← Chapters

ဘယ်သူက ဘယ်နေရာနေရ နေရ ကိစ္စမရှိ

Vol. 83 Ch. 1155

ဘယ်သူက ဘယ်နေရာနေရ နေရ ကိစ္စမရှိ

Vol. 83 Ch. 1155

ဝူလင်းယူသည် စိတ်မရှည်ဖြစ်နေသော သူမအား မြင်သောအခါ မစ နောက်တော့ဘဲ ပြောလိုက်သည် “မင်းနဲ့ တခြားသူတွေကြားမှာ ဘာတွေ ကွာခြားလဲဆိုတာ တကယ်ပဲ မစဉ်းစားမိဘူးလား”

“စံတင်ဝိညာဉ်အဆင့်နဲ့ အထက်ကလူတွေပဲ ဝိညာဉ်လောကကို ရောက်နိုင်တယ်ဆိုတာပဲ သိတယ် အဲဒါကအလှမ်းဝေးလို့ နားလည်ဖို့ မကြိုးစားတော့ဘူး” ရှီမာယူယူ ပြောလိုက်သည်။

“ကိုယ်ခုနကပြောသလိုပဲ ဝိညာဉ်လောကအဆင့်ဆိုတာရှိတယ် မင်းက ဉာဏ်အလင်းရတဲ့တစ်ချိန်တည်းမှာပဲ ဝိညာဉ်လောကကိုပါရခဲ့တယ်” ဝူလင်းယူ ဆက်ပြောလေသည် “အဲတော့ ဉာဏ်လင်းကအဓိကပဲ ဝိညာဉ် လောကက ဒုတိယ ဒါပေမဲ့ မင်းက အတူတူရလိုက်တော့ နှစ်ခုကပေါင်းစည်း သွားတယ် အဲလိုပြောရရင် မင်းရဲ့ဝိညာဉ်လောကက ကောင်းကင်ရဲ့ ဝိညာဉ် လောကဖြစ်သွားတာပဲ”

“ကောင်းကင်ဝိညာဉ်လောကဆိုတာရှိလို့လား” ရှီမာယူယူ မျက်မှောင် ကြုတ်လိုက်သည်။ သူမသည် မဖြစ်နိုင်သောအရာတစ်ခုကိုကြားလိုက်ရ သကဲ့သို့ဖြစ်သွားသည်။

ဝူလင်းယူ ထိုသို့ဖြစ်သည်ကိုကြည့်ရသည်မှာ ထိုအရာသည် အားကောင်းသည့်ပုံပေါ်သည်။

“မင်းသိမှာပါ တခြားဝိညာဉ်လောကက ကောင်းကင်ရဲ့ဒွန့်ဆိုတာမရှိ ဘူး ကိုယ့်အရင်ဝိညာဉ်လောကအပါအဝင်ပဲ သူတို့မှာမရှိကြဘူး” ဝူလင်းယူ ပြောလိုက်သည်။

ရှီမာယူယူသည် နောက်ဆုံးစကားကိုကြားလိုက်ရချိန်တွင် မျက်လုံးများ အရောင်တောက်လာကာ ပြောလိုက်သည် “တကယ်လား”

“အင်း” သူမ ဘာကြောင့်ပျော်သွားမှန်းမသိဘဲနှင့် ဝူလင်းယူ ခေါင်းညိတ် လိုက်သည်။ တခြားသူတွင်မရှိသော ကောင်းကင်ဒွန့်သည် သူမတွင်ရှိသည် ဟု ကြားလိုက်ရသောကြောင့်ဖြစ်မည်။

သို့သော် သူမ အတွေးများသည် သူ့ထက် ပိုပြီးအားကောင်းသော အချက်ဖြစ်နေခဲ့သည်။

“ဝိညာဉ်လောကရဲ့ ကောင်းကင်ဒွန့်ကဘာလုပ်နိုင်လဲ”

“မင်းသာ အသက်ရှင်နေပြီး မင်းရဲ့ဝိညာဉ်လောကကိုချဲ့ထွင်မယ်ဆိုရင် နောင်တစ်ချိန်မှာ ကမ္ဘာတစ်ခုဖြစ်လာလိမ့်မယ်” ဝူလင်းယူ ဆက်ပြောလေ သည် “ဒါပေမဲ့ ဘယ်နေရာမှာ အဓိကသုံးလဲတော့ ကိုယ်လည်းမသိဘူး ပြီးတော့ ဘယ်သူမှလည်း တစ်ခါမှမတွေ့ဖူးဘူး ဒါပေမဲ့ ဒဏ္ဍာရီတွေထဲမှာ တော့ အဲလိုပြောတယ် ကိုယ်တို့လက်ရှိကမ္ဘာက မသေမျိုးတွေရဲ့ ဝိညာဉ် လောကကိုလုပ်ထားတာတဲ့ သက်သေမရှိပေမဲ့ အကြံတော့မှီငြမ်းလို့ရတယ်”

