ဝိညာဥ်စွမ်းအင် နိုးထခြင်း
Vol. 140 Ch. 4.1608
"လုရွှမ် ငါ မင်းကို အရမ်းလေးစားတယ်... ငါရဲ့ရှား မင်းကို လုံးဝယုံကြည်တယ် မင်းကို အကြွင်းမဲ့ ယုံကြည်သွားပြီ"
ရဲ့ရှားက ခံစားချက်တွေ အပြည့်ဖြင့် အော်လိုက်သည်။ အရင်က ကျောက်တုံးကြီးနဲ့ နီးလာတဲ့အခါ ဘယ်လောက် ပူလောင်တယ်လို့ ခံစားခဲ့ရပြီးသား။ မီးက သူ့စိတ်တွေတောင် အရည်ဖျော်တော့မယ်လို့ ခံစားခဲ့ရသည်။
မူးမေ့လဲနိုင်ခြေများကြောင်း သူသိသည်။ သူတို့လေးယောက်ရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် ကျောက်တုံးကို ဘယ်လောက်ခြိမ်းခြောက်နိုင်မလဲဆိုတာ မသိပေမယ့် အများကြီးတော့ မဟုတ်မှန်လည်း သူထင်ခဲ့သည်။
တစ်နည်းဆိုရသော် အားလုံးနှင့် ယခုလို လွတ်မြောက်နိုင်ခဲ့တဲ့ အချက်သည် လုရွှမ်ရဲ့ ကြိုးစားအားထုတ်မှု တစ်ခုတည်းကြောင့်သာ ဖြစ်သည်။ ထိုအခြေအနေမျိုးတွင် သူသည် သူတို့ကို လုံးဝ မစွန့်ခဲ့ချေ။
ဒီလိုလူတွေကိုတော့ သူ့နှလုံးသားထဲက လေးစားမိ၏။
ကောင်းကင်သိမ်းငှက်ရဲ့ ပါးစပ်များက လှုပ်ယမ်းသွားသည်။ သူ့ခြေသည်းများက ပြင်းစွာ နာကျင်နေသေးပေမယ့် လုရွှမ်ကိုတော့ ပြင်းပြင်းထန်ထန် ခေါင်းညိတ်ပြလိုက်သည်။ နဂါးလေးက ဘာမှ မပြော။ ပြင်းထန်စွာ ဒဏ်ရာရသွားသဖြင့် မတ်တပ်တောင် မထနိုင်ရာ သူ့ကို ကောင်းကင်သိမ်းငှက်က ထိန်းထားပေးရပြီး မျက်လုံးတွေကလည်း နီရဲနေသည်။
လုရွှမ် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး :"ပြဿနာ မရှိဘူး... ကူးတို့ဆိပ်ကို မရောက်ခင် ငါတို့ သတိထားရမယ်... မဟုတ်ရင် နဂါးနဲ့ ဖီးနစ်တို့ထက် ပိုကြောက်စရာကောင်းတဲ့ အရာကြီးက ငါတို့ကို ဖမ်းမိသွားလိမ့်မယ်"
လေပြင်းတိုက်ခတ်သံနှင့်အတူ လူလေးဦးသည် အလင်းရောင်ချောင်းကဲ့သို့ တောင်ထိပ်မှ ပြေးထွက်လာကြသည်။
အောက်ဖက်ရှိ စုပ်ယူမှုအားက ရုတ်တရက် ပျောက်ကွယ်သွားကာ နောက်ဆုံးတွင်တော့ ၎င်းတို့ မီးတောင်အဝမှ ပြေးထွက်လာနိုင်ခဲ့သည်။
"စိတ်မလျှော့လိုက်နဲ့.. ပိုကြောက်စရာကောင်းတဲ့ တစ်ခုခု ရောက်လာတော့မယ်"
လုရွှမ် ပြောပြီးတာနဲ့ အရှိန်လျှော့မယ့်အစား သူ့အရှိန်က ပိုတောင် တိုးလာတော့သည်။ သူတို့သုံးယောက်လုံး နားမလည်ပေမယ့် လုရွှမ် သူတို့ကို လိမ်ညာနေမှာ မဟုတ်တာ သေချာတာမို့ အမြန်နောက်က လိုက်သွားကြသည်။
"အငယ်တန်း မင်း..."
