ထွက်လမ်းကိုတူးမယ်
Vol. 140 Ch. 4.1607
လုရွှမ် အချိန်ကို တိတ်တဆိတ် ရေတွက်နေပြီး သူ၏နောက်ဆက်တွဲ ရောဂါပျောက်ကင်းမှုအတွက် နှိုင်းယှဥ်နိုင်စေရန် နည်းလမ်းနှစ်ခုကို တစ်ပြိုင်နက်တည်း အသုံးပြုနေခဲ့သည်။
"လုရွှမ် ကောင်းကင်က လင်းနေပြီ!"
ရဲ့ရှားက ရုတ်တရက် အော်လိုက်သည်။
သုံးယောက်သားရဲ့ မျက်လုံးများ တောက်ပလာသည်။ အမှန် ကောင်းကင်ကြီးက တောက်ပနေပြီမလို့ သူတို့ အပြေးအလွှား ထွက်နိုင်တော့မည်။
"အား! မလုပ်နဲ့!"
ရုတ်တရက် ကောင်းကင်က မှောင်မိုက်သွားပြီး အလွန်ကြီးမားသော ကျောက်တုံးကြီးတစ်ခုက နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
မီးတောက်များသည် လေကြောင့် လွင့်စင်သွားခဲ့ပြီး လုံးဝ မမြင်နိုင်သော်လည်း တောက်လောင်နေသော လေလှိုင်းများက ကျဆင်းနေပြီဖြစ်သည်။ ထိုကြီးမားလှသော စွမ်းအားသည် ကြွေကျနေသော ကြယ်တစ်ပွင့်နှင့်တူပြီး အရာအားလုံးကို ချေမှုန်းပစ်ကာ ရပ်တန့်မသွားနိုင်ပေ။
ကောင်းကင်သိမ်းငှက်: "ငါတို့ တားလို့မရလောက်ဘူး!"
ရဲ့ရှား: "ငါတို့ မလုပ်နိုင်ရင်တောင် တားရမယ်"
နဂါးလေးကတော့ လုရွှမ်ကို ကြည့်ကာ မေးလိုက်၏။
"လုရွှမ် ငါတို့ ဘာလုပ်သင့်လဲ?"
သူတို့ကို အသက်နှင့် သေခြင်းဆိုင်ရာ အကျပ်အတည်းများမှ အကြိမ်ကြိမ် ကယ်ပေးခဲ့တဲ့ လုရွှမ်ကို အားကိုးနေမိကြောင်း သူကိုယ်တိုင်ပင် မသိခဲ့ပေ။ ယခု သူသည် လုရွှမ်ကို နက်နက်ရှိုင်းရှိုင်း မှီခိုနေရပြီဖြစ်သည်။
သူ့တွင် နည်းလမ်းမရှိသော်လည်း လုရွှမ်မှာ သေချာပေါက် ရှိမည်ဟု ဓိဋ္ဌာန်ကျကျ ယုံကြည်နေခဲ့သည်။
ကျန်လူနှစ်ယောက်ကိုလည်း လှမ်းကြည့်လိုက်သည်။
လုရွှမ်သည် နေဖြိုခွင်းနတ်လေးကို အလိုလို ထုတ်ယူပြီး ဝိညာဥ်မြှားဖြင့် ကျောက်တုံးကို ပစ်ချင်ခဲ့သည်။ သို့သော် ယွမ်ချီမြှား၏အရိပ်သည် သူ့စိတ်ထဲတွင် ကွက်ကွက်ကွင်းကွင်း ရှိနေဆဲ။ ဤနေရာရှိ ဝိညာဉ်စွမ်းအင်သည် သူ၏ ယွမ်ယန်စွမ်းအင် အပေါ် ကြီးစွာသော တားမြစ်မှုကြီး ရှိနေသည်။
