← Chapters

မိခင်၏ သတင်း

Vol. 83 Ch. 1152

မိခင်၏ သတင်း

Vol. 83 Ch. 1152

သူမမှာ တစ္ဆေတော်ဝင်မျိုးနွယ်ရဲ့ သွေးရှိနေတယ်ဆိုရင် သူမ မိခင်က တော်ဝင်မျိုးနွယ်ကလား။ ဒိဝူအာသည် သူမ အတွေးထဲမြောနေသည်ကိုမြင် သောအခါ ပြောလိုက်သည် “တကယ်တော့ မင်းက အဲလောက် အသက်မကြီး သေးပါဘူး တော်ဝင်မျိုးနွယ်ထဲကို ဝင်လာတဲ့လူအများကြီးမရှိသလို မင်းသမီး လည်းနည်းနည်းပဲရှိတယ် ခန့်မှန်းရလွယ်ပါတယ်”

“မင်းဘယ်လိုသိတာလဲ” ရှီမာယူယူ မေးလိုက်သည်။

“ငါက မင်းသား ၁၅ကိုကာကွယ်ရမယ်ဆိုတော့ တော်ဝင်မျိုးနွယ် အကြောင်းကို သိတာ သဘာဝပဲလေ မင်းက အသက် ၅၀မကျော်သေးတော့ မင်းရဲ့ အမေက အမှောင်မင်းသမီးဖြစ်မယ် ဘာလို့လဲဆိုတော လွန်ခဲ့တဲ့ အနှစ် ၅၀က သူမက လူသားလောကကို သွားခဲ့တဲ့ တစ်ယောက်တည်းသော သူပဲ မင်းအသက်က ၅၀နဲ့ ၁၀၀ကြားမှာရှိရင် တခြားမင်းသမီးသုံးပါးထဲက ဖြစ် နိုင်တယ်”

“အမှောင်မင်းသမီးဟုတ်လား”

“အင်း အမှောင်မင်းသမီး ယွိခဲ့လော့ သူမက လှတယ် ဗဟုသုတကြွယ် တဲ့ ဂန္တဝင်မင်းသမီးတစ်ပါးပဲ နှမြောစရာကောင်းတာက….” ဒိဝူအီ၏ မျက်လုံး တွင် အနည်းငယ် ဝမ်းနည်းမှုဖြင့် ခေါင်းငုံ့သွားလေသည်။

ထိုသူမှာ သူ၏ နတ်သမီးတစ်ပါးဖြစ်သည်။ သို့သော် ဝမ်းနည်းဖို့ ကောင်း စွာပင် သူမသည် ပျောက်ဆုံးနေသည်။

အမှောင်မင်းသမီး ယွိခဲ့လော့…

ရှီမာယူူယူသည် ထိုနာမည်ကို စိတ်ထဲတွင် အကြိမ်ပေါင်းများစွာ ရေရွတ် မိသည်။ ထိုသည်မှာ သူမ မိခင်အကြောင်းကြားဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ သူမ၏ မိခင်မှာ အမှန်တကယ်ပင် အမှောင်မင်းသမီးဖြစ်နေသည်။

နှစ်ယောက်လုံး နှုတ်ဆိတ်သွားကြကာ ဒိဝူအီသည် အတွေးထဲမှ သတိ ပြန်ဝင်လာကာ သူမ မျက်နှာမှ အပျုံးဖျော့ဖျော့ကိုမြင်သောအခါ ပြောလိုက် သည် “မင်းက အသက်၅၀ မကျော်သေးဘူးမလား”

ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။

“ဒါဆိုရင် မင်းက တကယ်ပဲ အမှောင်မင်းသမီးရဲ့သမီးပဲ” ဒိဝူအီသည် အနည်းငယ်စိတ်ပြင်းပြကာ ပြောလေသည်။ သူမက တကယ်ပဲ လူသား လောကမှာ ကလေးရခဲ့တာပဲ “မင်းရဲ့ နာမည်သိလို့ရမလား”

