← Chapters

ဖားပြုတ်နှစ်ကောင်

Vol. 83 Ch. 1157

ဖားပြုတ်နှစ်ကောင်

Vol. 83 Ch. 1157

ရှီမာယိဖေးနှင့် ရှီမာရှင်းရှုံတို့သည် မျက်လုံးများပြူးကျယ်ကာ ရှီမာယူယူ အား အလန့်တကြားစိုက်ကြည့်ကြလေသည်။ သို့သော် သူတို့အနောက်မှ ရှီမာမိသားစုသည် သူတို့၏ မျက်နှာအမူအရာကို မမြင်လိုက်ကြရပေ။

“ရှီ ရှီ ရှီ…ယူလား” ရှီမာယိဖေးသည် အံ့သြသွားလေသည်။

“မင်းတို့ ငါ့ကိုမမှတ်မိဖို့မျှော်လင့်ထားတာကို မင်းတို့ကလုံးဝ မမှတ်မိတဲ့ ပုံပဲ ငါတို့ တိမ်ပင်လယ်မြို့မှာတွေ့ခဲ့ကြတယ်လေ အဲကတည်းက ရှီယူလို့ ပြောပြီးသားပဲ” ရှီမာယူယူ ပြောလိုက်သည်။

“သြော မင်းပဲ မှတ်မိသွားပြီ” ရှီမာရှင်းရှုံ ဆက်ပြောလေသည် “မိန်းကလေးရှီယူ မင်းလည်း ထာဝရရှင်သန်သူနယ်မြေကိုလာတာပဲ”

“ဟုတ်တယ်” ရှီမာယူယူသည် ရှီမာရှင်းရှုံ၏ တုံ့ပြန်မှုကို ကျေနပ်ကာ ပြုံးပြီး ပြောလိုက်သည် “တိမ်ပင်လယ်မြို့မှာတုန်းက ချီချီနဲ့ ငါနဲ့က တပူးပူး တတွဲတွဲပဲလေ သူတို့အဖမ်းခံလိုက်ရတယ်လို့ ပြောလိုက်တာလား”

သူတို့ စံတင်အကြောင်းပြောလိုက်သည်နှင့် စိုးရိမ်မှုများပြန်ဖြစ်လာ သည်။

“ဟုတ်တယ် ငါတို့သာ မြန်မြန်မပြေးလိုက်ရင် မျိုးနွယ်ထဲက တခြား မိန်းကလေးတွေလည်း အဖမ်းခံရလောက်ပြီ” ရှီမာရှင်းရှုံ ဆက်ပြောလေ သည် “ငါတို့ ဦးလေးလျူဖန်ကို မြန်မြန်သတင်းပို့ရမယ် မဟုတ်ရင်…”

“ယိဖေး ရှင်းရှုံ ချီချီတို့ကိုကယ်ရမယ့်ကိစ္စကို ဘာလို့တခြားသူတွေကို သွားပြောပြနေတာလဲ” တင်းတိပ်ရှိသော မိန်းကလေးတစ်ယောက်သည် သူတို့နှစ်ယောက်ကို အော်လိုက်လေသည်။

ရှီမာယူယူသည် ထိုမိန်းကလေးကို ကြည့်လိုက်သည်။ သည်ကမ္ဘာတွင် ကျင့်ကြံမှုကြောင့် အသားအရည်များမှာ ကောင်းကြသည်။ ယခုလို အခြေအနေသည် ရှားပါးသည်။

ထိုမိန်းကလေးသည် ရှီမာယူယူ စဉ်းစားနေသည်ကို သိသည့်ပုံပေါ်ကာ သူမအား စိုက်ကြည့်ပြီးအော်လေသည် “ဘာတွေကြည့်နေတာလဲ ဆက်ကြည့်နေမယ်ဆိုရင် မင်းမျက်လုံးကို ထုတ်ပစ်မယ်”

“….”

