။ သူတို့ ရှီမာယူယူအနားကပ်သွားသောအခါ သူမ နားတွင်ဝန်းရံနေသော မီးတောက်များကြောင့် ပြာများအဖြစ် လောင်ကျွမ်း သွားလေသည်။
“ငှက်ပေါက်စက ထွက်မလာရတာကြာပြီ ဟုတ်တယ်မလား” ရှီမာယူယူ ၏ မီးတောက်သည် သူမ ပတ်ပတ်လည်တွင် လွန့်လူးက,နေပြီးနောက် ပဒါး ဟင်္သာငှက်အသွင်ပြောင်းကာ သူမ လက်ပေါ်တွင်နားလေသည် “သွားတော့ ဒီနေ့တော့ မင်းဘာသာမင်းသွားတော့ဆော့”
တစ္ဆေမျိုးနွယ်ဝင်များ မီးတောက်ကိုခံစားမိချိန်တွင် ကြောက်လန့်ဖွယ် ရာ အပူချိန်ကို ခံစားမိလေသည်။ သူတို့ စိတ်အတွင်းမှ ကြောက်ရွံ့မှုသည် လှည့်ပြေးချင်မိလောက်သည်အထိပင်။
သို့သော် ငှက်ပေါက်စသည် သူတို့ကို အခွင့်အရေးမပေးပေ။ သူသည် မိုးပေါ်ပျံတက်ကာ ခန္ဓာကိုယ်ကို ကြီးမားသောငှက်အသွင်ပြောင်းလိုက်သည်။ ငှက်ပေါက်စသည် ချက်ချင်းပင် သူတို့တစ်ယောက်စီကို ဝန်းပတ်လိုက်သည်။
မီးတောက်များသည် ချက်ချင်းပင် တစ္ဆေမျိုးနွယ်ဝင် တစ်ယောက်စီကို ပြာအဖြစ် လောင်ကျွမ်းလိုက်သည်။ တစ်ခဏအတွင်းမှာပင် ရာချီရှိသော တစ္ဆေမျိုးနွယ်ဝင်များသည် လုံးဝပျောက်ကွယ်သွားလေသည်။
တစ္ဆေမျိုးနွယ်ဝင်များသည် ပြာဖြစ်သွားမည်ကို ကြောက်ရွံ့နေကြ သည်။ သို့သော် ငှက်ပေါက်စသည် ပျော်မြူးကာ ကျန်သောသူများဆီသို့ ပျံသန်းသွားလေသည်။
ရှီမာယူယူသည် ထိုလူများ မီးတောက်တွင် မအော်နိုင်လောက်အောင် လောင်ကျွမ်းသွားသည်ကို စောင့်ကြည့်နေခဲ့သည်။ ကြက်သွေးရောင် မီးတောက်၏ ပြန်ကောင်းလာမှုက ငှက်ပေါက်စကို ခွန်အားကြီးထွားစေသည် ကို သူမ သက်ပြင်းချမိသည်။
“မင်းသားကို ကာကွယ်ကြ” ယခုအချိန်တွင် အားလုံးသည် ပျာယာခတ် ကုန်ကြသည်။ ထိုမီးတောက်သည် သူတို့တစ္ဆေမျိုးနွယ်၏ ရန်သူဖြစ်သည်။ အထူးသဖြင့် သည်မျှ အားကောင်းသော မီးတောက်ပင်ဖြစ်သည်။ ငှက်ပေါက်စ ကဲ့သို့ အရာမျိုးသည် ပြန်တိုက်ခိုက်ရန် သူတို့တွင် စွမ်းအားမရှိ ဟူ၍ပင်ပြောရသည်။
ဒိဝူအီသည် ထိုအရာကိုမြင်သောအခါ ဆန္ဒမရှိသော်လည်း မင်းသား ၁၅ ရှေ့တွင်ရပ်လိုက်သည်။ သူသည် မင်းသား၏ လုံခြုံမှုကို တာဝန်ယူရန် မျိုးနွယ်မှ အမိန့်ပေးပြီးသားဖြစ်သည်။
သူသည် ထိုမင်းသားကို သဘောမကျသော်လည်း မျိုးနွယ်ခေါင်းဆောင် ၏ အမိန့်ကိုလေးစားရဦးမည်ဖြစ်သည်။
သူသည် ရှီမာယူယူ၏ မီးတောက်ကိုသိသဖြင့် ပြောလိုက်သည် “လူသား ဒါက တစ္ဆေလောကက မင်းသား ၁၅ပဲ မင်းလက်ကိုပြန်ရုတ်လိုက် ရင် တစ္ဆေမျိုးနွယ်က မင်းကို ကျေးဇူးအများကြီးတင်မှာပါ”
ရှီမာယူယူသည် ဘေးရှိမင်းသားကိုကြည့်ပြီး ဖြည်းညင်းစွာပြောလိုက် သည် “တစ္ဆေလောကရဲ့ မင်းသားဟုတ်လား သူက တစ္ဆေမျိုးနွယ်ရဲ့ မင်းသား လို့ငါ့ကိုပြောတာနဲ့ပဲ ငါ့ဝိညာဉ်ကိုစားချင်တဲ့သူကို လွှတ်ပေးလိုက်ရမှာလား ဒါပေမဲ့ ငါက ဆန္ဒမရှိဘူး… သူက ငါ့ကို သတ်ချင်တယ် အခုသတ်မရတော့ သူ့ ရာထူးနဲ့ ငါ့ကိုဖိနှိပ်ချင်တာလား”
“….”
