ပြဿနာဆက်ဖြစ်
Vol. 83 Ch. 1150
“ဘာလဲ” ပန်းလေးသည် ငှက်ပေါက်စကိုကြည့်ပြီး သူမကိုလမ်းပိတ်ရ သည့်အကြောင်းအရင်းကို သိချင်နေသည်။ ငှက်ပေါက်စသည် အတောင်ပံ ဖြန့်ကာ ခေါင်းကိုအနောက်ဘက်သို့စောင်းကာ ရင်ဘတ်ကို ပင့်မြှောက်လိုက် သည်။
သို့သော် အိမ်မက်လေးတို့ သုံးယောက်သည် သူဆိုလိုချင်သည်ကို နားမလည်သေးပေ။
ရှီမာယူယူတစ်ယောက်သာ ပြုံးပြီးပြောလိုက်သည် “သူက လူအများဆုံး သတ်ခဲ့တယ်လို့ ငှက်ပေါက်စက ပြောချင်နေတာ…”
ငှက်ပေါက် ခေါင်းညိတ်လိုက်သည်။ အဲဒါသူဆိုလိုချင်တာပဲ
ရှောင်ချီနှင့် ကျန်နှစ်ယောက်၏ မျက်နှာသည် ချက်ချင်းပင် ဆူပုပ်သွား လေသည်။ သူတို့သည် အင်အားအကြီးဆုံးသူကို အစ်မကြီးအဖြစ်သတ်မှတ် ရန် ဆုံးဖြတ်ခဲ့သည်။ ဒါပေမဲ့ တခြားသူတွေ မပါဘူးလေ။
အိမ်မက်လေးသည် ငှက်ပေါက်စကို စိုက်ကြည့်ပြီး တိုးညင်းစွာပြော လိုက်သည် “နင် လူသားလိုပြောင်းနိုင်လား”
ထို့နောက်တွင် သူမ အနားတွင်ပျံသန်းပြီးနောက် ထွက်သွားလေသည်။
ပန်းလေးသည် ရယ်မောပြီး ပြောလိုက်သည် “နင်က အမလား”
တူညီစွာပင် ပန်းလေးနားတွင်ပျံသန်းပြီးနောက် ပြန်ထွက်သွားသည်။
ရှောင်ချီသည် ဒိဝူအီကို ကိုင်ပြီး “ငှက်ပေါက်စ ဖယ်ပေး ဒါက လူကြီး တွေကိစ္စ နင်က ငယ်သေးတယ်”
သူသည် ရှောင်ချီအနား ထပ်မံပြန်ပျံပြီးနောက် ထွက်သွားသည်။
ငှက်ပေါက်စသည် သူ့ကို သူတို့ဂရုမစိုက်သည့်အတွက် ဝမ်းနည်းနေ သည်။ သူမသည် ရှီမာယူယူဆီလက်သို့ ပျံသန်းသွားပြီး သေးငယ်သော ငှက် ပုံစံပြောင်းလိုက်သည်။
ရှီမာယူယူသည် ငှက်၏ခေါင်းကိုပုတ်ပြီး ပြောလိုက်သည် “လိမ္မာတယ် သူတို့နဲ့ မဆော့နဲ့ မဟုတ်လည်း မင်းက မိန်းကလေးမှမဟုတ်တာ တကယ်ပဲ အစ်မကြီးဖြစ်ချင်လို့လား”
ငှက်ပေါက်စသည် သူမပင်လျှင် ထိုသို့ဆက်ဆံသဖြင့် ထိုင်းမှိုင်းသွား လေသည်။ ကျွတ် သူမှ မိန်းကလေးမဖြစ်ချင်တာ။
အဲဒါပေမဲ့ သူကပဲ အများဆုံးသတ်ခဲ့တာလေ။ အဲဒီဘဝင်မြင့်တဲ့ မိန်းကလေးတွေကတော့…
သူသည် ရှီမာယူယူ၏ လက်ကိုဖွဖွလေးကန်ပြီး သူမခန္ဓာကိုယ်ထဲ ဝင်သွားလေသည်။
“တကယ်ပဲ…” ရှောင်ချီသည် မတတ်သာဘဲ ခေါင်းရမ်းလိုက်သည် “ယူယူ ဒီလူကိုဘာလို့ဖမ်းတာလဲ”
“တစ္ဆေမျိုးနွယ်ကို ပိုနားလည်အောင်လို့” သူမ ပြောပြီးသည်နှင့် အားလုံး ကို ဝိညာဉ်စေတီသို့ခေါ်သွားလိုက်သည်။