အကယ်၍ သူလုပ်လိုက်ပါက သူ၏ အရေးကြီးသော စွမ်းအင်ကို ဆယ်ယွမ်ဝိညာဉ်စွမ်းအင်ဖြင့်သာ အချည်းနှီး ပိတ်ဆို့သွားရလိမ့်မည်။
"ငါတို့ အဲဒါကို ရှောင်လို့မရဘူး ငါတို့က ရှောင်လို့မရဘူး.. ခေါင်းချင်းဆိုင်ရုံပဲ ရှိတယ်"
လုရွှမ် ကျောက်တုံးကြီးကို စိုက်ကြည့်ရင်း အသံနက်ကြီးနဲ့ ပြောလိုက်သည်။ ပြုတ်ကျလာသည့် အကွာအဝေးသည် နီးကပ်လာသည်နှင့်အမျှ ကျောက်တုံး အရွယ်အစားကလည်း လျင်မြန်စွာ တိုးလာသည်။
ကျောက်တုံးကြီးက ကြီးထွားလာသလိုပါပဲ။ ပတ်ပတ်လည် တောင်နံရံတွေမှာ ကွက်လပ်တစ်ခုမှ မကျန်အောင် တင်းတင်းကြပ်ကြပ် ပွတ်တိုက်ခဲ့သေးသည်။
သူတို့၏ထွက်ခွာခြင်းကို ဟန့်တားနေတာက ဆယ်ယွမ် ဝိညာဉ်စွမ်းအင်များ ဖြစ်ကောင်းဖြစ်နိုင်သည်။ နတ်နဂါးနှင့် ကောင်းကင်ဘုံဖီးနစ်ရဲ့ သေခြင်းတရားကို စောင့်ဆိုင်းကာ လုံးဝနိုးထလာပြီး အရာအားလုံးကို ချေမှုန်းပစ်လိုက်ခြင်း ဖြစ်နိုင်ကြောင်း လုရွှမ် ကောင်းကောင်းသိနေသည်။
"ဒါဆို ငါတို့ ဘာလုပ်သင့်လဲ"
လုရွှမ်: "အမြန် ပြေးမယ်... ငါတို့ထွက်လမ်းကို တွန်းလှန်ဖို့ ငါတို့ရဲ့ အကြမ်းတမ်းဆုံး မှော်အစွမ်းတွေကို သုံးရမယ်"
နဂါးလေးနဲ့ ကောင်းကင်သိမ်းငှက်တို့ စကားမပြောနိုင်ကြပေမယ့် ရဲ့ရှားကတော့ အသံကျယ်ကျယ်နဲ့ ရယ်မောလိုက်သည်။
"မှန်တယ်... အခု ငါတို့လမ်းကို တားရဲတဲ့သူက ငါတို့ကို သတ်မှာတွေချည်းပဲ"
နဂါးလေးနဲ့ ကောင်းကင်သိမ်းငှက်တို့သည် ရဲ့ရှားတို့ မျိုးနွယ်စုအား ၎င်းတို့၏ ကြမ်းတမ်းမှုအတွက် တိတ်တဆိတ် ကျိန်ဆဲခဲ့ကြသော်လည်း ယခုအချိန်တွင် အခြားနည်းလမ်း မရှိတော့ပေ။ သူပြောတာက အမှန်တွေပင်။
ကောင်းကင်သိမ်းငှက်: "ဒါဆို ငါတို့က ဘယ်ကစမှာလဲ"
လုရွှမ်: "ပတ်ဝန်းကျင်က သိသိသာသာကို တင်းနေတာ...ငါတို့ အလယ်ကနေ တူးထုတ်ရမယ်... တခြား အခွင့်အရေးမရှိဘူး"
ရဲ့ရှား: "ကောင်းပြီ!"
