ရှာတွေ့ခြင်း
Vol. 83 Ch. 1158
“ထွက်သွားမယ်ဟုတ်လား” ရှီမာယိဖေး အော်လိုက်သည် “ငါ့ညီမလေး ကသူ့လက်ထဲမှာပဲရှိသေးတယ် ဒါပေမဲ့ မင်းက ထွက်သွားမယ်လို့ ပြောနေ တယ်”
ရှီမာဖေးအာသည် ရှီမာယိဖေးအား ကြည့်ပြီးပြောလိုက်သည် “ငါတို့ ထွက်မသွားရင် ငါတို့ကျဘယ်လိုဖြစ်မလဲ သူမနဲ့အတူ အကုန်လုံးကို လိုက် သေစေချင်လို့လား ဦးလေးတို့က ထွက်သွားခိုင်းတယ်ဆိုတာ မမေ့ပါနဲ့”
“အကုန်လုံးက မင်းအမှားတွေပဲ” ရှီမာယိဖေးသည် ရှီမာဖန်အာကို လက်ညှိုးထိုးပြီးအော်လေသည် “ငါတို့ကထွက်သွားချင်တာကို မင်းက နေဖို့ ခေါင်းမာနေတာလေ မင်းက တခြားသူတွေကိုလည်း အဖော်နေခိုင်းသေး တယ် မင်းကြောင့်သာမဟုတ်ရင် ဒီလိုအဖြစ်မျိုးဖြစ်မှာမဟုတ်ဘူး”
“အခုမှ ငါ့ကိုအပြစ်တင်နေရင် ဘာလုပ်မှာလဲ” ရှီမာဖေးအာသည်လည်း ပြန်အော်လေသည် “ငါတို့ဒီမှာ မိန်းကလေးတွေအများကြီးရှိသေးတယ် ငါတို့ လည်းအဖမ်းခံရပြီး စတေးလိုက်ရမှာလား”
“မင်းပုံစံနဲ့ ဘယ်သူကမင်းကိုလိုချင်မှာလဲ” ရှီမာယိဖေး ပြောလေသည်။
ရှီမာဖေးအာသည် သူ့စကားကြောင့် ဒေါသထွက်ကာ “မင်း အဲလောက် တတ်နိုင်ရင်လည်း ဒီမှာနေပြီး သူမကိုကယ်လိုက်ပေါ့ ငါတို့ကတော့ ဒီမှာ မနေဘူး”
“မင်း…” ရှီမာယိဖေးသည် သူမကို ရိုက်တော့မည်အပြုတွင် ဘေးတွင် ရှိနေသော ရှီမာရှင်းရှုံမှ တားလိုက်သည်။
“တော်ပြီ ယိဖေး အဲလူရဲ့ အားကဒီလောက်အားကောင်းနေတာ ဒီမှာ နေလည်း အသုံးမဝင်ဘူး” ရှီမာရှင်းရှုံ ဖျောင်းဖျလေသည် “ကြားရတာ နားခါး ပေမဲ့ သူမ ပြောတာမှန်တယ် ဒီမှာ မိန်းကလေးတွေအများကြီးရှိသေးတယ် နေမယ်ဆိုအန္တရာယ်များလိမ့်မယ်”
“ဟင်း” ရှီမာယိဖေးသည် သူ့လက်ကိုပြန်ချကာ ဘေးသို့လှည့်သွား သည်။
သူ့မျက်နှာသည် ဒေါသကြောင့်နီရဲနေပြီး ရှီမာဖေးအာကြောင့် မျက်နှာ မှာ တင်းနေလေသည်။ အခုချိန်တွင် သူမသည် ထွက်ပြေးမည်ပြုပြီး တစ်ကိုယ်ကောင်းဆန်စွာ ထွက်ပြေးရန်ဆုံးဖြတ်ခဲ့သည်။ သူမသာ ပထမ သခင်မလေးသာမဟုတ်လျှက် သူမကို ရိုက်ပြီးနေပြီဖြစ်သည်။
“ဟင်း အနည်းဆုံးတော့ မင်းက အခြေခံသဘောတရားကို နားလည် သားပဲ သွားမယ်” ရှီမာဖေးအာသည် တခြားသူများကိုပြောလိုက်သည်။
