မိန်းကလေးတွေအတွက် အန္တရာယ်များတဲ့ နယ်မြေ
Vol. 83 Ch. 1156
ရှီမာယူယူသည် ဝူလင်းယူကို ထားခဲ့ပြီး ရှောင်ချီနှင့် တခြားသူများကို ခေါ်ပြီးထွက်ခဲ့သည်။
ဒိဝူအီသည် တစ္ဆေမျိုးနွယ်ကို ခြေရာခံနိုင်မည့် ပစ္စည်းတစ်ခုကို ပေးခဲ့ သည်။ ထိုပစ္စည်းသည် ဒိကျဲ့၏တည်နေရာကို မပြနိုင်သော်လည်း အနည်းဆုံး တော့ သူ့ကိုရှာရမည့်နေရာကို ပြပေးနိုင်သည်။
သို့သော် သူမသည် ဒိကျဲ့ကိုရှာနေသည့်အချိန်တွင် တခြားသူများ လည်း သူမကိုရှာနေကြသည်။
ယွိဒူကိုသတ်ပြီး ၁၀ရက်ကြာမှပင် သူမကိုသတ်ရန်လာသည့် လူအုပ် နှစ်စုကိုတွေ့လေသည်။
ထိုနေ့က သူတို့အလောတကြီးဖြစ်ကော တောင်တန်းဆီသို့သွားချိန် တွင် ရုတ်တရက်ကောင်းကင်မှာပြောင်းသွားပြီး တိမ်မည်းများ လွှင့်လာသည်။
ထို့နောက်တွင် သူတို့ခန္ဓာကိုယ်မှ အနက်ရောင်မီးခိုးများ ထွက်လာ သည်။
“လာပြန်ပြီ” ရှောင်ချီသည် မပျော်ရွှင်သော မျက်နှာထားဖြစ်သွားသည်။ အံ့သြစရာကောင်းသည်မှာ ပန်းလေးနှင့် အိမ်မက်လေးတို့သည် ထိုအရာကို ကောင်းကောင်းကိုင်တွယ်နိုင်မည်ဟု ပြသခဲ့သဖြင့် သူမအတွက် ရှုံးနိမ့်သည် ဟု ခံစားရသည်။
“ကြည့်ရတာ ဒိဝူအီပြောတာမှန်နေတယ် တစ္ဆေမျိုးနွယ်က ငါတို့ကို နောက်ဆုံးထိလိုက်နေမှာပဲ” ရှီမာယူယူသည် အားလုံးကိုခေါ်ကာ တောင်ထိပ် မှဆင်းလာပြီး ထိုတစ္ဆေမြူခိုးများကိုကြည့်လိုက်သည်။ သူတို့သည် စိုးရိမ်ခြင်း ကြောက်ရွံ့ခြင်းများ လုံးဝရှိမနေပေ။
“ငှက်ပေါက်စ လှည့်ပတ်ကြည့်ပြီးတော့ သူတို့လာသမျှကိုသာ သတ် လိုက်” ရှောင်ချီ ပြောလေသည်။
“ငှက်ပေါက် ပြဿနာပေးမိတဲ့အတွက် တောင်းပန်ပါတယ်” ရှီမာယူယူ သည် ငှက်ပေါက်စကို ဆင့်ခေါ်လိုက်သည်။ ငှက်ပေါက်စသည် အမှောင် ပစ္စည်းများကို မီးမြှိုက်ရသည်ကို နှစ်သက်သည်။ ထိုအကောင်များကိုကြည့် ရင်း စိတ်ပျော်လာကာ ငှက်ပေါက်စသည် အတောင်ပံခတ်ပြီး ထိုအမည်း ရောင် မီးခိုးများကို စတင်လောင်မြိုက်လေသည်။
“အာ….”
“အာ….”
