← Chapters

မွေးစားအဖေကို အကူအညီတောင်းခြင်း

Vol. 83 Ch. 1159

မွေးစားအဖေကို အကူအညီတောင်းခြင်း

Vol. 83 Ch. 1159

“ငါတို့ဘယ်သူ့ဆီကအကူအညီရနိုင်လဲ” ရှီမာယိဖေးနှင့် ရှီမာရှင်းရှုံတို့ နှစ်ယောက်လုံး မျှော်လင့်ချက်ပြည့်နေသောမျက်လုံးများဖြင့် သူမကို ကြည့် လေသည်။

“ငါ မင်းတို့ကိုနေရာတစ်ခုကိုခေါ်သွားမယ် အဲဒါကိုလျှို့ဝှက်ထားပေး ဟုတ်ပြီလား” ရှီမာယူယူသည် သူတို့နှစ်ယောက်အား ယုံရသလားဟူသည့် အကြည့်ဖြင့်ကြည့်လေသည်။

“မင်းခွင့်ပြုချက်မရှိဘဲ ငါတို့ မင်းလျှို့ဝှက်ချက်ကို ထုတ်ဖော်မိရင် ငရဲ ချောက်ထဲကျပါစေ” ရှီမာယိဖေး ပြောလိုက်သည်။

“ငါရောပဲ”

ကျိန်ဆိုခြင်းဥပဒေသည် သူတို့နှစ်ယောက်လုံး၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ သူတို့၏ကျိန်ဆိုမှုသည် သက်ရောက်မှုရှိသွားသည်ကို ပြသ လေသည်။

ရှီမာယူယူသည် ခေါင်းညိတ်ကာ တံခါးငယ်အားထုတ်ပြီး လောက အသေးကိုဖွင့်ကာ သူတို့ကိုခေါ်သွားလိုက်သည်။

“ဒီလောကအသေးက အရမ်းမိုက်တာပဲ တခြားဟာတွေဆိုရင် ဒီနယ်မြေမှာ ဖွင့်မရဘူး မင်းဟာက ဖွင့်နိုင်မယ်လို့ထင်မထားဘူး”

သူတို့နှစ်ယောက်လုံးသည် ကျော်ကြားသောမျိုးနွယ်မှဖြစ်ရာ လောက အသေးအများစုကို မြင်ဖူးကြသည်။ သူတို့သည် ကြာပန်းနက်၏ ကွဲပြားမှုကို သတိထားမိကြလေသည်။

“ဒါက ဧကရာဇ်ရဲ့ လောကအသေးဖြစ်ခဲ့တာ သူ ဘယ်လိုလုပ်ခဲ့လဲ တော့ မသေချာဘူး လေဟာပြင်က အထဲကဖွင့်တာနဲ့ မတူဘူး” ရှီမာယူယူ ရှင်းပြလေသည်။

သူမသည် သူတို့ကိုမြစ်ဘေးသို့ခေါ်သွားရာ အမြန်ရောက်လာသူမှာ ဝူလာမိုင်နှင့် ရွှမ်ရှင်းမန်တို့မဟုတ်ကြဘဲ ၁၁ လေးဖြစ်နေသည်။

၁၁လေးသည် ရေထဲမှခုန်ထွက်ကာ ရှီမာယူယူ၏ ရင်ခွင်ထဲသို့ခုန်ဝင် လေသည်။ အားနှင့်ရုန်းကန်နေရာ သူမ ဘာလို့အတန်ကြာမှဝင်လာသနည်း ဟု မေးနေသယောင်…

ရှီမာယူယူသည် ၁၁လေးကိုဖက်ကာ ပြောလိုက်သည် “ငါလည်း မင်းကို လွမ်းတာပဲ အင်း မင်းကအခုရွှေရောင်ပိုပေါက်နေပြီ သွေးသားက ဖွံ့ဖြိုးနေ တုန်းပဲလား”

“အမှန်ပဲ” ဝူလာမိုင်နှင့် ရွှမ်ရှင်းမန်တို့သည် ရေထဲမှ ထွက်ကာရာ ၁၁လေးသည် သူမကို နှစ်သက်သည်ကိုကြည့်ပြီး အားကျနေကြလေသည်။

ဒီကောင်လေးကတော့လေ… သူတစ်ခါလောက်ပစ်ဖူးတာနဲ့ သူ့နားကို မကပ်တော့ဘူး

“မွေးစားအဖေ မွေးစားအမေ” ရှီမာယူယူသည် သူတို့နှစ်ယောက်လုံးကို ပြုံးပြလိုက်သည် “၁၁လေးက ဖွံ့ဖြိုးနေတုန်းပဲလား”

