ဂူအတွင်းမှ မြွေဆွဲထုတ်ခြင်း
Vol. 83 Ch. 1160
ရှီမာယူယူသည် ထိုမိန်းကလေး၏ အော်သံကိုကြားသောအခါ ရှီမာချီချီ ရှီမာယိယွင် တစ်ယောက်မှမဟုတ်သည်ကို သိလိုက်ရာ စိတ်သက်သာရာရ စွာဖြင့် သက်ပြင်းတိုးညင်းစွာချမိသည်။ သူမသည် မိုးကြိုးကျည်နှစ်လုံးထုတ် ကာ လေသံဖြင့် ပြောလိုက်သည် “မင်းမထင်မှတ်ဆုံးအချိန်မှာ အံ့သြစရာတွေ ပေးလိုက်ရင် နောက်ကို အနာရွတ်တစ်ခုခုများကျန်ခဲ့မလားပဲ”
သူမသည် မိုးကြိုးကျည်ထဲသို့ ဝိညာဉ်စွမ်းအားထည့်ပြီး အပေါက်ထဲသို့ ပစ်လိုက်သည်။ ပစ်လိုက်ပြီးနောက်တွင် သူမသည် အနောက်သို့ လျှပ်တပြက် ပြေးလိုက်သည်။ ထို့နောက်တွင် သူတို့ကို ဝိညာဉ်စေတီထဲသို့ ခေါ်သွားလိုက် သည်။
ရှီမာရှင်းရှုံတို့သည် သူမ လျှို့ဝှက်ချက်ကို မဖော်ဟု သစ္စာကျိန်ဆိုထား သည်။ ထိုအကြောင်းကြောင့် သူတို့ကိုခေါ်သွားရန် စိတ်ချရသည်။
ရင်ဇင်းသည် ဘောင်းဘီဝတ်ပြီးနောက် ထွက်လာချိန်တွင် မည်သူ့ကိုမှ မမြင်ရပေ။
ရှီမာယိဖေးတို့သည် သူမ လျှပ်တပြက်ဖြတ်လမ်းသုံးပြီးပြန်လာသည်ကို မြင်ခဲ့ရသည်။ သူမတွင် ထိုစွမ်းရည်ရှိသည်ကို သူတို့မှတ်မိကြသည်။
“ရလောက်ပြီ သူက တကယ့်ကိုသူဖုန်းစားအတိုင်းပဲ” ရှီမာယူယူသည် ဝိညာဉ်စေတီမှ အပြင်ကိုချောင်းကြည့်ပြီး ရှီမာရှင်းရှုံပြောသည့် ထိုလူကို မြင်လိုက်ရသည်။
“ဘယ်သူလဲ ဘယ်သူလဲ”
ရင်ဇင်းသည် စိတ်အခြေအနေကောင်းနေကာ အဆင့်တက်မည်အပြု တွင် ရုတ်တရက် ပေါက်ကွဲသံကြားလိုက်ရသည်။ လန့်သွားကာ သူ ချက်ချင်း ပင်ထွက်လာခဲ့သည်။
ပေါက်ကွဲမှုကြောင့် သူ ကြောက်မသွားပေ။ သို့သော် သူ့အနားသို့ ကပ် လာသောလူအကြောင်းကိုတွေးနေမိသည်။ သူ့ပြိုင်ဘက်၏အားသည် အနည်းဆုံးတော့ သူနှင့် တူညီသည်ကို သိလိုက်ရသည်။
သို့သော် သူအပြင်ထွက်လိုက်သည့်အချိန်တွင် လှုပ်ရှားနေသည့် ပုံရိပ် မည်သည့်တစ်ခုကိုမှမတွေ့ရပေ။ ဝိညာဉ်သားရဲများသည် သူရှိနေသည်ကို သိပြီးနောက် ပျံထွက်သွားကြလေသည်။
“ဘယ်သူလဲ” သူသည် ရောင်ဝါထုတ်လွှတ်လိုက်သည်။ သို့သော် တစ်စုံတစ်ယောက်ရှိသည်ကို မခံစားရသေးပေ။ “ဘယ်သူပဲဖြစ်ဖြစ် ငါ ဖမ်းမိ ရင်တော့ မင်းကို သတ်ပစ်မယ်”
ဝိညာဉ်စေတီအတွင်းတွင် ရှီမာယူယူသည် ဝူလာမိုင်ကိုမေးလိုက်သည် “မွေးစားအဖေ သူ့အားကိုမြင်လိုက်ရလား”
