← Chapters

ရွှေကျီးကန်းရဲ့ ယဇ်ပူဇော်ခြင်း

Vol. 140 Ch. 4.1609

ရွှေကျီးကန်းရဲ့ ယဇ်ပူဇော်ခြင်း

Vol. 140 Ch. 4.1609

ဆယ်ယွမ် ဝိညာဉ်စွမ်းအင်သည် အလွန်သိသာထင်ရှားပြီး ယခုလို ပြင်းထန်သော စွမ်းအားများက သူ့ကို မျိုချလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ ဝိညာဉ်စွမ်းအင်ကြိုးများက ဝှေ့ယမ်းကာ အဆက်မပြတ် ရိုက်ထုတ်လာကြသည်။

လုရွှမ် သူ့လက်ထဲတွင် ကောင်းကင်ဓားကို ကိုင်ဆောင်ထားပြီး သူ့တစ်ကိုယ်လုံးကို ထိခိုက်ပျက်စီးမှုမှ ကာကွယ်ပေး​နေသော်လည်း ခန္ဓာကိုယ်က ဝိညာဉ်စွမ်းအင်ကြိုးများဖြင့် လွင့်ပါးနေဆဲ ဖြစ်သည်။

သူသည် ကောင်းကင်မီး၊ ဖီးနစ်နတ်မီးနှင့် သူ့ခန္ဓာကိုယ်အတွင်း ထူးဆန်းသော မီးအမျိုးမျိုးကို လှုံ့ဆော်ပေးခဲ့သည်။ သို့သော် ၎င်းတို့သည် ဝိညာဥ်စွမ်းအင် ကြာပွတ်များကို လုံးဝမရပ်တန့်နိုင်ဘဲ တိုက်ရိုက် ထိုးဖောက် ဝင်ရောက်သွားကြသည်။

အမှန်မှာ ဆယ်ယွမ် ဝိညာဉ်စွမ်းအင်သည် အနှစ်သာရအားဖြင့် ဝိညာဉ်စွမ်းအင်အဖြစ် ရှိနေဆဲပင်။ အရာခပ်သိမ်း ပါ၀င်နေသေးသဖြင့် လုံးဝ မခုခံနိုင်ချေ။ ကောင်းကင်မှာ လျှပ်တပြက် မိုးခြိမ်းသံတွေကလည်း လုံးဝ သက်ရောက်မှုမရှိပါဘူး။

ယွမ်ယန်စွမ်းအင်နဲ့ ဆယ်ယွမ် ဝိညာဉ်စွမ်းအင်က တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက် ထိန်းထားနိုင်သော်လည်း လက်ရှိမှာ ယွမ်ယန်စွမ်းအင်ကို အားကိုးပါက ရေရှည်ထိန်းထားနိုင်မည် မဟုတ်ပေ။

ဆယ်ယွမ် ဝိညာဉ်စွမ်းအင်သည် နတ်နဂါးနဲ့ ကောင်းကင်ဖီးနစ်တို့ရဲ့ ကိုယ်ခန္ဓာနှင့် ဝိညာဉ်ကို လုံးလုံး ပေါင်းစပ်လိုက်သည်နှင့် စွမ်းအားက ပိုအားကောင်းလာရာ လွတ်မြောက်ရန် မဖြစ်နိုင်တော့ပေ။

ဒါတင်မကသေးချေ။ အခုက အချိန်မရှိတော့ဘူး။ ကူးတို့က ထွက်ခွာတော့မည်။ အမှားလုပ်မိရင် နောက်တဖန် အခွင့်အရေး ရှိတော့မှာ မဟုတ်ပေ။

ပိုဆိုးတာက ယင်ယန်ခုနှစ်စင်း ဆေးလုံးက မျိုချလိုက်ပြီးတာ တစ်နာရီကျော် ကြာသွားလေပြီ။ လုရွှမ် အဂ္ဂိရတ်ဆေးထဲက ထိန်းချုပ်ထားရတဲ့ သူ့ခန္ဓာကိုယ်ထဲက အဆိပ်​တွေ ပေါက်ကွဲတော့မည့် လက္ခဏာများကို ယောင်ဝါးဝါး ရိပ်မိနေပြီဖြစ်သည်။