ရှီမာယူယူသည် ဒေါသထွက်သွားကာ သူမကို ပြန်ပြောမည်အပြုတွင် ရှီမာရှင်းရှုံမှ တားလိုက်လေသည် “ဒါက မျိုးနွယ်ရဲ့ သမီးအကြီး ရှီမာဖေးအာ ပဲ”

ဆိုလိုသည်မှာ မျိုးနွယ်အတွင်းတွင် သူမ ရာထူးမှာမြင့်သဖြင့် စိတ်ထဲ မထားရန်ပြောခြင်းဖြစ်သည်။

ရှီမာယူယူသည် သူတို့နှစ်ယောက်လုံးကို ကြည့်လိုက်ရာ နှစ်ယောက် လုံးသည် ရှီမာဖေးအာနှင့် တိုက်ခိုက်မည်ကို စိုးရိမ်နေသည့်ပုံဖြစ်နေသဖြင့် သူမ ပခုံးတွန့်ကာ ပြောလိုက်သည် “မစိုးရိမ်ပါနဲ့ ငါက ခွေးကိုပြန်မကိုက်တတ် ဘူး”

ထိုအချိန်တွင် ရှီမာဖေးအာသည် လှည့်ထွက်သွားပြီး တခြားသူများနှင့် စကားပြောနေသဖြင့် သူမ ပြောသည်ကို သတိမထားမိလိုက်ပေ။ မဟုတ် လျှင် သူတို့နှစ်ယောက်လုံးသည် ထိုနေရာတွင်ပင် သေချာပေါက် တိုက်ခိုက် ကြလိမ့်မည်။

ထိုအခိုက်တွင် လူနှစ်ယောက်လျှောက်လာပြီး တစ်ယောက်သည် ပိန်ပိန်ပါးပါးဖြစ်ကာ နောက်တစ်ယောက်သည် ပုပုဝဝနှင့်ဖြစ်သည်။ ရုပ်မြင်သံကြား အစီအစဉ်ထဲကလိုပင် လူဝကြီးနှင့် လူပိန်တွဲဖက်ဖြစ်နေသကဲ့ သို့ပင်။

ထိုပိန်ပါးသောလူမျသည် သူမဆီသို့လှောက်လာပြီး မေးလေသည် “ယိဖေး ရှင်းရှုံ မင်းတို့ဘာတွေပြောနေကြတာလဲ ဒီမိန်းကလေးက ဘယ်သူ လဲ”

သူတို့နှစ်ယောက်လုံးသည် ရှီမာယိဖေးကိုပြောနေသော်လည်း အကြည့်များမှာ ရှီမာယူယူအပေါ်တွင်ရှိကာ ထိုတဏှာအကြည့်များသည် သူမကို သက်တောင့်သက်သာမဖြစ်စေပေ။

“ဒါက ငါတို့သူငယ်ချင်းပဲ သွားလိုက်တော့ နှစ်ယောက်လုံး ဟာသတွေ လာမလုပ်နဲ့” ရှီမာရှင်းရှုံသည် မျက်နှာထားတည်ထားကာ ပြောလေသည်။

“ဒီလောက်လှတဲ့မိန်းကလေးကို ငါတို့မဟုတ်ဘဲ မင်းတို့ကဘယ်လိုသိ တာလဲ မင်္ဂလာပါ မိန်းကလေး ငါက ရှီမာမျိုးနွယ်ရဲ့ သခင်လေး၁ ရှီမာဂေါင်ရှီ ပါ အခုအန္တရာယ်အရမ်းများတယ် တစ်ယောက်တည်းမသွားနဲ့ ငါတို့နဲ့လိုက်ခဲ့ ပါလား ကာကွယ်ပေးပါရစေ” ရှီမာဂေါင်ရှီ ပြောလေသည်။

“ဟုတ်တယ် ဟုတ်တယ် တစ်ယောက်တည်းဆိုအန္တရာယ်မများဘူး လား မင်းကိုကာကွယ်ပေးပါရစေ” ဝဝပုပုနှင့် ရှီမာဂေါင်စစ် ပြောလေသည်။

ရှီမာယူယူသည် သူတို့ကို စောင်းကြည့်ကာ ပြောလေသည် “မင်းတို့က ငါ့ကိုကာကွယ်မလို့လား”

“ဒါပေါ့” ရှီမာဂေါင်ရှီသည် သူ့ရင်ဘတ်ကိုပုတ်ပြီး ကြေညာလေသည်။

“တကယ်လား”

“အသေအချာပဲ”

“ဒါဆိုရင် ချီချီနဲ့ ယိယွမ်ကို ဘာလို့မကာကွယ်နိုင်တာလဲ မင်းတို့သာ သန်မာရင် သူတို့က ဘာလို့အဖမ်းခံလိုက်ရတာလဲ” ရှီမာယူယူ မေးလိုက် သည်။