အခုချိန်တွင် အကြီးအကဲနှင့် ဦးလေးတို့ထိုနေရာတွင်မရှိသဖြင့် ပထမ သခင်မလေးတစ်ယောက်အနေနှင့် သူမ စကားများသာ အကျုံးဝင်သည်။ သူမ ပြောသည့်စကားကို မည်သူမှမခုခံရဲပေ။
“မင်းတို့သွားချင်ရင် အကုန်လုံးသွားနိုင်တယ် ငါကတော့ ညီမလေးကို မကယ်ရသေးခင် ထွက်မသွားနိုင်ဘူး” ရှီမာယိဖေး ပြောလိုက်သည်။
“ဟင်း ဒီမှာသေရင် ငါတို့ကိုဘာအပြစ်မတင်နဲ့” ရှီမာဖေးအာ ဆက်ပြော လေသည်။ “မင်းရော ရှီမာရှန်းရှုံ သွားမှာလား”
“ငါနေခဲ့မယ်” ရှီမာရှင်းရှုံသည် တွေဝေမှုမရှိပြောလေသည်။
“ဟင်း မင်းတို့တောင်းဆိုတာနော်” ရှီမာဂေါင်ရှီသည် တစ်ကိုယ်ကောင်း ဆန်စွာပြောလေသည်။ ပြီးနောက်တွင် ပြုံးပြီး ရှီမာယူယူ အားပြောလေသည် “မိန်းကလေး ငါတို့်နဲ့သွားသင့်တယ် ဒီကနေထွက်လိုက်ရင် အဲဒီစံတင်ကို စိုးရိမ်ဖို့မလိုဘူး”
“စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေးရှီမာ ဒါပေမဲ့ ကျွန်မက ချီချီနဲ့ ယိယွမ်ရဲ့ လုံခြုံမှုကိုပိုစိတ်ပူပါတယ် အဲဒါကြောင့် သူတို့နဲ့ ဒီမှာနေခဲ့ချင်ပါတယ်” ရှီမာယူယူသည် တင့်တယ်စွာ ငြင်းဆန်လေသည်။
“မရဘူး” ရှီမာဂေါင်စစ်သည် အော်လေသည် “ဒီမိန်းကလေးကတော့ လေ ဒီမှာနေလို့မရဘူး အဲဒီစံတင်က သန်မာတယ် ဒီမှာနေပြီး အဖမ်းခံလိုက် ရရင်တော့…”
“ဟုတ်တယ် ငါတို့နဲ့လိုက်ခဲ့တာကောင်းလိမ့်မယ်”
သူတို့ဘာပဲပြောပြော ရှီမာယူယူသည် ပြုံးပြီး ဘာမှပြန်မပြောပေ။
“နင်တို့နှစ်ယောက်ဒီမှာ ဘာအရူးကွက်တွေလုပ်နေတာလဲ နင်တို့ နှစ်ယောက်လည်းမသွားချင်ရင် ဒီမှာနေခဲ့” ရှီမာဖေးအာသည် ဖြတ်လမ်း တည်ဆောက်မှုကိုပြင်နေပြီဖြစ်ရာ ထိုနှစ်ယောက်မဝင်လျှင် သူတို့ခရီးမှာ ကြန့်ကြာသွားမည်။
ရှီမာဂေါင်ရှီနှင့် ရှီမာဂေါင်စစ်တို့သည် ဘေးနှစ်ဖက်ကိုကြည့်ကာ ရှီမာယူယူ ထွက်သွားမည်ဟု မပြောကာ ရှီမာဖေးအာသည် ဖြတ်လမ်း တည်ဆောက်မှုလည်းပြင်ထားပြီးဖြစ်သဖြင့် မတတ်သာတော့ဘဲ ဖြတ်လမ်း တည်ဆောက်မှုဆီသို့ ပျံသွားလေသည်။
သူတို့သည် မသေချင်ပေ။ အီစီကလီလုပ်ရသည်နှင့်ယှဉ်လျှင် သူတို့ အသက်သည်အရေးကြီးသည်။
