ထိပ်တိုက် တိုက်ခိုက်ခြင်း၊ ဝိညာဉ်လောကဖွင့်ခြင်း
Vol. 84 Ch. 1163
ရင်ဇင်းသည် ဂူဝင်ပေါက်သို့လာရာ အဝေးရှိ ဝူလာမိုင်၏ အဖွဲ့ကိုမြင် လေသည်။ “မနေ့ကလည်း မင်းတို့ပဲလား”
“ဟုတ်တယ်” ဝူလာမိုင်ပြန်ဖြေလိုက်သည် “အဲမိန်းကလေးတွေ ထုတ်ပေး”
“ဒါပေမဲ့ မင်းတစ်ယောက်ပဲ စံတင်အဆင့် ဝိညာဉ်သားရဲပဲ ငါ့ရှေ့မှာ လာပြီး မြောက်ကြွကြွမလုပ်နဲ့” ရင်ဇင်းသည် ဝူလာမိုင်အား အထင်သေးစွာ ဖြင့်ကြည့်လေသည်။ သူသည် မျက်လုံးထဲတွင်ထည့်မထားပေ။
သူသည် အံ့ဖွယ်ပညာဖြင့် ကျင့်ကြံခဲ့သည်။ သူ့အားသည် သူ့ထက် အဆင့်နိမ့်သော လူများကိုမဆိုထားနှင့် အဆင့်တူလူများထက်ပင် မြင့်သည်။
“မင်းကို သတ်ဖို့လောက်တော့ လုံလောက်တယ်” ဝူလာမိုင် ပြောလိုက် သည်။
“ဒါဆို စမ်းကြည့်လိုက်လေ”
ရင်ဇင်းသည် ဝူလာမိုင်ကိုတိုက်ခိုက်လေသည်။ သို့သော် ဝူလာမိုင်သည် ပြန်တိုက်ခိုက်မည့်ပုံစံဖြင့် ရပ်နေသေးသည်။ သူသည် အလုံးသေးတစ်လုံးကို ပစ်လိုက်သည်။
အလုံးလေးတစ်လုံးလောက်က သူ့တိုက်ချက်ကို ခံနိုင်မှာလား။ ဒါက သူ့ကို အထင်သေးလိုက်တာပဲ။
သို့သော် အလုံးလေးသည် သူ့တိုက်ချက်နှင့် တွေ့ဆုံသောအခါ ပေါက်ကွဲလေသည်။ ထိုအလုံးလေးသည် လက်သီးဆုပ်စာ သံမဏိအလုံးဖြစ် သည်မှာသေချာသည်။ သို့သော် သူ့တိုက်ချက်ကို ပျက်ပြယ်စေသည်။
နောက်ပိုင်းတွင် ဝူလာမိုင်ဘေးမှ အကြီးအကဲများအော်လေသည် “သူ့အားက ကျုပ်တို့ထက် များနေတယ် ပြန်တိုက်ခိုက်နိုင်ဖို့ နည်းလမ်း ကောင်းကို သွားပြန်စဉ်းစားရမယ်”
“ဟုတ်တယ် အရင်ဆုံးနောက်ဆုတ်ရအောင်”
ဝူလာမိုင်သည် မလိုလားသော်လည်း အံကြိတ်ကာ “သွားမယ်”
လူပေါင်းများစွာသည် လှည့်ပြီးပျံပြေးကြလေသည်။
“ထွက်ပြေးဖို့ကြိုးစားနေတာလား” ရင်ဇင်းသည် သူတို့ကိုအော်လိုက် သည်။ သူသည် နောက်မှလိုက်သွားလေသည်။
ရင်ဇင်း၏ ဉာဏ်မှာမကောင်းလှဟူ၍ ပြောရသည်။ သူသည် နောက်မှ မလိုက်ခင်တွင် ထောင်ချောက်ဖြစ်လိမ့်မည်ဟု မတွေးမိပေ။
သို့သော် သူ့ယုံကြည်ချက်မှာ သူ၏အားအင်ပင်ဖြစ်သည်။ ထာဝရရှင်သန်သူ နယ်မြေတွင် သူ့ကိုထိခိုက်အောင်လုပ်နိုင်မည်သူမရှိဟု ယုံကြည်ထားသည်။ သူသည် ထိုအရာများကို စိတ်ထဲမထားပေ။
ရှီမာယူယူနှင့် ရှီမာရှင်းရှုံတို့သည် စိတ်လှုပ်ရှားစွာစောင့်နေကြသည်။ သူတို့ ရင်ဇင်းကိုဆွဲခေါ်ထုတ်လာနိုင်သဖြင့် ရှီမာယိယွမ်နှင့် တခြားသူများ အဆင်ပြေနိုင်ကြသည်။ သို့သော် တစ်ပြိုင်နက်တည်းမှာပင် သူတို့ဆီသို့ အန္တရာယ်လာနေသည်ဟု ဆိုလိုနေသည်။
