← Chapters

လုရမှာမလား မလုရဘူးလား

Vol. 83 Ch. 1153

လုရမှာမလား မလုရဘူးလား

Vol. 83 Ch. 1153

ရှီမာယူယူ လုံးဝငေးမောသွားရသည်။

ဒိကျဲ့ဒီလောက်လုပ်နေတာက သူမ အမေအတွက်လား။

တစ္ဆေတစ်ရာအလံသည် သူမ လက်ထဲ၌သာ အလုပ်လုပ်မည်ဟု ရင်လင်း ပြောခဲ့သည်။ သူရော ဒီအကြောင်းသိပြီးသားလား။

ဒိဝူအီသည် ရှီမာယူယူ၏ မျက်နှာထားကိုမြင်သောအခါ ရှုပ်ထွေးသွား ကာ မေးလိုက်သည် “အရင်က သခင်လေးဒိကျဲ့ကိုတွေ့ဖူးတာလား”

“အင်း”

ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ သူတို့သည် တွေ့ဖူးရုံတင်သာ မကဘဲ သူတို့အကြားတွင် ကိစ္စများစွာဖြစ်ခဲ့သည်လေ။

“မနှစ်မြို့ဖွယ်ရာတစ်ခုခုများဖြစ်လို့လား” ဒိဝူအီ မေးလိုက်သည်။

“အာ…” ရှီမာယူယူ သက်ပြင်းချလိုက်သည် “မကောင်းတာတင်မဟုတ် ဘူး တစ်ယောက်နဲ့တစ်ယောက် သတ်မိတော့မလို့ပဲ”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ဒိဝူအီ အံ့သြစွာအော်လေသည် “မင်းက အမှောင်မင်းသမီးရဲ့သမီးသာဆိုရင် သူမင်းကို သတ်မှာမဟုတ်ပါဘူး မင်းဆီ က အနံ့ကိုငါတောင်ရတယ် တစ္ဆေသခင်လည်းသိမှာပဲ”

“အဲအချိန်တုန်းက ကျွန်မတစ္ဆေမျိုးနွယ်သွေးက လုံးဝမနိုးထသေးဘူး ချိပ်ပိတ်ခံထားရတာ” ရှီမာယူယူ ဆက်ပြောလေသည် “ကျွန်မ အဲဒီတစ္ဆေ သခင်ကို သတ်လုနီးပါးဖြစ်သွားတယ် ဒါပေမဲ့ အဲဒါကပဲ သွေးကိုလှုပ်နိုးလိုက် သလိုဖြစ်သွားတယ်”

“အဲတော့ ဒီတစ်ခေါက်ကို သူတို့မင်းကို သတိထားမိကြလား”

“အင်း ဒီတစ်ခေါက်ထာဝရရှင်သန်သူနယ်မြေမှာ သူတို့ ကျွန်မကို တွေ့ တော့ဘာလို့ သဘောထားတွေပြောင်းသွားပါလိမ့်လို့ထင်နေတာ” ရှီမာယူယူ ပြောလေသည်။

“ဒိကျဲ့က ယွိဒူရဲ့အထင်ကြားတာမခံရဘူး သူအနိုင်ကျင့်တောင်ခံခဲ့ရ တယ် မင်းအမေကပဲ သူ့ကံကြမ္မာကိုပြောင်းပေးခဲ့တယ်လို့ ကြားဖူးတယ် ဆိုတော့ သူဘာပဲဖြစ်လာလာ မင်းအမေကိုတော့ အရင်အတိုင်းပဲဆက်ဆံ လိမ့်မယ်” ဒိဝူအီ ပြောလေသည်။

“အာ…” ရှီမာယူယူသည် ပြောစရာများပျောက်ဆုံးသွားလေသည်။

“ဘာလို့လဲ”

ရှီမာယူယူသည် ဒိယူအီအား ကြည့်လိုက်သည်။ မည်သို့ပင်ဖြစ်စေကာ မူ သူမသည် သူ့ကိုလွှတ်ပေးရန် ရည်ရွယ်ချက်မရှိသဖြင့် သူ့ကို ပြဿနာများ ကိုပြောပြလိုက်သည်။