သူ့မှာ အချိန်မရှိတော့ပါ။

သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာတွေက အရမ်းပြင်းထန်နေပြီ ဖြစ်ပြီး ဒီအချိန်မှာတော့ သူ့ခန္ဓာကိုယ်က စုတ်ပြဲနေတဲ့ အပေါက်တွေနဲ့ ပြည့်နေသည်။ အင်အား အလွန်အကျွံ သုံးလိုက်ရင် သွေးတွေထွက်လာနိုင်၏။

ဒီမတိုင်ခင်က ရွှေကျီးကန်းဟာ သူ့ခန္ဓာကိုယ်က တကယ်ကို မခံနိုင်တာကြောင့် ရွှေဦးချိုနဲ့ နဂါးပုတီးစေ့ရဲ့ စွမ်းအားကို မသုံးနိုင်တော့ဘူးလို့ သတိပေးထားပြီးသားပါ။

ဒါပေမဲ့ ဒီအချိန်မှာ သူတို့က ဒီကနေ အမြန်ထွက်သွားချင်ရင် တခြားရွေးချယ်စရာ မရှိတော့ချေ။

ကံကောင်းထောက်မစွာပဲ သူ့မှာ နတ်နဂါးနဲ့ ကောင်းကင် ဖီးနစ်ရဲ့ သွေးအစစ် သုံးစက်ရှိသေးသည်။ ယခင် သွေးများက လက်ရှိအတွက် အနည်းငယ် တက်ကြွမှုကို ဖန်တီးပေးခဲ့သည်။

လုရွှမ် ညည်းညူရင်း သူ့ဝိညာဉ်ပင်လယ်ထဲမှာ ရုန်းကန်လိုက်သည်။ ရွှေချိုက ထွန်းတောက်လာပြီး ကောင်းကင်နဂါးပုတီးစေ့က တုန်ခါသွားကာ ကြီးမားသော အင်အားကြီး အဖြစ် ထိုးထွက်လာသည်။

ကံကောင်းချင်တော့ လုရွှမ်သည် ယခင်က သလင်းကျောက်များထဲမှ ကောင်းကင်နဂါးရောင်ဝါ အမြောက်အမြားကို စုပ်ယူနိုင်ခဲ့သည်။ မဟုတ်ပါက ကောင်းကင်နဂါးပုတီးစေ့က ယခုအချိန်တွင် အလုပ် မလုပ်နိုင်လောက်တော့ချေ။

ရောင်ဝါနှစ်ခု တစ်ခုနှင့်တစ်ခု တိုက်မိသွားတဲ့ ခဏတာ၌ လုရွှမ် သူ့နှလုံးက အပြင်ကို ခုန်ထွက်သွား​တော့မလို ခံစားလိုက်ရသည်။ ထို့နောက် နောက်အခိုက်အတန့်တွင် စွမ်းအင်များ တဟုန်ထိုး ထိုးထွက်လာပြီး နဂါးသွေးအစစ်တစ်စက်နှင့် ဖီးနစ်သွေးအစစ် တစ်စက်သည် ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားကာ လုရွှမ် ခံစားနေရသော ဖိအားကို ပိတ်ဆို့လိုက်လေသည်။

ခွန်အားရှိသမျှကို သူ့လက်ထဲတွင် စုစည်းထားသည်။ လုရွှမ် ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး ခြေဖဝါးကို တွန်းတင်လိုက်သည်။ သူ့ခန္ဓာကိုယ်သည် မြှားတစ်စင်းအဖြစ်သို့ ပြောင်းလဲသွားကာ ဆယ်ယွမ် ဝိညာဉ်စွမ်းအင်ဖြင့် ဖွဲ့စည်းထားသော လှောင်အိမ်၏ယ ထောင့်ဆီသို့ ပြေးထွက်သွားခဲ့သည်။

