ဒိဝူအီ
Vol. 83 Ch. 1151
ရှီမာယူယူသည် တစ္ဆေမျိုးနွယ်၏ ကိစ္စများကို မေ့လျော့နေခဲ့သည်။ သူမ သိခဲ့လျှင်တောင် စိတ်ထဲထားမည်မဟုတ်ပေ။ တစ္ဆေမျိုးနွယ်ဖြစ်ရုံသာရှိကာ ထိုထက်မပိုပေ။ ငှက်ပေါက်စရှိလျှင် သူတို့သေရုံသာရှိသည်။
သူမသည် ဒိဝူအီကို ဝိညာဉ်စေတီသို့ခေါ်သွားပြီး ရှောင်ချီသည် သူ့ကို ပိတ်ထားလိုက်သည်။
ဝိညာဉ်စေတီအတွင်းတွင် ဝိညာဉ်လေးရှိသည်။ သူ သတ်သေချင်လျှင် တောင် လုပ်နိုင်မည်မဟုတ်ပေ။
ဒိဝူအီသည် ပတ်ဝန်းကျင်ပြောင်းလဲသွားခြင်းကြောင့် ကြောက်သွားရာမှ သတိပြန်ဝင်လာသည်။
ထိုအမျိုးသမီးသည် လုံးဝကိုကွာခြားသည်။
စဉ်းစားကြည့်ရာ သူမသာ သာမန်လူဆိုပါက တစ္ဆေမျိုးနွယ်မှ အင်အား ကြီးများကို ချေမှုန်းနိုင်ပါ့မလား။
“မင်း နာမည်ဘာခေါ်လဲ” ရှီမာယူယူသည် ခုံနှစ်ခုံထုတ်ပြီး ထိုင်ကာ သူမအား တအံ့တသြကြည့်နေသော ဒိဝူအီအား ကြည့်လိုက်သည်။ သူမ လက်ဝှေ့ယမ်းကာ ပြောလိုက်သည် “မထိုင်ဘူးလား”
“မင်း ငါ့ကိုဘာလို့ဖမ်းတာလဲ” ဒိဝူအီ မေးလိုက်သည် “ငါ့ကိုဘာလို့ မသတ်လိုက်တာလဲ ငါက သူ့ကိုအရင်ကကူညီခဲ့လို့လား”
သူ မထိုင်သည်ကိုကြည့်ပြီး ရှီမာယူယူလည်း ဖိအားမပေးတော့ပေ။ သူ ပြောလိုက်သည့်စကားကိုကြားသောအခါ သူမ အံ့သြသွားပြီး သူ့ကို တစ်ချက်ကြည့်လိုက်ကာ ပြောလိုက်သည် “အဲဒါကအကြောင်းအရင်းဖြစ်မယ် လို့ထင်လို့လား”
ဒိဝူအီသည် ခေါင်းခါလိုက်သည် “မဟုတ်ဘူး”
“ဉာဏ်ကောင်းတယ်” ရှီမာယူယူ ဆက်ပြောလေသည် “မင်းကို ကိစ္စ တချို့မေးဖို့ ခေါ်လာတာ”
“ဘာကိစ္စလဲ” ဒိဝူအီသည် သူမ၏ ချင့်ချိန်နေသော မျက်နှာကိုမြင် သောအခါ စိတ်ထဲတွင်ပြင်ဆင်ပြီး ပြောလိုက်သည် “မင်းငါ့ကို ငါ့မျိုးနွယ်ကို သစ္စာဖောက်ခိုင်းမယ်ဆိုရင် မစဉ်းစားနဲ့တော့”
“မင်းမျိုးနွယ်ဟုတ်လား ငါက မင်းနာမည်တောင်မသိတာ ဘယ်လိုလုပ် မင်းမျိုးနွယ်ကို သစ္စာဖောက်ခိုင်းရမှာလဲ” ရှီမာယူယူ ငြင်းဆန်လိုက်သည်။
“ငါ့မေးခွန်းကို အရင်ဖြေ မင်းနာမည်ကဘာလဲ မင်းကို ဒီမှာ ဒီမှာ လို့ပဲ ခေါ်စေချင်တာလား” ရှီမာယူယူ မေးလိုက်သည်။
“ဒိဝူအီ”
“ဒီနာမည် ဒိဝူက ရှားတာပဲ” ရှီမာယူယူ ဆက်ပြောလေသည် “တော်ဝင် မျိုးနွယ်မဟုတ်ဘူးမလား”
တော်ဝင်မျိုးနွယ်မဟုတ်သဖြင့် သူသည် မင်းသားကို ကာကွယ်ပေးခြင်း ဖြစ်သည်။
“တော်ဝင်မျိုးနွယ်ရဲ့ မိသားစုနာမည်က ယွိပဲ” ဒိဝူအီ ဆက်ပြောလေ သည် “မင်းသတ်လိုက်တဲ့ မင်းသားက ယွိဒူပဲ”
“သြော် တော်ဝင်မျိုးနွယ်မှာ သူ့ရာထူးကမြင့်လား”
“အင်း သူမ မယ်တော် တစ္ဆေမိဖုရားမျိုးနွယ်က အရမ်းအားကောင်း တယ် ငါတို့ဘုရင်ကလည်း သူ့ကိုချစ်တယ် အခု မင်းသူ့ကိုသတ်လိုက်တော့ မင်းကို အလွတ်ပေးမှာမဟုတ်ဘူး” ဒိဝူအီ ပြောလေသည်။