နတ်နဂါးလည်း ပြေးထွက်လာပြီး အော်နေပေမယ့် ရုတ်တရက် သူ့ခန္ဓာကိုယ်က ရပ်တန့်သွားသလို ခံစားလိုက်ရကာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာ၏။
ငုံ့ကြည့်လိုက်တော့ ခန္ဓာကိုယ်က ပြင်းထန်စွာ ပုံပျက်လာသည်။ သူ့ရဲ့ အကာအကွယ် နတ်အလင်းရောင်သည် ဤပြောင်းလဲမှုတွေ မဖြစ်လာအောင် လုံးလုံးလျားလျား မတားဆီးနိုင်ခဲ့ချေ။
"အား!"
နာကျင်မှုသည် ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းမှ ပျံ့နှံ့သွားတာကြောင့် နတ်နဂါးမှာ နာကျင်စွာ အော်ဟစ်ညည်းတွားနေရတော့သည်။
"နတ်နဂါး ရှင်ဘာဖြစ်နေတာလဲ ကျွန်မ..."
သူမလည်း ရုတ်ချည်း စိတ်ဆင်းရဲစရာ အသံနက်ကြီးဖြင့် အော်ဟစ်နေတော့သည်။ ဖီးနစ်နတ်မီးက ချက်ချင်း ပျောက်ကွယ်သွားကာ ၎င်း၏အတောင်ပံများ ပြန်ဆုတ်သွားပြီး ကြီးမားသော ခန္ဓာကိုယ်က ချက်ချင်းပင် ဖိသိပ်ခံလိုက်ရသည်။
ရဲ့ရှားတို့လည်း အော်ဟစ်သံကို ကြားလို့ နောက်သို့ လှည့်ကြည့်သောအခါ နတ်နဂါးနဲ့ ဖီးနစ်တို့ရဲ့ အခြေအနေများကို မြင်လိုက်တော့သည်။
သူတို့နှစ်ဦး၏ ကြီးမားသော ခန္ဓာကိုယ်ကြီးအတွက် ပတ်ဝန်းကျင်တွင် ကြီးမားသော ဖိအားများရှိနေပြီး လုံးဝ မခုခံနိုင်အောင် ဖိသိပ်ထားပုံရသည်။ အကြီးကနေ သေးသေးလေး ပြန်ဖြစ်သွားကာ ဝုန်းကနဲ ပေါက်ကွဲသံနဲ့အတူ အပိုင်းပိုင်း ကွဲသွားလေ၏။
သေကုန်ပြီ!
သုံးယောက်သား ထိတ်လန့်သွားကြသည်။
ဘာတွေဖြစ်နေတာလဲ? ဘာဖြစ်ကုန်တာလဲ?
"ကြည့်နေ! ပိုကြောက်စရာကောင်းတဲ့ အရာတစ်ခု ထွက်လာဦးမှာ ဘာလို့ မပြေးသေးတာလဲ"
လုရွှမ်ရဲ့ အော်သံကြားတော့ သုံးယောက်သား ချက်ချင်း တုံ့ပြန်လိုက်သည်။ ဟုတ်ပေသည်။ နတ်နဂါးနှင့် ကောင်းကင်ဖီးနစ်တို့ကိုပင် သုတ်သင်နိုင်ခဲ့တာက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ တည်ရှိမှုမျိုး ဖြစ်လိမ့်မလဲ။
လုရွှမ်က အချိန်ဖြုန်းမိမည်ကို ကြောက်သောကြောင့် တလမ်းလုံး ပြေးသွားကာ နောက်ပြန် လှည့်မကြည့်ရဲပေ။ ရွှေကျီးကန်းအား အနောက်ကို စောင့်ကြည့်ခိုင်းဖို့ အသံပေးလိုက်သည်။
"မြန်မြန် မြန်မြန်ထ.. ဆယ်ယွမ် ဝိညာဉ်စွမ်းအင် တကယ်နိုးထလာပြီ"
ရွှေကျီးကန်းက အသံမထွက်လာပေ။ လုရွှမ် အနောက်မှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် ရောင်ဝါကို ခံစားနိုင်သည်။ အထူးကြောက်စရာကောင်းသည်မှာ ၎င်းတို့ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များသည် ၎င်းတို့ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ လမ်းကြောင်းအား ပိတ်ဆို့ရန် ကြိုးစားနေသည့် ရွက်ချည်မျှင်များကဲ့သို့ ဖြစ်လာခြင်းပင်။
"ဒီဟာက ဘာကြီးလဲ? လုရွှမ် ငါ ဝိညာဉ်စွမ်းအင်တွေ အသက်ဝင်လာတယ်လို့ ခံစားနေရတာလဲ..."