ယွမ်ယန်ကျင့်စဥ်ရဲ့ ပြင်းထန်သော စွမ်းအားသည် ဆယ်ယွမ် ဝိညာဉ်စွမ်းအင်ကြိုးကို ထိမှန်ပြီး ဝိညာဉ်စွမ်းအင် လှောင်အိမ်အတွင်း အပေါက်တစ်ခုကို တိုက်ရိုက် ဖန်တီးပစ်ခဲ့သည်။ လုရွှမ် လျစ်ကနဲ ပြေးထွက်လာ၏။

လေပြင်းတွေ တဝွီဝွီ တိုက်ခတ်နေပြီး ကောင်းကင်နဲ့ မြေကြီးကလည်း သွေးချင်းနီရဲနေသည်။ လုရွှမ် ပတ်ပတ်လည်ကို ကြည့်လိုက်ရာ သူ့တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်နေသည်။

ထိုဝိညာဉ်စွမ်းအင် လှောင်အိမ်ထဲမှာ သူ ဘယ်လောက်ကြာကြာ နေခဲ့ရတာလဲ။

"အစ်ကိုလုရွှမ် မြန်မြန်!"

ထိုစဥ် နဂါးလေး၊ ကောင်းကင်သိမ်းငှက်၊ ရဲ့ရှားနဲ့ လျိုရှန်းတို့နှင့်အတူ ရန်ဖေးရဲ့ အသံကိုပါ ကြားလိုက်ရသည်။ လှေရဲ့ တည်နေရာကို မမြင်ရသော်လည်း သူတို့ရဲ့အသံများကို ကြားနေရသည်။ အမှောင်ထုထဲတွင် တောက်ပသော အလင်းရောင်တစ်ခု ရုတ်တရက် လင်းလက်သွားသလို လုရွှမ် အသံထွက်ရာအရပ်ဆီသို့ အမြန် ပြေးထွက်သွားသည်။

"တကယ် ယွမ်ယန်ကျင့်စဥ်ပဲ! ကောင်လေး မင်း ငါနဲ့ အတူနေခဲ့စမ်း!"

အနောက်မှ အသံတစ်သံက ယောင်္ကျားမဟုတ်၊ မိန်းမ မဟုတ်ဖြင့်။ နောက်ဆက်တွဲ ဖြစ်လာတာကတော့ လူတွေကို မလိုလားအပ်တဲ့၊ တုန်လှုပ်သွားစေတဲ့၊ ဖော်မပြနိုင်တဲ့ ရောင်ဝါတစ်ခုပါပဲ။

လုရွှမ် နောက်ပြန် လှည့်မကြည့်ရဲသလို နောက်ပြန် လှည့်မကြည့်ဝံ့ပါ။ ရှောင်နိုင်ရင် သဘာဝအတိုင်း ရှောင်သွားလိမ့်မယ်။ ရှောင်လွှဲလို့ မရရင် ရှောင်ဖို့ဆိုတာ မရှိတော့ချေ။ စူးစူးဝါးဝါး အော်သံနှင့်အတူ လုရွှမ် ခန္ဓာကိုယ်က ရုတ်တရက် တောက်ပစွာ လင်းလာခဲ့သည်။

ရွှေကျီးကန်းရဲ့ စကားသံကလည်း သူ့စိတ်ထဲမှ ထွက်ပေါ်လာသည်။

"ကောင်လေး ကြိုးစားထား! ငါ မင်းကို အမြဲတမ်း စောင့်ကြည့်နေခဲ့တာ အခု မင်း အရွယ်ရောက်လာပြီ ငါ တခြား စိတ်ပူစရာ မရှိတော့ဘူး"

လုရွှမ် ထိတ်လန့်တုန်လှုပ်သွားသည်။

"ရွှေကျီးကန်း... ခင်ဗျား ဘာလုပ်မလို့လဲ"

"ဟာဟား စိတ်မပူပါနဲ့ ငါမသေပါဘူး ကျောက်စိမ်း​ပြား ရှိနေသရွေ့ ငါက ထာဝရရှင်သန်နေနိုင်မှာ... မင်းကြိုးစားနေသမျှ ငါပြန်လာမှာ"

လုရွှမ် နောက်သို့ လှည့်မကြည့်ဘဲ မနေ​နိုင်တော့ပေ။ ရွှေကျီးကန်းက သူ့စိတ်ထဲမှ ပျံထွက်သွားကာ သူ့အနောက်မှ လက်သီးချက်ကို တိုက်ခိုက်ဖို့ ဦးတည်သွားနေတာ တွေ့လိုက်ရသည်။