“ဟီးဟီး ညီမသာ ကမ္ဘာတစ်ခုကိုလုပ်နိုင်ရင် အဲကမ္ဘာရဲ့ သခင် တစ်ယောက်ဖြစ်လာမှာပဲ” ရှီမာယူယူသည် ရယ်မောရင်းပြောလိုက်သည်။

“မင်းသာ ကမ္ဘာတစ်ခုဖန်တီးသူဖြစ်လာရင် မင်းကမ္ဘာထဲကလူတွေတော့ ဒုက္ခရောက်တော့မှာပဲ” ဝူလင်းယူသည် လေးနက်စွာပြောလေသည်။

“ဘာလို့လဲ”

“ဘာလို့လဲဆိုတော့ အခုမင်းရယ်လိုက်တာက ဒုက္ခပေးမယ့်ပုံစံကြီး”

“…..”

“အစ်ကို့ကို ဘယ်လိုလုပ်မလဲဆိုတာ ကြည့်နေ”

ရှီမာယူယူသည် အော်ရင်းနှင့် သူ့ကိုလက်နှစ်ဖက်ဖြင့်ညစ်လိုက်သည်။

“ညီမက ဒုက္ခရောက်အောင်လုပ်တယ်ဆိုရင် ဘယ်လိုဒုက္ခပေးမလဲ ဆိုတာ ကြည့်နေ”

ဝူလင်းယူသည် ကုလားထိုင်ပေါ်တွင်ထိုင်ရင်း သူမ အောက်ရောက် သွားလေသည်။

“ယူယူ မင်း ကိုယ့်ကိုစားဖို့ စိတ်မရှည်တော့ဘူးလား မင်းစားချင်ရင် ကိုယ် ဆန္ဒရှိပါတယ် စိတ်မရှည်ဖြစ်ဖို့မလိုပါဘူး” ဝူလင်းယူသည် ရယ်မောရင်း စ,လိုက်သည်။

“….”

ရှီမာယူယူ၏ နဖူးတွင် အနက်ကြောင်းများပေါ်လာသည်။ ဒီလူကြီးက တကယ်ကိုပဲ ဒုက္ခပေးတာပဲ…

သူမ သူ့လည်ပင်းကိုလွှတ်ပြီး ထမည်အပြုတွင် သူက ပြန်ဖမ်းလိုက်ကာ ခါးကိုဖက်ပြီးလှည့်လိုက်သဖြင့် သူမသည် သူ့အောက်ရောက်သွားပြန်သည်။

“….”

လူပေလူတေကြီး…

“မင်းထိချင်ရင် အချိန်မရွေးကိုယ့်ကိုထိလို့ရပါတယ် တင်းခံနေဖို့မလိုပါ ဘူး” ဝူလင်းယူသည် သူမလက်များကိုကိုင်ကာ သူ့ရင်ဘတ်ပေါ်တင်ပြီး ကောက်ကျစ်စွာရယ်လိုက်သည်။

“…..”

ဒါက လူပေလူတေဖြစ်ရုံတင်မဟုတ်တော့ဘူး…

သူမ မျက်လုံးလှန်လိုက်ပြီး သူမ လက်ညာဘက်လက်သည် သူ့ကို ဖက်ပြီး နောက်တစ်ဖက်မှာ လည်ပင်းကိုဖက်ထားပြီး အားအနည်းငယ်သုံး လိုက်သည်နှင့် နှစ်ယောက်သားချက်ချင်းပင် လည်သွားကာ သူ့ကို အောက် တွင်ပြန်ထားလိုက်သည်။

“အစ်ကိုက ညီမစားတာခံချင်ရင် လာလေ ဒါပေမဲ့ ဒီလိုမှဖြစ်မယ် ညီမက အပေါ် အစ်ကိုက အောက်ပဲ” သူမသည် သူ့မျက်နှာပေါ်လက်တင် ရင်း စနောက်ကာပြောလေသည်။

