ကယ်တင်ခြင်း
Vol. 83 Ch. 1162
ရှီမာချီချီသည် ဂူအပြင်ဘက်သို့ကြည့်လိုက်သည်။ တစ်ယောက် ယောက်ကသူတို့ကို လာကယ်တာလား။ ရုတ်တရက်ကြီးဖြစ်လွန်းတယ်။ သူတို့သည် ထင်ယောင်ထင်မှားဖြစ်သည်ဟုပင် သံသယဖြစ်မိကြသေးသည်။
“ဟိန်းသံလေး ပြဿနာမရှာနဲ့တော့ ငါ့ကိုဝင်ခိုင်းဦး ရင်ဇင်းက ခဏနေ ပြန်လာနေဦးမယ်” ရှီမာယိဖေးသည် ဂူအပြင်တွင် စိုးရိမ်တကြီးပြောလေ သည်။
“စိုးရိမ်နေတာလည်း ကြည့်ပါဦး ဒီကလေးက ဝိညာဉ်အတားအဆီး ဖွင့်လိုက်တာမဟုတ်လား ဒီဝိညာဉ်အတားအဆီးကို စံတင်အဆင့်ကလုပ် တထားတာပဲ ဒီကလေးအတွက်တောင် အချိန်ယူရသေးတယ်” ဟိန်းသံလေး ပြန်ချေပလေသည်။
သူ့လက်သည်းများသည် ဝိညာဉ်အတားအဆီးပေါ်တွင်တင်ထားကာ အပြာဖျော့ဖျော့အပေါက်နှင့် တဖြည်းဖြည်းထိုးဖောက်နေလေသည်။ ဝင်သွားသည်နှင့် ဝင်လာသူမှာ ရှီမာယိဖေးဖြစ်သည်။
သူဝင်လိုက်သည်နှင့် အဝတ်များပြဲကာ အိပ်ယာပေါ်တွင်လဲနေသော ရှီမာယိယွမ်နှင့် ဘေးတွင် မျက်ရည်စီးကြောင်းမျက်နှာနှင့် ဒူးထောက်နေ သော ရှီမာချီချီကိုတွေ့လေသည်။
“ယိယွမ် ချီချီ အဆင်ပြေကြရဲ့လား”
“ယိဖေး” ရှီမာချီချီသည် သူမ အစ်ကိုကိုတွေ့သောအခါ ပိုပြင်းထန်စွာ ငိုလေသည်။ သို့သော် သည်တစ်ကြိမ်တွင်ပျော်သောကြောင့် ငိုခြင်းဖြစ်သည်။
ရှီမာယိဖေးသည် မြေပေါ်တွင် ပြဲနေသော အဝတ်များကိုကြည့်ကာ အပေါ်ဝတ်ကို ရှီမာယိယွမ်ပေါ်တွင် လွှမ်းပေးလိုက်သည်။ သူသည် ရင်နာနာ ဖြင့် ပြောလေသည် “ယိယွင် မင်း…”
“မဟုတ်ဘူး မစခင်ကို ရင်ဇင်းအပြင်ကိုသွားလိုက်တာ ဒါပေမဲ့ ယိယွမ် ရဲ့ အဝတ်ကိုဆုတ်ဖြဲလိုက်တယ်” ရှီမာချီချီ ရှင်းပြလေသည်။
“အထဲကလူ ဘာလို့ထွက်မလာသေးတာလဲ အဲလူကြီးပြန်လာတဲ့အထိ စောင့်မလို့လား” ဟိန်းသံလေးသည် အပြင်မှအော်လေသည်။
“ကောင်းပြီ နောက်မှပြောကြမယ် ငါနဲ့လိုက်ခဲ့” ရှီမာယိဖေး ပြောလိုက် သည် “မင်းတို့လည်း ငါနဲ့လိုက်ခဲ့ကြ”
သူသည် ရှီမာယိယွင် မလှုပ်မယှက်ရှိနေသေးသည်ကို တွေ့လိုက်ရ သည်။ သူသည် အရှေ့သို့နှစ်လှမ်းသွားပြီးနောက် ပွေ့ချီလိုက်သည်။ သူ သည် ရှီမာချီချီကို ပြောလိုက်သည် “သွားမယ်”
ထိုမိန်းကလေးများသည် ထွက်သွားကြလေပြီ။ သူတို့သုံးယောက် ထွက် လာသည်နှင့် ဟိန်းသံလေးသည် လက်လွှတ်လိုက်သည်။