နှစ်ယောက်သား လမ်းခွဲလိုက်သည်နှင့် တစ်ပြိုင်နက် လုရွှမ် ခန္ဓာကိုယ်ထဲသို့ နူးညံ့သော အင်အားတစ်ခု လွှတ်လိုက်ပြီး လုရွှမ် ရှေ့သို့ တွန်းထုတ်ကာ ၎င်းက အဝေးသို့ ပျံသန်းသွားခဲ့သည်။ ခပ်လှမ်းလှမ်းက ကမ်းစပ်မှာတော့ လှေ ရှိနေသည်။

လုရွှမ် မျက်လုံးများ နီရဲလာပြီး မျက်ရည်များ စီးကျလာသော်လည်း သူ့ခန္ဓာကိုယ်က လုံးဝ ထိန်းချုပ်လို့မရတော့ပေ။ သူ့ကို ကူးတို့လှေပေါ် တွန်းချပြီးတာနဲ့ အဲဒီအပေါ်ကို ဝုန်းကနဲ လဲကျသွားခဲ့သည်။

"ကျီးဖိုးဖိုး!"

ထိုနေရာတွင် ရွှေကျီးကန်းရဲ့ အရိပ်ကလည်း ရှိသေးသည်။

"သွားကြရအောင်!"

ကောင်းကင်လူသား လျိုရှန်းက ​အော်​လိုက်​ပြီး ပါးစပ်​​အ​ပြည့် သွေး​တွေထွက်​လာပြီး ​နောက်​ပြန်​ကျသွားသည်​။ လှေသည် လပြည့်နေ့လို့ ဆွဲဆန့်ထားသော မြှားတစ်စင်း အတိုင်း ချက်​ချင်းပစ်​ပြီး ​ဝေးရာကို ​ပြေးသွားသည်​။

"ကောင်လေး ဘယ်သွားမလို့လဲ!"

လက်တစ်ဖက်က သူတို့လှေဆီသို့ လှမ်းဆွဲလိုက်သော်လည်း လှေက အဝေးသို့ ထွက်သွားပြီမို့ လက်တစ်ဖက်က ဘာမှ ဆုပ်ကိုင်မထားမိ။

"ဟားဟားဟား....သွားလိုက်ပါ ငါတို့​နောက်​တစ်​​ခေါက်​မှ ထပ်တွေ့မယ်.... ထပ်တွေ့ရဦးမှာပါ..."

အဝေးတစ်နေရာ၌ ပဲ့တင်သံက တဟုန်ထိုးမြည်ကာ အဝေးမှာပဲ ကျန်ရစ်ခဲ့တော့သည်။

"အစ်ကိုလုရွှမ် အဆင်ပြေရဲ့လား"

ရန်ဖေး၏ ခန္ဓာကိုယ်သည် လှေပေါ်တွင် ထော့နဲ့ထော့နဲ့ ဖြစ်နေပြီး ခွန်အားကို အသုံးမချနိုင်တော့ဘဲ မျက်နှာမှာ စိုးရိမ်စိတ်များ ပြည့်နှက်နေသည်။ လုရွှမ် မျက်လုံးများကို ခဏမှိတ်ထားပြီး မျက်ရည်များကို သုတ်ကာ လူတိုင်းကို လှည့်ကြည့်လိုက်သည်။

"ကျေးဇူးတင်ပါတယ် ငါအဆင်ပြေပါတယ် မင်းတို့ အကူအညီအတွက်လည်း ကျေးဇူးတင်ပါတယ်"

ရဲ့ရှား သူ့လက်ကို ထပ်ခါတလဲလဲ ဝှေ့ယမ်းပြသည်။

"မဟုတ်တာ မင်းကသာ ငါတို့ကို ကယ်လိုက်တာ ငါတို့က မင်းကို ကယ်လိုက်တာကလည်း ပုံမှန်ပါပဲ"