“ဟုတ်တယ် အရှိန်နှေးပေမဲ့ ဖွံ့ဖြိုးနေတုန်းပဲ” ရွှမ်ရှင်းမန်ပြောလေ သည်။

ရှီမာယူယူသည် ၁၁လေးကို ထိကာ ပြောလိုက်သည် “၁၁လေး လာခဲ့”

၁၁လေးသည် ကန်ကာ အနည်းငယ်လှည့်ပတ်လိုက်သည်။

“ယူယူ ဘာလို့လာတာလဲ” ရွှမ်ရှင်းမန် မေးလိုက်သည်။

“သမီး ပြဿနာတက်နေလို့ မွေးစားအဖေရဲ့အကူအညီလိုတယ်” ရှီမာယူယူသည် ပြုံးနေဆဲဖြစ်ကာ တည်တံ့သောအကြည့်ဖြင့် ပြောလိုက် သည်။

“အိုး… ငါတို့ရဲ့တန်ခိုးရှင် သမီးလေးက အကူအညီလိုတယ်ဟုတ်လား ဘာလဲ ပြောပါဦး” ဝူလာမိုင် ပြောလိုက်သည်။

ရှီမာယူယူသည် ကမ်းစပ်တွင်ရှိနေသော ရှီမာယီဖေးတို့နှစ်ယောက်လုံး ကိုကြည့်လိုက်သ်။ ရွှမ်ရှင်းမန်နှင့် ဝူလာမိုင်တို့ ပျံတက်လာကြသည်။

ရှီမာယိဖေးနှင့် ရှီမာရှင်းရှုံတို့သည် ဝူလာမိုင်တို့ကို တိမ်ပင်လယ်မြို့တွင် မြင်ဖူးထားကြပြီး ရှီမာယူယူကိုလည်း ဝင်ပေါက်တွင်တွေ့ခဲ့ကြရာ သည်နေရာ တွင်ပြန်တွေ့လိမ့်မည်ဟု ထင်မထားကြပေ။

“ဒါက ခရမ်းရောင်ရေနဂါးမျိုးနွယ်ရဲ့ ဘုရင်နဲ့ ဘုရင်မ ငါ့မွေးစားအဖေနဲ့ မွေးစားအမေပဲ ဒါက သမီးတို့ဝမ်းကွဲ ရှီမာရှင်းရှုံနဲ့ ရှီမာယိဖေးပါ” ရှီမာယူယူ မိတ်ဆက်ပေးလိုက်သည်။

“နဂါးဘုရင်နဲ့ ဘုရင်မကို နှုတ်ဆက်ပါတယ်” ရှီမာရှင်းရှုံနှင့် ရှီမာယိဖေး တို့သည် သူတို့၏ သရုပ်မှန်ကိုအံ့သြရင်းနှင့် နှုတ်ဆက်လိုက်ကြသည်။

ဝူလာမိုင်သည် အသာအယာခေါင်းညိတ်ကာ မေးလိုက်သည် “သူတို့က အကူအညီလိုတဲ့သူတွေလား”

ထိုသဘောထားသည် ရှီမာယူယူကို စကားပြောသည်နှင့် လုံးဝကွာခြား နေသည်။

“အဲလိုလည်းမဟုတ်ဘူး” ရှီမာယူယူ ဆက်ပြောလေသည် “သမီးတို့ ဝမ်းကွဲတွေကို ဖမ်းသွားတယ်…. ဝမ်းကွဲတွေကို ကယ်ချင်တယ် ဒါပေမဲ့ အဲလူ က စံတင်အဆင့်ဖြစ်နေတယ်”

“အဲလူကို ရှင်းပေးရမှာလား” ဝူလာမိုင် မေးလိုက်သည်။

ရှီမာယူယူ ခေါင်းညိတ်ပြီး မေးလိုက်သည် “မွေးစားအဖေ ကူညီနိုင် မလား”

ဝူလာမိုင်သည် စဉ်းစားနေသည့်ပုံဖြင့် ခဏတာ နှုတ်ဆိတ်သွားသည်။ ရှီမာရှင်းရှုံနှင့် တခြားသူများ သဘောမတူတော့ဘူးဟု ထင်တော့မည့်အချိန် မှပင် သူရယ်မောပြီး ပြောလေသည် “ဒါက ငါတို့ယူယူ ပထမဆုံး အကူအညီ တောင်းတာပဲ ဘာလို့သဘောမတူရမှာလဲ”