“လာနေပြီ ရှင်းရှုံ အသင့်ပြင်ထား”
သူတို့၏ ပုံရိပ်များ နီးကပ်လာသည်။ ရှီမာရှင်းရှုံသည် ရင်ဇင်း တည်ဆောက်မှုအပေါ်ရောက်သည်အထိ စောင့်ရင်းနှင့် စိတ်လှုပ်ရှားမှု ကြောင့် လက်ဖဝါးတွင်ချွေးများထွက်လာသည်။
သို့သော် သူ စီစဉ်ထားသည့်အတိုင်းဝင်လာသည်။ သူ ရုတ်တရက် လေထဲတွင်ရပ်သွားသည်။
အကြောင်းမှာ ရှီမာယူယူကို သတိထားမိသွားသောကြောင့်ဖြစ်သည်။
ရှီမာယူယူသည် သူမ၏ မူလအသွင်အပြင်ကို အခြေခံပြီး ရုပ်ပြောင်း ထားခြင်းဖြစ်သည်။ ရင်ဇင်း သူမဆီသို့ မျက်လုံးများရောက်သွားသည်နှင့် တစ်ခဏတော့ အံ့သြသွားသည်။
ဒီကမ္ဘာမှာဒီလောက်လှတဲ့ မိန်းကလေးရှိရသလား။
သူမ အားသည် မနိမ့်သော်လည်း ငယ်ရွယ်သေးကာ နောက်ပိုင်းတွင် အဆင့်တက်နိုင်သေးသည်။
ရင်ဇင်း မလှုပ်မယှက်ရှိနေသည်ကို ရှီမာယူယူမြင်သောအခါ သူ သံသယဝင်နေပြီလားဟု သိချင်သွားသည်။ သူမသည် ဝူလာမိုင်အား အော် လိုက်သည် “မွေးစားအဖေ သူ့ကိုသတ်ရမယ်”
ရင်ဇင်းသည် ရှီမာယူယူ သူ့ကို မည်မျှကြောက်ရွံ့ပြီး မုန်းတီးနေသည်ကို မြင်ရသည်။ သူသည် ဝူလာမိုင်အား နားလည်သွားသည့်ပုံပေါ်သည် “ဟားဟား မိန်းကလေး မကြောက်ပါနဲ့ ဒီစံတင်ကြီးနောက်ကိုလိုက်ရင် ဒီစံတင်ကြီးက မင်းကို တစ်ကမ္ဘာလုံးကိုလှည့်ပတ်ပြပေးသွားမှာ”
“ဖယ်စမ်း အယုတ်တမာကြီး…” ရှီမာယူယူ အော်လိုက်သည် “ခင်ဗျား ကြီးက ဒီလောက်ဆိုးတာ အဆုံးသတ်ကောင်းမှာမဟုတ်ဘူး”
“ဟုတ်လား ဟားဟား ဒါဆိုရင် ငါဒီကမ္ဘာကြီးမှာ ဘယ်လောက် လွတ်လပ်လဲဆိုတာ နောက်ကလိုက်ပြီးကြည့်လေ” ရင်ဇင်း ရယ်မောလေ သည်။
ရှီမာယူယူသည် ကြောက်ရွံ့မှုကြောင့် တုန်ယင်နေသည်။ သူမ လှည့်ပြီး ပြန်ပြေးလေသည်။
ရင်ဇင်း သူမကိုမြင်သောအခါ အနောက်မှ ဝူလာမိုင်နှင့် တခြားသူများကို ကြည့်လိုက်သည်။ သူသည် သူမနောက်သို့ဆက်လိုက်လေသည်။ ၁၀ မီတာ ထက်မနည်းပျံသန်းပြီးသောအခါ သူ ပိတ်မိသွားလေသည်။
“နဂါးထောင်ချောက် တည်ဆောက်မှု” သူသည် တည်ဆောက်မှုကို ချက်ချင်းပင် သတိထားမိလေသည်။ သူသည် အံ့သြသွားသော်လည်း ပျာယာမခတ်ပေ။
သူသည် ထွက်ပြေးရန် အလောမကြီးပေ။ သူသည် ဝူလာမိုင်၏အဖွဲ့ကို ကြည့်လိုက်သည် “မင်းလို ဝိညာဉ်သားရဲအဆင့်လောက်က ငါ့လိုစံတင် အဆင့်ကို ဘယ်လိုတောင် စိန်ခေါ်ရဲတာလဲ ဟင်း တည်ဆောက်မှုက ကြိုပြီး စီစဉ်ထားတာပဲ”