လုရွှမ်လက်ထဲက လက်နက်က ချင်ထျန်း ဓားအဖြစ်သို့ ပြောင်းလဲသွားပြီး ရဲ့ရှားကလည်း ကျိုးနေသောဓားကို ထုတ်ယူလိုက်သည်။ ကျိုးသွားသော်လည်း ထက်မြက်နေသေးပြီး ၎င်းရဲ့ ရောင်ဝါကလည်း များစွာ လျော့မသွားသေးပေ။
ကောင်းကင်သိမ်းငှက်က သူ့ရဲ့ချွန်ထက်တဲ့ ခြေသည်းတွေကို ပြသလာပြီး နဂါးလေးကတော့ သူ့ရဲ့ နဂါးဦးချိုတွေကို ထုတ်ထား၏။
လူလေးယောက်၊ မျက်လုံး ၈လုံးဟာ အလွန်တရာ ထက်မြက်ပြီး ပြတ်သားကြသည်။ ဘဝနှင့် သေခြင်းတရားက ဤအခိုက်အတန့်ပေါ်တွင် မူတည်နေပါပြီ။
ခန္ဓာကိုယ်များ အလင်းတန်းများအဖြစ် ပြောင်းလဲသွားသလိုပင်။ အလင်းတန်းလေးခုက ကျောက်ဆောင်ကြီးကို ရိုက်ခတ်သွား၏။ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ကျိုးသွားသော ကျောက်တုံးများသည် နေရာတိုင်းသို့ ပျံသန်းသွားကာ လေထုကို အနက်ရောင် မီးခိုးများဖြင့် ပြည့်စေခဲ့သည်။
ဝိညာဉ်စွမ်းအင်များက ရေဝဲများသဖွယ် ဖွဲ့စည်းကာ လှည့်ပတ်နေသဖြင့် ဘာကိုမှ ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ပေ။ နတ်နဂါးနဲ့ ဖီးနစ်တို့လည်း သူတို့လမ်းတွင် ရပ်သွားကြသည်။ လုရွှမ်တို့လေးယောက် အရင်က လုပ်ခဲ့တာတွေကို သူတို့နှစ်ယောက်စလုံး မြင်နေရသည်။
ရိုးရှင်းတဲ့ အရူးအလုပ်ပင်။
ကျောက်တုံးကြီးသည် နဂါးနှင့် ဖီးနစ်တို့ အတူတူ တူးပစ်လျှင်တောင် ဖောက်မခွဲနိုင်တော့ပေ။ အငယ်တန်း လေးယောက်က အပြေးအလွှား ထွက်ချင်နေတာက စိတ်ကူးယဉ်ဆန်နေတာပဲ မဟုတ်ပါလား။
လုရွှမ် သူ့ပါးစပ်ထောင့်မှ သွေးများကို အကြိမ်ကြိမ် ထွေးထုတ်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို ကျောက်တုံးထဲတွင် မြှုပ်ထားလိုက်သည်။ ကြိုးတုပ်ခံထားရသည့် နဂါးလေး၊ ကောင်းကင်သိမ်းငှက်နဲ့ ရဲ့ရှားတို့မှာ ၎င်းတို့၏ ခါးအထိ ဖိအားများ ကျရောက်လာခဲ့သဖြင့် အားလုံးသတိလစ်သွားကြသည်။
ရဲ့ရှားရဲ့လက်ထဲက ကျိုးသွားတဲ့ဓားဟာ လုံးဝကွဲအက်သွားခဲ့ပါပြီ။ လက်ကိုင်သာကျန်ခဲ့ပေမယ့် သွေးတွေစီးကျနေတဲ့ သူ့လက်ထဲမှာတော့ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားဆဲပါပဲ။
ကောင်းကင်သိမ်းငှက်ရဲ့ ခြေသည်းများ ကျိုးသွားကာ အသားနှင့် အရေပြား အနည်းငယ်သာ တွဲကျနေပြီး ကြောက်မက်ဖွယ် ကောင်းသော မြင်ကွင်းပဲ ဖြစ်သည်။