“ရှီမာယူယူ” ရှီမာယူယူသည် သတိပြန်ဝင်လာကာ သူ သူမကိုကြည့် သည့်အကြည့်သည် အနည်းငယ်…. မတူညီသည်ကို ခံစားမိလိုက်သည်။

“ရှီမာယူယူ…”

အဲလူရဲ့ မျိုးရိုးနာမည်က မာ မဟုတ်ဘူးလား။ မင်းက မွေးလာတဲ့ ကလေးကိုတောင် မင်းရဲ့မျိုးရိုးနာမည်ကို မပေးခဲ့ဘူးလား။

ရှီမာယူယူသည် ဒိဝူအီ၏ ထူးဆန်းသော မျက်နှာထားကိုမြင်သောအခါ ပြောလိုက်သည် “မင်းက ငါ့အမေကိုသိတာလား”

“သိတယ် ဒါပေမဲ့ သူမ… ငါ့ကို မမှတ်မိလောက်တော့ဘူး” ဒိဝူအီ ပြော လိုက်သည်။

“ဘာလို့အဲလိုပြောတာလဲ”

ဒိဝူအီသည် အတိတ်ကဖြစ်ရပ်များကို ပြန်တွေးမိကာ သူ သူမနှင့် တွေ့ဖူးသည့် အကြိမ်တချို့ကိုပြန်တွေးလိုက်သည်။

သူသည် ယွိဒူ၏ ကိုယ်ရံတော်အဖြစ်ရွေးချယ်ခံရသည်။ ယွိဒူသည် သူ့ကိုလိုချင်သလို စနောက်ခဲ့သည်။ သူတို့သည် မျိုးဆက်တူသော်လည်း သူ့အရည်အချင်းသည် ယွိဒူထက်မြင့်ကာ အားမှာလည်း ပိုသန်မာသည်။

ဒိဝူမျိုးနွယ်၏ အင်အားကြောင့်ပင် ယွိဒူသည် သူ့ကိုသတ်ဝံ့သော်လည်း အရှက်ခွဲမှုများ မကြာခဏကြုံရသည်။

သူသည် အမှောင်မင်းသမီးယွိခဲ့လော့အကြောင်းများကို ကြားဖူးသည်။ သို့သော် ကိုယ်ရံတော်ဖြစ်ပြီး နှစ်နှစ်ကြာမှပင် သူမျက်လုံးနှင့် ကိုယ်တိုင်မြင် ခဲ့ရသည်။

ထိုစဉ်က ယွိဒူသည် အသက်ငယ်သေးသော ကလေးတစ်ဦးကို သတ်ရန်လုပ်ရာ သူ မကူညီလိုသဖြင့် အမိန့်အားဖီဆန်မိသောကြောင့် နန်းတော်ဝင်ပေါက်လမ်းတွင် တွဲလောင်းအချည်ခံခဲ့ရသည်။

ဖြတ်သွားသောသူများသည် သူ့အား စက်ဆုပ်ရွံ့ရှာသလိုရယ်မောခဲ့ ကြသည်။ တချို့မှာ ရပ်ပြီးပင် လှောင်ပြောင်ခဲ့ကြသည်။ လော့ကျောင် တစ်ယောက်သာ ရပ်ပြီး မျက်မှောင်ကြုတ်ကာ သူ့ကိုလွှတ်ပေးရန် အမိန့်ပေး ခဲ့သည်။

တခြားသူသာဆိုလျှင် ယွိဒူသည် ဂရုမစိုက်ပေ။ သို့သော် သူသည် လော့ကျောင်ကို ကြောက်သည်။ သူတို့အကြားတွင် မည်သည့်ကိစ္စရှိသည်ကို တော့ မသေချာသော်လည်း သူမကိုတော့ အရိုးထဲကကြောက်သည်။