အော်ဟစ်သံများကြောင့် အနက်ရောင်မီးခိုးများ တစ်ခုပြီးတစ်ခု လျင်မြန်စွာဆုတ်ခွာ သွားခဲ့ပြီး တစ္ဆေမျိုးနွယ်အဖြစ်ပြောင်းသွားသော်လည်း အများစုမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားလေသည်။
“အနက်ရောင်မီးခိုးက အသွင်ပြောင်းလိုက်တာ လူပုံဖြစ်သွားမယ်လို့ မထင်မိဘူး တစ္ဆေမျိုးနွယ်ရဲ့ ကျင့်ကြံမှုက တကယ်မိုက်တာပဲ” ရှီမာယူယူ ပြောလိုက်သည်။
“ဘာတွေများမိုက်လို့လဲ ယူယူလည်း တစ္ဆေမျိုးနွယ်ရဲ့ နည်းလမ်းကို ကျင့်ကြံတာအောင်မြင်သွားရင် ယူယူလည်းလုပ်နိုင်မှာပဲကို” အိမ်မက်လေး ပြောလေသည်။
“မင်း ဒါတွေအကုန်သိတာလား”
“ယူယူသာ မှတ်ဉာဏ်တွေပြန်ခေါ်နိုင်ရင် မျိုးရိုးကရှိနေမှာပဲလေ” အိမ်မက်လေး ဆက်ပြောလေသည် “လုပ်လိုက် အိမ်မက်လေးတို့လည်း တစ္ဆေနဲ့ နတ်ဆိုးလောကမှာ ရောသုံးကြတယ်”
“ဟုတ်လား ဒါဆို ငါစမ်းကြည့်မှပဲ” ရှီမာယူယူသည် စိတ်ဝင်စားမိသွား သည်။
“အခုက အမှောင်အရည်အချင်းကိုတောင် ထိလို့မရသေးတာ တကယ် လို့ ယူယူသာ မတော်တဆပေါက်ကွဲသွားရင် ဘယ်သွားရှာရမှာလဲ တစ္ဆေ လောကမှာ အိမ်မက်လေးကလိုက်ရှာချင်ရင်တောင် ရှာမရတော့အထိ ယူယူ့ ရဲ့ဝိညာဉ်လည်း ပေါက်ကွဲသွားမှာသေချာတယ်”
“…..”
ရှီမာယူယူသည် အိမ်မက်လေးကိုကြည့်လိုက်သည်။ သူမသည် ဟိန်းသံလေး၏ လွှမ်းမိုးမှုကို ဆိုးဆိုးဝါးဝါးခံနေရကာ သူမ မှတ်ဉာဏ်များ ပြန်ရလာသည်မှစ၍ ပိုပြီး မသိမ်မွေ့တော့ပေ။
အိမ်မက်လေး ထိုသို့ပြောရာ သူမ ဂရုမစိုက်တော့ရန် ဆုံးဖြတ်လိုက် သည်။
ငှက်ပေါက်စသည် တစ္ဆေမျိုးနွယ်ဝင်များကို မီးရှို့နေသည်ကို သူမ မျက်တောင်မခတ်ကြည့်ခဲ့သည်။ ထို့အပြင် ထိုလူများသည် သူမကို သတ်ချင် နေသည်။ ထို့ကြောင့် အသတ်ခံရမည်ကိုလည်း ပြင်ဆင်ထားသင့်သည်။
ကောင်းကင်မှ အမှောင်တိမ်တိုက်များသည် တစ္ဆေမျိုးနွယ်ဝင်များအဖြစ် ပြောင်းသွားကာ ငှက်ပေါက်စသည် မိုးပေါ်သို့ပျံသွားပြီး သူ မထိလိုက်ခင်တွင် ပင် ပျောက်ကွယ်သွားကာ တစ္ဆေမျိုးနွယ်ဝင်လူအဖြစ်ပြောင်းပြီး ထွက်ပြေးကြ လေသည်။
ဒီလူက တကယ်ကို အံ့သြလောက်စရာပဲ။ သူတို့က သူ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး။