မင်းသား ၁၅သေပြီးနောက်တွင် တစ္ဆေသခင်သည် တုန်ယင်စွာ ပြော လေသည် “မင်းသား ၁၅ သေသွားပြီ”
“အဲငတုံးသေသွားပြီလား” ဒိကျဲ့သည် ခေတ္တမျှ လန့်သွားပြီးနောက် သတိပြန်ဝင်ကာ ပြောလိုက်သည် “အဲငတုံးသေသွားတာကောင်းတယ် သူက အမြဲတမ်း ဘဝင်မြင့်နေတာ သူ့ကိုဘယ်သူသတ်လိုက်တာလဲ အဲလူကို ကျေးဇူးတင်ရမယ်”
မင်းသား၁၅သည် အမြဲသတ်ချင်ဖြတ်ချင်စိတ်ရှိသူဖြစ်သည်။ သို့သော် သူသည် တစ္ဆေဘုရင်၏ ကလေးဖြစ်ရုံသာမက သူ၏မိခင်မျိုးနွယ်သည် သန်မာသည်။ မသိနိုင်သောကြောင်းအရင်းတချို့ကြောင့် ဒိဝူအီသည် သူတို့ နောက်သို့လိုက်ရသည်။
ထိုအတွေးဖြင့်သာ သူ ထိုငတုံးကိုသည်းခံနိုင်ခဲ့သည်။ သူတို့အရင်က တွေ့ဖူးသော်လည်း ဘာမှမလုပ်ရဲခဲ့ပေ။
“သိရလိမ့်မယ်” တစ္ဆေသခင် ပြောလိုက်သည်။
“ဘယ်လိုသိမှာလဲ” အနောက်မှ အစောင့်မေးလိုက်သည်။
“မင်းသား ၁၅ သေတာကို တစ္ဆေမိဖုရား သေချာပေါက်သိမှာပဲ တစ္ဆေ မျိုးနွယ်မှာ ငါတို့ခေါင်းထဲကို သတင်းပို့ဖို့ လျှို့ဝှက်နည်းလမ်းရှိတယ်” တစ္ဆေ သခင်ပြောလေသည် “တစ္ဆေမိဖုရားက အဲလူကို အလွတ်ပေးမှာမဟုတ်ဘူး လက်စားချေဖို့ သေချာပေါက် အမိန့်ပေးမှာပဲ”
လျှို့ဝှက်နည်းဟု စဉ်းစားလိုက်သည်နှင့် တစ္ဆေသခင်သည် လျှပ်တပြက် အေးစက်သွားခဲ့သည်။ သို့သော် ဒိကျဲ့သတိထားမိလိုက်သည်။
တခြားသူများသည် ထိုအရာကိုမသိသော်လည်း တော်ဝင်မျိုးနွယ်နှင့် ပတ်သတ်သူများသည် သိကြသည်။
“သခင် မစိုးရိမ်ပါနဲ့ ဝိညာဉ်နောက်တစ်ဖက် ရှာဖို့ သေချာပေါက် ကူညီ ပေးပါမယ်” ဒိကျဲ့ ပြောလိုက်သည်။
တစ္ဆေသခင် ခေါင်းညိတ်လိုက်သည်။
သူတို့ကဲ့သို့ အင်အားကြီးလူများသည် တော်ဝင်မျိုးနွယ်ကို အမှုထမ်းလို လှသည်မဟုတ်ပေ။ သို့သော် ဝိညာဉ်ကွဲနေသော လူများစွာရှိသည်။ ကွဲနေ သောဝိညာဉ်များကို တော်ဝင်မျိုးနွယ်မှ ပိတ်လှောင်ထားသည်။ တစ်ဖက်တွင် သူတို့ကို ဂုဏ်ရှိသည်ကိုပေးပြီး တခြားတစ်ဖက်တွင်တော့ သူတို့၏ ဝိညာဉ်ကို ထိန်းချုပ်ရန် သုံးခဲ့သည်။
ပြီးနောက်တွင် တစ္ဆေသခင်ကို ဒိကျဲ့၏ မိခင်မှ ပေးကမ်းခဲ့သည်။ သူသည် တစ္ဆေလောက မင်းသမီး၏ ကိုယ်ရံတော်ဖြစ်ကာ ဝိညာဉ်တစ်ပိုင်း ပျောက်ဆုံးနေသူဖြစ်သည်။