“အင်း” ဝူလာမိုင် ပြောလိုက်သည် “သူ့အားက ငါ့ထက်တစ်ဆင့်မြင့် တယ် ပြီးတော့ သူကအထက်အဆင့်ကိုတက်တာ့မလို့ပဲ ပြီးတော့ နီးတောင် နီးနေပြီ အဲလိုဆိုရင် သူ့အားက ငါ့ထက် အဆင့်တစ်ဆင့်ထက်ပိုပြီးမြင့်သွား တော့မှာ”
“ဒါဆိုရင် သူ့ကိုတိုက်မယ်ဆိုရင် အောင်မြင်နိုင်လား” ရှီမာယူယူသည် ရင်ဇင်းထိုမျှလောက် သန်မာမည်ဟု ထင်မထားပေ။ သူက ဒီလောက် သန်မာ တာကို ဘာလို့အဲလိုမျိုးတွေလုပ်ဖို့လိုတာလဲ။
“အခွင့်အရေးတစ်ဝက်ထက်နည်းတယ်” ဝူလာမိုင်သည် ပွင့်လင်းစွာ ပြောလေသည် “ငါ့အားအကုန်သုံးရင်တော့ နိုင်ဖို့အခွင့်အရးမရှိတာ မဟုတ် ဘူး”
“ဒါက အရမ်းစွန့်စားလွန်းသွားပြီ” ရှီမာယူယူ ပြောလိုက်သည်။
အခွင့်အရေးတစ်ဝက်ထက်နည်းသည်ဟု ပြောသည်မှာ သူနိုင်,နိုင်ချေ နည်းပါးပြီး အသတ်ခံရနိုင်ချေ များသည်။
သူ့ကို ထိုမျှလောက် မစွန့်စားခိုင်းနိုင်ပေ။
သူမ ခေတ္တမျှစဉ်းစားလိုက်သည် “ဝိညာဉ်လောကဆိုရင်ရော ဘယ်လို ဖြစ်မလဲ”
“ဝိညာဉ်လောကဟုတ်လား” ဝူလာမိုင် လန့်သွားသည်။ ထို့နောက်တွင် သူ ခေါင်းခါလိုက်သည် “ငါတို့ဝိညာဉ်သားရဲတွေက ဝိညာဉ်လောကကို နားမလည်နိုင်ဘူး”
“သမီးပြောတာက သမီးရဲ့ဝိညာဉ်လောက” ရှီမာယူယူ ပြောလိုက်သည် “သမီးရဲ့ ဝိညာဉ်လောကထဲမှာဆိုရင် သူ့အားကို ဖိနှိပ်နိုင်မလား”
အမျိုးသား သုံးယောက်သည် သူမ စကားများကြောင့် မှင်သေသွားကြ လေသည်။
“ဝိညာဉ်လောကဟုတ်လား မင်းက ဝိညာဉ်လောကကိုနားလည်သွားပြီ လို့ပြောတာလား” ပြီးခဲ့သည့်နှစ်နှစ်အတွင်းတွင် ရှီမာယူယူ ဝိညာဉ်လောက ကို တွေ့ကြုံခဲ့သည်ကို ဝူလာမိုင် မသိသေးပေ။ သူသည် ရုတ်တရက် ထို အကြောင်းကိုကြားလိုက်သောအခါ လျှာကိုက်မိမလိုပင်ဖြစ်သွားသည်။
ရှီမာယိဖေးနှင့် ရှီမာရှင်းရှုံတို့ လန့်သွားသည်ကိုတော့ မပြောလေနှင့်…
အားကောင်းပြီး လေးစားခံရသော ရှီမာမိသားစု၏ အမွေဆက်ခံသူများ အနေနှင့် ဝိညာဉ်လောကသည် မည်သည့်အရာလိုမျိုးဖြစ်သည်ကို သူတို့ သိထားကြသည်။ ဒါပေမဲ့ အဲဒါက အားကောင်းတဲ့လူမှ နားလည်နိုင်တာ မဟုတ်ဘူးလား။ သူမမှာ ဘာလို့တစ်ခုရှိနေတာလဲ။
“ယူယူ ဘယ်တုန်းက ဝိညာဉ်လောကကိုနားလည်သွားတာလဲ”