အမှန်မှာပင်။ သူသည် နဂါးဖြစ်လို့ ဝိညာဉ်စွမ်းအင်အပေါ် အလွန်အမင်း သိမ်မွေ့သော ခံစားချက် ရှိပေသည်။
"အစကတော့ အဲဒါက ဒုက္ခပေးတတ်တဲ့ ဝိညာဉ်စွမ်းအင်ပဲ... အခုက ဉာဏ်ရည်ရပြီး နိုးထတော့မှာ!"
သုံးယောက်သား သွေးအန်လုမတတ် ဖြစ်လာသည်။ ဝိညာဉ်စွမ်းအင်က အမှန်တကယ်ပင် အသိဉာဏ် ရှိလာခဲ့ပါက အဲဒါ အရူးပဲ ဖြစ်လာလိမ့်မည်။
ကံကောင်းထောက်မစွာနဲ့ လူလေးယောက်က ခပ်ဝေးဝေးကို ပြေးထွက်သွားကြပြီး သူတို့ခံစားရတဲ့ ဆွဲအားကကလည်း သိပ်မပြင်းထန်ချေ။ သူတို့သည် ကြမ်းတမ်းခက်ထန်စွာ ပျံသန်းလာကြရင်း အကွာအဝေးက တဖြည်းဖြည်း တိုးလာကြသည်။
အသွင်အပြင်တစ်ခုက အဝေးကနေ ပျံထွက်သွားပြီး ရန်ဖေးရဲ့ အသံကလည်း အဝေးကနေ ထွက်လာသည်။
"အစ်ကိုကြီးလုရွှမ် ရှင် နောက်ဆုံးတော့ ပြန်လာပြီ မြန်မြန်! အချိန်ကျခါနီးပြီ လှေက ထွက်တော့မယ်"
လုရွှမ် မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားသည်။ ဤနေရာတွင် ဝိညာဉ်စွမ်းအင် ဆယ်ယွမ်ကို ရှူမိပါက ထွက်ခွာရန် ခက်ခဲလိမ့်မည်။
"ဒီက ဝိညာဉ်စွမ်းအင်ကို မရှူမိစေနဲ့... မြန်မြန်ထွက်သွား!!"
လုရွှမ် အော်လိုက်သည်။
သူ့ခြေလှမ်းတွေကို အရှိန်ပြင်းပြင်းနဲ့ နင်းရင်း ကျော်ဖြတ်လိုက်တယ်။
သူ့အား ထိတ်လန့်စေသည့်အရာမှာ ရန်ဖေးတစ်ဝိုက်ရှိ ဝိညာဉ်စွမ်းအင်များ လျင်မြန်စွာ ပြောင်းလဲသွားပြီး ရန်ဖေးကို ပတ်ထားသော ကြိုးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခြင်းပင်။
လုရွှမ်သည် ထျန်းယွမ်နတ်မီးလုံးအား မျက်လုံးနှစ်ဖက်လုံး၌ ဖွင့်ကာ ကြည်လင် ပြတ်သားစွာ မြင်နိုင်စေသော်လည်း သူ့အမြင်အာရုံတွင် ရန်ဖေးသည် ဝိညာဉ်စွမ်းအင်ရဲ့ လှုပ်ရှားမှုကို လုံးဝ မခံစားရပေါ ၎င်းမှာ ဝိညာဉ်စွမ်းအင်မျှသာဖြစ်သည်။
ကောင်းကင်နှင့်မြေကြီးကို စောင့်ရှောက်သင့်ပြီး အရာခပ်သိမ်းကို စောင့်ရှောက်သင့်သည်။ သို့သော် ဝိညာဉ်စွမ်းအင်ကို ဘယ်သူက စောင့်ရှောက်မှာလဲ။
"သေလမ်းကို ရှာနေတာ!"