ရှီမာယူယူ ရပ်လိုက်သည်။ သူမသည် နဂါးထောင်ချောက် တည်ဆောက်မှုတွင်ရှိသော ရင်ဇင်းကိုလှည့်ကြည့်လိုက်သည်။ အဆိပ်သည် မည်မျှ သက်ရောက်မှုရှိသည် သူ မည်မျှကြာအောင် ပိတ်မိနိုင်သည်ကို သူမ မသိပေ။
သူမ ပြန်လာသည် “ကြည့်ရတာ ရှင်က ဒီတည်ဆောက်မှုကိုသိတဲ့ပုံပဲ ဒါဆိုရင် တည်ဆောက်မှုကနေထွက်မရဘူးဆိုတာလည်း သိမှာပဲ”
“ဟုတ်လား” ရင်ဇင်းသည် အလျင်မလိုပေ။ “မင်းက ဒီတည်ဆောက်မှု ကိုလုပ်ထားတာလား”
“ဟုတ်တယ် အထူးသဖြင့် ရှင်တို့လိုလူတွေအတွက် စီစဉ်ရတာပေါ့” ရှီမာယူယူ ကြေညာလေသည် “အဲတော့ နောက်ကို လူတွေကို ဒုက္ခပေးဖို့ကို ထွက်မရတော့ဘူး”
“မင်းက ဒီလောက်ငယ်ငယ်နဲ့ ဒီလိုတည်ဆောက်မှုမျိုးကို ဆောက်နိုင် တယ် အရည်အချင်းရှိသားပဲ” ရင်ဇင်း ပြောလိုက်သည်။ “ဒါပေမဲ့ မင်းရဲ့ တည်ဆောက်မှုက ငါ့ကိုကြာကြာ ပိတ်မထားနိုင်ဘူးဆိုတာသိလား ငါ ဖြစ်ချင် သရွေ့တော့ နှစ်ပိုင်းဖြစ်အောင် ချိုးလိုက်လို့ရတယ်”
“ဟင်း ဒါဆိုရင် စမ်းကြည့်လေ အချိန်တိုအတွင်းလုပ်နိုင်မလားကြည့်ကြ သေးတာပေါ့” ရှီမာယူယူ မယုံပေ။
ရင်ဇင်းသ် ရှီမာယူယူ၏ စိတ်နေသဘောထားကို သဘောကျလေသည်။ သူမ၏ ယုံကြည်မှုသည် ဖျက်ဆီးချင်စိြတ်ဖစ်အောင်လုပ်နေသည်။ သူမကို ဖမ်းမိရင်တော့ သူမရဲ့ ယုံကြည်မှုလွန်ကဲနေတာကို တဖြည်းဖြည်းဖျက်ဆီး ပေးရမယ်။
“ကဲ ဒါဆိုလည်း သေချာကြည့်နေ”
သူသည် တည်ဆောက်မှုကိုတိုက်ခိုက်လေသည်။ ပထမအခိုက်တွင် တည်ဆောက်မှုလှုပ်သွားကာ သူ၏ မျက်နှာထားသည် ချက်ချင်းပင် ပြောင်း သွားလေသည်။
ရင်ဇင်းသည် ရယ်မောကာ နောက်တစ်ချက်တိုက်ခိုက်လေသည်။
ထိုတိုက်ခိုက်မှုအပြီးတွင် တည်ဆောက်မှုတွင် လှိုင်းဂယက်သဲ့သဲ့ထွက် လာသည်။ ရင်ဇင်းသည် တည်ဆောက်မှုကို ဖြိုဖျက်ရန် ဝိညာဉ်စွမ်းအင်လုံး ကို သုံးလိုက်သည်။
“မဆိုးဘူး တိုက်ခိုက်မှုသုံးချက်ကို ခံနိုင်သားပဲ” ရင်ဇင်းသည် ကျေနပ်စွာဖြင့် ပြောလိုက်သည် “အချိန်တစ်ခုထိတော့ မင်းထောင်ချောက်က ငါ့ကို ထိန်းထားနိုင်မယ်ထင်တယ်”
ရှီမာယူယူ၏ မျက်နှာမှာ ဖြူဖျော့သွားသည်။ သူမ အော်လိုက်သည် “မွေးစားအဖေ”
“မင်းကများ ငါ့ကလေးကိုဖမ်းချင်သေးတယ် ကိုယ့်သေလမ်းကိုယ်ရှာ တာပဲ” ဝူလာမိုင် သူ့ကိုတိုက်ခိုက်လေသည်။
“ဟင်း ကိုယ့်စွမ်းအင်ကို အထင်ကြီးနေတာပဲ” ရင်ဇင်းသည် လက်ကို ဝှေ့ယမ်းလိုက်ပြီး ဝူလာမိုင်၏ တိုက်ခိုက်မှုကိုဖြေရှင်းလေသည် “မင်းရဲ့ အားလောက်နဲ့ ငါ့ကိုတိုက်ခိုက်ဖို့ အရည်အချင်းမမှီဘူး အမှန်အကန်သန်မာ တယ်ဆိုတာ ဘယ်လိုလဲဆိုတာ ပြပေးမယ်”