ရှီမာယူယူသည် သူတို့နောက်မလိုက်ပေ။ သူတို့ကို သတင်းဖြန့်ခွင့်ပြု လိုက်ကာ ခြိမ်းခြောက်ထားရမည်။ မဟုတ်လျှင် ထိုတစ္ဆေမျိုးနွယ်ဝင်များနှင့် တစ်ချိန်လုံး ဆက်ဆံနေရပါက သူမ ဒေါသထွက်လို့သေရလိမ့်မည်။
“အခုကို အဖွဲ့သုံးဖွဲ့ရှိနေပြီ ဒီအတိုင်းသာဆက်သွားရင် စိတ်တိုရလို့ပဲ သေလိမ့်မယ်” ရှောင်ချီ ပြောလေသည်။
“တကယ်ပဲ ဒေါသထွက်စရာပဲ” ရှီမာယူယူ ဆက်ပြောလိုက်သည် “ဒါဆိုရင် ငါတို့တစ်ခုခုတော့လုပ်ရတော့မယ်”
“အင်း နည်းလမ်းစဉ်းစားရအောင်” အိမ်မက်လေးနှင့် တခြားသူများ သဘောတူလေသည်။
သို့သော်လျင်မြန်စွာပင် ထိုအကြံပြုချက်ကို နောင်တရကြလေသည်။ အကြောင်းမှာ ရှီမာယူယူ၏ အကြံမှာ သူမ အသွင်အပြင်ကိုပြောင်းရန်ဖြစ် သည်။ သူမ မူလရုပ်ပေါ်နိုင်သဖြင့် ပန်းလေး အိမ်မက်လေး ရှောင်ချီတို့ကို မထွက်ခိုင်းဘဲ ဝိညာဉ်စေတီအတွင်း၌သာ နေခိုင်းထားသည်။ ဟာစွန်ပင်လျှင် ရုပ်ဖျက်ကာ အတောင်ပံလေးခုဂဠုန်နှင့်လဲလိုက်သည်။
သူမ ထွက်လာလျှင် သူမကို မည်သူမှ မမှတ်မိနိုင်ပေ။ ထိုတစ္ဆေမျိုးနွယ် ဝင်များသည် သူမ အပြင်ပိုင်းပုံစံကိုသာသိသဖြင့် သူမ ရုပ်ဖျက်လိုက် သောအခါ သူမကို မသိနိုင်တော့ပေ။
ဒိကျဲ့နှင့် တခြားသူများသည် အလောတကြီးသွားနေကြလား မသိပေ။ သူမ အချိန်အတန်ကြာသည်အထိ မမှီပေ။ သူတို့သည် ရတနာရှာရန် မရပ်ဘဲ ရှေ့ကိုသာ ဆက်တိုက်သွားနေသည့်ပုံပေါက်သည်။
သူတို့ ဘာတွေများရှာနေတာလဲ။
သူမသည် သူတို့နောက်ကို လအနည်းငယ်ကြာအောင်လိုက်ရသည်။ သူတို့ကိုမှီလုနီးနီးဖြစ်မည့်အချိန်တိုင်းတွင် သူတို့၏ အနံ့မှာ ရုတ်တရက် ပျောက်သွားသည်။
ရှီမာယူယူသည် တုံ့ပြန်မှုမရှိသော အမှောင်လက်နက်ကိုကြည့်လိုက် သည်။ သူမ မတတ်နိုင်တော့ပေ… အမှောင်လက်နက်၏ တုံ့ပြန်မှု အစောပိုင်း က ပြင်းထန်လာသည်မှာ သူတို့သည် အနီးအနားတွင်ရှိသည်ဟု ဆိုလိုသည်။ ဒါပေမဲ့ ဘာလို့ရုတ်တရက်ကြီး ထပ်ပျောက်သွားပြန်ရတာလဲ။
သူမ အနီးအနားသို့ပတ်လျှောက်ကာ ကီလိုမီတာ တစ်သောင်းဝန်းကျင် ကိုရှာကြည့်လေသည်။ သို့သော် ပုံမှန်မဟုတ်သည့်အရာ သို့မဟုတ် တစ္ဆေ မျိုးနွယ်၏ အနံ့အသက် တစ်ခုမှရှာမတွေ့ပေ။
ရုတ်တရက်ပင် လေဟာပြင်တွင် လှုပ်ရှားမှုကိုခံစားမိသဖြင့် ခေါင်းမော့ လိုက်ရာ လူတစ်စုသည် ထိုအထဲမှ ကျလာလေသည်။
“အာ…”
“နာလိုက်တာ”
“မင်း ငါ့ပေါ်ကျလာတယ် မြန်မြန်ထ”
“မင်းက ငါ့မျက်နှာပေါ်မှာ မင်းဖင်ကြီးကိုဖယ်စမ်း”
“….”