လုရွှမ် ဒေါသတကြီး အော်လိုက်ပြီး နေဖြိုခွင်းနတ်လေးကို ဆွဲထုတ်ကာ ရန်ဖေးဆီ မြှားတစ်စင်းနဲ့ ပစ်လိုက်သည်။ ရန်ဖေး အံ့သြသွားကာ လုရွှမ် ဘာလုပ်နေတာလဲ မသိခဲ့။
ဘာကြောင့် သူမကို နာကျင်စေချင်တာလဲ။
လုရွှမ် လျင်မြန်သော်လည်း ဝိညာဉ်စွမ်းအင်က ပိုမြန်နေသည်။ ၎င်းတို့က ရုတ်တရက် စုရုံးလာပြီး ရန်ဖေး အော်လိုက်ချိန်မှာ သူမခန္ဓာကိုယ်ကို ချိတ်ဆွဲထားလိုက်သည်။ သူမပတ်ဝန်းကျင်က ဝိညာဉ်စွမ်းအင် ပြောင်းလဲမှုများဟာ သူမကို အမှန်တကယ် ချည်နှောင်ထားတာ တွေ့လိုက်ရသဖြင့် သူမ အံ့အားသင့်သွားသည်။
ဝိညာဉ်စွမ်းအင်ကြောင့် သူမခန္ဓာကိုယ်သည် ရုတ်တရက် အားနည်းလာပြီး အားအင်မရှိသလို ခံစားလာရရာ မလှုပ်ရှားနိုင် ဖြစ်လာသည်။ ဝိညာဉ်ကြိုးက ရွေ့လျားသွားပြီး သူမကို ကျွန်းရဲ့ နက်နဲရာဆီ ဆွဲခေါ်သွား၏။
လုရွှမ် အပြေးအလွှား ရောက်လာပြီး သူ့လက်ထဲက ကောင်းကင်ဓားကို လေချွန်သံဖြင့် လွှဲယမ်းကာ ဝိညာဉ်စွမ်းအင်ကြိုးဆီသို့ ခုတ်လှဲလိုက်သည်။
လုရွှမ် သူ့လက်ကို မြှောက်လိုက်ပြီး ဓားကို လှန်လိုက်စဥ် သူ့ခွန်အားအားလုံးကို ဤဓားထဲသို့ လောင်းထည့်လိုက်သည်။ ခွန်အားက အရမ်းပြင်းထန်ပြီး စွမ်းအားကလည်း အံ့မခန်းပါပဲ။ ယွမ်ယန်စွမ်းအင်က ပြည့်ဝတာကြောင့် ဝိညာဉ်စွမ်းအင်ကြိုးက ၎င်းကို ခုခံနိုင်စွမ်းမရှိပေ။
ရန်ဖေး လဲကျသွားချိန်၌ လုရွှမ် သူမကို အချိန်မီ လှမ်းဖမ်းထားလိုက်သည်။
"အဆင်ပြေလား?"