အရင်ကဆိုလျှင် မျိုးနွယ်တွင် ဒိကျဲ့သည် တန်ဖိုးရှိသည့်သူမဟုတ်ပေ။ သို့သော် ယွိခဲ့လော့၏ အရည်အချင်းသည် စတင်တောက်ပလာရာ သူ၏ မိခင်သည် သူ့ကိုကာကွယ်ရန် တစ္ဆေသခင်ကို ပေးခဲ့သည်။
“တစ္ဆေသခင် မင်းသား ၁၅ သေသွားတာကိုဘယ်လိုသိတာလဲ” လူ တစ်ယောက်မေးလိုက်သည်။
“နောက်ဆုံးတစ်ခေါက် ငါတို့တွေ့တုန်းက သူ့ခန္ဓာကိုယ်ကို တံဆိပ်ရိုက် လိုက်တယ် အဲတံဆိပ် အခုမရှိတော့ဘူး” တစ္ဆေသခင် ပြောလေသည်။
တံဆိပ်ပျောက်သွားသည်မှာ ထိုလူသည်လည်း ပျောက်ကွယ်သွား သည်ဟု ဆိုလိုခြင်းဖြစ်သည်။
“သူတို့က တစ္ဆေဘုရင်ရဲ့ အချစ်ဆုံး မင်းသား ၁၅ကိုတောင် သတ်ရဲတာ ပဲ အဲလူက ကောင်းကင်ကိုဆန့်ကျင်မလို့များ ရည်ရွယ်ထားလား” လူတစ် ယောက် မှတ်ချက်ပေးလေသည်။
“ဘယ်သူလဲဆိုတာ ခဏနေရင်သိလိမ့်မယ်” တစ္ဆေသခင်သည် စပ်စုစိတ် နည်းပါးသည်။
သူတို့ ထိုစဉ်တွေ့ခဲ့စဉ်က မင်းသား၁၅ဘေးတွင် ဝူမိသားစုနှင့်အတူ အားကောင်းသူများစွာရှိသည်။ သူတို့အားသည် အလွန်အားကောင်းသည်ကို သံသယဝင်စရာမရှိပေ။ အခုသူအသတ်ခံရသဖြင့် မည်သည့်အင်အားစုကို ရင်ဆိုင်ခဲ့သည်ကိုပင် သူတို့ မပြောနိုင်တော့ပေ။
လျင်မြန်စွာပင် ထိုသည်မှာ အင်အားစုမဟုတ်ဘဲ သူတို့သိသော လူတစ်ယောက်ဖြစ်သည်ကို သိလိုက်ရသည်။
သူ အစောပိုင်းကပြောသလိုပင် တစ္ဆေမျိုးနွယ်သည် မင်းသား ၁၅ သေဆုံးသည်ကို လျင်မြန်စွာပင်သိသွားသည်။ တစ္ဆေမိဖုရားသည် အလွန် ဒေါသထွက်ကာ လျှို့ဝှက်နည်းမှတစ်ဆင့် သူ သေဆုံးသည့်ပုံရိပ်ကို ပို့ပြီး ထာဝရရှင်သန်သူ နယ်မြေမှလူများကို သတ်ခိုင်းလေသည်။
သူသည် ထိုပုံရိပ်ကိုထုတ်ကြည့်ရာ တရင်းတနှီးရှိနေသော ရှီမာယူယူ ရှောင်ချီနှင့် တခြားသူများကိုတွေ့သောအခါ သားရဲပျံပေါ်မှ ကျလုနီးပါးပင် ဖြစ်သွားလေသည်။
“ဘယ်လိုလုပ် သူမ ဖြစ်နေတာလဲ”
သူတို့က နှစ်ရက်လောက်ပဲ လမ်းခွဲလိုက်တာမလား။ ဘယ်လိုလုပ် ပြဿနာကြီးရှာထားတာလဲ။
သို့သော် တစ္ဆေသခင်သည် အံ့သြခြင်းမရှိပေ။ ရှီမာယူယူသည် သူတို့ နှင့်သိပ်မဝေးလှပေ။ သူတို့ မင်းသား ၁၅ကိုတွေ့လျှင် သူတို့ကို တွေ့ရန် မဖြစ်နိုင်ပေ။
သူမ၏ ဝိညာဉ်အနံ့သည် မွှေးလှသည်။ မင်းသား ၁၅ကဲသို့ ဝိညာဉ်စား ရသည်ကို နှစ်သက်သူသည် သူမအား လက်လွတ်ခံမည်မဟုတ်ပေ။ ပြီးခဲ့သည့် အနီရောင်တောင်ထိပ်မှ သူမ၏ အပြုအမူနှင့်ဆိုလျှင် သူမသည် သေချာပေါက် ပြန်တိုက်ခိုက်မည်ဖြစ်သည်။