သူမ ပြောသည်နှင့် ယွိဒူသည် ချက်ချင်းပင် လူများကိုခေါ်ပြီး သူ့ကို လွှတ်ပေးခဲ့သည်။

သူ မှတ်မိသေးသည်။ သူ အောက်ရောက်စဉ်တွင် သူ နိုးနေလေပြီ။ သူ့ မြင်ကွင်းထဲတွင် သူမလျှောက်လာကာ ဘေးတွင်ဆောင့်ကြောင့်ထိုင်ပြီး ဆေး ပေးကာ ပြောလေသည် “သွားနားလိုက်တော့ ခဏနေသက်သာသွားမှာပါ”

အခုချိန်ထိ သူမှတ်မိနေသေးသည်။ သူမ အသံသည် နူးညံ့ပြီး သူ၏ အေးစက်သောနှလုံးသားကို နွေးထွေးသွားစေသည်။

သူမ၏ နှစ်သိမ့်ပေးသော စကားလုံးများကြောင့်သာ မဟုတ်လျှင် သူ တောင့်ခံနိုင်မည်မဟုတ်ပေ။

ထိုကိစ္စပြီးနောက်တွင် ယွိဒူဘာလုပ်သည်ကို သူ သေချာမသိ သော်လည်း အချိန်ကြာလာသည်နှင့်အတူ ယွိဒူသည် သူ့ကို နှိပ်စက်ခဲ့သည်။

ထို့နောက်တွင် သူသည် နန်းတော်အနှံ့ ယွိဒူနောက်လိုက်ခဲ့ရသည်။ သူမကို အကြိမ်အနည်းငယ် အဝေးမှမြင်ရသော်လည်း ဘာဆက်သွယ်မှုမှမရှိ ခဲ့ပေ။

သူ့ကို သူမ မေ့လောက်ပြီဟုထင်ခဲ့သည်။ အကြောင်းမှာ သူ သူမ အနား ဖြတ်သွားချိန်တွင် မရင်းနှီးသောအကြည့်များနှင့် သူ့ကိုကြည့်ခဲ့သည်။

သို့သော် စဉ်းစားကြည့်ရာ သူမသည် တောက်ပပြီး သူသာ သာမန်မျှ သာဖြစ်သည်။ သူ့ကို ဘယ်လိုလုပ်မှတ်မိပါ့မလဲ။

သူမ သူ့ကို မှတ်မိသည်ဖြစ်စေ မမှတ်မိသည်ဖြစ်စေ သူ့ခံစားချက်နှင့် သူမ အပေါ်ထားရှိသော အချစ်ကိုတော့ သက်ရောက်မှုမရှိနိုင်ပေ။ ထို့အပြင် ထိုခံစားချက်များသည် တိတ်တခိုးဖြစ်ကာ နိမ့်ကျလွန်းသည်။

သူ ပြန်တွေးတောရင်း ထိုအကြောင်းများကိုပြောနေသည်ကို သူမ ကြား သောအခါ ရှီမာယူယူသည် သူ့ခံစားချက်ကို အကြမ်းဖျင်းသိလိုက်ရသည်။ သူမ မိခင်သည် ထိုမျှလောက်ဆွဲဆောင်မှုရှိလိမ့်မည်ဟု သူမ ထင်မထားပေ။

အဖေက အမေနောက်ကို ဘယ်လိုလိုက်ခဲ့လဲ သိချင်လိုက်တာ။

ထို့နောက်တွင် သူမ မိခင်အကြောင်းကို သူ့ကိုပြောပြခိုင်းလေသည်။ သူမ အရည်အချင်းမည်မျှတော်ကြောင်း မည်မျှသန်မာကြောင်း အမှောင်မြစ် ကိုသွားရဲပြီး ပုန်ကန်သည့်ဝိညာဉ်သားရဲများကို သတ်ခဲ့ကြောင်းများပြောပြ လေသည်။

ထိုအကြောင်းများကိုကြားသောအခါ သူမ၏ မိခင်သည် တော်လှသည် ဟု ရှီမာယူယူ ခံစားမိသည်။

သူမ မိခင်သည် ဧကရာဇ်၏ အငယ်ဆုံးသမီး အမှောင်မင်းသမီးဟု ဆို ပါက သူမသည်….