"အစ်ကိုလုရွှမ် အဲဒါက ဘာကြီးလဲ... ငါ့ရဲ့ စွမ်းအင်တွေကို ပိတ်ဆို့နေသလို ခံစားရတယ် ဘာမှကို မလုပ်နိုင်ဘူး"
ရန်ဖေးမျက်နှာက ဖြူဖျော့ပြီး အလွန် ကြောက်ရွံ့ထိတ်လန့်သွားကြောင်း သိသာသည်။
"လှေဆီ အရင်သွားရအောင်"
ရုတ်တရက်ဆိုသလိုပဲ အနောက်ကနေ တဟုန်းဟုန်း တောက်နေတဲ့ မြှားထောင်ပေါင်းများစွာကို တပြိုင်နက်တည်း ပစ်ခတ်လိုက်သလို သူတို့ဆီသို့ ပြေးလာသော လေချွန်သံများကို ကြားလိုက်ရသည်။
ရဲ့ရှား: "လုရွှမ် သတိထား!"
လုရွှမ် တွေးတောမနေဘဲ ကောင်းကင်သို့ ပျံတက်သွားပြီး ရန်ဖေးရဲ့ လက်နှစ်ဖက်ကို ဆွဲယူကာ ရဲ့ရှားဆီသို့ တွန်းလွှတ်လိုက်သည်။
"သူမကို အရင်ခေါ်သွား! ငါ လာခဲ့မယ်"
ရဲ့ရှားလည်း ပြေးလာကာ ရန်ဖေးကို ပွေ့ချီထားလိုက်သည်။ နဂါးလေးကလည်း ကောင်းကင်သိမ်းငှက်နဲ့အတူ လှေဆီ ပြေးထွက်သွားကြသည်။ ရန်ဖေး စိတ်ပူနေတာအပြင် ပိုလို့တောင် ကြောက်သွား၏။ ရဲ့ရှားနဲ့ တခြားသူတွေကို လုံးဝမယုံရဘူးလေ။ အစ်ကိုလုရွှမ်က ဘာကြောင့် သူတို့လက်ထဲကို အပ်ခဲ့တာလဲ။
ရဲ့ရှားက ထိုအရာများကို အာရုံမခံနိုင်သော်လည်း နဂါးလေးက ၎င်းကို ကောင်းစွာသိသည်။ သူကပဲ သူမကို အမြန်နှစ်သိမ့်ပေးလိုက်သည်။
"မိန်းကလေးရန်ဖေး စိတ်မပူပါနဲ့ အစ်ကိုလု အဆင်ပြေသွားလိမ့်မယ်... တစ်ယောက်ယောက်က ဆယ်ယွမ် ဝိညာဉ်စွမ်းအင်ကနေ လွတ်မြောက်နိုင်ရင် အဲဒါက သူပဲ"
လုရွှမ်ကို “ညီအစ်ကိုလု” ဟုခေါ်လိုက်တာက ရန်ဖေးကို အံ့အားသင့်စေသော်လည်း သူမကို စိတ်သက်သာရာရစေခဲ့သည်။
လုရွှမ် သူမကို သူတို့လက်ထဲ အပ်လိုက်တာကြောင့် သူတို့ကို အရမ်းယုံကြည်နေတာ သိသာပါ၏။ နဂါးလေးကလည်း “အစ်ကိုလု” ဟုခေါ်လိုက်သည်။ ရန်သူများမှ မိတ်ဆွေအဖြစ်သို့ ပြောင်းလဲစေခြင်းမပြုမီ ကြီးကြီးမားမား တစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့ကြတာ ထင်ရှားပါသည်။
လုရွှမ့ လှည့်ကြည့်လိုက်တော့ အံ့အားသင့်သွားသည်။ စပျစ်နွယ်ပင်များကဲ့သို့ ဝေးကွာသော မီးတောင်ဝမှ ဤဘက်သို့ ဝိညာဉ်စွမ်းအင်ကြိုးများ ထောင်နှင့်ချီ ပျံ့နှံ့လာနေတာ တွေ့လိုက်ရသည်။
အခြားနေရာများတွင်လည်း ဝိညာဉ်စွမ်းအင်များက ပုံသဏ္ဌာန်ပြောင်းလဲကာ အဆိပ်ရှိသော မြွေများသဖွယ် နိုးထလာသည်။