သူတို့နှစ်ယောက်လုံးသည် ပျော်ရွှင်သွားကာ ဝူလာမိုင်ကို အရိုအသေ ပေးလိုက်သည် “ကူညီပေးတဲ့အတွက် နဂါးဘုရင်ကို ကျေးဇူးအများကြီးတင် ပါတယ်”

“မင်းတို့ ငါ့ကိုကျေးဇူးတင်ဖို့မလိုဘူး ယူယူ့ရဲ့တောင်းဆိုမှုကြောင့်သာ မဟုတ်ရင် ငါက လူသားတွေရဲ့ကိစ္စကိုဝင်ပါမှာမဟုတ်ဘူး” ဝူလာမိုင် ပြော လိုက်သည်။

“ဒါပေမဲ့လည်း ကျေးဇူးတင်ပါတယ်” ရှီမာရှင်းရှုံပြောလိုက်သည်။

သူသည် ကူညီရန်ဆန္ဒရှိသည်မှာ စိတ်ထားကောင်းရှိ၍ဖြစ်မည်။

“ယူယူ အကြောင်းစုံပြောပြဦး” ဝူလာမိုင် ပြောလိုက်သည်။

ရှီမာယူယူသည် ရှီမာရှင်းရှုံကို အကြောင်းစုံထပ်ပြောခိုင်းပြီးနောက် ပြောလိုက်သည် “အခု ပြဿနာက သူ့ရဲ့အား ဘယ်လောက်ရှိလဲဆိုတာ သိရမယ် မင်းတို့သိလား”

“အများကြီးတော့မသိဘူး ပြီးတော့ သူကအားအကုန်မသုံးဘူး ငါတို့က ထွက်ပြေးဖို့အလုပ်များနေတာနဲ့ သတိမထားမိကြဘူး” ရှီမာရှင်းရှုံ ပြောလိုက် သည်။

“သူ ဘယ်မှာလဲဆိုတာသိကြလား အခုပဲသွားကြည့်ကြတာပါ့ သူ့ကို မြင်ရင် သူ့အားကိုသိမှာပဲလေ” ဝူလာမိုင် ပြောလိုက်သည်။

“ကောင်းပါပြီ”

သူတို့ အပြင်သို့ထွက်လာကြပြီး ရှီမာယူယူသည် စက္ကူလိပ်ထုတ်ကာ သူ့ကိုပြပြီး ရှီမာယိယွမ်ရှိသည့်နေရာကို ထောက်ပြလိုက်သည်။

“သိပ်မဝေးဘူးပဲ မင်းတို့ကိုအဲဒီကိုအရင်ခေါ်သွားမယ်” ဝူလာမိုင်ပြောပြီး သည်နှင့် လေဟာပြင်ဝင်ပေါက်ဖွင့်ကာ သူတို့ကိုခေါ်သွားလေသည်။

သူတို့သည် ရင်ဇင်းရှိသည့်နေရာသို့ တည့်တည့်မသွားဘဲ အနီးအနား ကိုသာသွားကာ တဖြည်းဖြည်းဆင်းလိုက်ကြသည်။

ရှီမာယိယွမ်နှင့် ရှီမာချီချီတို့၏အခြေအနေကို သူတို့မသိကြပေ။ သို့သော် အနီစက်များ ထိုနေရာတွင်ရှိနေသေးသဖြင့် သူတို့အသက်ရှိနေသေး သည်ကို သေချာနေသည်။

“အဲလူက အဲဒီအပေါက်ထဲမှာပဲ” ဝူလာမိုင်သည် ရင်ဇင်း၏ အသက်ရှုသံ ကိုခံစားမိလေသည်။

“ယိယွမ်နဲ့ ချီချီရဲ့အခြေအနေရောဘယ်လိုလဲ” ရှီမာယိဖေး မေးလိုက် သည်။

“အထဲမှာ မိန်းကလေး ဆယ်ယောက်ကျော်ရှိတယ် ဘယ်တစ်ယောက် ကိုပြောတာလဲ” ဝူလာမိုင် မေးလိုက်သည်။

မိန်းကလေး ဆယ်ယောက်ကျော်ရှိတာလား။

“ကြည့်ရတာ ဒီလူက မိန်းလေးတွေကို စုထားတာထင်တယ် နောက်မှ သုံးမဲ့ပုံပဲ” ရှီမာယူယူ ခန့်မှန်းလိုက်သည်။ “မွေးစားအဖေ သူ့အားက ဘယ်လောက်မြင့်လဲဆိုတာ ခံစားမိလား”