“လူသားတွေရဲ့ ဂမ္ဘီရသူတော်စင်တွေဆိုတောကြားဖူးလား” သူမ မေး လိုက်သည်။

“သိတယ် တစ္ဆေလောကမှာလည်းရှိတယ် ဒါပေမဲ့ လူသားတွေက လူသားလောကကိစ္စတွေပဲ ပြောလိမ့်မယ် တစ္ဆေမျိုးနွယ်က တစ္ဆေလောက ကိစ္စတွေပဲပြောကြတယ်” ဒိဝူအီ ပြောလိုက်သည်။

“ဒါဆိုရင် လူသားတွေက တစ္ဆေလောကကိစ္စကိုဟောနိုင်ပြီး တစ္ဆေ မျိုးနွယ်ကလည်း လူသားကိစ္စကိုဟောနိုင်တာလား” ရှီမာယူယူ မေးလိုက် သည်။

“ဟောတာကတော့ မပြောနိုင်ဘူး ပြောလည်းပြောမရဘူး လူသားနဲ့ တစ္ဆေမျိုးနွယ်ရဲ့ ကိစ္စမဟုတ်တော့လေ” ဒိဝူအီ ဆက်ပြောလေသည် “မင်းက ဂမ္ဘီရသူတော်စင်နဲ့တွေ့ခဲ့လို့လား”

“အင်း ဒီကိုမလာခင်ကိုတွေ့ခဲ့တာ တစ္ဆေတစ်ရာအလံကိုယူဖို့ သခင်ကြီးရင်လင်းက ပြောခဲ့တာ”

“ရင်လင်းဟုတ်လား ဂမ္ဘီရပညာရှင်က လူသားမျိုးနွယ်ရဲ့ ကိစ္စပဲ” ဒိဝူအီ ပြောလိုက်သည်။

“ရှင်လည်း သူ့ကိုသိတာလား”

“သူတို့ကိုသိရုံတင်မဟုတ်ဘူး သူက တစ္ဆေလောကမှာတောင် နာမည်ကြီးလို့ လူတိုင်း သူ့နာမည်ကိုကြားဖူးတယ် သူက လူသားလောကမှာ ဒီနှစ်တစ်သောင်းအတွင်းကို အားအကောင်းဆုံးလို့ကြားဖူးတယ်” ဒိဝူအီ ပြော လိုက်သည်။ “သူမင်းကို အဲလိုပြောမှတော့ အကြောင်းအရင်းရှိလို့နေမှာပေါ့”

“ကျွန်မလည်း အဲလိုထင်တယ်” ရှီမာယူယူ ဆက်ပြောလိုက်သည် “အကြောင်းအရင်းကိုတော့ မသိပေမဲ့ အခုတော့သိသွားပြီ”

“ဒါဆို ဘာကိုစောင့်နေတာလဲ”

“ရှင်ပြောတာမှန်ရင် သူက အမေ့ကိုကယ်ဖို့နည်းလမ်းကို စဉ်းစားနေ တာဖြစ်မယ်” ရှီမာယူယူ ဆက်ပြောလေသည် “ကျွန်မ အဲဒါကိုလုလိုက်ရင် သူ အမေ့ကိုအဲဒါနဲ့ ကယ်မရတော့ဘူး”

“ဒါပေမဲ့ ရင်လင်းပြောမှတော့ အကြောင်းအရင်းရှိလို့နေမှာပါ သူက အမြဲတမ်း မှန်တယ်လေ မဟုတ်ရင် သူ့ရဲ့ဂုဏ်သတင်းက တစ္ဆေလောက အထိ ပြန့်လာမှာမဟုတ်ဘူး”

“ဒါပေမဲ့ ကျွန်မက ဘယ်တော့မှတစ္ဆေလောကကိုသွားရမယ်မှန်းမသိ ဘူး တကယ်လို့ တစ္ဆေတစ်ရာအလံသာ ကျွန်မလက်ထဲရှိနေရင် ကျွန်မက တစ္ဆေလောကမှာမရှိနိုင်လို့ အမေ့ကိုရှာမရဖြစ်နေမယ်”

“ဒါပေမဲ့ တစ္ဆေတစ်ရာအလံက မင်းအမေကိုကယ်ဖို့က မသုံးနိုင်ဘူး ဆိုရင် ဒါမှမဟုတ် သခင်လေးဒိကျဲ့က အဲဒါကိုရတာတောင် မင်းအမေကို မကယ်နိုင်ဘူးဆိုရင်ရော သူ့အသက်က အလဟသမဖြစ်သွားဘူးလား”