ဒိဝူအီသည် လော့ခဲယွိအကြောင်းများကို ပြောပြရာ သူတို့နှစ်ယောက်၏ ဆက်ဆံရေးမှာ ပြောင်းလဲသွားသည်။

အနည်းဆုံးတော့ သူသည် သူမကို မမုန်းတော့ပေ။

နှစ်ယောက်လုံးသည် ခြံထဲရှိ ကျောက်စားပွဲရှိရာသို့သွားရင်းနှင့် စကား ပြောကြလေသည်။ စားပွဲပေါ်တွင် လက်ဖက်ရည်အိုးကိုပါ ချလိုက်သည်။

“သြော် ဟုတ်သားပဲ တစ္ဆေမျိုးနွယ်က တစ်ယောက်ကိုသိမလားပဲ” ရှီမာယူယူ မေးလိုက်သည်။

“ဘယ်သူလဲ”

ရှီမာယူယူသည် ဒိကျဲ့၏နာမည်ကိုမသိသဖြင့် သူ၏ ပုံစံကို ပြောပြလိုက် သည်။

“သူ့ဘေးကလူက သန်မာပြီးတော့ အဲလူက အပေါ်ဝတ်အနက်ကို အမြဲတမ်း ဝတ်ထားတယ် ဟုတ်လား” ဒိဝူအီသည် ထိုလူကို အကြမ်းဖျင်းသိ သည့်ပုံပေါ်ကာ သူမ ခေါင်းညိတ်သည်ကိုမြင်သည်နှင့် ပြောလိုက်သည် “သူက သခင်လေးဒိကျဲ့ဖြစ်လောက်တယ်”

“ဒိကျဲ့ဟုတ်လား”

ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည်။ မျိုးရိုးနာမည်တူနေတယ် သူတို့က အမျိုးတွေလား…

“ပြောရင်းနဲ့ ဒီသခင်လေးဒိကျဲ့က မင်းရဲ့အစ်ကိုဝမ်းကွဲပဲ” ဒိဝူအီသည် သူမ မမေးသောမေးခွန်းကိုဖြေလိုက်သည် “သခင်လေးဒိကျရဲ့ရဲ့ မယ်တော် က တော်ဝင်မျိုးနွယ်ရဲ့ မင်းသမီးပဲ သူက မင်းရဲ့အမေကို ဒေါ်လေးငယ်လို့ ခေါ်တယ် သခင်လေးဒိကျဲ့က အညှာတာမဲ့တဲ့ သခင်လို့လည်းကြားတယ် ဒါပေမဲ့ သူက အမှောင်မင်းသမီးနဲ့ရင်းနှီးတယ် သူ့အမေအရင်းထက်တောင် ရင်းနှီးသေးတယ် သူက မင်းအမေကို တိတ်တဆိတ်ရှာနေတယ်လို့တောင် သတင်းတွေထွက်နေတယ်”

ထင်ထားသည့်အတိုင်းပင် သူတို့သည် ဆွေမျိုးများဖြစ်နေကြသည်။

သူမသည် ယွိခဲ့လော့နှင့် ရုပ်တူသည်ကို သူ သတိထားမိပြီး သူမကို သူ၏ ဝမ်းကွဲအဖြစ်သိသောကြာင့် သူ၏ သဘောထားမှာ လုံးဝပြောင်းသွား ခြင်းဖြစ်နိုင်သည်။