“မြန်မြန်လိုက်ခဲ့” ရှီမာယိဖေးသည် ဖြတ်လမ်းတည်ဆောက်မှုကို ဆင့်ခေါ်လိုက်ရာ သူ့ခေါင်းပေါ်တွင်ပေါ်လာလေသည်။ သူ ဝိညာဉ်စွမ်းအင် ထည့်လိုက်သည်။ သူသည် အားလုံးကိုခေါ်ကာ ထိုနေရာမှ ထွက်ခဲ့လိုက် သည်။
မဝေးသော တောင်ကြားတစ်ခုတွင် ရှီမာယူယူ၏ အဖွဲ့ရှိရာ ရှီမာယိဖေး သည် အားလုံးကိုခေါ်ထုတ်လိုက်သည်။
“ဟားဟား ငါတို့ဘေးကင်းပြီ”
“ငါတို့တကယ်ပဲ ထွက်လာနိုင်ပြီလား”
“ငါ.. ငါထင်လိုက်တာ”
မိန်းကလေးများသည် လုံခြုံသွားသည်နှင့် ပျော်ရွှင်စွာ ငိုကြလေသည်။
ဟိန်းသံလေးသည် လေပေါ်တွင်ပျံနေသည်။ သူသည် သူ၏ လက်သေး သေးလေးကို ဝှေ့ယမ်းကာ “ငါလေ မင်းတို့အားလုံးကို ကယ်လိုက်တာ ဒီ ကလေးလေးပဲ”
ထိုမိန်းကလေးများသည် ဝိညာဉ်အတားအဆီးကိုမဖွင့်နိုင်လျှင် ထွက် မပြေးနိုင်သည်ကို သိထားကြသည်။ အကြွေးတင်သွားသည်ကို သူတို့သိထား ကြပြီး သူ၏ ချစ်စရာကောင်းမှုကိုမြင်လိုက်ရသည်။
“ကူညိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အံ့ဖွယ်သားရဲ”
“ဟုတ်တယ် ကျေးဇူးအများကြီးတင်ပါတယ် ကျေးဇူးတင်ပါတယ် အံ့ဖွယ်သားရဲလေး”
ဟိန်းသံလေးသည် လေပေါ်တွင် တစ်ချိန်လုံးပေါ်လောပေါ်နေသည်။ သူသည် အလှလေးများကိုမြင်သောအခါ လက်မောင်းကိုပွတ်ပြီး သူ့ရင်ဘတ် ကိုပုတ်ပြလေသည်။
ရှီမာယိဖေးသည် လုံခြုံသွားခြင်းကြောင့် တခြားသူများကဲ့သို့ ရှီမာယိယွင် ပျော်ရွှင်ခြင်းမရှိသည်ကို မြင်လိုက်ရသည်။ သူသည် သူမဆီသို့ ခေါင်းငုံ့ကာ ကိုယ့်ကိုယ်ကို အပြစ်တင်လေသည် “တောင်းပန်ပါတယ် အစ်ကို ကြီးလာတာနောက်ကျသွားတယ်”
သူသည် သူ့ကိုယ်သူ အစ်ကိုကြီးဟုသုံးနှုန်းခဲသည်။ သို့သော် ထိုသို့ အမည်တပ်လိုက်သဖြင့် ရှီမာယိယွင်သည် သတိပြန်ဝင်လာကာ မျက်ရည်များ ကျလေသည်။
“အစ်ကိုကြီး…”
ထိုအစ်ကိုကြီးဟု ခေါ်လိုက်အသံသည် ပြန်မွေးဖွားခြင်း၊ ဝမ်းနည်းခြင်း ပျော်ရွှင်ခြင်း နစ်နာခြင်းတို့နစ်ဝင်နေသည်။ အမြဲတစေ တည်တံ့တတ်သော လူတစ်ယောက်တွင် ထိုသို့ခံစားချက်များစွာရှိနေသဖြင့် ရှီမာယိဖေး မျက်လုံး များ နီလာသည်။
“တောင်းပန်ပါတယ် အစ်ကိုကြီးနောက်ကျသွားတယ်”