သူမ ရုတ်တရက်ပြောင်းလဲသွားသည်ကို ဝူလင်းယူ မြင်သောအခါ သူမ လက်ကိုလွှတ်ပြီး အိပ်ယာပေါ်တွင်လှဲကာ အခွင့်ကောင်းယူခံရမည့်ပုံစံဖြင့် မျက်လုံးမှိတ်ကာ ပြောလေသည် “လုပ်လေ”

သိပ်မဝေးသောနေရာတွင် ကစားနေသော ဟိန်းသံလေးသည် ထို အဖြစ်ကိုမြင်သောအခါ သူ၏ ခြေသေးသေးလေးများဖြင့် မျက်လုံးကို ကာ, ကာအော်လေသည်။ “မကောင်းတာကို မမြင် မကောင်းတာကို မကြား မကောင်းတာကို မပြော… ငါဘာမှမမြင်ဘူး ငါဘာမှမမြင်ဘူး”

တခြားဝိညာဉ်သားရဲများသည် သူအော်နေသည့်နေရာကို ကြည့်လိုက် ရာ သူတို့နှစ်ယောက် ထပ်ပြီးလှဲနေသည်ကို မြင်သောအခါ အားလုံး ကြက် သေသေသွားကြတော့သည်။

“အဟွတ် အဟွတ် မင်းတို့အဲလိုလုပ်ချင်ရင် ငါတို့ဘာမှမမြင်ချင်ယောင် ဆောင်ပေးပါမယ် မင်းတို့ဆက်လုပ်ကြပါ ဆက်လုပ်ကြ” ရာဟွောင်သည် ဟိန်းသံလေးလို မျက်လုံးကို လက်ဖြင့်ကာလေသည်။ သို့သော် သူ့ လက်ချောင်းကြားမှာ ကျယ်လွန်းသဖြင့် မျက်လုံးများက ပြူးထွက်နေသေး သည်။

“ယူယူက အပေါ်မှာနေရတာကြိုက်မယ်လို့ ထင်မထားဘူး” ဟိန်းသံထောင်ချီသည် သက်ပြင်းချကာ ခေါင်းရမ်းလိုက်သည်။

“ဘာများထူးဆန်းလို့လဲ ငါတို့က သန်မာပြီးအားကောင်းနေတာ အပေါ် မှာနေတာ ပုံမှန်ကိစ္စပဲ ယောက်ျားလေးက အပေါ်မှာနေရမယ်လို့ ဘယ် စည်းမျဉ်းမှမရှိဘူး” ရှောင်ချီ မဲ့ပြုံးပြုံးလိုက်သည်။

“ဟုတ်တယ် ဒါပေမဲ့ သူတို့က လှုပ်လည်းမလှုပ်ကြဘူး ဆက်လုပ်မှာ လား မလုပ်ဘူးလား”

“မသိဘူးလေ ငါတို့ရှိနေလို့ သူတို့ရှက်နေလို့နေမှာပေါ့”

“ဖြစ်နိုင်တယ်”

“မင်းတို့ထွက်သွားမယ်လို့်ပြောနေတာမဟုတ်ဘူးလား ဒီမှာဘာလို့ ရှိနေသေးတာလဲ မင်းတို့ဒီမှာရှိနေရင် ယူယူရှက်မှာပေါ့” ဟိန်းသံလေးသည် အရှက်မရှိပြောလေသည်။

ထိုသို့ပြောလိုက်သည်နှင့် သားရဲများအားလုံး ရန်ဖြစ်ကြလေသည်။ အထူးသဖြင့် အရှက်မရှိသော ဟိန်းသံလေးပင်။

ရှီမာယူူယူသည် ဝူလင်းယူအပေါ်မှ ထလိုက်သည်။ အစပိုင်းတွင် သူမ သည် စနောက်ရုံသာဖြစ်ကာ ထိုကောင်လေးမှပါလာသဖြင့် သူမ စနောက် ချင်စိတ်မရှိတော့ပေ။

ဝူလင်းယူ အိပ်ယာပေါ်တွင် လှဲနေသေးသည်ကို ကြည့်ပြီး သူမ သူ့ကို မျက်စောင်းထိုးကာ ပြောလိုက်သည် “ဒီမှာဘယ်လောက်ကြာအောင် လှဲနေ ဦးမှာလဲ”