သူမကိုယ်တွင်းတွင် မီးတောက်ရှိသည်ကို သူသိထားသည်။ ထိုမီးတောက်နှင့်ဆိုလျှင် တော်ဝင်ကိုယ်ရံတော်ဖြစ်စေဦးတော့ မိနစ်ဝက်ပင် တောင့်ခံရန်မဖြစ်ပေ။
ပုံရိပ်ထဲမှ ထိုလောင်ကျွမ်းသော မျက်လုံးကိုမြင်လိုက်သည့်အခိုက်တွင် ထိုမီးသည် အရင်ကထက်ပို ပြင်းထန်မည်ဟု သူခံစားမိသည်။
“တော်ဝင်မျိုးနွယ်က ဖမ်းဖို့အမိန့်ပေးလိုက်ပြီ ထာဝရရှင်သန်သူနယ်မြေ ထဲက တစ္ဆေမျိုးနွယ်တွေကို သူမကိုသတ်ခိုင်းလိုက်ပြီ” တစ္ဆေသခင် ပြောလေ သည် “အဲတော့ အခုကစပြီး သူမက တစ္ဆေမျိုးနွယ်တွေရဲ့ တိုက်ခိုက်တာကို ခံရတော့မှာပဲ တကယ်လို့ မအောင်မြင်ရင် တစ္ဆေမိဖုရားက တခြားသူကို လွှတ်မှာပဲ”
“….”
ဒိကျဲ့သည် မျက်လုံးမှိတ်ကာ အသက်ပြင်းပြင်းရှုပြီး ပြောလိုက်သည် “သူမ အဆင်ပြေမှာပါ”
“အဲလိုမဖြစ်လောက်ဘူး” တစ္ဆေသခင် ဆက်ပြောလေသည် “သူမမှာ မီးတောက်ရှိတယ်ဆိုတာ သူတို့သိသွားမှတော့ ထာဝရရှင်သန်သူနယ်မြေက လူတွေ သူမကိုမရှင်းနိုင်ဘူးဆိုတာ သိတယ် အဲဒါကြောင့် အဲမီးနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ တစ္ဆေလက်နက်တွေကိုပို့လိုက်နိုင်တယ် အဲအချိန်ကျရင် သူမ မနိုင်နိုင်လောက်ဘူး”
“အဲတော့… ပြဿနာပဲ” ဒိကျဲ့ ဆက်ပြောလေသည် “သခင် သူမကို ကာကွယ်ဖို့ တခြားသူတွေကိုခေါ်သွား ငါတို့အဲနေရာကို ဆက်ရှာလိုက်မယ်”
“ငါ့တာဝန်က မင်းကိုကာကွယ်ဖို့ပဲ တခြားသူကို ကာကွယ်ဖို့ မင်းကို ဘယ်တော့မှပစ်မသွားဘူး” တစ္ဆေသခင် ပြောလိုက်သည်။
“ဒါပေမဲ့ သူမ အန္တရာယ်ရှိနေတယ်လေ ငါသူမကို အတိမ်းအစောင်းမခံ နိုင်ဘူး” ဒိကျဲ့ ဆက်ပြောလေသည် “ဒါပေမဲ့ ဒီနေရာကိုလာရတဲ့ ရည်ရွယ်ချက်ကို လက်မလျော့နိုင်ဘူး”
“အမှန်ပဲ” တစ္ဆေသခင် ပြောလိုက်သည် “ဒါပေမဲ့ ငါ့တာဝန်ကိုလည်း လက်မလျော့နိုင်ဘူး”
“ဒါဆို ဘယ်လိုလုပ်မလဲ”
“မစိုးရိမ်ပါနဲ့ သူမက အစကတည်းက ကိုင်တွယ်နိုင်တယ် မင်း တစ္ဆေ မိဖုရားရဲ့လူတွေ အဲနေရာကိုမတွေ့ခင် ငါတို့မစ်ရှင်ကိုအရင်ပြီးအောင်လုပ် လိုက်ရင် သူမကို နောက်မှကာကွယ်လို့ရတယ်” တစ္ဆေသခင် ပြောလေသည်။
“အဲလိုလုပ်ဖို့ပဲရှိတော့တယ်”
သူမ မင်းသား ၁၅ကို သတ်လိုက်လျှင်တောင် တစ္ဆေမျိုးနွယ်ဝင် များသည် သူမကို သတ်နိုင်မည်မဟုတ်ဟု ဒိကျဲ့ ယုံကြည်သည်။
***