နဂါလေးက စိတ်ဆင်းရဲစရာ အကောင်းဆုံးပင်။ သူ၏ နဂါးဦးချိုများက ကျိုးသွားကာ သူ့ခေါင်းထဲအထိ နက်နဲစွာ ထိုးဖောက်သွားသည်။ လုရွှမ် သူ့ရဲ့ ဝိညာဉ်ထွက်ကို မခံစားနိုင်ခဲ့ပါက သူသေသွားပြီဟု ထင်မိပေလိမ့်မည်။
သူ့ခေါင်းထက်က ကျောက်တုံးကြီးက သူ့ခေါင်းကို တင်းတင်းကြပ်ကြပ် ဖိထားလို့ အောက်ကို ပြုတ်ကျသွားသည်။
ကြောက်စရာကောင်းသော အပူသည် သူ့ခေါင်းထိပ်မှ ပျံ့သွားသော်လည်း လုရွှမ် လက်မလွှတ်ဝံ့ပေ။ သူလွှတ်လိုက်သည်နှင့် ဤနေရာလေးသည် လုံးဝပြန်လည် ကောင်းမွန်လာမည်ဖြစ်ပြီး၊ ယခင်က ၎င်းတို့လုပ်ဆောင်ခဲ့သမျှ အားလုံးသည် လုံးဝအလဟသ ဖြစ်သွားလိမ့်မည်။
လုရွှမ် သူ့လက်ကို ဝှေ့ယမ်းပြီး လူသုံးယောက်ကို ကျောက်စိမ်းပြားထဲသို့ ပစ်ထည့်လိုက်သည်။ လူသုံးယောက်၏ မကြောက်မရွံ့အမူအရာသည် လုရွှမ်အား ၎င်းတို့အပေါ် ပိုမိုတန်ဖိုးထားလာစေခဲ့သည်။ သူ့ခြေဖဝါးအောက်တွင် မီးတောက်မျိုးစုံ တက်လာပြီး ပြုတ်ကျလာသော အရှိန်ကို တွန်းလှန်လိုက်သည်။
သူ့လက်များကလည်း တောက်ပလာပြီး ကျောက်တုံးထဲတွင် နက်နက်ရှိုင်းရှိုင်း မြှုပ်ထားသည့် ချင်ထျန်းဓားကို ဆုပ်ကိုင်လိုက်သည်။ ကံကောင်းထောက်မစွာ ကောင်းကင်သည် ကောင်းကင်ဓားအပေါ် ကရုဏာသက်ခဲ့၏။ နောက်ဆုံးတွင်တော့ ၎င်းသည် ကောင်းကင်လက်နက် ဖြစ်တာကြောင့်ရော ပရမ်းပတာ ပန်းနဲ့လည်း ပေါင်းစည်းနိုင်ခဲ့သောကြောင့်ရော ပျက်စီးမယ့် ဘေးဒုက္ခကို ရှောင်ရှားနိုင်ခဲ့သည်။
ဝိညာဉ်ပင်လယ်ထဲက ရွှေချိုနဲ့ ကျင့်ကြံခြင်းအမြုတေထဲက နဂါးပုတီးစေ့ဟာ တလက်လက်တောက်ပနေပြီး သူ့ခန္ဓာကိုယ်ထဲကို စွမ်းအင်များ စိမ့်ဝင်လာစေခဲ့သည်။ ကြီးမားသော အင်အားသည် လုရွှမ်လက်များမှတစ်ဆင့် ချင်ထျန်းဓားထဲ စီးဝင်သွားလေ၏။
လုရွှမ် သူ့လက်ဖဝါးကို ခါလိုက်သည်နှင့် ကျောက်တုံးကြီးများ လွင့်ထွက်သွားသည်။ ကျောက်တုံးကို လက်ဖဝါးဖြင့် တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်တော့ ကျောက်တုံးရဲ့ အပူချိန်သည် အလွန်ပူပြင်းနေတာ တွေ့လာရသည်။ ပြင်းထန်လွန်းသဖြင့် မီးရှို့ခံရတော့မလိုတောင် ခံစားလာရသည်။
မကြာမီ အရေပြားနှင့် အသားများက ဖယ်ထုတ်ခံလိုက့ရပြီး အတွင်းဘက်က အရိုးများ ပေါ်ထွက်လာသည်။ လုရွှမ် ခက်ခက်ခဲခဲ အသက်ရှုကြပ်ကာ သူ့လက်ထဲက ချင်ထျန်းဓားကို ကိုင်ဆောင်ကာ ဆက်လက်၍ သူ့ခန္ဓာကိုယ်သည် အထက်သို့ ရွေ့သွားပြန်သည်။