“သူ့အားက ငါ့ထက်သန်မာတာကို ခံစားမိတယ် ဒါပေမဲ့ သူ့ကိုမြင်မှ အားအတိအကျကို အတည်ပြုလို့ရမယ်” ဝူလာမိုင် ပြောလိုက်သည် “သူ့အား သာ ငါနဲ့အတူတူဆိုရင် သူ့ကိုနိုင်မယ်ဆိုတာ သေချာနေတယ် သူက ငါ့ထက် တစ်ဆင့်မြင့်တယ်ဆိုရင်လည်း နိုင်နိုင်ချေရှိသေးတယ် ငါတို့ခရမ်းရောင် ရေနဂါးမျိုးနွယ်က တိုက်ပွဲမှာအားကောင်းကြတယ် ဒါပေမဲ့ သူက ငါ့ထက် အဆင့် ှနစ်ဆင့်မြင့်တယ်ဆိုရင်တော့ ငါလည်း ဘာမှမတတ်နိုင်တော့ဘူး”

အပြင်ဘက်တွင် အတန်ကြာအောင်စောင့်ပြီးနောက်တွင် ရင်ဇင်းသည် ထွက်လာမည့်ဟန်မရှိပေ။

“ဆက်စောင့်နေလို့မဖြစ်တော့ဘူး သူထွက်မလာရင် ဒီအတိုင်းပဲ ဆက်စောင့်နေရမှာလား” ရှီမာယိဖေး ပြောလိုက်သည်။

သူတို့စောင့်သည်နှင့်အမျှ ထိုမိန်းကလေးများသည် အန္တရာယ်များ သည်။ အချိန်သည် လူကိုမစောင့်မလား…

“တစ်ခုခုတော့လုပ်ရတော့မယ်” ရှီမာယူယူ ပြောလိုက်သည်။

“ငါဝင်သွားပြီး သူ့ကိုမျှားခေါ်လာမယ်” ဝူလာမိုင်သည် စိတ်မရှည်တော့ ပေ။ ထိုမျှလောက်ကြာအောင်စောင့်ပြီးနောက်တွင် သူသည် အနည်းငယ် ပျာယာခတ်လာသည်။

“မဟုတ်ဘူး” ရှီမာယူယူသည် တွေဝေခြင်းမရှိငြင်းဆန်ပြီး ပြောလိုက် သည် “သူ့အားကို အခုမသိနိုင်သေးဘူး သူ့အားက မွေးစားအဖေလောက် နီးနီးရှိရင်ရတယ် သူ့အားက မွေးစားအဖေထက်များနေရင်ရော အန္တရာယ် မများနိုင်ဘူးလား”

“ဒါဆို ဆက်စောင့်နေရမှာလား”

“သူ့ကိုမျှားခေါ်လို့ရမဲ့ နည်းလမ်းစဉ်းစားလိုက်ဦးမယ်” ရှီမာယူယူ ပြော လိုက်သည် “မင်းတို့ဒီမှာစောင့်နေကြ”

“ဘာလုပ်မလို့လဲ” ဝူလာမိုင် မေးလိုက်သည် “သူ သမီးကိုမြင်ရင် ပို အန္တရာယ်ရှိလိမ့်မယ်”

“မွေးစားအဖေ မစိုးရိမ်ပါနဲ့ ဘေးကင်းကင်းနဲ့ပြန်လာဖို့ နည်းလမ်းရှိတယ်” ရှီမာယူယူ ပြောပြီးနောက်တွင် ပုန်းနေရာမှ ခုန်ထွက်သွားလေသည်။

သူမသည် အသက်ရှုသံကိုဖုံးကွယ်ရန် လေဟာပြင်ကိုသုံးပြီး ဂူနှင့် မီတာရာဂဏန်းလောက်အကွာတွင် ရပ်လုကိသည်။

မိန်းကလေးတစ်ယောက်၏ အော်သံထွက်လာပြီး တခြားသော မိန်းကလေးများ၏ မျှော်လင့်ချက်မဲ့သော ငိုသံများထွက်လာပြီးနောက်တွင် လူတစ်ယောက်၏ ယုတ်ညံ့သော ရယ်သံသည် ပဲ့တင်ထွက်လာလေသည်။

***

All Chapters