နဂါးလေးနဲ့ ကောင်းကင်သိမ်းငှက်တို့ကလည်း ပြုံးပြီး ခေါင်းညိတ်သည်။ သူတို့ရဲ့ မျက်လုံးထဲတွင် မှုန်ကုပ်ကုပ် အမူအရာ​တွေ ပျောက်ကွယ်သွားပြီး ရိုးသားမှု အရိပ်အမြွက်တစ်ခု အစားထိုးလာခဲ့သည်။

လုရွှမ် ရှေ့သို့ လျှောက်သွားကာ လျိုရှန်းရဲ့ ဒဏ်ရာများကို ကြည့်လိုက်သည်။ အလွန်အကျွံ အားစိုက်ထုတ်ထားတာကြောင့် သူမ အနားယူရန် လိုအပ်​​နေသည်။ ကံကောင်းထောက်မစွာနဲ့ ဒဏ်ရာက မပြင်းထန်သွားပေ။

"နဂါးလေး၊ ကောင်းကင်သိမ်းငှက်၊ ရဲ့ရှား မင်းတို့ရဲ့စွမ်းအင်ကို မသုံးနဲ့ ငါတို့ထဲက အဆိပ်တွေ ပေါက်ကွဲတော့မယ်... ငါဖြေဆေး အရင်ထုတ်မယ်"

သုံးယောက်လုံး စိတ်ပူသွားသည်။ ဆေးသောက်တာ တစ်နာရီကျော်ရှိပြီ။ သူတို့သည် ၎င်းတို့၏ ဝမ်းဗိုက်ထဲမှ နာကျင်မှုကို ခံစား​နေရပြီးဖြစ်သော်လည်း ၎င်းတို့ကို အတင်း မျိုသိပ်ထားခဲ့သည်။

"လုရွှမ် မင်း အဆိပ်ဖြေဆေးကို သန့်စင်နိုင်လား?"

နဂါးလေးက စိတ်လှုပ်ရှားစွာ အော်လိုက်သည်။

"အစစ်အမှန်နဲ့ ပြီးပြည့်စုံတဲ့ ယင်းယန်ကိုးစင်း လျှို့ဝှက်ဆန်းကြယ်ဆေးလုံးကို ငါတွေ့ဖူးတယ်... ဒါကြောင့် ဒီအတုအယောင်ရဲ့ အဆိပ်ပဲ ချိုးဖျက်ဖို့ ငါ့အတွက်တော့ ပြဿနာမရှိပါဘူး"

ထိုအချိန်တွင် လူတိုင်းကလည်း ပစ္စည်းများကို စုစည်းကြသည်။ နောက်ဆုံးတော့ သူတို့အားလုံးဟာ ပါရမီရှင်တွေ ဖြစ်လို့ အများကြီး စုဆောင်းမိထားကြပါ၏။ ၎င်းတို့ကို လျင်မြန်စွာ စုစည်းလိုက်တော့ လုံလောက်တာထက်တောင် ပိုနေသေးသည်။

လူများစွာရှေ့တွင် လုရွှမ်သည် သူ၏ အဂ္ဂိရတ်စွမ်းရည်ကို ပြသခဲ့ပြီး ၎င်းတို့ကို အလွန်အထင်ကြီးသွားစေခဲ့သည်။

ဆေးသောက်ပြီးနောက် အဆိပ်ကို ဖယ်ရှားခဲ့သည်။ လုရွှမ် အနာကျက်ရန်နှင့် ခွန်အားပြန်လည် ရရှိရန်အတွက် ဆေးအချို့ကိုလည်း သန့်စင်ပြီး လူတိုင်းကို သောက်ခိုင်းသည်။ တစ်လခွဲကြာပြီးနောက်တွင် လူတိုင်းသည် ဒဏ်ရာကြားက ပြန်လည်ကောင်းမွန်လာကာ လျိုရှန်းလည်း နိုးလာခဲ့သည်။

ရန်ဖေး ခန္ဓာကိုယ်ရှိ ဆယ်ယွမ် ဝိညာဉ်စွမ်းအင်ကိုလည်း ယွမ်ယန်စွမ်းအင် သုံးလိုက်တော့ လုံးလုံးလျားလျား လွင့်စင်သွားကာ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

All Chapters