ရှီမာယိယွင်သည် ရှီမာယိဖေးပေါ်မှီပြီး ခေါင်းရမ်းလိုက်သည်။ သူမ အချိန်ကြာသည်အထိ ငိုပြိးနောက် ထိုအချိန်တွင်ရပ်သွားကာ သူမ၏ ပျာယာ ခတ်မှုနှင့်ကြောက်ရွံ့မှုမှာ ပျောက်ကွယ်သွားလေသည်။
ရှီမာယိဖေးသည် သူမ စိတ်ငြိမ်သွားသည်ကို သတိထားမိလိုက်သည်။ သူသည် ရှီမာချီချီကို ပြောလိုက်သည်။ “သူကို အဝတ်လဲပေးလိုက်”
“အင်း” ရှီမာချီချီသည် ရှီမာယိယွင်အား တွဲလိုက်သည် “သွားမယ်”
ရှီမာယိယွမ်သည် ဆင်းလာကာ သူမအဝတ်လျောကျမည်ကို ကြောက် သဖြင့် တင်းကြပ်အောင် ဆုပ်ထားသည်။
“ချီချီ နင်လည်းဒဏ်ရာရထားတယ် ဒီဆေးအရင်စားလိုက်”
“ရတယ် သွားမယ် အဝတ်သွားလဲရအောင်” ရှီမာချီချီသည် သူမကို တွဲပြီး ဘေးရှိ ကျောက်တုံးဘေးသို့သွားလိုက်သည်။
သူတို့ထွက်လာသောအခါ ရှီမာယိယွမ်သည် အဝတ်များလဲထားပြီး ရှီမာချီချီသည်လည်း ဆေးစားခဲ့သည်။
“အစ်ကိုကြီး ဘယ်လိုလုပ် ငါတို့ကိုလာကယ်ဖြစ်တာလဲ အဲအံ့ဖွယ် သားရဲကဘယ်သူလဲ” ရှီမာယိယွမ်သည် လျှောက်လာရာ တခြားသော အလှလေးများနှင့် စကားပြောနေသော ဟိန်းသံလေးကိုတွေ့လေသည်။
“ဒါက ယူယူ့ရဲ့ ဝိညာဉ်သားရဲပဲ အမှန်အတိုင်းပြောရရင် နင်တို့ကို ကယ် တာသူမပဲ” ရှီမာယိဖေး ပြောလိုက်သည်။
“ယူယူလား သူမကို တွေ့တာလား” ရှီမာယိယွမ်နှင့် ရှီမာချီချီတို့သည် ရှီမာယူယူ၏ နာမည်ကိုကြားလိုက်ရသောအခါ အံ့သြသွားကြသည်။
“အဲကောင်ကြီးက တအားသန်တာ သူ့ကို မျှားခေါ်ဖို့ဘယ်သူ့မှာ အဲလောက်စွမ်းရည်ရှိလို့လဲ”
“ယူယူရဲ့မွေးစားအဖေ ခရမ်းရောင်ရေနဂါးမျိုးနွယ် နဂါးဘုရင်” ရှီမာယိ ဖေး ပြန်ဖြေလေသည်။
သူသည် သူတို့နှင့်အတူ ဖြတ်လမ်းတည်ဆောက်မှုနှင့်အတူထွက်လာ ခဲ့လိုက်သည်။ ရှီမာယူယူနှင့် ပတ်သတ်ပြီး သုံးသပ်ချက်ကိုလည်း ပြောပြ လိုက်သည်။
သစ္စာကျိန်ဆိုထားခြင်းကြောင့် လောကအသေးနှင့် ဝိညာဉ်စေတီ အကြောင်းကိုတော့ မပြောတော့ပေ။
“မထင်မှတ်ထားဘူးပဲ ညီမတို့ သူမကိုအများကြီး အကြွေးတင်သွားပြီ” ရှီမာယိယွင် ပြောလိုက်သည် “သူမကြောင့်သာမဟုတ်ရင် ငါတော့သွားပြီ…”
ထိုမြင်ကွင်းအားစဉ်းစားမိပြီး သူမ ခန္ဓာကိုယ်သည် တုန်ယင်နေမိသည်။
ရှီမာယိဖေးသည် ရှေ့တိုးကာ သူမကိုဖက်လိုက်သည်။ “သူမကို တွေ့ရင် အရမ်းမအံ့သြသွားနဲ့”
“ဘာလို့လဲ”
“အဲခါကျရင်သိလိမ့်မယ်” ရှီမာယိဖေးသည် သူတို့ကို ပဟေဠိဝှက်လေ သည်။