“ကျွန်မသိပါတယ် ဒါပေမဲ့… ကျွန်မ အပြင်ထွက်ပြီး အမေရှိတဲ့နေရာကို သိလားလို့ ရင်လင်းကိုမေးရမယ်” ရှီမာယူယူ ပြောလိုက်သည်။

ဒိဝူအီ ပြောသည်မှာမှန်သည်။ ရင်လင်းမှ ထိုသို့လုပ်ခိုင်းသည်မှာ နောက်ကွယ်တွင် အကြောင်းအရင်းရှိရမည်။ တကယ်သာ ထိုအတိုင်းဆိုပါက သူမသည် ဒိကျဲ့ကို အခြေအနေမေးရမည်။

“မင်းမှာ အဲလောက်အားကောင်းတဲ့ မီးတောက်ရှိပေမဲ့ မင်းရဲ့လက်ရှိ အခြေအနေက အရမ်းအန္တရာယ်များတယ် မင်းမှာတစ္ဆေတစ်ရာအလံရှိထား တာကောင်းမယ်” ဒိဝူအီ ပြောလိုက်သည်။

“ဟင်”

ရှီမာယူယူသည် သူ့အား သံသယဖြင့်ကြည့်လိုက်သည်။

“မင်းကို ငါပြောသားပဲ ယွိဒူရဲ့ အမေမျိုးနွယ်က အရမ်းအားကောင်းတဲ့ မျိုးနွယ်ပဲ အဲဒါကြောင့်လည်း တစ္ဆေဘုရင်က သူမကိုနှစ်သက်တာပဲ” ဒိဝူအီ ဆက်ပြောလေသည် “တစ္ဆေမိဖုရားနဲ့ တစ္ဆေဘုရင်တို့က ယွိဒူကိုအရမ်းချစ် ကြတာ အခု သူသေသွားပြီဆိုတော့ မင်းနောက်ကို လိုက်ဖို့ သေချာပေါက် တစ္ဆေမျိုးနွယ်ကို လွှတ်လိုက်မှာပဲ သူမက မင်းသတင်းကိုရဖို့နဲ့ တစ္ဆေမျိုးနွယ် ကို သတင်းပေးဖို့ လျှို့ဝှက်နည်းကိုသုံးမှာပဲ အခု မင်းက တစ္ဆေမျိုးနွယ် အကြားမှာ နာမည်ကြီးပဲ”

“…”

ဒိဝူအီသည် သူမ မျက်နှာမပြောင်းမလဲရှိသည်ကို မြင်သောအခါ မေး လိုက်သည် “မင်းမစိုးရိမ်ဘူးလား”

“စိုးရိမ်နေလည်း အသုံးမဝင်ဘူးလေ ဟုတ်တယ်မလား” ရှီမာယူယူ သည် ခြေထောက်နှစ်ဖက်လုံးကိုချကာ လက်ဖက်ရည်ခွက်ကိုကိုင်ပြီး နှုတ်ခမ်းဆွတ်ရုံ တစ်ကျိုက်သောက်လိုက်သည်။ “အနည်းဆုံး တစ္ဆေမျိုးနွယ် ရဲ့ တန်ခိုးအကြီးဆုံးမလာသေးသရွေ့တော့ အဲဒီအကောင်သေးတွေကို စိုးရိမ်ဖို့မလိုဘူး”

ဆွဲဆောင်မှုရှိလိုက်တာ…

အဲနှစ်က သူမနဲ့ တကယ်တူတယ်…

“အမေက တစ္ဆေဘုရင်ရဲ့ အချစ်ဆုံးအငယ်ဆုံးသမီးလို့ ပြောလိုက် တယ်မလား ပြီးတော့ ယွိဒူကလည်း အချစ်ခံရတယ်လို့ပြောတယ် အဲဒါနဲ့ ယှဉ်လိုက်ရင် ဘယ်သူက တစ္ဆေဘုရင်ချစ်တာပိုခံရတာလဲ”

