← Chapters

ဝိညာဉ်လောကထဲမှ ကွာခြားချက်

Vol. 83 Ch. 1154

ဝိညာဉ်လောကထဲမှ ကွာခြားချက်

Vol. 83 Ch. 1154

“ညီမ ဦးလေးတစ်ယောက်ကိုသတ်ခဲ့တယ်” ရှီမာယူယူသည် ပြုံးပြီး ပြောလေသည်။

“တစ္ဆေမျိုးနွယ်ကလား” ဝူလင်းယူ မေးလိုက်သည်။

“အင်း” ရှီမာယူယူ ပြုံးလိုက်သည် “တစ္ဆေမျိုးနွယ်ရဲ့ တော်ဝင်မျိုးနွယ်ပဲ အမေဘက်ကအရမ်းအားကောင်းပြီး ညီမကို လက်စားချေချင်တယ်လို့ ကြားတယ် သူတို့ကတစ္ဆေမျိုးနွယ်ကလူတိုင်းကို လှုပ်ရှားခိုင်းထားတယ်”

“အိုး…” ဝူလင်းယူသည် မျက်မှောင်ကြုတ်လိုက်သည် “ကိုယ်မရှိတုန်း ကို မင်းတကယ်ပဲ မွှေထားတာပဲ”

“သူက ညီမ ဝိညာဉ်ကိုစားချင်နေတာလေ ညီမကိုသတ်ဖို့ သူ့လူတွေကို အမိန့်ပေးပြီး ညီမဝိညာဉ်ကတောင်ဖမ်းမလို့လေ” ရှီမာယူယူ ပြောလိုက် သည်။

သူ့ ယူယူကို သူတို့စားရဲလောက်အောင် အတင့်ရဲလှချည်လား။

“အင်း မင်း သတ်ပြီးမှတော့ တစ္ဆေဘုရင်လာဖမ်းရင်တောင် သူ့ကိုသတ် ပစ်လိုက် ကိုယ်အကုန်လုံးကိုတာဝန်ယူတယ်” ဝူလင်းယူ ပြောလိုက်သည်။

ရှီမာယူယူသည် ကျေနပ်စွာပြုံးလိုက်သည်။ သူမသည် ကောင်းကင်ကို ဆန့်ကျင်ပြီး တိုက်ခိုက်လျှင်တောင် သူ သူမဘက်တွင်ရပ်တည်မည်ကို သူမ သိသည်။

ဒိဝူအိသည် ဝူလင်းယူအား တအံ့တသြကြည့်လေသည်။ သူသည် သူတို့နှစ်ယောက်၏ ဆက်ဆံရေးကို သိပြီးသွားလေသော်လည်း သူမကို ထိုမျှလောက် ချစ်ခင်အလိုလိုက်မည်ဟု ထင်မထားပေ။

သူသာဆိုလျှင် လုပ်နိုင်ပါ့မလား… အရင်ဆုံး သူမ သူ့ဆီကို ဘာပြဿနာ ယူလာမှာလဲ။ ပြီးရင် ဘာထပ်ဖြစ်မလဲ။ ဒီကိစ္စမှာ အပြစ်မရှိဘူး လို့တောင်းပန်လိုက်ရမလား။

ထိုသည်မှာ လူအများစုလုပ်မည့်အရာဖြစ်သည်။

“သြော် ဟုတ်သားပဲ ကျွန်မပြောစရာရှိတယ်” ရှီမာယူယူ ဆက်ပြောလေ သည် “ဒိဝူအီ ရှင်က ဒီကနေထွက်ရမှာမဟုတ်ဘူး ကိုယ့်ကိုယ်ကိုလည်း သတ်သေလို့မရဘူး အဲတော့ အချိန်တစ်ခုလောက်ဒီမှာနေလိုက်ပါ ရှင်ဒီမှာရှိနေတော့ ကျွန်မ မေးချင်တာရှိရင် မေးဖို့လွယ်တာပေါ့”

“….”