သူမ ထိုသို့ပြောလိုက်သောအခါ အမှန်တကယ်ပင် ထိုသို့ဖြစ်နေသည်။
ထိုအခိုက်တွင် ငှက်ပေါက်စသည် ရှီမာယူယူ၏ ညွှန်ကြားချက်ကို စောင့်နေသည်။
“ဒီနေ့ ဒီမှာ မင်းတို့ကိုတားနိုင်မယ့်ဟာမျိုး ငါ့မှာသာမရှိရင် ငါ့ကိုသတ်ပြီး ဝိညာဉ်ကိုစားမှာမဟုတ်ဘူးလား” ရှီမာယူယူ သူတို့ကို ဆက်မေးလေသည် “မင်းက လူတစ်ယောက်ကိုသတ်ချင်တယ် ဒါပေမဲ့ မသတ်နိုင်ဘူး အဲတော့ မင်းရဲ့ ဂုဏ်ရာထူးနဲ့ ဖိနှိပ်မယ် အဲဒါအလုပ်ဖြစ်မယ်ထင်လို့လား”
“အစောပိုင်းက မှားတာက ငါတို့ပါ ငါတို့ မင်းကို ပြန်ပေးဆပ်ဖို့ ဆန္ဒရှိပါ တယ်” ဒိဝူအီ ပြောလိုက်သည်။
“ငါ့ကို ပြန်လျော်ပေးမယ်ဟုတ်လား” ရှီမာယူယူသည် ခပ်သဲ့သဲ့ရယ် လိုက်သည် “ငါကဆိုတဲ့လူက တခြားသူပိုင်တာတွေကို စိတ်မဝင်စားတဲ့လူပဲ ဒါပေမဲ့ ငါ့ကို အပြစ်မလုပ်ရင်တော့ ငါက ပြန်ပြီးအပြစ်မလုပ်ဘူး မင်းတို့က ငါ့ ကိုလာပြီး စည်းကျော်မှတော့ ဒီအတိုင်းရပ်မကြည့်နိုင်ဘူး”
“မင်းသား ၁၅က တစ္ဆေမျိုးနွယ်က အချစ်ဆုံးမင်းသားပါ သူ့ကို သတ်လိုက်မယ်ဆိုရင် တစ္ဆေဘုရင်ကို ရန်စလိုက်ပြီးတော့ တစ္ဆေမျိုးနွယ် တစ်ခုလုံးရဲ့ အမုန်းကိုခံရလိမ့်မယ် မင်းရဲ့ မီးတောက်တစ်ခုက ငါတို့ကို လောင်ကျွမ်းနိုင်ပေမဲ့ တစ္ဆေမျိုးနွယ်တစ်ခုလုံးကို မသတ်နိုင်ဘူးလေ” ဒိဝူအီ ပြောလိုက်သည်။
“အဲလိုနေ့လာမယ်ဆိုရင်တောင် ငါဒီနေ့ လက်စားချေရမှဖြစ်မယ်” ရှီမာယူယူ ပြောလိုက်သည်။
“တစ္ဆေမျိုးနွယ်တစ်ခုလုံးရဲ ရန်သူဖြစ်ချင်တယ်ဆိုတာ သေချာရဲ့လား” ဒိဝူအီ ပြောလိုက်သည်။ သူသည် ခန္ဓာကိုယ်ထဲတွင် ဝိညာဉ်စွမ်းအင်ကို တဖြည်းဖြည်း အသက်သွင်းလိုက်သည်။ အကယ်၍ ထိုကဲ့သို့ အမှန်တကယ် ဖြစ်လာပါက သူသည် အလျင်လက်ဦးမှုရနိုင်ရမည်။
“တစ္ဆေမျိုးနွယ်တစ်ခုလုံးကို ရန်သူမလုပ်ချင်ပါဘူး ငါ့အတွက် ငါ လက်စားချေချင်ရုံပါ ဒါပေမဲ့ ငါ့ကို တစ္ဆေမျိုးနွယ်တစ်ခုလုံးရဲ့ ရန်သူလုပ်ချင်ရင် လည်း မကြောက်ဘူး သူတို့လာချင်ရင် လာခိုင်းလိုက်” ရှီမာယူယူ ပြောလိုက် သည် “ငါ မင်းကို စောစောကတည်းက သတိထားမိတယ် သူတို့ကိုဘာမှ မလုပ်ဖို့တားတာလေ မင်းရဲ့ စကားကိုအလေးမထားကြတာတော့ နှမြောစရာ ပဲ မင်းသားက မင်းပြောတာကို ဂရုစိုက်တာမဟုတ်ဘူး”