ဝူလာမိုင်သည် သူ့အားအကုန်မသုံးပေ။ အစီအစဉ်အရ သူသည် ဝိညာဉ်လောကသို့မဝင်ခင် အားချန်ထားရဦးမည်။ ရင်ဇင်းကို အထင်သေးခိုင်း ကာ နောက်မှ သူ့ကို ဖမ်းမည်ဖြစ်သည်။
ရင်ဇင်း ပစ်လိုက်သော ဝိညာဉ်စွမ်းအားသည် အနီရောင်ဝိညာဉ်သားရဲ အဖြစ်ပြောင်းသွားကာ ဝူလာမိုင်ကို တိုက်ခိုက်လေသည်။
“အား…”
ဝူလာမိုင်သည် ရင်ဇင်း၏ ဝိညာဉ်သားရဲနှင့်တိုက်ခိုက်ရန် လျင်မြန်စွာ ပင် ရေနဂါးကိုပစ်လွှတ်လိုက်သည်။
“ကျုပ်တို့လည်းကူညီမယ်”
ဗျိုင်းမျိုးနွယ်အကြီးအကဲများသည် ဝိညာဉ်စွမ်းအင်များစုစည်းကာ ဝူလာမိုင်အားကူညီလေသည်။
သို့သော် သူတို့လူအနည်းငယ်ပေါင်းသော်လည်း ရင်ဇင်းလောက် မသန်မာပေ အရှေ့ကိုချိုးဖောက်သော်လည်း သူတို့ဆီသို့သာပြန်လာလေ သည်။
“လေဟာပြင်ပိတ်မယ်” ရှီမာယူယူသည်အော်ပြီးနောက် ရုပ်လုံးပေါ်နေ သော သားရဲကို ချိပ်ပိတ်လိုက်သည်။
သူမ လေဟာပြင်ပိတ်ခြင်းကို သုံးလိမ့်မည်ဟု ရင်ဇင်း မမျှော်လင့်ထား ပေ။ သူသည် သူမကိုပိုပြီး သိချင်လာသည်။
သူသည် ငယ်ရွယ်သော်လည်း နဂါးထောင်ချောက်တည်ဆောက်မှုကို သုံးနိုင်သည်။ လေဟာပြင်ပိတ်ခြင်းကိုပါ နားလည်ထားသည်။ သူမ အရွယ် ရောက်သည်ကို သူစောင့်လိုက်ပါက သူမ မည်မျှလုပ်နိုင်မည်ကို သူ စဉ်းစားရ ခက်သည်။
“မိန်းကလေး မင်းက တကယ်ပဲ… ငါ့ကို ပိုပိုပြီးစိတ်ဝင်စားအောင်လုပ် တာပဲ” သူသည် နှုတ်ခမ်းထောင့် တွန့်တက်သွားသည်။ သူသည် ရှီမာယူယူ အား လုယူတော့မည့်အတိုင်းကြည့်လေသည်။
“ရှင်ကြီး ဘယ်တော့မှစိတ်မဝင်စားနိုင်အောင်လုပ်ပေးမယ် ပေါက်ကွဲ လိုက်” ရှီမာယူယူသည်အေးစက်စွာ အော်လိုက်သည်။ အသွင်ပြောင်း ဝိညာဉ် သားရဲသည် ပေါက်ကွဲကာ ဝိညာဉ်စွမ်းအင်သည် လေထဲတွင် ပျောက်ကွယ် သွားလေသည်။
“မိန်းကလေး မင်း မွေးစားအဖေကို ရှင်းပြီးတဲ့အထိစောင့် ပြီးရင် မင်းနဲ့ စကားကောင်းကောင်းလေးပြောကြမယ် အခုတော့ လိမ်လိမ်မာမာနဲ့ ဘေး ဖယ်နေ”
ရင်ဇင်းသည် သူ၏ ဝိညာဉ်စွမ်းအင်ကို နောက်တစ်ကြိမ်အသုံးပြုလေ သည်။ သို့သော် သူ့အားမှာ ဖိနှိပ်ခံလိုက်ရပြီကို သိလိုက်ရသည်။ သူသည် မျက်လုံးမှိတ်ကာ ပတ်ဝန်းကျင်ကို အာရုံခံလိုက်သည်။ သူသည် ရုတ်တရက် မျက်လုံးဖွင့်ကာ သူမအား ကြည့်လိုက်သည်။ သူသည် ပထမဆုံးအကြိမ် ထိတ်လန့်သွားသည်။
“ဝိညာဉ်လောက မင်း ဝိညာဉ်လောက ဆင်ထားတာပဲ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
***