“အာ…” ရှီမာဂေါင်ရှီသည် ရှီမာယူယူ ထိုမျှလောက်တည့်တိုးပြောမည် ဟု ထင်မထားသဖြင့် ကြက်သေသေသွားကြလေသည်။

“ပြီးတော့ စံတင်တစ်ယောက်လေ… ငါတို့မတိုက်နိုင်ဘူး” ရှီမာဂေါင်ရှီ ပြောလေသည်။

“မင်းတို့က မင်းတို့မျိုးနွယ်ဝင်ကိုတောင်မကာကွယ်နိုင်တာ ငါ့ကို ကာကွယ်ပေးမယ်ဆိုတာကို ဘယ်လိုလုပ်ယုံရမှာလဲ” ရှီမာယူယူသည် ပြုံးစစ ဖြင့်ပြောလေသည်။

“အင်…” သူတို့နှစ်ယောက်လုံးသည် တစ်ချိန်တည်းပြောမည်အပြုတွင် ရှီမာဂေါင်စစ်သည် တုံ့ပြန်မှုမြန်ဆန်ကာ ပြောလေသည် “ငါ့အမြင်အရတော့ လူများရင် ပိုပြီးလုံခြုံနိုင်တယ်”

ရှီမာယူယူ ခေါင်းညိတ်ကာ ပြောလိုက်သည် “အမှန်ပဲ”

“ပြောရင်းနဲ့ မိန်းကလေး ငါတို့နဲ့လိုက်ဖို့ ဆန္ဒရှိလား” ရှီမာဂေါင်ရှီ မေး လိုက်သည်။

“မင်းတို့နောက်တော့ လိုက်ဖို့ဆန္ဒမရှိဘူး ဒါပေမဲ့ သူတို့နောက်ဆိုရင် တော့ လိုက်မယ်” ရှီမာယူယူ သူတို့ကိုလျစ်လျူရှုကာ ရှီမာယိဖေးတို့ဘက် လှည့်ကာ ပြောလိုက်သည် “ယိဖေး စံတင်အကြောင်းပြောပြပါဦး”

“ဘယ်အင်အားစုက စံတင်လည်းတော့မသိဘူး သူ့ကိုတစ်ခါမှမမြင်ဖူး ဘူး” ရှီမာယိဖေး ဆက်ပြောလေသည် “မကြာခင်ကပဲ သူ မိန်းကလေးတွေကို ဖမ်းလို့ သူက မိန်းကလေးတွေကို စတေးပြီး နတ်ဆိုးကျင့်စဉ်တွေ ကျင့်နေတာ ဖြစ်မယ်လို့ ဦးလေး လွီဖန် ပြောနေသေးတယ် အဲတော့ မိန်းကလေးတွေကို ဒီလိုပုံစံနဲ့တွေ့ရတော့တာပဲ”

“အဲလူမှာ ထူးခြားတဲ့နေရာရှိလား သူ့ပုံစံကဘယ်လိုပုံစံလဲ” ရှီမာယူယူ မေးလိုက်သည်။

“သူ့ဘယ်ဘက်မျက်နှာမှာ အနာရွတ်ရှိတယ် မျက်လုံးထောင့်ကနေ နှုတ်ခမ်းထောင့်အထိပဲ” ရှီမာယိဖေးသည် သူ့မျက်နှာပေါ်ဆွဲပြကာ “ပြီးတော့ အဲလူရဲ့ ဆံပင်ကလည်း ရှုပ်ပွနေတာပဲ မုတ်ဆိတ်ကတိုတိုနဲ့ အဝတ်တွေက သူဖုန်းစားလိုပဲ ညစ်ထေထေနဲ့”

ရှီမာယူယူသည် ထိုလူ၏ ပုံပန်းသွင်ပြင်ကိုပုံဖော်ကြည့်ပြီး သူဖုန်းစား ကဲ့သို့လူတစ်ယောက်၏ ဖမ်းဆီးခြင်းကိုခံရမည့် မိန်းကလေးများ၏ စိတ်ကို သူမ အပြည့်အဝနားလည်နိုင်လေသည်။

“အဲလူက ဒီမှာအမြဲရှိနေတာလား” ရှီမာယူယူ ဆက်မေးသည် “ဝင်လာ ကတည်းက အခုထိလေ”