ဒိဝူအီသည် သူမအား ကြည့်လိုက်သည်။ သူမက သူ့ကို ဒီအတိုင်းပဲ စီမံ ပေးလိုက်တာလား။ သို့သော် သုံ့ပန်းတစ်ယောက်အနေနှင့် ထိုသို့ဆက်ဆံ သည်မှာ ကောင်းလှသည်။

သို့သော် သတ်သေရန်အတွက်ကတော့ အရင်ကလည်း သူ မလုပ်ရဲ ပေ။ အခုလည်းမလုပ်ချင်ပေ။ သူမက အမှောင်မင်းသမီးရဲ့ သမီးဆိုမှတော့ သူ့တွင် မျှော်လင့်ချက်ရှိသေးတာလား။

ဝိညာဉ်လေးသည် ဒိဝူအီကိုခေါ်သွားပြီး သူတို့နှစ်ယောက်တည်းထားခဲ့ သည်။

ဝူလင်းယူသည် သူမလက်ကိုကိုင်ပြီး အားပါပါဆွဲလိုက်ရာ သူမသည် သူ့ရင်ခွင်ထဲရောက်သွားလေသည်။

“လာပါဦး ပြောပြ ကိုယ်သတိမေ့နေတုန်း ဘာတွေဖြစ်သွားသေးလဲ”

ရှီမာယူယူသည် သူ့ပေါင်ပေါ်ထိုင်ပြီး သက်တောင့်သက်သာဖြစ်အောင် လုပ်လိုက်သည်။ ဝူလင်းယူသည်လည်း ထိုအခွင့်အရေးကိုယူကာ သူမ ပခုံး ပေါ် ခေါင်းတင်ထားလိုက်သည်။

သူမသည် သူ့အားမှီရင်း ပြောလေသည် “အစ်ကိုမရှိတုန်း ကိစ္စတွေ အများကြီးဖြစ်သွားတယ်…”

သူ မေ့သွားပြီးနောက်တွင် ဖြစ်ပျက်သမျှကို တစ်ခုပြီးတစ်ခု သူမ ပြောပြလေသည်။ သူမ ဒွန့်နှင့် ဝိညာဉ်လောကကိုနားလည်သွားသည့် အကြောင်းအပါအဝင် ရှီမန်ဖန်နှင့် တခြားသူများကို ကယ်တင်ခြင်း ကောင်းကင်နီနှင့် အကြောင်းစုံများကို ပြောပြလေသည်။

သူ မေ့မြောနေစဉ်တွင် သူမ ထိုမျှလောက်တွေ့ကြုံရလိမ့်မည်ဟု ဝူလင်းယူ ထင်မထားပေ။ သူမသည် အမှန်တကယ်ကိုပင် ဝိညာဉ်လောကနှင့် ကောင်းကင်၏ ဒွန့်ကိုပင် နားလည်သွားခဲ့လေပြီ။

ထိုသို့အရည်အချင်းမျိုးကို မည်သူမှမရနိုင်ပေ။

သူသည် သူမ မျက်နှာနားတွင် သူ့မျက်နှာကိုဖိကပ်လိုက်ကာ ပြော လိုက်သည် “အားကောင်းလိုက်တာ မင်းကတကယ့်ကို ကိုယ့်မိန်းကလေးပဲ မင်းရဲ့ ဝိညာဉ်လောကက အခုဘယ်လိုဖြစ်သွားပြီလဲပြောပြဦး”

ရှီမာယူယူသည် အသက်သစ်ပင်အားစိုက်ကြည့်ပြီး အရာအားလုံးကို နားလည်သွားသည်ဟု ပြောပြလေသည်။ ပြောပြီးနောက်တွင် သူ့ဆီမှ ဘာမှ ပြန်မကြားသည်ကို မြင်သောအခါ လှည့်ပြီး မေးလိုက်သည် “ဘာလို့လဲ”

ဝူလင်းယူသည် သူမ နှာခေါင်းလေးကို ပုတ်ကာ ပြောလေသည် “ဘာမှ မဟုတ်ဘူး အံ့သြလို့ပါ”

“ဘာကိုအံ့သြတာလဲ” ရှီမာယူယူသည် သူ့လက်ကို ပုတ်ထုတ်ရင်း မေး လိုက်သည်။

“မသိဘူး ဝိညာဉ်လောကမှာ မတူတာရှိလား” ယူလင်းယူသည် သူမ လက်ကိုပြန်ဖမ်းကာ ဆွဲထားလိုက်သည်။

“ညီမ မသိပေမဲ့ မှန်းကြည့်ထားတယ်” ရှီမာယူယူ ဆက်ပြောလေသည် “ဘာလို့ ညီမဟာက ထူးခြားနေတာလဲမသိဘူး ချင်ယိကလည်းမပြောဘူး”

“သူက လူသားမဟုတ်ဘူးလေ ဝိညာဉ်လောကအကြောင်းကိုသိရင် တောင် ရင်းနှီးမှာမဟုတ်လူး”