“သေချာတာပေါ့ အမှောင်မင်းသမီးပဲလေ” ဒိဝူအီ ဆက်ပြောလေသည် “ဒါပေမဲ့ အမှောင်မင်းသမီးကမရှိဘူး တစ်ဖက်မှာ တစ္ဆေမိဖုရားကလည်း သန်မာနေတယ် အဲတော့ မင်းအခြေအနေက အရမ်းအန္တရာယ်များတယ် ပြီတော့…”

“ပြီးတော့ ဘာလဲ”

“ပြီးတော့ အဲကိစ္စဖြစ်ပြီးတော့ အမှောင်မင်းသမီးကြောင်းကို တစ္ဆေဘုရင်က ဘယ်သူ့ကိုမှပြောခွင့်မပေးတော့ဘူး အရင်ကဆိုရင် သူက မင်း သရုပ်မှန်ကိုသိရင် ကာကွယ်ကောင်းကာကွယ်လိမ့်မယ် ဒါပေမဲ့ အခုတော့ နောက်ထပ် အန္တရာယ်တစ်ခုပဲ” ဒိဝူအီ ပြောလေသည်။

“ဘယ်သူလာလာသတ်ပစ်မှာပဲ ငါ့ရဲ့ယူယူက သူမလုပ်ချင်တာကို အကုန်လုပ်နိုင်တယ်”

ခက်ထန်သောအသံတစ်သံထွက်လာရာ ရှီမာယူယူ၏ မျက်လုံးများ သည် အံ့သြမှုဖြင့် တောက်ပသွားသည်။ ဝူလင်းယူ နိုးလာသည်ကိုမြင် သောအခါ သူမ ခုံမှပင် ထခုန်မိကာ ဝူလင်းယူ၏ ရင်ခွင်သို့ပြေးဖက်ကာ ပြောလိုက်သည် “နောက်ဆုံးတော့နိုးလာပြီပေါ့ အစ်ကိုနိုးမလာရင် ဘယ်လို လုပ်မလဲလို့ လန့်လို့သေတော့မယ်”

“ယူယူ ပျော်တာမြင်ရင် ကိုယ်တကယ်ပဲ ပျော်ပါတယ်” ဝူလင်းယူသည် ရှီမာယူယူကို ဖက်ထားရင်း သူ၏နှုတ်ခမ်းထောင့်သည် ဆွဲဆောင်မှုရှိသော အပြုံးအဖြစ် တွန့်သွားလေသည်။

“လုံးဝပြန်ကောင်းလာပြီလား စမ်းကြည့်လို့ရမလား” ရှီမာယူယူသည် ပြောရင်းနှင့် သူ့သွေးခုန်နှုန်းကိုစမ်းပေးမည်ပြုသည်။

ဝူလင်းယူသည် သူမ လက်ကို ညင်သာစွာကိုင်ကာ သွေးခုန်နှုန်း စမ်းရန် ခွင့်မပြုပေ “ကိုယ်တို့အခုမှ ပြန်တွေ့တာလေ အဲဒါလေးကိုမဖျက်ဆီးနဲ့တော့”

“အစ်ကို့ကျန်းမာရေး လုံးဝပြန်မကောင်းသေးဘူးလား” ရှီမာယူယူသည် စိုးရိမ်တကြီးမေးလေသည်။

“မင်းကို ကိုယ်မလိမ်ပါဘူး ဒါက ဒဏ်ရာသေးသေးလေးမှမဟုတ်တာ ဖြည်းဖြည်းချင်းကုသွားလို့ရတယ် ပြဿနာမရှိပါဘူး” ဝူလင်းယူ ပြောလိုက် သည်။

သူ ပြန်ကောင်းလာပြီဟု ပြောလိုက်လျှင် သူမ စိုးရိမ်နေဦးမည်။ ထိုသို့ပြောလိုက်သောအခါ သူမ စိတ်သက်သာရာရဦးမည်။

ဝူလင်းယူသည် သူမကို ခုံတွင်ထိုင်ခိုင်းပြီး သူမ ဘေးတွင်ဝင်ထိုင်ပြီး မေးလိုက်သည် “ဘာတွေပြောနေတာလဲ မင်းက ဘယ်လိုလုပ် တစ္ဆေမျိုးနွယ် ကိစ္စမှာဝင်ပါသွားတာလဲ”

***

All Chapters