“မဟုတ်ဘူး သူ မကြာခင်ကထွက်ခဲ့သေးတယ်လို့ကြားတယ် လွန်ခဲ့တဲ့ သုံးလ ငါးလလောက်ကပဲ” ရှီမာယိဖေး ဆက်ပြောလေသည် “အစတုန်းက သူက တခြားနေရာကလာတယ်လို့ထင်နေတာ ဒါပေမဲ့ တခြားနေရာမှာ အဲလို မဖြစ်ဖူးဘူးလို့ ပြောကြတယ်”

“ဒါပေမဲ့ အသက်သစ်ပင်ခရိုင်ဘက်မှာရှိတဲ့လူတွေပြောတာတော့ အဲလိုလူကိုမြင်မိကြတယ်တဲ့ သူက တစ်ယောက်တည်းပဲ ဒါပေမဲ့ သူ့အားကို မနိုင်နိုင်ကြဘူး သူဟုတ်မလားတော့ သူတို့လည်းမသေချာကြဘူး” ရှီမာရှင်းရှုံ ထပ်ပေါင်းပြောလေသည်။

“သူက အဲခရိုင်ကလာတာလား” ရှီမာယူယူ ငေးငိုင်သွားသည်။ သူမ ပထမဆုံးစဉ်းစားမိသည်မှာ အဖွဲ့တစ်ဖွဲ့မှ ပြုတ်သွားသည့် စံတင်အဆင့် လူ ကိုပင်ဖြစ်သည်။

ဒါပေမဲ့ အဲလူဆိုရင်တောင် ဒီမိန်းကလေးတွေကို ဖမ်းဖို့ ဘာလို့ဒီအထိ လာရတာလဲ။

“လွီဖန်… သူတို့ရော” ရှီမာယူယူသည် ရှီမာဂေါင်ရှီနှင့် တခြားသူများ ကိုမြင်သည်။ သို့သော် ဦးလေးဆိုသည့် အမည်နာမကို မသုံးချေ။

“ငါတို့ ခရိုင်ကိုရောက်တော့ ဒီမှာတစ်ခုခုဖြစ်နေတယ်ဆိုပြီး အကြီးအကဲ တစ်ယောက်နဲ့ ငါတို့ကိုထားခဲ့တာပဲ ဒါပေမဲ့ အဲဒီအကြီးအကဲက ငါတို့ကို ထွက်ပြေးဖို့အချိန်ဆွဲပေးပြီး အခုလေးတင်ပဲ အသတ်ခံလိုက်ရတယ်”

“ဒီခရိုင်က အန္တရာယ်ရှိတယ်ဆိုရင် သူတို့က ဘာလို့နေနေသးတာလဲ”

“အဲနေရာက အန္တရာယ်များတယ် ငါတို့သွားမယ်ဆိုရင် သူတို့ကို ရှုပ် တာပဲရှိမယ်လို့ပြောတယ်” ရှီမာရှှုင်းရှုံ ဆက်ပြောလေသည် “ပြီးတော့ သူတို့က ငါတို့ကိုဒီကနေထွက်သွားခိုင်းတယ် သူတို့ကကျ စုံစမ်းချင်လို့ ထွက်သွားမဘူး ဒါပေမဲ့ အဲလိုကိစ္စဖြစ်လာမယ်လို့ မထင်ထားဘူး”

ထိုအချိန်တွင် ရှီမာဖေးအာ အော်လေသည် “သူတို့ကို ဆက်သွယ်လို့ မရဘူးလား သူတို့ကိုဆက်သွယ်လို့မရဘူးဆိုတာ ဘာအဓိပ္ပာယ်လဲ ဦးလေး နဲ့တခြားသူတွေကို ဆက်သွယ်ဖို့ရောကြိုးစားကြရဲ့လား”

“သခင်မလေး ဦးလေးအကုန်လုံးကို ဆက်သွယ်ပြီးပြီ ဒါပေမဲ့ တစ်ယောက်မှ မတုံ့ပြန်ဘူး” သားအမိကျောက်တုံး ကိုင်ထားသော လူမှ ပြော လေသည်။

“သခင်မလေး သူတို့ကို ဆက်သွယ်မရရင် ဘာလုပ်ကြမလဲ”

“ဘာလုပ်ရမှာလဲ ငါတို့သေမှာကိုမျှော်လင့်နေတာလား ငါတို့ ဦးလေးတို့ စကားကိုနားထောင်ပြီး ဒီခရိုင်ကနေထွက်သွားရမှာပေါ့” ရှီမာဖေးအာ အော် လေသည်။

***

All Chapters