“ပြီးတော့ မင်းကိုလည်းအလွတ်ပေးမှာမဟုတ်ဘူးလေ ဟုတ်တယ် မလား” ရှီမာယူယူ သူ့ကိုကြည့်လိုက်သည်။ “သူ့ကိုကာကွယ်ဖို့ မင်းကို အမိန့် ပေးထားတယ် ဒါပေမဲ့ မင်း သူသေသွားတာကို မကူညီနိုင်ဘဲကြည့်နေခဲ့ရ တယ် တော်ဝင်မျိုးနွယ်နဲ့ မင်းမျိုးနွယ်က မင်းကိုလည်း အလွတ်ပေးမှာမဟုတ် ဘူး ဟုတ်တယ်မလား”
ဒိဝူအီသည် ရှီမာယူယူအားစိုက်ကြည့်ပြီး ဒေါသထွက်ကာပြောလေ သည် “မင်းက အဲလိုဖြစ်အောင်လုပ်တာပဲ”
“ငါလုပ်ခဲ့တယ် ဒါပေမဲ့ မင်းဒေါသထွက်တဲ့ပုံမပေါက်ပါဘူး ဟုတ်တယ် မလား” ရှီမာယူယူ ခပ်သဲ့သဲ့ပြုံးလိုက်သည်။
ဒိဝူအီသည် သူ့စိတ်ကို သူမ ဖတ်နိုင်မည်ဟု မထင်ထားသောကြောင့် ခေတ္တမျှ တွေဝေသွားသည်။
“အဓိပ္ပာယ်မရှိတာ” သူ ငြင်းဆန်သော်လည်း ယုံကြည့်လောက်စရာ အသံမဟုတ်ပေ။
“ငါက မဟုတ်တာတွေပြောနေတာလား” ရှီမာယူယူ ဆက်ပြောလေ သည် “မင်းသခင်ကို ငါ သတ်လိုက်တာကို မင်းဒေါသထွက်ပေမဲ့ မင်းမျက်လုံး တွေမှာ ဝမ်းနည်းမှုမပြဘဲနဲ့ အဲအစား စိတ်သက်သာရာရသွားတယ် ငါ ပြော တာဟုတ်လား”
ဒိဝူအီ နှုတ်ဆိတ်သွားသည်။
ရှီမာယူယူ ပြုံးပြီး ဆက်ပြောလေသည် “မင်းက ဒီမင်းသားနောက် မလိုက်ချင်ဘူး မျိုးနွယ်ရဲ့အမိန့်ကြောင့်သာ လိုက်ခဲ့ရတာ မင်းက သူ့ကို သတ်ဖို့တောင် တွေးဖူးတယ် ဒါပေမဲ့မလုပ်ရဲဘူး”
“မင်း ဘာပြောချင်နေတာလဲ” ဒိဝူအီသည် သူ့စိတ်ကိုသိနေသည်ကို သဘောမကျကာ သူမအား သတိရှိရှိနှင့် စိုက်ကြည့်လိုက်သည်။
“ငါဘာပြောချင်လဲဆိုတာ ရှင်းပါတယ် မင်းက သူ့ကိုသတ်ချင်မှတော့ ငါက ကူညီပြီးသတ်ပေးလိုက်တယ်လေ ငါ့ကို မုန်းတဲ့အကြည့်နဲ့မကြည့်ပါနဲ့” ရှီမာယူယူ ပြောလိုက်သည်။
ဒိဝူအီသည် ထပ်မံနှုတ်ဆိတ်သွားပြန်သည်။ ရှီမာယူယူသည်လည်း အလောမကြီးပေ။
“ငါဒီလိုဖြစ်နေတာကိုက ငါ့မျိုးနွယ်ကို သစ္စာဖောက်လိုက်ပြီလို့ ပြောလို့ ရတယ်” သူ ခေတ္တမျှ တိတ်ဆိတ်ပြီး နောက်ဆုံးတွင် စတင်စကားပြောလာ သည် “ဒါပေမဲ့ ငါတကယ်ပဲ မင်းသား ၁၅ ကိုသည်းမခံနိုင်ဘူး ငါ့မျိုးနွယ်က သူတို့နဲ့ ဘာလို့ပတ်သတ်နေလဲ နားမလည်နိုင်ဘူး ငါကတော့ ဂရုမစိုက်ဘူး ဒါပေမဲ့ သူတို့စီစဉ်တာကို လက်မခံနိုင်ဘူး ငါ့မျိုးနွယ်က သူ့ကိုကာကွယ်ဖို့ လုပ် နေတာ မင်း အစကတည်းကသိမှာပါ ငါ့အားနဲ့ဆိုရင် သူ့ကိုကာကွယ်ဖို့မဖြစ် နိုင်ဘူး ဒါပေမဲ့ သူက ငါ့ကိုစနောက်ရတာကြိုက်တော့ သူ့ကိုကာကွယ်ဖို့ ငါ့ကို ရွေးခဲ့တယ် သူအဲလိုကိစ္စတွေလုပ်တာ မြင်တိုင်းမှာ ငါက တစ္ဆေမျိုးနွယ်က ဖြစ်ပေမဲ့ တကယ် သည်းမခံနိုင်ဘူး အဲလိုလူမျိုးက အသက်ရှင်ဖို့မတန်ဘူး”
***