မြေးတူးသမားလိုမျိုး ကျောက်တုံးကြီးထဲမှာ ဥမင်လိုဏ်ခေါင်းတူးဖို့ အလုပ်ကြိုးစားနေခဲ့သည်။ ခရီးက ခက်ခဲကြမ်းတမ်းသော်လည်း လုရွှမ် လုံးဝအရှုံးမပေးဘဲ အထက်သို့ တရွေ့ရွေ့တက်သွားခဲ့သည်။
ဝုန်းကနဲ ပေါက်ကွဲသံနှင့်အတူ ခန္ဓာကိုယ်တွင် သွေးထွက်သံယို အပေါက်တစ်ခု ပေါ်လာသည်။ အဲဒါက ရွှေချိုနဲ့ နဂါးပုတီးစေ့တို့ တိုက်မိပြီး ပေါက်ကွဲထွက်လာတဲ့ စွမ်းအားပါပဲ။ သူ ခံနိုင်ရည် မရှိသောကြောင့် သွေးထွက်သံယို အပေါက်ကြီးတစ်ခု အဖောက်ခံလိုက်ရခြင်းသာ။
လုရွှမ် တံတွေးထွေးပြီး ဒဏ်ရာပေါ် တံတွေးကို သုတ်ကာ အပေါ်ကို ဆက်တူးသည်။ ရွှေကျီးကန်းဟာ လုရွှမ်ရဲ့ လုပ်ရပ်ကို ကြည့်ရင်း ကျောက်စိမ်းပြားထဲတွင် ရှိနေသည်။ ဖြစ်စဉ်တစ်ခုလုံးကြောင့် သူ့မျက်လုံးများက တဖြည်းဖြည်း မှုန်ဝါးလာသည်။
"သခင်... နောက်ဆုံးတော့ သခင့်လို ဆက်ခံမယ့်သူကို ကျွန်တော်ရှာတွေ့ခဲ့ပြီ... သခင် မပြီးသေးတဲ့ အလုပ်က သူ့လက်ထဲမှာ ပြီးသွားလိမ့်မယ်"
လုရွှမ်ရဲ့ ကောင်းကင်ဓားက ကျောက်နံရံကို အလွယ်တကူ ထိုးဖောက်ဝင်သွားသည်။ လုရွှမ် လက်ဖဝါးကို ယမ်းလိုက်ရာ ကျောက်တုံးများ ကွဲကြေသွားသည်။ ကောင်းကင်ကြီးကို မြင်လိုက်ရပြီမလို့ လုရွှမ် အားစိုက်ထုတ်လိုက်သည်။
"ဟားဟားဟား!"
လုရွှမ် လှိုက်လှိုက်လှဲလှဲ အော်ရယ်ပစ်လိုက်၏။ သူသည် နဂါးလေးနဲ့ အခြားနှစ်ယောက်ကို လျင်မြန်စွာ လွှတ်လိုက်ပြီး ကောင်းကင်သို့ ပျံသန်းသွားခဲ့သည်။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အောက်ဖက်ရှိ ကျောက်တုံးများ အပိုင်းပိုင်း ကွဲသွားကာ နတ်နဂါးနှင့် ဖီးနစ်တို့ကို ပိတ်ဆို့ထားသည့် ကျောက်တုံးကြီးက အမှုန့်ဖြစ်သွားသည်။ နဂါးလေးတို့ သုံးယောက်မှာ ကျောက်တုံးပေါက်ကွဲသံကြောင့် ရုတ်တရက် လန့်နိုးလာခဲ့သည်။
သူတို့ခေါင်းထက်က ကောင်းကင်ကို မော့ကြည့်လိုက်တော့ အရမ်း စိတ်လှုပ်ရှားသွားသည်။ နောက်ဆုံးတော့ ထွက်လာနိုင်ခဲ့ပြီ။ ဒါပေမယ့် ဘယ်လိုထွက်လာခဲ့မိမှန်း သူတို့မသိခဲ့ပါဘူး။
"လုရွှမ် မင်းရဲ့လက်?"
ရဲ့ရှားက ရုတ်တရက် အော်လိုက်သည်။
လုရွှမ်လက်များက အလွန်ကြောက်စရာကောင်းတဲ့ အခြေအနေကို ရောက်နေပြီ။ သူ့လက်များဟာ အရိုးစုတွေအဖြစ် ပြောင်းလဲသွားတာကို ကျန်နှစ်ဦးလည်း သတိပြုမိသည်။
"ဘာမှမဟုတ်ဘူး... ကျောက်တွင်းကို တူးချင်ရင် ဒီတန်ကြေးကတော့ ပေးဆပ်ရမှာပဲ!"