သူတို့သည် ရှီမာယူယူတို့အဖွဲ့နှင့်မဝေးလှပေ။ သူတို့သည် သူမ အကြောင်းကို မကြားရသေးသဖြင့် ယူယူ မိန်းကလေးဖြစ်သည်ကို မသိသေး ပေ။ သူတို့တွေ့စကတည်းက သူမ ပေးမသိလျှင် သူတို့လည်း သိမည်မဟုတ် ပေ။
“ဒါဆိုရင် သူတို့အခုဘယ်မှာလဲ သွားကြည့်ရအောင် သူမ တစ်ခုခုဖြစ် ရင် ငါတို့ တစ်သက်လုံး ဖျောက်ဖျက်လို့ရမှာမဟုတ်ဘူး” ရှီမာယိယွမ် ပြော လိုက်သည်။
“အမှန်အတိုင်းပြောရရင် ငါလည်းသူတို့ကိုစိုးရိမ်တယ် ဒါပေမဲ့ ငါတို့ သွားလိုက်ရင် သူတို့ကိုဆွဲချသလိုဖြစ်နေလိမ့်မယ်” ရှီမာယိဖေး ပြောလိုက် သည်။
စံတင်အဆင့်နဲ့ တိုက်ခိုက်ပွဲမှာ သူတို့ ဘယ်လိုလုပ်ဝင်ပါမလဲ။ သူတို့ သေရင်တောင် ကျန်တဲ့လူတွေကိုပါ ဆွဲချမိမှာလေ။
“မပါဘူးဆိုလည်း အဝေးကနေကြည့်မယ်လေ” ရှီမာယိယွမ် တုန့်ပြန် လေသည်။ “အဲလူသေတာကိုကြည့်ချင်တယ်”
ရှီမာယိဖေးသည် သူမ အမုန်းတရားကိုခံစားမိလေသည်။ သူမကို ထိုလူ သေခြင်းကိုကြည့်ခွင့်မပြုလျှင် ထိုအရာကို တစ်သက်လုံးလွှတ်ချနိုင်ခြင်းမရှိ မည်ကို သူကြောက်သည်။
“ကောင်းပြီသွားရအောင်” ရှီမာယိဖေး ပြောလိုက်သည်။
သူတို့သည် ဟိန်းသံလေးကိုသွားခေါ်ကြသည်။ ထိုကောင်လေးသည် အလှလေးများနှင့် တွယ်ကပ်နေသည်။ သူတို့ ဟိုအယုတ်တမာကောင်ကို သွားရှာမည်ဟု ကြားသည်နှင့် မိန်းကလေးများသည် ကြောက်လန့်သဖြင့် မသွားရန်ဆုံးဖြတ်ထားကြသည်။
ရှီမာယိဖေးသည် သူတို့ကိုဖိအားမပေးပေ။ “အဲလိုဆိုမှတော့ ဒီမှာပဲ လမ်းခွဲကြတာပေါ့ ကိုယ့်ဂိုဏ်းနဲ့ မိသားစုတွေဆီပြန်ကြပေါ့ ငါတို့တော့ သူငယ်ချင်းတွေကိုသွားရှာလိုက်ဦးမယ်”
ထိုမိန်းကလေးများသည် ထပ်မံတွေဝေသွားပြန်သည်။ သူတို့ အရင်အတွေ့အကြုံအရ သူတို့သည် မလှုပ်ရှားရဲတော့ပေ။ ရှီမာယိဖေးသည် သူတို့ကိုကယ်ထားသဖြင့် သူတို့စိတ်ထဲတွင် သူတော်စင်ဖြစ်နေသည်။
“ကျွန်မလိုက်ခဲ့ရင်ရော” မိန်းကလေးတစ်ယောက် ပြောလေသည်။ “အဲယုတ်မာတဲ့လူသေတာ အကုန်လုံးမကြည့်ချင်ကြဘူးလား”
ထိုမိန်းကလေး ပြောလိုက်သည်နှင့် ကျန်မိန်းကလေးများ၏ နာကျင်မှု များနိုးထလာသည်။ နောက်ဆုံးတွင် သူတို့အတူသွားရန် ဆုံးဖြတ်လိုက်ကြ သည်။ သို့သော် သူတို့သည်အဝေးတွင်သာနေကာ ရင်ဇင်းအနီးသို့ သွားရန် ကြိုးစားမည်မဟုတ်ပေ။
***