“ဒါဆိုရင် ညီမဝိညာဉ်လောကကို ထူးခြားအောင် ဘာကလုပ်လိုက်တာ လဲ” ရှီမာယူယူ မေးလိုက်သည်။

“ဝိညာဉ်လောကက အသက်ရှိတဲ့အရာတွေနဲ့ အသက်မရှိတဲ့အရာတွေ ကိုခွဲထားတဲ့ဟာပဲ ကွာခြားတာကရှင်းပါတယ် အသက်ရှိတဲ့ဟာတွေဆိုရင် အပင်တွေ တောင်တွေ ရေတွေ တိရစ္ဆာန်တချို့ရှိမယ် အသက်မရှိတဲ့ဟာတွေ ဆိုရင် လေဟာပြင်နဲ့ အဆုံးမရှိတဲ့နေရာပဲရှီလိမ့်မယ် ဝိညာဉ်လောကအများစု ကအသက်ရှိကြတယ်”

“အများစုမှာ အသက်ရှိတယ်ဆိုရင် ညီမဟာက ဘာထူးခြားလို့လဲ” ရှီမာယူယူ မေးလိုက်သည်။

“မလောနဲ့ ဖြည်းဖြည်းချင်းရှင်းပြပေးမယ်” ဝူလင်းယူ ဆက်ပြောလေ သည် “လူတော်တော်များများမှာ အသက်ရှိတဲ့ဝိညာဉ်လောကရှိပေမဲ့ အဆင့် တွေလည်းရှိသေးတယ်”

“ဘယ်လိုအဆင့်ခွဲလဲ အရွယ်အစားနဲ့လား”

“ဝိညာဉ်လောကရဲ့ အရွယ်အစားက ခွဲခြားတဲ့နေရာမှာ အရေးကြီးဆုံး ထဲက တစ်ခုဆိုတာဟုတ်တယ် ဒါပေမဲ့အရင်းအကြီးဆုံးအပိုင်းမဟုတ်သေး ဘူး” ဝူလင်းယူ ပြောလိုက်သည်။

“ဒါဆိုရင် ဘာကအရေးအကြီးဆုံးလဲ”

“တည်ငြိမ်မှုနဲ့ ဝိညာဉ်လောကကို ထိန်းချုပ်နိုင်မှု” ဝူလင်းယူ ဆက်ပြော လေသည် “အင်အားကြီးလူတွေက တိုက်ပွဲမှာ စံတင်အဆင့်ရောက်ပြီဆိုရင် အချိန်အများစုက ဝိညာဉ်လောကကို တိုက်ခိုက်နေရတာပဲ ဝိညာဉ်လောက တည်ငြိမ်လေလေ တိုက်တဲ့အခါ အနိုင်ရဖို့ အခွင့်အရေးများလေလေပဲ”

ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ သူမ နားလည်သွားလေပြီ။

“ထိန်းချုပ်တာကျရော”

“ထိန်းချုပ်တာကက ဝိညာဉ်လောကထဲမှာ လူဘယ်လောက်လောက် နိုးထအောင်လုပ်နိုင်မလဲပေါ့… တည်ဆောက်မှုသခင်တွေ လေဟာပြင်ကို ထိန်းချုပ်သလိုပဲ အဲဒီလေဟာပြင်မှာဆိုရင် မင်းကသခင်ပဲ ထိန်းချုပ်တာ ပိုသန်မာလေလေ အထဲကရန်သူက အားနည်းလေလေပဲ” ဝူလင်းယူ ပြော လိုက်သည်။

“အခုနားလည်သွားပြီ” ရှီမာယူယူ ဆက်ပြောလေသည် “ဒါဆိုရင် ညီမ ဟာက ဘာထူးခြားချက်ရှိတာလဲ”

“ပထမတစ်ချက်အနေနဲ့ မင်းရဲ့ တည်ငြိမ်မှုက သန်မာနိုင်တယ်” ဝူလင်းယူ ဆက်ပြောလေသည် “သူများတွေပြောသလိုပဲ ဖြစ်ပြီးရင်ပျက်မယ် ပျက်ပြီးရင် ပြန်ဖြစ်မယ် မင်း တည်ဆောက်နေတုန်းကို မင်းရဲ့ဝိညာဉ်လောက က ပြိုကျလုနီးပါးဖြစ်ခဲ့တယ် တခြားသူသာဆိုရင် ချက်ချင်းပဲကျရှုံးမှာပဲ မင်းက မကျရှုံးရုံတင်မကဘူး ဝိညာဉ်လောကကလည်း ပိုသန်မာလာသေးတယ်”