“အခု ကျွန်မအမေဘယ်မှာလဲ” ရှီမာယူယူ မေးလိုက်သည်။

ဒိဝူအီသည် ခေါင်းရမ်းပြီး ပြောလိုက်သည် “ငါလည်းအဲဒါကိုမသိဘူး အဲနှစ်က အဖြစ်အပျက်ကြီးတစ်ခုဖြစ်လိုက်တာကိုတော့သိလိုက်တယ် တစ္ဆေ မျိုးနွယ်ကလူတော်တော်များများ လူသားလောကကိုသွားပြီးတော့ မင်းအမေ ကို ပြန်ခေါ်ခဲ့ကြတယ် အဲကတည်းက ဘယ်သူမှ မင်းအမေကို မတွေ့ရတော့ တာပဲ”

အမေရော… ပျောက်နေတာပဲ… အဖေ့လိုပဲ…

“ကျွန်မအမေ သတင်းများကြားသေးလား” သူမသည် ရင်နာစွာဖြင့် ခုံတွင် နစ်မြုပ်ကာ ခြေထောက်နှစ်ဖက်လုံးကို လက်ဖြင့် ပိုက်လိုက်သည်။

အဖေနဲ့ အမှေနစ်ယောက်လုံးပျောက်လောက်အောင် ဘာကိစ္စများ ဖြစ် ခဲ့တာလဲ။

“မကြားဘူး ဒါပေမဲ့ ဒိကျဲ့ကတော့ တစ်ခုခုသိလောက်တယ် ဘာလို့လဲ ဆိုတော့ သူ တစ္ဆေတစ်ရာယပ်တောင်ရအောင်လုပ်ထားတာ မင်းအမေကို ကယ်ဖို့လို့ ပြောကြတယ်…”

ရှီမာယူယူသည် သူ၏ ဒေါသကိုမြင်နိုင်သည်။ ကြည့်ရသည်မှာ ထိုလူ သည် တကယ့်အမှိုက်ဖြစ်သည့်ပုံပင်။

“မင်း သူ့ကိုသတ်လိုက်ပြီဆိုမှတော့ ငါ့ကိုလည်းသတ်လိုက်ပါတော့” ဒိဝူအီ ဆက်ပြောလေသည် “မဟုတ်ရင် ငါ့မျိုးနွယ်က တာဝန်ယူရလိမ့်မယ်”

“မင်းအဲလောက်သေချင်နေတာလား” ရှီမာယူယူ သူ့ကိုကြည့်လိုက် သည် “မင်းမျိုးနွယ်က တော်ဝင်မျိုးနွယ်ဘက်မှာရှိနေမှတော့ မင်းမျိုးနွယ်ရဲ့ အင်အားကလည်း မနိမ့်ဘူးဆိုတာ ပြနေတာပဲ မင်း တာဝန်မကျေတာနဲ့ပဲ မင်း မျိုးနွယ်ကို တော်ဝင်မျိုးနွယ်က ချေမှုန်းမယ်လို့ထင်နေတာလား ငါတော့ အဲလိုမထင်ဘူး”

“ဒါပေမဲ့ ငါပြန်သွားလို့မရတော့ဘူး” ဒိဝူအီ ဆက်ပြောလေသည် “သေတာနဲ့ ရှင်တာ ဘာမှလည်းမကွာပါဘူး သူ့ကိုသတ်ပြီး ငါ့ကိုယ်ငါ သတ်သေဖို့ စဉ်းစားဖူးတယ် ဒါပေမဲ့ သတ္တိမရှိဘူး ဘယ်လောက်တောင် ရယ် ဖို့ကောင်းလဲ”

“မင်းက ကောင်းကောင်းအသက်ရှင်နေတာပဲ ဘာလို့ သတ်သေချင်ရ တာလဲ” ရှီမာယူယူ ဆက်ပြောလေသည် “မင်းအသက်ကို တန်ဖိုးတာက ကောင်းတဲ့ကိစ္စတစ်ခုပဲ ဘာမှရှက်စရာမဟုတ်ဘူး”

ဒိဝူအီသည် သူမအား တအံ့တသြကြည့်လေသည်။ ဘာမှရှက်စရာ မဟုတ်ဟု သူ့ကိုပြောဖူးသည်မှာ သူမက ပထမဆုံးဖြစ်သည်။ သူ တွေးခဲ့ သည်များနှင့် လုံးဝပင်ကွာခြားနေသည်။