ရှီမာမိသားစုထွက်သွားပြီးနောက်တွင် ရှီမာယိဖေးသည် လှည့်ပြီး သူတို့ထွက်သွားသောဘက်သို့ ဝိညာဉ်စွမ်းအင်စုပြီးပစ်လိုက်သည်။ သူတို့ကို မထိမှန်သော်လည်း အနည်းဆုံးတော့ သူ့ဒေါသကို လျော့ကျသွားစေသည်။
ရှီမာယူယူသည် သူစိုးရိမ်နေသည်ကိုမြင်သောအခါ ပြောလိုက်သည် “ဒီမှာဒေါသဖြေနေလည်း အသုံးမဝင်ဘူး နည်းလမ်းစဉ်းစားပြီး သူမတို့ကို ခေါ်ထုတ်နိုင်မလားကြည့်ရမယ်”
“ငါ့အမှားတွေပါ သူတို့နှစ်ယောက်လုံး တခြားတစ်ဖက်သွားကြည့်ချင် တုန်းက လိုက်သွားလိုက်ရမှာ” ရှီမာယိဖေးသည် ကိုယ့်ကိုယ်ကို အပြစ်တင် လေသည်။
“ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့ သူတို့နှစ်ယောက်လုံးက သွားချင်တာ ကို ယောက်ျားလေးတစ်ယောက်အနေနဲ့ မင်းက ဘာလို့လိုက်သွားရမှာလဲ” ရှီမာရှင်းရှုံ ဆက်ပြောလေသည် “ယူယူပြောတာ မှန်တယ် ဒီမှာထွက်ပေါက် ရှာနေလည်း မထူးဘူး ငါတို့အခုလုပ်ရမှာက သူတို့ကို ကယ်ဖို့နည်းလမ်းရှာရ မယ်”
ရှီမာယိဖေးသည် မျက်တောင်ခတ်ကာ ပြောလေသည် “ဒါပေမဲ့ သူတို့ ဘယ်မှာလဲဆိုတာတောင် မသိတာ ဘယ်နေရာသွားရှာရမှာလဲ သူတို့ကို ရှာတွေ့ရင်တောင် ဘယ်လိုကယ်ကြမလဲ အဲဒါစံတင်အဆင့်နော် သူ့ရှေ့မှာ ဆိုရင် ငါတို့ကို နှာချေလိုက်တာနဲ့ သတ်နိုင်တယ်”
ရှီမာရှင်းရှုံ တိတ်သွားသည်။ သူတို့နှစ်ယောက်လုံး နေခဲ့သော်လည်း သူတို့ကို ကယ်ထုတ်ရန် ယုံကြည်ချက်မရှိပေ။
သူတို့နှစ်ယောက် အကူအညီမဲ့စွာ ခံစားနေရသည်ကို ကြည့်ရင်း ရှီမာယူယူ နားလည်နိုင်သည်။
ပြိုင်ဘက်မှာ သန်မာသည်။ လူတိုင်းနားလည်ထားသည်။ စံတင်အဆင့်… သူ့ကို ဘယ်သူကပြိုင်နိုင်မှာလဲ။ ဒီလိုဖိအားနဲ့ဆိုရင် လက်ချောင်းလေးနည်းနည်းလုပ်လိုက်တာနဲ့တင်ကို သူတို့ကို ကြေမွအောင် လုပ်လိုက်နိုင်တယ်လေ။
သို့သော် သူမသည် ရှီမာချီချီနှင့် ရှီမာယိယွမ်တို့ကို ထိုအတိုင်း ပစ် မထားနိုင်ပေ။ အနည်းဆုံးတော့ သူတို့သည် သူမ သရုပ်မှန်ကိုသိထားကာ သူမကို ကောင်းမွန်စွာဆက်ဆံပေးသည်။
“သူတို့အနံ့ရှိတဲ့ဟာ တစ်ခုခုများရှိလား” ရှီမာယူယူ မေးခွန်းထုတ်လိုက် သည်။