“အဲဒါက ညီမက ချင်ယိရဲ့ခန္ဓာကိုယ်ထဲမှာရှိနေလို့လေ သူကပဲ ညီမကို ပြန်ဆောက်ဖို့ကူညီတာ” ရှီမာယူယူ ပြောလိုက်သည်။

“အဲဒါလည်း အကြောင်းအရင်းတစ်ခုပဲ” ဝူလင်းယူ ဆက်ပြောသည် “ဒါပေမဲ့ အဲဒါက အဓိကအကြောင်းအရင်းဖြစ်မယ်မထင်ဘူး”

“တစ်ခါတည်းပြောလိုက်တော့ အူယားအောင်မလုပ်နဲ့” ရှီမာယူယူသည် လှည့်ပြီးနောက် သူ့နားရွက်နှစ်ဖက်လုံးကို လိမ်လိုက်သည်။

“ကိုယ့်စကားကို အမြဲတမ်းဖြတ်တာ မင်းပဲလေ” ဝူလင်းယူသည် ခုခံရ လေသည်။

“အစ်ကိုက တစ်ခါတည်းရှင်းအောင်မပြောလို့လေ” ရှီမာယူယူ ဆက်ပြောလေသည် “ဟင်”

“ဟုတ်ပါပြီ ကိုယ့်အမှားပါ” သူမ သူ့ကိုစိုက်ကြည့်နေသည်ကို ဝူလင်းယူ မြင်သောအခါ သူမည်သည့်ဘက်တွင်နေရမည်ကို သိသွားလေသည်။

သူမ မေးခွန်းများဆက်တိုက်မေးသည်ထက် သူ ဆုံးအောင်မပြောသည် မှာ သူ့အမှားပင်ဖြစ်သည်။

သူ့အမှားကိုဝန်ခံလိုက်သည်ကို မြင်သောအခါ ရှီမာယူယူ ပြုံးလိုက် သည်။ သူမ အရင်ဘဝကမြင်ခဲ့သော ဟာသတစ်ခုကို သွားသတိရမိသည်။

ဇနီးသည် ခင်ပွန်းအတွက် စည်းမျဉ်းပြုလုပ်ထားသည်။ ထိုသည်မှာ ရိုးရှင်းသော စည်းမျဉ်းနှစ်ခုပင်ဖြစ်သည်။ ပထမဆုံးစည်းမျဉ်းမှာ ဇနီးသည် အမြဲမှန်သည်။ ဒုတိယစည်းမျဉ်းမှာ အမှားရှိခဲ့လျှင်တောင် ပထမစည်းမျဉ်းကို ပြန်ကြည့်ရမည်ဖြစ်သည်။

အခု သူတို့သည် ထိုအခြေအနေရောက်နေရာ ဆင်တူနေသည်။

ထိုအကြောင်းအားတွေးမိရာ သူမသည် နှုတ်ခမ်းတွန့်ပြုံးပြီး လက်နှစ် ဖက်ကို သူ့မျက်နှာအထိ ဆင်းကာ “ကောင်းပြီ မြန်မြန်ပြောပြတော့ အဓိကအကြောင်းအရင်းက ဘာလဲ”

“အဓိကအကြောင်းအရင်းက ကိုယ်ပြောမလို့ပဲ မင်းက တခြားသူတွေနဲ့ မတူဘူး” ဝူလင်းယူ ထိုအကြောင်းအားပြောရာတွင် ရှီမာယူယူကိုကြည့်သည့် အကြည့်မှာပြောင်းသွားသည်။

ရှီမာယူယူ သူ့ကိုထိုပုံစံအတိုင်းမြင်သောအခါ မစတော့ဘဲ နိဂုံးချုပ်မည် ကို စောင့်နေသည်။

“မင်းရဲ့ ဝိညာဉ်လောကက မင်းဉာဏ်အလင်းရတဲ့အချိန်မှာ ရခဲ့တာ အဲတော့…”

“အဲတော့ ဘာဖြစ်လဲ ထပ်ပြီးအူယားအောင်လုပ်ပြန်ပြီ” ရှီမာယူယူသည် သူမ လက်သီးကိုဝှေ့လိုက်သည်။

***

All Chapters