“ဘာတွေအံ့သြစရာရှိလို့လဲ” ရှီမာယူယူသည် သူအံ့သြနေသည့်ပုံစံကို ကြည့်ပြီး သနားစဖွယ်ပြန်ကြည့်လိုက်သည်။

“မစိုးရိမ်ပါနဲ့ ငါမင်းကို မသတ်ဘူး” ရှီမာယူယူ ဆက်ပြောလေသည် “မင်း ဒီမှာနေလို့ရတယ် သိချင်တာရှိရင် ငါ့ကိုမေး”

“မင်း ဒါတွေအကုန်လုံးကိုသိချင်ရုံသက်သက်ပဲမဟုတ်ဘူးလား” ဒိဝူအီ မေးလိုက်သည်။

“ဒါတွေလား ဒါတွေက မင်းအကြောင်းတွေပဲ မင်းနဲ့ မသိချင်တုန်းက မင်းရှိမှန်းတောင် သိခဲ့တာမဟုတ်ဘူး မင်းကိစ္စတွေကို ငါကဘာလို့ဂရုစိုက်နေ ရမှာလဲ” ရှီမာယူယူ ပြောလိုက်သည်။

“ဒါဆိုရင် ဘာသိချင်တာလဲ”

“မင်း ခုနက မင်းသားနဲ့ အပြန်အလှန်ပြောတဲ့စကားတွေကို ငါကြား တယ်” ရှီမာယူယူ ဆက်ပြော၏ ။ “ငါတို့မှာ အသက်ရှုသံတူတူရှိတယ်လိုှ့ မင်းပြောလိုက်တယ်”

ဒိဝူအီသည် သူမအားကြည့်လိုက်သည်။ ဒီလောက်အဝေးကြီးကို သူမ ကြားလိုက်တာလား။

“ငါ နှုတ်ခမ်းကပြောတာကို ဖတ်တတ်တယ်” ရှီမာယူယူ ဆက်ပြော သည် “အသက်ရှုသံတူတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ”

“မင်းမှာ တစ္ဆေမျိုးနွယ်ရဲ့ အသက်ရှုသံရှိနေတယ်” ဒိဝူအီ ပြန်ဖြေလေ သည်။

“မင်း ဘာကိုပြောလဲဆိုတာတော့ မသေချာဘူး တူတယ်လို့ပြောဘဲနဲ့ ငါ့မှာ တစ္ဆေမျိုးနွယ်ရဲ့ အသက်ရှုသံရှိတယ်လို့ပြောရမှာ” ရှီမာယူယူ ပြောလိုက်သည်။

“ငါလည်း မသေချာဘူးလေ” ဒိဝူအီ ဆက်ပြောလေသည် “ခန့်မှန်းရုံပဲ ရှိတာ”

“ပြောပါဦး”

“မင်းမှာ တော်ဝင်မျိုးနွယ်ရဲ့ သွေးသားရှိနေတယ်” ဒိဝူအီ ပြောလေ သည်။

တော်ဝင်မျိုးနွယ်ရဲ့ သွေးဟုတ်လား။

လွန်ခဲ့သည့်အချိန်များက ယိလင်းတိုင်းပြည် နဂါးတန်ပြန်တောင်တန်း ကိုဝင်ခဲ့စဉ်က အမှောင်သားရဲသည် သူမကိုတွေ့သည်နှင့် နောက်ဆုတ်ခဲ့ သည်ကို မှတ်မိသေးသည်။ သူမသာ တစ္ဆေမျိုးနွယ်မဟုတ်ပါက ဘယ်လိုလုပ် ထိုသို့လုပ်နိုင်မည်နည်း။

စောသွားသော်လည်း သူမသည် သူမ၏ ဘဝအကြောင်းကို ခန့်မှန်းပြီး သားဖြစ်သည်။

***

All Chapters