ရှီမာယူယူသည် အဝေးတွင် တစ်ယောက်တည်းရပ်နေကာ ရုတ်တရက် ဖြစ်သွားသော ထိုမြင်ကွင်းကိုကြည့်နေလိုက်သည်။ သူမ သံသယဖြစ်သွား သည်။ အထူးသဖြင့် ထိုလူများရှိရာသို့ အနီးကပ်သွားကြည့်ချိန်တွင်ဖြစ်သည်။
ရှီမာယိဖေးသည် မြေပေါ်မှထကာ ပြောလိုက်သည် “ဘယ်လိုနေကြလဲ လူစုံရဲ့လား”
“ချီချီနဲ့ ယိယွမ်အပြင် အကုန်ဒီမှာရှိတယ်” တစ်ယောက်က ပြန်ဖြေလေ သည်။
“ဒီလိုဖြစ်မယ်လို့ထင်မထားဘူး မြန်မြန် အကြီးအကဲကို သတင်းပို့လိုက်”
“အကြီးအကဲက ခဏလေးပဲထွက်သွားတုန်း အဲလူက ချီချီနဲ့ ယိယွမ်ကို ဖမ်းလိုက်တာလေ ငါတို့တည်ဆောက်မှုသုံးပြီး ထွက်မပြေးရင် ငါတို့လည်း သေမှာပဲ”
“အကြီးအကဲနဲ့ ဦးလေးတို့ရှိရင်တောင် သူတို့ကို မနိုင်နိုင်ဘူး အဲလူက မိန်းကလေးတွေအများကြီးကို သတ်ထားတာ ချီချီနဲ့ ယိယွမ်တို့ အသက်ရှင်ဖို့ အခွင့်အရေးနည်းတယ်”
ရှီမာယူယူသည် အစပိုင်းတွင် သူတို့ကို မခေါ်မပြောချင်ပေ။ သို့သော် သူတို့ပြောစကားကိုကြားသောအခါ သူမ ခြေထောက်များသည် မြေကြီးနှင့် ကပ်သွားသည်။
ရှီမာချီချီနဲ့ ရှီမာယိယွမ်တို့က အဖမ်းခံလိုက်ရတာလား။ ဘယ်သူက ဖမ်းသွားတာလဲ။
“မိန်းကလေး ဒီမှာဘာလို့တစ်ယောက်တည်းရှိနေတာလဲ” ရှီမာယိဖေး သည် ရှီမာယူယူကိုမြင်သောအခါ ပြောလေသည် “ဒီနယ်မြေက မိန်းကလေး တွေအတွက် အန္တရာယ်များတယ်ဆိုတာ သိလား ဒီမှာဘာလို့ လှည့်ပတ်သွား နေတာလဲ ဒီနေရာကနေမြန်မြန်ထွက်သွားတော့”
ရှီမာယူယူသည် ရှီမာယိဖေး၏ စိုးရိမ်နေသောမျက်နှာကိုမြင်သောအခါ ထိုကိစ္စသည် ကြီးမားသည်ကိုသိလိုက်ရသည်။
သူတို့သည် ရှီမာမျိုးနွယ်နာမည်တူနေသည့်အပြင် ရှီမာလွီဖန်နှင့် ရှီမာလွီယွင်တို့၏ သတိပေးမှုကို စဉ်းစားလိုက်ရာ သူမသည် ထိုကိစ္စကို ပစ်မထားနိုင်တော့ပေ။
သူမ လျှောက်သွားပြီး ပြောလိုက်သည် “ဒီမှာဘာတွေဖြစ်နေတာလဲ”
“မင်းမသိဘူးလား” ရှီမာယိဖေးသည် သူမအား တအံ့တသြကြည့်လေ သည်။ “မကြာခင်ကပဲ ဒီနေရာမှာ စံတင်တစ်ယောက်ရှိတယ် သူက လှည့်ပတ်သွားပြီး မိန်းကလေးတွေကိုဖမ်းနေတာ သူဖမ်းတာခံရတဲ့သူတွေက အဝတ်တွေစုတ်ဖြဲပြီး အလောင်းတွေကိုပဲတွေ့တယ် မင်းဒီမှာ တစ်ယောက် တည်းဘာလို့ရှိနေတာလဲ ဒီနေရာကနေဖြစ်နိုင်သလောက် မြန်မြန်ထွက်သွား တော့”
“စံတင်တစ်ယောက်ဟုတ်ာလး” ရှီမာယူယူ ရေရွှတ်လိုက်သည်။ အမှန်သာထိုကဲ့သို့ဖြစ်ရင် ရှီမာယိယွမ်နဲ့ ရှီမာချီချီတို့ အန္တရာယ်များနေပြီ မဟုတ်ဘူးလား။
“ဟုတ်တယ် မင်းဒီကနေထွက်သွားသင့်တယ်”
“ရှင်တို့အဖွဲ့ထဲက မိန်းကလေးနှစ်ယောက်အဖမ်းခံလိုက်ရတယ်လို့ ကြားတယ်” ရှီမာယူယူ မေးလိုက်သည်။
“ဟုတ်တယ် ငါတို့ သူတို့ကိုမြန်မြန်ကယ်ရမယ် မဟုတ်ရင် သူတို့ အန္တရာယ်များတယ်”
“ကျွန်မက ရှီယူပါ ကျွန်မကူညီနိုင်တာများရှိမလား” ရှီမာယူယူ ပြောလိုက်သည်နှင့် ပျံတက်သွားပြီး လျှောက်လာသော ရှီမာယိဖေနှင့် ရှီမာရှင်းရှုံတို့ကို မျက်စိမှိတ်ပြလိုက်သည်။
***