ဒိဝူအီ၏ မျက်နှာသည် တည်သွားလေသည်။ သို့သော် သူသည် သူမ စကားများကိုမငြင်းဆန်ပေ။
သူတို့သာ သူ့စကားကို စောစီးစွာ နားထောင်ခဲ့လျှင် ယခုလိုဖြစ်သွား မည်မဟုတ်ပေ။
မင်းသား ၁၅သည် ကြောက်ရွံ့နေသဖြင့် လှုပ်ပင်မလှုပ်နိုင်ပေ။ တစ်ဖက် သည် လူသားနှင့် ဝိညာဉ်သားရဲအနည်းငယ်ဖြစ်နေသည်မှာ ရှင်းနေသည်။ သူမ ဘာလို့အဲလောက်အားကောင်းရတာလဲ။
ထိုသည်မှာ ပျားအုံကိုသွားကန်သည်နှင့် တူနေသည်။
သို့သော် ထိုလူ၏ ဝိညာဉ်သည် အမှန်တကယ်ပင် မွှေးပျံ့နေသည်။ တကယ့်ကို အံ့ဖွယ်ထူးခြားသည့် အရသာသေချာပေါက်ဖြစ်လောက်မည်။
မင်းသား၏ မျက်လုံးမှာ မပြောင်းလဲသေးသည်ကို ရှီမာယူယူ မြင်လိုက် ရသည်။ သူသည် နောင်တမရသော လူမျိုးဖြစ်သည်။
“ငှက်ပေါက်စ အဲလူတွေကို ဂရုစိုက်ပေးလိုက် အဲလူကိုတော့ မသတ်နဲ့ အရှင်ထားလိုက် သူကအသုံးဝင်တယ်”
ငှက်ပေါက်စသည် သူမ အမိန့်ကိုလက်ခံပြီးသည်နှင့် ဆက်လက် အလုပ်လုပ်လေသည်။ သူသည် တစ္ဆေမျိုးနွယ်တစ်ခုလုံးကို ပြာကျအောင် လုပ်လိုက်သည်။
“အာ.. အာ… ငါ့ကို မီးမရှို့ပါနဲ့”
မင်းသား ၁၅သည် ပြန်တိုက်ခိုက်ချင်သော်လည်း ငှက်ပေါက်စသည် အလွန်အားကောင်းလွန်းသည်။ နာကျင်စွာအော်သံနှင့်အတူ သူသည်လည်း ပြာကျသွားလေသည်။
တစ်ဖက်တွင်တော့ ငှက်ပေါက်စသည် ဒိဝူအီအား ဖြတ်ပြီးပျံသန်းသွား သည်။ သို့သော် သူ့ကို ချုပ်ထားပြီး လှုပ်မရအောင်သာလုပ်လေသည်။
နောက်ဆုံးတွင် ဒိဝူအီ တစ်ယောက်သာ ကျန်ပြီး တစ္ဆေမျိုးနွယ် တစ်ခုလုံး ချေမှုန်းခံလိုက်ရသည်။
“ရှောင်ချီ သူ့ကိုဖမ်းလိုက် သူက နောက်ကိုအသုံးဝင်လိမ့်မယ်” ရှီမာယူယူ ပြောလိုက်သည်။
“ကောင်းပြီ”
ဒိဝူအီသည် ရှောင်ချီနှင့်မယှဉ်နိုင်သဖြင့် လျင်မြန်စွာပင် အဖမ်းခံလိုက် ရလေသည်။
“အဲတော့ ဘယ်သူနိုင်သွားလဲ” ပန်းလေးသည် ချွေးများကိုသုတ်ပြီး ကျန်နှစ်ယောက်ကိုကြည့်လိုက်သည်။
ငှက်ပေါက်စပါ တိုက်ခိုက်မှုတွင်ပါလာသဖြင့် သူတို့လောင်းကြေးမှာ ဖျက်လိုက်ရမည့်ပုံပင်။
သူတို့သုံးယောက်သည် ထိုသို့ခံစားရသည်။ သို့သော် ငှက်ပေါက်စသည် သူတို့ရှေ့သို့ပျံလာကာ လမ်းပိတ်လိုက်လေသည်။
***