“မင်း သဘောတူတဲ့အထိ” ဝူလင်းယူသည် ကလူသော အကြည့်ဖြင့် သူ့ကိုကြည့်လိုက်သည်။

“ဒါဆိုရင်လည်း ဒီမှာဆက်လှဲနေလိုက်တော့” သူမ ပြောပြီးသည်နှင့် သူ့ နားမှဖြတ်ကာ ထွက်သွားမည်ပြုသည်။ သို့သော် ခုံတန်းရှည်မှဖြတ်သွားသည် နှင့် အတွေးတစ်ချက်တွေးလိုက်သည်နှင့်ပင် ခုံသည် ပြာဖြစ်သွားလေသည်။

သို့သော် ဝူလင်းယူသည် ကျမသွားပေ။ နောက်ထပ်ခုံတန်းရှည်တစ်ခု သည် ပေါ်လာကာ သူ့ကို မကျအောင်ထိန်းပေးလိုက်နိုင်သည်။

“ဟင်း” ရှီမာယူယူသည် သူ့ကိုကြည့်ပြီးထွက်သွားလေသည်။

ဝူလင်းယူသည် ခုံတန်းရှည်ပေါ်တွင် လှဲလျောင်းပြီး အသက်သစ်ပင်ရှိ ရာသို့ ကြည့်ကာ အတွေးထဲမြောနေမိသည်။

ရှီမာယူယူသည် ဆေးဖော်ခန်းသို့သွားကာ ဆေးတချို့လုပ်ပြီးနောက် ဝူလင်းယူဆီသို့ပြန်လာသည်။

“ပြန်လာာတဒီလောက်မြန်လား” ဝူလင်းယူ၏ လက်တစ်ဖက်သည် ခေါင်းကို ထောက်ထားကာ နောက်တစ်ဖက်သည် ရှီမာယူယူထိုင်ရန် သူ့ဘေး မှနေရာသို့ ပုတ်ပြလေသည်။

ရှီမာယူယူသည် ထိုင်လိုက်ပြီး သူ့ရှေ့တွင် ဆေးထားလိုက်သည်။

“တစ်နေ့တစ်လုံးသောက်ရမယ် အချိန်မှန်သောက်ရမယ်နော် အစ်ကို အားပြန်ကောင်းမလာခင်ကို ဒီမှာနေရမယ်” ရှီမာယူယူသည် အမိန့်ပေးလေ သည်။

ဝူလင်းယူ ရယ်မောလိုက်သည်။ သူတို့သည် စောနကပင် ရှုပ်ထွေးသွား ခဲ့ရာ ထိုအခွင့်အရေးကိုယူပြီး သူ့သွေးခုန်နှုန်းကို စမ်းလိုက်သည်နှင့်မတူပေ။ သူမ သည်လောက်မြန်မြန် အငိုက်ဖမ်းလိုက်မည်ဟု သူ မထင်ထားခဲ့ပေ။

သတိမေ့မြောနေသမျှ ကာလပတ်လုံး သူသည် အားနည်းလာခဲ့သည်။ သူ၏ ဝိညာဉ်စွမ်းအားသည် ခွန်အားကို များစွာလျော့နည်းစေသည်။

သူသည် ဆေးသိမ်းပြီး ပြောလိုက်သည် “ဒါပေမဲ့ ကိုယ် အပြင်မှာ မင်း ကိုအဖော်လုပ်ပေးချင်သေးတယ်”

“မရဘူး” ရှီမာယူယူသည် တိုက်ရိုက်ပင်ငြင်းဆန်လေသည် “ညီမပြော ပြီးပြီလေ အားပြန်မပြည့်ခင်ကို ဒီမှာနေရမယ်”

“နည်းနည်းလောက် လျော့ပေး” သူသည် သူမ ခါးကိုဖက်လိုက်သည်။

ရှီမာယူယူသည် ခန္ဓာကိုယ်ကို လှည့်လိုက်ကာ သူ့နဖူးကိုထောက်ပြီး ပြောလိုက်သည် “လိမ္မာတယ် ညီမအခုအပြင်ထွက်ရတော့မယ် ဒီမှာနေပြီး နလန်ထူထားနော် အပြင်မှာ ညီမကိုအဖော်လုပ်ပေးချင်ရင် အားမြန်မြန်ပြည့် မှရမယ်”

သူမ ပြောပြီးသည်နှင့် တကယ်ပင် ထထွက်သွားလေသည်။ သူ တစ်ယောက်တည်း ကျောက်စိမ်းပုလင်းကို ကြည့်ပြီး အတွေးထဲမြောကာ ကျန်ခဲ့လေသည်။

***

All Chapters