“တစ်နှစ်တောင်မပြည့်သေးဘူး အခွင့်အလမ်းတချို့ကြောင့် ဝိညာဉ် လောကကို နားလည်သွားခဲ့တယ်” ရှီမာယူယူ ပြန်ဖြေလိုက်သည် “မွေးစား အဖေ သမီးပြောသလိုပဲ သမီးရဲ့ဝိညာဉ်လောကထဲမှာဆိုရင် အောင်မြင်နိုင် ချေရှိမလား”
“အနည်းဆုံးတော့ ၈၀ရာခိုင်နှုန်းရှိတယ်” ဝူလာမိုင် ပြန်ဖြေလေသည် “ဒါပေမဲ့ မလွယ်ဘူးပဲ အဲလူက စံတင်အဆင့်ပဲ သူလည်း ဝိညာဉ်လောကကို နားလည်ထားမယ်ဆိုရင် တိုက်ခိုက်ရင်တောင် နိုင်မှာမဟုတ်ဘူး”
“အခုသမီးလို့လိုချင်တာက သူ့ကိုသတ်ချင်တာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ အကုန်လုံးပေါင်းပြီး အချိန်ဆွဲနိုင်မှ ယိဖေးက လူ ကယ်နိုင်မယ် ဒါပေါ့ သူ့ကိုသတ်နိုင်ရင်တော့ အကောင်းဆုံးပဲ”
“ဒါဆိုရင် ဘယ်လိုလုပ်ရင် အကောင်းဆုံးဖြစ်မလဲ ဆွေးနွေးရမယ်” ဝူလာမိုင် ပြောလိုက်သည်။
“တကယ် ဂရုတစိုက်အစီအစဉ်ဆွဲရမယ်” ရှီမာယူယူ ပြောလိုက်သည်။
သူတို့သည် ဝိညာဉ်စေတီအတွင်းတွင် အတန်ကြာသည်အထိ ဆွေးနွေး ပြီးနောက် နောက်ဆုံးတွင် အစီအစဉ်ကိုဆုံးဖြတ်ပြီးလေသည်။
“ငါ အရင်ဆုံးထွက်ပြီး ခပ်ဝေးဝေးမှာ တည်ဆောက်မှုလပ်လိုက်မယ် တည်ဆောက်မှုထဲမှာ အဆိပ်တချို့လည်းထည့်လိုက်မယ် သူ အဆိပ်မမိနိုင် ရင်တောင် တစ်စက္ကန့် နှစ်စက္ကန့်လောက်တော့ အချိန်ဆွဲနိုင်လိမ့််မယ်” ရှီမာယူယူ စပြောလေသည် “ရှင်းရှုံက တည်ဆောက်မှုကို အသက်သွင်းဖို့ တာဝန်ယူမယ် ငါက ဘေးကနေ ဝိညာဉ်လောကကို ထိန်းချုပ်မယ် အဲတော့ ယိဖေး မင်းတစ်ယောက်ပဲ သူတို့ကိုကယ်ရမယ် ရပြီလား”
“မစိုးရိမ်နဲ့ သူတို့အားလုံးကို ငါ သေချာပေါက်ကယ်မယ်” ရှီမာယိဖေး အတည်ပြုလေသည်။
“နည်းနည်းစိုးရိမ်စရာတစ်ခုတော့ရှိသေးတယ်” ရှီမာရှင်းရှုံ ပြောလေ သည် “အားကောင်းတဲ့ ကျွမ်းကျင်သူက လေဟာပြင်ကို အာရုံခံစားနိုင်စွမ်း ရှိတယ် ငါတို့ဝိညာဉ်လောကကို သုံးမယ်ဆိုတာ သူသိသွားရင် မင်း မအောင်မြင်ခင်ကို သူသိသွားမှာစိုးမယ် အဲလိုဆိုရင် မင်းအန္တရာယ်များလိမ့် မယ်”
“ငါ့မှာနည်းလမ်းတွေရှိပါတယ်” ရှီမာယူယူ ပြောလေသည် “မွေးစားအဖေ ဒီတစ်ခါကို ဗျိုင်းမျိုးနွယ်အကြီးအကဲတွေကိုပါ ပူးပေါင်းခိုင်း လိုက်မယ်”
ရှီမာယူယူ ပြောပြီးသည်နှင့် တစ်ယောက်တည်းထွက်သွားကာ နေရာ လွတ်တစ်ခုသို့လာလိုက်သည်။ အသက်ပြင်းပြင်ရှုပြီးနောက်တွင် သူမသည် တည်ဆောက်မှုကို ဆောက်လုပ်လေသည်။