“ဘာပြောလိုက်တာလဲ” သူတို့နှစ်ယောက်သည် သူတို့ကိုရှာရန်သာ တွေးနေကြပြီး သူမ မေးခွန်းကိုမကြားလိုက်ပေ။
“သူတို့အနံ့စွဲနေတဲ့ ပစ္စည်းတစ်ခုခုရှိလားလို့မေးတာ သူတို့ သွေးစွန်း ထားတာဆို ပိုကောင်းမယ်” ရှီမာယူယူ ပြောလိုက်သည်။
“သူတို့အနံ့ရှိတဲ့ဟာဟုတ်လား မရှိဘူး” ရှီမာရှင်းရှုံသည် မျက်မှောင် ကြုတ်ကာ ရှီမာယိဖေးကို မေးလိုက်သည် “မင်းမှာရှိလား”
ရှီမာယိဖေးသည် အတန်ကြာအောင် စဉ်းစားပြီးပြောလိုက်သည် “သူမ သွေးနဲ့အဝတ်တစ်ခုရှိတယ်”
သူသည် ကောင်းမွန်စွာချုပ်လုပ်ထားသော အဝတ်တစ်ထည်ကိုထုတ် ပြီး ရှီမာယူယူအားပေးကာ ပြောလိုက်သည် “ဒါက ငါတို့အမေပေးခဲ့တဲ့ဟာပဲ အဲတုန်းက သူမ လက်သွေးအများကြီးထွက်နေလို့ ဒါထုတ်ပြီး အမြန် သုတ်လိုက်ရတာ ဒါပေမဲ့ အဲပစ္စည်းကအရမ်းအဓိပ္ပာယ်ရှိတယ် အဲဒါကြောင့် မပစ်တာ ဒါဆိုသုံးလို့ရမလား”
“နေရာ” ရှီမာယူယူသည် စက္ကူလိပ်ထုတ်ပြီး သွေးကိုအရည်ပျော်အောင် လုပ်ကာ စက္ကူလိပ်ပေါ်အစက်ချလိုက်သည်။
သွေးသည် ချက်ချင်းပင်စုပ်ယူခြင်းခံလိုက်ရကာ အနီစက်များ ဖြစ်ပေါ် လာပြီး အရှေကမြောက်ထောင့်တွင် သူတို့နေရာပေါ်လာလေသည်။
“ယိယွမ်နဲ့ တခြားသူတွေအဲမှာရှိတယ်” ရှီမာယူယူသည် အနက်စက်ကို ညွှန်ပြရင်းပြောလေသည်။
“အခုပဲအဲဒီကိုသွားမယ်” ရှီမာယိဖေးသည် ပြောရင်းနှင့် ပျံမည်ပြုသည်။
“ခဏလေး” ရှီမာယူယူ ဆက်ပြောလေသည် “အခုသွားမယ်ဆိုရင် သေလိမ့်မယ်”
“ဒါပေမဲ့ သူတို့မစောင့်နိုင်တော့ဘူးလေ” ရှီမာယိဖေး ညည်းလေသည်။
သူတို့ အချိန်ကြန့်ကြာလေလေ သူတို့ကို စတေးပစ်မည့် အခွင့်အရေး မြင့်လေလေဖြစ်သည်။ သူတို့သည် ချီချီတို့နေရာအတိအကျကိုလည်း မသိ သေးပေ။ သူတို့အခုသိသည်မှာ တည်ငြိမ်အောင်လုပ်ရန်ဖြစ်သည်။
“စိတ်ချရတဲ့ အစီအစဉ်နဲ့သွားမှဖြစ်မယ်” ရှီမာယူယူ ပြောလိုက်သည်။
“အဲလူကို နိုင်နိုင်မယ့် နည်းလမ်းများရှိမလား” ရှီမာရှင်းရှုံ မေးလိုက် သည်။
“အဲလူက စံတင်အဆင့်ပဲ ဘယ်လိုလုပ် သူ့ကိုနိုင်မှာလဲ” ရှီမာယူယူ ဆက်ပြောလေသည် “ဒါပေမဲ့ အခုတော့ အကူအညီတောင်းရုံပဲရှိတယ် ငါတို့ အတွက်မဖြစ်နိုင်ဘူးဆိုရင် ဖြစ်နိုင်အောင်လုပ်ရမယ်”
***