သူမသည် သေးငယ်သော ထောင်ချောက်တည်ဆောက်မှု တစ်ခုကို တည်ဆောက်ကာ အဝေးတစ်နေရာတွင် အသက်သွင်းနိုင်မည့်နေရာတစ်ခု ကိုထားလိုက်သည်။ ထိုမှသာ ရှီမာရှင်းရှုံသည် အဝေးမှ တည်ဆောက်မှုကို အသက်သွင်းနိုင်မည်ဖြစ်သည်။
တည်ဆောက်မှု ဆောက်ပြီးနောက်တွင် သူမသည် အဆိပ်ထည့်လိုက် သည်။ ထို့နောက်တွင် သူမသည် တခြားသူများကို ခေါ်ထုတ်လာသည်။
ရှီမာရှင်းရှုံနှင့် တခြားသူများအပြင် ဗျိုင်းမျိုးနွယ်၏ အကြီးအကဲ လေး ယောက်တို့ထွက်လာကြသည်။ သူတို့သည် စံတင်အဆင့်မရောက်သေး သော်လည်း စံတင်အဆင့် လမ်းတစ်ဝက်ရောက်နေပြီဖြစ်သည်။
“ငါတို့ခဏနေ အဲကောင်ကိုသွားရှာမယ် သူထွက်လာတာနဲ့ မင်း ဝင်ပြီး လူကယ်လိုက်တော့ မင်းမြန်မြန်လှုပ်ရှားမှဖြစ်မယ် ဘာလို့လဲဆိုတာ ငါတို့ ဘယ်လောက်ကြအောင်တောင့်ခံနိုင်မလဲဆိုတာ မသေချာဘူး” ရှီမာယူယူ ပြောလိုက်သည်။ “သူ့ကို တစ်ခါလွတ်သွားရင် အကုန်လုံး အန္တရာယ်ရှိလိမ့် မယ်”
“သိပြီ” ရှီမာယိဖေး ပြောလိုက်သည်။
“မွေးစားအဖေ သူ့ကိုဆွဲထုတ်လာပြီးရင် တိုက်တာမလောနဲ့နော် မြန်မြန် ပြန်လာပြီး တည်ဆောက်မှုထဲ ဆွဲခေါ်ရမယ်” ရှီမာယူယူသည် ဝူလာမိုင်ကို သတိပေးလိုက်သည်။
“မစိုးရိမ်နဲ့” ဝူလာမိုင် ခေါင်းညိတ်လိုက်သည်။
“ဒါဆိုရင် သွားကြတော့”
“ကောင်းပြီ”
ဝူလာမိုင်သည် ဗျိုင်းမျိုးနွယ်အကြီးအကဲများကိုဦးဆောင်ပြီး ရင်ဇင်း၏ ဂူဝင်ပေါက်သို့ စွားလသည်။ ရှီမာယိဖေသည် ဘေးတွင်ပုန်းနေကာ အထဲသို့ မိုးကြိုးကျည်များ ပစ်လိုက်သည်။
ရှီမာယူယူနှင့် ရှီမာရှင်းရှုံတို့သည် တည်ဆောက်မှုကို စောင့်နေကြ သည်။ ပေါက်ကွဲသံကိုကြားသောအခါ မကြာမီရောက်လာတော့မည်ကို သိ လိုက်ရသည်။
“ရှင်းရှုံ သူတို့အဲနေရာကို ပျံလာတာနဲ့ တည်ဆောက်မှုကို အသက်သွင်း လိုက်တော့ ပြီးတာနဲ့ အဲဒီကနေ ထွက်လာခဲ့လိုက်တော့” ရှီမာယူယူ ပြော လိုက်သည်။
“အင်း သိပြီ”
ရှီမာရှင်းရှုံ၏ အမူအရာသည် မပြောင်းလဲသော်လည်း အနည်းငယ် တုန်ယင်နေသည်။
ထိုသည်မှာ အားကောင်းသောလူကို တိုက်ခိုက်ရသည်မှာ ပထမဆုံး အကြိမ်ဖြစ်သည်။ အထူးသဖြင့် တစ်ဖက်လူသည် နတ်ဆိုးဖြစ်နေသဖြင့် သူ သည် စက္ကန့်ပိုင်းအတွင်း အသတ်ခံနိုင်ရသည်။
ခဏအကြာတွင် ဝူလာမိုင်နှင့်အဖွဲ့သည် ရင်ဇင်းနောက်သို့ ပျံလိုက်သွား သည်ကို တွေ့လိုက်ရသည်။
***